Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အခုလက္႐ွိ ကိုယ္အေလးခ်ိန္ကေန ၁၀ ေပါင္ က်ဖုိ႔ျဖစ္ျဖစ္ ေပါင္ ၅၀ က်ဖုိ႔ျဖစ္ျဖစ္ ရည္မွန္းခ်က္ထားေနသူေတြအတြက္ ဒီစာေလးကို ေရးလိုက္ပါတယ္ေနာ္။ ဝိတ္က်ဖုိ႔ ေလွ်ာက္လွမ္းေနတဲ့ပန္းတိုင္အစမွာတင္ ဒါေတြနဲ႔ၾကံဳရလို႔ စိတ္ပ်က္မသြားေစခ်င္ပါဘူး။ ဒါေတြက မလႊဲမေသြ ၾကံဳရမွာျဖစ္တာေၾကာင့္ ႀကိဳတင္ျပင္ဆင္ထားဖုိ႔ လိုမယ္ေနာ္။
၁။ သြားေရစာ
မုန္႔ကို တစြတ္စြတ္စားတတ္တဲ့အက်င့္ ႐ွိရင္ေတာ့ ဝိတ္ခ်ေနခ်ိန္မွာ မုန္႔ေတြကို ေက်ာခိုင္းရပါေတာ့မယ္။ ဗိုက္မဝတဲ့ သြားေရစာေတြကိုပဲ အဆက္မျပတ္စားေနမိလို႔ ခုလိုဝလာတာေလ။ အာလူးေၾကာ္ေတြမွာဆုိရင္ ဆီနဲ႔ အငံဓာတ္မ်ားေတာ့ ကယ္လိုရီေတြပိုတက္လာရပါတယ္။ မုန္႔စားခ်င္လြန္းတဲ့အခါ အသီးေတြနဲ႔ အစားထိုးရပါမယ္။
၂။ လူမႈေရးကိစၥ
သြားသြားစားစား ေဘာ္ဒါမ်ားကိုလည္း ေ႐ွာင္ရပါေတာ့မယ္။ ညဘက္ night out ထြက္ၿပီး ညေစ်းတန္းပတ္တာ၊ ဘားမွာ ေသာက္စားတာေတြကိုလည္း ေလွ်ာ့ခ်မွ ဝိတ္က်ဖုိ႔ခရီးက ပန္းတိုင္ေရာက္မွာပါ။ အစားသိပ္မစားျဖစ္တဲ့ ပါတီေတြဆုိရင္ေတာ့ အဆင္ေျပမယ္။
၃။ အဝတ္အစားသစ္
ဝိတ္နည္းနည္းက်သြားတာနဲ႔ အဝတ္အစားအသစ္ေတြ၊ အလွျပင္ပစၥည္းေတြ ပိုဝယ္ျဖစ္လာမယ္။ အရင္အေဟာင္းေတြကို မၾကည့္ခ်င္ေတာ့ဘူး။ ကိုယ္က ပိုလွလာတယ္လို႔ ခံစားမိၿပီေလ။ တကယ္လည္း ပိုလွလာတာပဲကို။ ပိုက္ဆံပိုကုန္ေတာ့မွာပါေနာ္။
၄။ မနာလိုခံရတယ္
ကိုယ္ ဝတုန္းက ကိုယ့္ကိုစေနာက္ေလွာင္ေျပာင္ေနသူေတြက မနာလိုျဖစ္တာကို ခံရပါလိမ့္မယ္။ ဘာလို႔လဲဆုိေတာ့ ကိုယ္က ပိုလွလာတာကိုး။ အဲ့ဒီအခါ ေခ်မိုးျပလိုက္လို႔ရၿပီေနာ္။
၅။ အစားအေသာက္ခ်င့္ခ်ိန္တတ္သြားမယ္
ဟင္းသီးဟင္း႐ြက္နဲ႔ သစ္သီးဝလံတုိ႔ဟာ ကိုယ့္ရဲ႕ မိတ္ေဆြေကာင္းေတြ ျဖစ္လာပါတယ္။ အစားအေသာက္ဆိုလည္း အရင္ကလို အဆင္အျခင္မဲ့ စားေနတာထက္ ခုဆုိ ခ်င့္ခ်ိန္တတ္သြားပါလိမ့္မယ္။ ျပန္စားတာနဲ႔ ဝလာမယ္ဆုိတာကို သိေနၿပီေလ။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အခုလက်ရှိ ကိုယ်အလေးချိန်ကနေ ၁၀ ပေါင် ကျဖို့ဖြစ်ဖြစ် ပေါင် ၅၀ ကျဖို့ဖြစ်ဖြစ် ရည်မှန်းချက်ထားနေသူတွေအတွက် ဒီစာလေးကို ရေးလိုက်ပါတယ်နော်။ ဝိတ်ကျဖို့ လျှောက်လှမ်းနေတဲ့ပန်းတိုင်အစမှာတင် ဒါတွေနဲ့ကြုံရလို့ စိတ်ပျက်မသွားစေချင်ပါဘူး။ ဒါတွေက မလွှဲမသွေ ကြုံရမှာဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုမယ်နော်။

