Golden City Promotion
×

ကိုယ္႔ႏိုင္ငံကို ကိုယ္စားျပဳတဲ႔ အေရာင္တစ္ခုခုကိုေကာ အသံုးျပဳလို႔ မရဘူးလား။
ေလယာဥ္ပ်ံ မၾကာခဏစီးဖူးသူေတြဆိုရင္ေတာ႔ သတိျပဳမိမယ္ထင္ပါတယ္။ ခရီးသည္တင္ေလယာဥ္အမ်ားစုရဲ႕ အေရာင္ေတြက ဘာျဖစ္လို႔ အျဖဴေရာင္ျဖစ္ေနရတာလဲ။ ကိုယ္႔ႏိုင္ငံကို ကိုယ္စားျပဳတဲ႔ အေရာင္တစ္ခုခုကိုေကာ အသံုးျပဳလို႔ မရဘူးလား။ ကြ်န္ေတာ္တို႔ေတြ ဒီေမးခြန္းေတြကို မေမးမိၾကဘဲ ျဖစ္ရိုးျဖစ္စဥ္အတိုင္း လက္ခံခဲ႔ၾကတာပါ။
ဥပမာ... ရခိုင္လူမ်ိဳးေတြက အစပ္စားႏိုင္မယ္။ ရွမ္းေတြက ေကာက္ညွင္းႀကိဳက္မယ္။ ျမစ္ဝကြ်န္းေပၚ ေဒသသားေတြက ငါးပိ၊ ငါးေျခာက္ ႀကိဳက္မယ္ စတဲ႔ ရိုးရွင္းတဲ႔ အခ်က္ေတြလိုမ်ိဳးပဲ လက္ခံမိခဲ႔ၾကတာပါ။

ဒါေပမယ္႔ ခရီးသည္တင္ေလယာဥ္ေတြ အျဖဴေရာင္ျဖစ္ေနရျခင္းရဲ႕ ေနာက္ကြယ္မွာ ယုတၱိက်တဲ႔ အေျဖတစ္ခုကေတာ႔ ရွိေနပါေသးတယ္။ MIT က ေလေၾကာင္းနဲ႔ အာကာသသိပၸံ ပါေမာကၡတစ္ဦးျဖစ္တဲ႔ John Hansman ရဲ႕အကူအညီနဲ႔ Business Insider မဂၢဇင္းဟာ ဒီေမးခြန္းေနာက္က ယုတၱိေဗဒကို ေျခရာခံဖို႔အတြက္ သိပၸံနည္းက် ေျဖရွင္းခ်က္ေတြကို ေျခရာခံလိုက္ခဲ႔ပါတယ္။
သိပၸံနည္းက် ေျဖရွင္းခ်က္
"ခရီးသည္တင္ေလယာဥ္ေတြ အျဖဴေရာင္ (သို႔) ႏို႔ႏွစ္ေရာင္ ေဆးသုတ္ထားရျခင္းရဲ႕ အဓိကရည္ရြယ္ခ်က္ကေတာ႔ ေနေရာင္ျခည္ကို အလင္းပ်ံေစဖို႔ျဖစ္ၿပီး ေနေရာင္ျခည္နဲ႔ ဓာတ္ျပဳျခင္းေၾကာင္႔ ျဖစ္လာႏိုင္တဲ႔ အပူခ်ိန္နဲ႔ ထိခိုက္မႈေတြကို နည္းႏိုင္သမွ်နည္းေအာင္ ေလွ်ာ႔ခ်ဖို႔ပါပဲ" လို႔ Hansman က ဆိုပါတယ္။ "ဒါဟာ လူေတြ ေနေလာင္ခံခရင္မ္ လိမ္းတာနဲ႔ သေဘာတရားခ်င္း တူတူပါပဲ" လို႔လည္း ဆုိပါေသးတယ္။

