Golden City Promotion
×

စာေရးဆရာႀကီး (ဦး)ေအာင္သင္း မကြယ္လြန္မီ Eternal Light Magazine တြင္ ေရးသားခဲ့ေသာ ေဆာင္းပါးမ်ားကုိ စုစည္း၍ ပထမဆုံးအႀကိမ္ ပုံႏွိပ္ ထုတ္ေ၀ေသာစာအုပ္ျဖစ္သည္။
န္ပြင့္စာအုပ္တိုက္က (ဦး)ေအာင္သင္း အသက္(၉၀)ျပည့္ အထိမ္းအမွတ္ စီစဥ္ထုတ္ေ၀ေသာ စာအုပ္လည္း ျဖစ္ပါသည္။

မ်ိဳးဆက္သစ္တို႔ တိုးတက္ရစ္ဖုိ႔၊ အေမြ၊ ကံ့ကူလက္လွည့္စသည့္ လူငယ္ျပဳျပင္ေရး၊ စိတ္ဓာတ္ ေကာင္းေမြးျမဴေရးအတြက္  အၿမဲတိုက္တြန္းေရးသားခဲ့ေသာ (ဦး)ေအာင္သင္းသည္ ယခုစာအုပ္ပါ ေခါင္းစဥ္အတိုင္း လူငယ္၊ လူရြယ္မ်ားသုိ႔ရည္ရြယ္၍ ၎၏ အေတြ႕အႀကံဳမ်ားကုိ အေျခခံကာေဆာင္းပါးမ်ားေရးခဲ့သည္။ ေဖာ္ျပပါစာမ်ားကုိ ေရးခ်ိန္တြင္ (ဦး)ေအာင္သင္းသည္ (၈၇)ႏွစ္အတြင္း ခ်ဥ္းကပ္ေနၿပီျဖစ္ရာဘ၀ အေတြ႕အႀကံဳႏွင့္အသိအျမင္မ်ား တစ္ေလွႀကီးရၿပီး ေသာ အခ်ိန္အခါလည္း ျဖစ္ေပသည္။ ထုိသုိ႔ေသာအခ်ိန္တြင္ ေရးသားသည့္စာမ်ားသည္ ၎၏ဘ၀အ ေတြ႕အႀကံဳႏွင့္ အသိအျမင္မွ ေနာက္ဆုံးကြန္႔ျမဴးလာ ေသာစာမ်ားဟု ဆုိႏုိင္သည္။ ထုိ႔ေၾကာင့္ လူငယ္ႏွင့္ အမုိက္တရား ေဆာင္းပါးမ်ားတြင္ ၎ငယ္စဥ္၀ံသာ ႏုစိတ္ျဖစ္ေပၚခ်ိန္ ႏိုးၾကားရဲ၀ံ့မႈႏွင့္အတူ မုိက္မဲေသာ စိတ္ဓာတ္ကေလးမ်ား ေရာႁပြမ္းလာခဲ့ပုံ၊ အရပ္ထဲ၌ သခင္မ်ား တရားေဟာသည့္အခါ ‘ဟယ္..ဘေမာ္အစုိးရ’ဟုဆုိကာ နင့္နင့္သီးသီးေဟာေျပာပုံမ်ား၊ ‘ဘ ေမာ္..ဘေမာ္..အုိ႔အုိ႔’ဟုဆုိကာ ရဲ၀ံ့စိန္ေခၚမႈမ်ားႏွင့္ အတူ မုိက္မဲစိတ္ေလးမ်ား မသိမသာခုိေအာင္းလာပုံ တို႔ကုိ မႁခြင္းမခ်န္ေရးထားသည္။ သီဆုိ၍ေကာင္း ေသာ ‘တုိ႔ဗမာ’ သီခ်င္း၌ပင္ ဇာတိမာန္အလြန္တက္ ႂကြကာ လူမ်ိဳးျခားမ်ားကုိႏွိမ္သည့္သေဘာ ပါ၀င္ေန ေၾကာင္း (ဦး)ေအာင္သင္းက ဆင္ျခင္ဖြယ္ေထာက္ျပ ထားသည္။ လူပ်ိဳေပါက္အရြယ္တြင္ ၁၃၀၀ ျပည့္ အေရးေတာ္ပုံႀကီး ႀကံဳေတြ႕ခဲ့ရာ မ်ိဳးခ်စ္စိတ္မ်ား ပုိမုိ ထြန္းကားလာၿပီး အေရးေတာ္ပုံအေၾကာင္း ေရးသား ေသာ စာအုပ္မ်ား၊ ဆရာႀကီးမဟာေဆြ၏ မ်ိဳးခ်စ္စိတ္ ကုိ လႈံ႔ေဆာ္ေသာ စာအုပ္မ်ားဖတ္႐ႈကာ စာဖတ္စြမ္း ရည္ျမင့္တက္လာေၾကာင္း လူငယ္မ်ား မွတ္သားဖြယ္ ေရးထားသည္။ ဤတြင္ တုိ႔ဗမာအစည္းအ႐ုံး ေပၚ ေပါက္လာေသာအခါ အစည္းအ႐ံုး၀င္သခင္အခ်ိဳ႕က ဘအကၡရာကုိေရွာင္လႊဲ၍ဗအကၡရာ ျဖင့္သခင္ဗဟိန္း၊ သခင္ဗေဆြ၊ သခင္ဗစိန္၊ သခင္ဗဟုန္ အမည္ေျပာင္း ၾကေၾကာင္း သမိုင္းအခ်က္အလက္တစ္ခုအျဖစ္ သိရိွရပါသည္။ တစ္ဖန္အစည္းအ႐ံုးအတြင္း ကြန္ျမဴနစ္ (လက္၀ဲ)စာေပမ်ား ျပန္႔ပြားလာသည့္အခါ လုိက္လံဖတ္႐ႈၾကေသာ လူငယ္မ်ားအေၾကာင္းေရးထားသည္။ လူငယ္သဘာ၀ ဇြတ္တရြတ္လုပ္တတ္ေသာ အမိုက္ တရားသည္ အဆုိပါ မ်ိဳးခ်စ္စိတ္ဓာတ္ကပင္ အေျခခံ ေပါက္ပြားေစေၾကာင္း သတိျပဳဖြယ္ ေရးထားပါသည္။

လူငယ္ႏွင့္အသိပညာ က႑၌ (ဦး)ေအာင္သင္းသည္ လူငယ္မ်ားအတြက္ ပညာေရးအေရးပါပုံ၊ ပညာေရးစနစ္အမ်ိဳးမ်ိဳးအေၾကာင္းႏွင့္ တကယ့္ပညာ အစစ္အမွန္ ဆုိသည္မွာ မည္သုိ႔ေသာအရာျဖစ္ ေၾကာင္း ေလးေလးနက္နက္ေရးထားသည္။ အသက္ (၈၀)ေက်ာ္ (၉၀)ခန္႔ ဘ၀ေန၀င္ခါနီးတြင္ ျဖစ္ေပၚလာ ေသာ အေတြးအာ႐ုံမ်ားျဖစ္၍ ဘ၀တစ္ခုလုံး၏ အသိ အျမင္အဆီအႏွစ္မ်ားကုိ လူငယ္မ်ားသာမက လူႀကီး မ်ားပါ သိျမင္ႏုိင္ေအာင္ ေရးသားႏုိင္ခဲ့သည္။ ထုိ အေၾကာင္းအရာႏွင့္စပ္လ်ဥ္း၍ စာအုပ္တစ္ေနရာ တြင္ ‘ကြၽန္ေတာ္သတိျပဳမိေသာအခ်က္မွာ စူးစမ္းေလ့ လာေသာေၾကာင့္ အသိတရား ျဖစ္ေပၚလာရသည္။ ထုိတရား၏ အေၾကာင္းအရင္းကုိ ျပန္လည္သုံးသပ္မိ ေသာေၾကာင့္ ပညာ ျဖစ္ေပၚလာရသည္။ ထုိ႔ေၾကာင့္ သိျမင္ခံစားရသည့္ျဖစ္ရပ္မ်ားကုိ သတိထားမိျခင္း၊ ထိုျဖစ္ရပ္မ်ား၏ အေၾကာင္းအရင္းကုိ ရွာေဖြေတြ႕ရွိ ျခင္းဟူ၍ ႏွစ္ပုိင္းေတြ႕ရပါသည္။ ပထမတစ္ပုိုင္းမွာ အသိတရားရရွိျခင္း၊ ဒုတိယတစ္ပိုင္းမွာ မိမိေတြ႕သိ လုိက္ရေသာ တရားမ်ားကုိ ျဖစ္ေပၚေစသည့္ အ ေၾကာင္းအရင္းမ်ားကို ေတြ႕သိလုိက္ရသည့္ ပညာ ျဖစ္ပါသည္’ ဟူ၍ ေလးနက္စြာေရးထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