၁။ သွားရေစာ

မုန့်ကို တစွတ်စွတ်စားတတ်တဲ့အကျင့် ရှိရင်တော့ ဝိတ်ချနေချိန်မှာ မုန့်တွေကို ကျောခိုင်းရပါတော့မယ်။ ဗိုက်မဝတဲ့ သွားရေစာတွေကိုပဲ အဆက်မပြတ်စားနေမိလို့ ခုလိုဝလာတာလေ။ အာလူးကြော်တွေမှာဆိုရင် ဆီနဲ့ အငံဓာတ်များတော့ ကယ်လိုရီတွေပိုတက်လာရပါတယ်။ မုန့်စားချင်လွန်းတဲ့အခါ အသီးတွေနဲ့ အစားထိုးရပါမယ်။

၂။ လူမှုရေးကိစ္စ

သွားသွားစားစား ဘော်ဒါများကိုလည်း ရှောင်ရပါတော့မယ်။ ညဘက် night out ထွက်ပြီး ညဈေးတန်းပတ်တာ၊ ဘားမှာ သောက်စားတာတွေကိုလည်း လျှော့ချမှ ဝိတ်ကျဖို့ခရီးက ပန်းတိုင်ရောက်မှာပါ။ အစားသိပ်မစားဖြစ်တဲ့ ပါတီတွေဆိုရင်တော့ အဆင်ပြေမယ်။

၃။ အဝတ်အစားသစ်

ဝိတ်နည်းနည်းကျသွားတာနဲ့ အဝတ်အစားအသစ်တွေ၊ အလှပြင်ပစ္စည်းတွေ ပိုဝယ်ဖြစ်လာမယ်။ အရင်အဟောင်းတွေကို မကြည့်ချင်တော့ဘူး။ ကိုယ်က ပိုလှလာတယ်လို့ ခံစားမိပြီလေ။ တကယ်လည်း ပိုလှလာတာပဲကို။ ပိုက်ဆံပိုကုန်တော့မှာပါနော်။

၄။ မနာလိုခံရတယ်

ကိုယ် ဝတုန်းက ကိုယ့်ကိုစနောက်လှောင်ပြောင်နေသူတွေက မနာလိုဖြစ်တာကို ခံရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကိုယ်က ပိုလှလာတာကိုး။ အဲ့ဒီအခါ ချေမိုးပြလိုက်လို့ရပြီနော်။

၅။ အစားအသောက်ချင့်ချိန်တတ်သွားမယ်

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတို့ဟာ ကိုယ့်ရဲ့ မိတ်ဆွေကောင်းတွေ ဖြစ်လာပါတယ်။ အစားအသောက်ဆိုလည်း အရင်ကလို အဆင်အခြင်မဲ့ စားနေတာထက် ခုဆို ချင့်ချိန်တတ်သွားပါလိမ့်မယ်။ ပြန်စားတာနဲ့ ဝလာမယ်ဆိုတာကို သိနေပြီလေ။

 ဖိုးသူတော် (www.phothutaw.com)
Credit: Duwun



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top