Golden City Promotion
×

သင္ဟာ အစာ၀ါးလိုက္လို႔ ထြက္လာတဲ့အသံ၊ တကၽြတ္ကၽြတ္ျမည္တဲ့အသံ၊ ႏွာေခါင္းရံႈ႕လိုက္တဲ့အသံ၊ ေဒါသျဖစ္လို႔ ထြက္လာတဲ့ အသက္ျပင္းျပင္းရွဴသံ စတဲ့အသံေတြကို ပံုမွန္ထက္မခံႏိုင္ပဲ လြယ္လြယ္နဲ႔ စိတ္အေႏွာင့္အယွက္ ျဖစ္တတ္သူလား။

ဒီအသံေတြက တျခားသူတစ္ေယာက္ကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစတာမွန္ေပမယ့္ တခ်ဳိ႕သူေတြမွာေတာ့ နည္းနည္းေလးၾကားတာနဲ႔ကို သည္းမခံႏုိင္စရာ ျဖစ္လာတတ္ပါတယ္။ အသံေတြကို ပံုမွန္ထက္ က်ယ္ေလာင္တယ္လို႔ ခံစားရၿပီး သည္းမခံႏိုင္ ျဖစ္ေနသူတစ္ေယာက္ကို misophonia လို႔ေခၚတဲ့ စိတ္ေရာဂါခံစားေနရသူလို႔ သတ္္မွတ္ၾကပါတယ္။

‘အသံမ်ားကို မုန္းတီးျခင္း’ လို႔ အဓိပၸာယ္ရတဲ့ misophonia စိတ္ေရာဂါ ခံစားေနရသူေတြဟာ တျခားသူေတြဆီကထြက္တဲ့ သြားက်ိတ္တဲ့အသံ၊ အစာစားလို႔ ထြက္လာတဲ့အသံ၊ ေလတက္တဲ့အသံ၊ အသက္ရွဳသံေတြကို ပံုမွန္ထက္ ခါးခါးသီးသီး တုန္႔ျပန္ေလ့ရွိၾကပါတယ္။

ကိုယ့္ေဘးမွာ ထိုင္ေနတဲ့သူဆီက တကၽြတ္ကၽြတ္ ထြက္လာတဲ့အသံ၊ ႏွာေခ်သံေတြေၾကာင့္ အေရျပားတြန္႔ခနဲျဖစ္သြားၿပီး ေဒါသစိတ္ေတြကို ႏိႈးဆြေပးလိုက္တယ္ ဆိုရင္ေတာ့ သင့္မွာ misophonia စိတ္ေရာဂါ အနည္းအမ်ား ခံစားေနရၿပီဆိုတာ ေသခ်ာပါတယ္။ ေနာက္ပိုင္း ဒီအသံေတြၾကားတာနဲ႔ အထိတ္တလန္႔ျဖစ္ၿပီး ၾကားရမွာ ေၾကာက္သြားတဲ့အထိ ျဖစ္ႏုိင္ပါတယ္။

Misophonia အသံမုန္းတီးတဲ့ စိတ္ေရာဂါအေၾကာင္းကို ၂၀၀၀ ျပည့္ႏွစ္ကမွ အေမရိကန္သိပံၸပညာရွင္ ၂ ဦးေၾကာင့္ သတိထားမိလာၾကတာပါ။ ဒါေပမယ့္ ဆက္စပ္ေနတဲ့ ေနာက္ဆက္တဲြ အက်ဳိးဆက္ေတြအေၾကာင္းေတာ့ သတိမျပဳမိၾကေသးပါဘူး။၂၀၁၄ ခုႏွစ္ထိလည္း misophonia နဲ႔ ပတ္သက္တဲ့ ေလ့လာေတြ႔ရွိခ်က္ ခိုင္ခုိင္မာမာ ခ်မျပႏုိင္ၾကေသးပဲ အေသးစား ေတြ႔ရွိခ်က္ေတြမွာပဲ misophonia စိတ္ေရာဂါ ရွိသူတစ္ေယာက္ရဲ႕ သြင္ျပင္လကၡဏာ၊ တုန္႔ျပန္မႈ ပံုစံေတြေလာက္ ေျပာျပႏိုင္ၾကပါတယ္။

ေလ့လာေနၾကဆဲ သိပၸံပညာရွင္ေတြ ရွာေဖြေတြ႔ရွိသေလာက္ေတာ့ ဒီစိတ္ေရာဂါမ်ဳိးဟာ ေမြးတည္းကေတာင္ ပါလာႏုိင္တယ္လို႔ ဆိုပါတယ္။ ခုခ်ိန္ထိလဲ အသံမုန္းတီးတဲ့ misophonia စိတ္ေရာဂါကို အျမစ္ျပတ္ ကုသႏုိင္မယ့္ နည္းလမ္း ရွာမေတြ႔ေသးေပမယ့္ အသံေတြၾကားတဲ့အခါ ဆိုးဆိုး၀ါး၀ါး မတုန္႔ျပန္ေတာ့ေအာင္ သက္သာေစမယ့္ ကုထံုးေတြေတာ့ ရွိေနပါၿပီ။