စာရေးဆရာကြီး (ဦး)အောင်သင်း မကွယ်လွန်မီ Eternal Light Magazine တွင် ရေးသားခဲ့သော ဆောင်းပါးများကို စုစည်း၍ ပထမဆုံးအကြိမ် ပုံနှိပ် ထုတ်ဝေသောစာအုပ်ဖြစ်သည်။
န်ပွင့်စာအုပ်တိုက်က (ဦး)အောင်သင်း အသက်(၉၀)ပြည့် အထိမ်းအမှတ် စီစဉ်ထုတ်ဝေသော စာအုပ်လည်း ဖြစ်ပါသည်။

မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့၊ အမွေ၊ ကံ့ကူလက်လှည့်စသည့် လူငယ်ပြုပြင်ရေး၊ စိတ်ဓာတ် ကောင်းမွေးမြူရေးအတွက်  အမြဲတိုက်တွန်းရေးသားခဲ့သော (ဦး)အောင်သင်းသည် ယခုစာအုပ်ပါ ခေါင်းစဉ်အတိုင်း လူငယ်၊ လူရွယ်များသို့ရည်ရွယ်၍ ၎င်း၏ အတွေ့အကြုံများကို အခြေခံကာဆောင်းပါးများရေးခဲ့သည်။ ဖော်ပြပါစာများကို ရေးချိန်တွင် (ဦး)အောင်သင်းသည် (၈၇)နှစ်အတွင်း ချဉ်းကပ်နေပြီဖြစ်ရာဘ၀ အတွေ့အကြုံနှင့်အသိအမြင်များ တစ်လှေကြီးရပြီး သော အချိန်အခါလည်း ဖြစ်ပေသည်။ ထိုသို့သောအချိန်တွင် ရေးသားသည့်စာများသည် ၎င်း၏ဘဝအ တွေ့အကြုံနှင့် အသိအမြင်မှ နောက်ဆုံးကွန့်မြူးလာ သောစာများဟု ဆိုနိုင်သည်။ ထို့ကြောင့် လူငယ်နှင့် အမိုက်တရား ဆောင်းပါးများတွင် ၎င်းငယ်စဉ်ဝံသာ နုစိတ်ဖြစ်ပေါ်ချိန် နိုးကြားရဲဝံ့မှုနှင့်အတူ မိုက်မဲသော စိတ်ဓာတ်ကလေးများ ရောပြွမ်းလာခဲ့ပုံ၊ အရပ်ထဲ၌ သခင်များ တရားဟောသည့်အခါ ‘ဟယ်..ဘမော်အစိုးရ’ဟုဆိုကာ နင့်နင့်သီးသီးဟောပြောပုံများ၊ ‘ဘ မော်..ဘမော်..အို့အို့’ဟုဆိုကာ ရဲဝံ့စိန်ခေါ်မှုများနှင့် အတူ မိုက်မဲစိတ်လေးများ မသိမသာခိုအောင်းလာပုံ တို့ကို မခြွင်းမချန်ရေးထားသည်။ သီဆို၍ကောင်း သော ‘တို့ဗမာ’ သီချင်း၌ပင် ဇာတိမာန်အလွန်တက် ကြွကာ လူမျိုးခြားများကိုနှိမ်သည့်သဘော ပါဝင်နေ ကြောင်း (ဦး)အောင်သင်းက ဆင်ခြင်ဖွယ်ထောက်ပြ ထားသည်။ လူပျိုပေါက်အရွယ်တွင် ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ကြုံတွေ့ခဲ့ရာ မျိုးချစ်စိတ်များ ပိုမို ထွန်းကားလာပြီး အရေးတော်ပုံအကြောင်း ရေးသား သော စာအုပ်များ၊ ဆရာကြီးမဟာဆွေ၏ မျိုးချစ်စိတ် ကို လှုံ့ဆော်သော စာအုပ်များဖတ်ရှုကာ စာဖတ်စွမ်း ရည်မြင့်တက်လာကြောင်း လူငယ်များ မှတ်သားဖွယ် ရေးထားသည်။ ဤတွင် တို့ဗမာအစည်းအရုံး ပေါ် ပေါက်လာသောအခါ အစည်းအရုံးဝင်သခင်အချို့က ဘအက္ခရာကိုရှောင်လွှဲ၍ဗအက္ခရာ ဖြင့်သခင်ဗဟိန်း၊ သခင်ဗဆွေ၊ သခင်ဗစိန်၊ သခင်ဗဟုန် အမည်ပြောင်း ကြကြောင်း သမိုင်းအချက်အလက်တစ်ခုအဖြစ် သိရှိရပါသည်။ တစ်ဖန်အစည်းအရုံးအတွင်း ကွန်မြူနစ် (လက်ဝဲ)စာပေများ ပြန့်ပွားလာသည့်အခါ လိုက်လံဖတ်ရှုကြသော လူငယ်များအကြောင်းရေးထားသည်။ လူငယ်သဘာ၀ ဇွတ်တရွတ်လုပ်တတ်သော အမိုက် တရားသည် အဆိုပါ မျိုးချစ်စိတ်ဓာတ်ကပင် အခြေခံ ပေါက်ပွားစေကြောင်း သတိပြုဖွယ် ရေးထားပါသည်။

လူငယ်နှင့်အသိပညာ ကဏ္ဍ၌ (ဦး)အောင်သင်းသည် လူငယ်များအတွက် ပညာရေးအရေးပါပုံ၊ ပညာရေးစနစ်အမျိုးမျိုးအကြောင်းနှင့် တကယ့်ပညာ အစစ်အမှန် ဆိုသည်မှာ မည်သို့သောအရာဖြစ် ကြောင်း လေးလေးနက်နက်ရေးထားသည်။ အသက် (၈၀)ကျော် (၉၀)ခန့် ဘဝနေဝင်ခါနီးတွင် ဖြစ်ပေါ်လာ သော အတွေးအာရုံများဖြစ်၍ ဘဝတစ်ခုလုံး၏ အသိ အမြင်အဆီအနှစ်များကို လူငယ်များသာမက လူကြီး များပါ သိမြင်နိုင်အောင် ရေးသားနိုင်ခဲ့သည်။ ထို အကြောင်းအရာနှင့်စပ်လျဉ်း၍ စာအုပ်တစ်နေရာ တွင် ‘ကျွန်တော်သတိပြုမိသောအချက်မှာ စူးစမ်းလေ့ လာသောကြောင့် အသိတရား ဖြစ်ပေါ်လာရသည်။ ထိုတရား၏ အကြောင်းအရင်းကို ပြန်လည်သုံးသပ်မိ သောကြောင့် ပညာ ဖြစ်ပေါ်လာရသည်။ ထို့ကြောင့် သိမြင်ခံစားရသည့်ဖြစ်ရပ်များကို သတိထားမိခြင်း၊ ထိုဖြစ်ရပ်များ၏ အကြောင်းအရင်းကို ရှာဖွေတွေ့ရှိ ခြင်းဟူ၍ နှစ်ပိုင်းတွေ့ရပါသည်။ ပထမတစ်ပိုင်းမှာ အသိတရားရရှိခြင်း၊ ဒုတိယတစ်ပိုင်းမှာ မိမိတွေ့သိ လိုက်ရသော တရားများကို ဖြစ်ပေါ်စေသည့် အ ကြောင်းအရင်းများကို တွေ့သိလိုက်ရသည့် ပညာ ဖြစ်ပါသည်’ ဟူ၍ လေးနက်စွာရေးထားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top