အခုေနာက္ဆံုး ေတြ႔ရွိခ်က္မွာေတာ့ သာမန္လူေတြ လက္ခံႏိုင္တဲ့ အသံမ်ဳိးကို ဆတ္ဆတ္ထိမခံ တုန္႔ျပန္တတ္တဲ့ misophonia စိတ္ေရာဂါ လကၡဏာရွိသူေတြဟာ သာမန္ထက္ ထူးခၽြန္သူေတြ ျဖစ္တယ္ဆိုတဲ့ အခ်က္ပါပဲ။

 Ref: www.stylist.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yangon Life

# Unicode Version #
သင်ဟာ အစာဝါးလိုက်လို့ ထွက်လာတဲ့အသံ၊ တကျွတ်ကျွတ်မြည်တဲ့အသံ၊ နှာခေါင်းရှုံ့လိုက်တဲ့အသံ၊ ဒေါသဖြစ်လို့ ထွက်လာတဲ့ အသက်ပြင်းပြင်းရှူသံ စတဲ့အသံတွေကို ပုံမှန်ထက်မခံနိုင်ပဲ လွယ်လွယ်နဲ့ စိတ်အနှောင့်အယှက် ဖြစ်တတ်သူလား။

ဒီအသံတွေက တခြားသူတစ်ယောက်ကို စိတ်အနှောင့်အယှက် ဖြစ်စေတာမှန်ပေမယ့် တချို့သူတွေမှာတော့ နည်းနည်းလေးကြားတာနဲ့ကို သည်းမခံနိုင်စရာ ဖြစ်လာတတ်ပါတယ်။ အသံတွေကို ပုံမှန်ထက် ကျယ်လောင်တယ်လို့ ခံစားရပြီး သည်းမခံနိုင် ဖြစ်နေသူတစ်ယောက်ကို misophonia လို့ခေါ်တဲ့ စိတ်ရောဂါခံစားနေရသူလို့ သတ်မှတ်ကြပါတယ်။

‘အသံများကို မုန်းတီးခြင်း’ လို့ အဓိပ္ပာယ်ရတဲ့ misophonia စိတ်ရောဂါ ခံစားနေရသူတွေဟာ တခြားသူတွေဆီကထွက်တဲ့ သွားကျိတ်တဲ့အသံ၊ အစာစားလို့ ထွက်လာတဲ့အသံ၊ လေတက်တဲ့အသံ၊ အသက်ရှုသံတွေကို ပုံမှန်ထက် ခါးခါးသီးသီး တုန့်ပြန်လေ့ရှိကြပါတယ်။

ကိုယ့်ဘေးမှာ ထိုင်နေတဲ့သူဆီက တကျွတ်ကျွတ် ထွက်လာတဲ့အသံ၊ နှာချေသံတွေကြောင့် အရေပြားတွန့်ခနဲဖြစ်သွားပြီး ဒေါသစိတ်တွေကို နှိုးဆွပေးလိုက်တယ် ဆိုရင်တော့ သင့်မှာ misophonia စိတ်ရောဂါ အနည်းအများ ခံစားနေရပြီဆိုတာ သေချာပါတယ်။ နောက်ပိုင်း ဒီအသံတွေကြားတာနဲ့ အထိတ်တလန့်ဖြစ်ပြီး ကြားရမှာ ကြောက်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။

Misophonia အသံမုန်းတီးတဲ့ စိတ်ရောဂါအကြောင်းကို ၂၀၀၀ ပြည့်နှစ်ကမှ အမေရိကန်သိပ္ပံပညာရှင် ၂ ဦးကြောင့် သတိထားမိလာကြတာပါ။ ဒါပေမယ့် ဆက်စပ်နေတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအကြောင်းတော့ သတိမပြုမိကြသေးပါဘူး။၂၀၁၄ ခုနှစ်ထိလည်း misophonia နဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိချက် ခိုင်ခိုင်မာမာ ချမပြနိုင်ကြသေးပဲ အသေးစား တွေ့ရှိချက်တွေမှာပဲ misophonia စိတ်ရောဂါ ရှိသူတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာ၊ တုန့်ပြန်မှု ပုံစံတွေလောက် ပြောပြနိုင်ကြပါတယ်။

လေ့လာနေကြဆဲ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိသလောက်တော့ ဒီစိတ်ရောဂါမျိုးဟာ မွေးတည်းကတောင် ပါလာနိုင်တယ်လို့ ဆိုပါတယ်။ ခုချိန်ထိလဲ အသံမုန်းတီးတဲ့ misophonia စိတ်ရောဂါကို အမြစ်ပြတ် ကုသနိုင်မယ့် နည်းလမ်း ရှာမတွေ့သေးပေမယ့် အသံတွေကြားတဲ့အခါ ဆိုးဆိုးဝါးဝါး မတုန့်ပြန်တော့အောင် သက်သာစေမယ့် ကုထုံးတွေတော့ ရှိနေပါပြီ။

အခုနောက်ဆုံး တွေ့ရှိချက်မှာတော့ သာမန်လူတွေ လက်ခံနိုင်တဲ့ အသံမျိုးကို ဆတ်ဆတ်ထိမခံ တုန့်ပြန်တတ်တဲ့ misophonia စိတ်ရောဂါ လက္ခဏာရှိသူတွေဟာ သာမန်ထက် ထူးချွန်သူတွေ ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။

 Ref: www.stylist.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: Yangon Life
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top