ခရီးသည္တင္ေလယာဥ္ေတြကို ခုလို ေဆးအျဖဴေရာင္ သုတ္ျခင္းအားျဖင္႔ ေလယာဥ္အတြင္း အပူခ်ိန္ေလွ်ာ႔ခ်ဖို႔ကိုလည္း အေထာက္အကူျဖစ္ေစပါတယ္။ ေနာက္ၿပီး အပူဒဏ္ကို sensitive ျဖစ္တဲ႔ ေလယာဥ္ရဲ႕ တခ်ိဳ႕အစိတ္အပိုင္းေလးေတြကိုလည္း ကာကြယ္ၿပီးသား ျဖစ္ပါတယ္။
အထူးသျဖင္႔ ေလယာဥ္ထိပ္ဖူးေတြဟာ ပလတ္စတစ္ သို႔မဟုတ္ ေပါင္းစပ္ျပဳလုပ္ထားတဲ႔ ကြန္ပိုးစစ္ (composite) ဖိုက္ဘာေတြနဲ႔ ျပဳလုပ္ထားတဲ႔အတြက္ အပူဒဏ္ ပိုၿပီး sensitive ျဖစ္ပါတယ္။ ေလယာဥ္ထိပ္ဖူးေတြကို သတၳဳနဲ႔ မလုပ္ရတာလည္း အေၾကာင္းျပခ်က္ေတာ႔ ရွိပါတယ္။ ေလယာဥ္ တည္ေဆာက္ပံုအရ ေရဒါကို ထိပ္ဖူးပိုင္းမွာ တပ္ဆင္ထားတဲ႔အတြက္ ေရဒါေကာင္းမြန္စြာ အလုပ္လုပ္ေဆာင္ႏိုင္ဖို႔ သတၳဳလို အလင္းနဲ႔ အသံျပန္ႏိုင္တဲ႔ အရာဝတၳဳမ်ိဳး ေရွ႕ကပိတ္ေနလို႔ မရပါဘူး။
ငွက္ေတြဟာလည္း တစ္စိတ္တစ္ေဒသက ပါဝင္
ေနာက္တစ္ခုကေတာ႔ Human-Wildlife Interactions ဂ်ာနယ္မွာ ေဖာ္ျပခဲ႔တဲ႔ ၂၀၁၁ ခုႏွစ္က သုေတသနစာတမ္းတစ္ေစာင္ထဲမွာ ေဖာ္ျပထားတာကေတာ႔ ေလယာဥ္ရဲ႕ ေဆးအေရာင္ဟာ ငွက္ေတြအေပၚမွာလည္း လႊမ္းမိုးသက္ေရာက္မႈ ရွိပါသတဲ႔။ "ဒီေတြ႕ရွိမႈက အၾကံျပဳထားတာကေတာ႔ ေလယာဥ္ကိုယ္ထည္ အျဖဴေရာင္ဟာ ငွက္ေတြရဲ႕ အျမင္အာရံု ရႈေထာင္႔ကၾကည္႔ရင္ ေကာင္းကင္ေပၚမွာ ပိုၿပီး သိသားထင္ရွားစြာ ေပၚလြင္ေနပါတယ္"

ဒီေတာ႔ ေကာင္းကင္ေပၚမွာ ငွက္အုပ္ႀကီးနဲ႔ ရင္ဆိုင္တိုးတဲ႔အခါ ငွက္ေတြက ေလယာဥ္ကို မျမင္ဘဲ ဝင္တိုးမိလို႔ ေလယာဥ္စက္ ခ်ိဳ႕ယြင္းၿပီး ပ်က္က်တာေတြလည္း နည္းပါးသြားမွာေပါ႔။ ဒါေပမယ္႔ NY ေန႕စဥ္သတင္းစာရဲ႕ အဆိုအရဆိုရင္ ေလယာဥ္နဲ႔ ငွက္ ရင္ဆိုင္တိုးမိႈေၾကာင္႔ ႏွစ္စဥ္ ေဒၚလာ သန္း (၆၀၀) ဖိုးခန္႔ ထိခိုက္ဆံုးရႈံးမႈေတြ ျဖစ္ေပၚေနေသးပါတယ္တဲ႔။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ကိုယ့်နိုင်ငံကို ကိုယ်စားပြုတဲ့ အရောင်တစ်ခုခုကိုကော အသုံးပြုလို့ မရဘူးလား။
လေယာဉ်ပျံ မကြာခဏစီးဖူးသူတွေဆိုရင်တော့ သတိပြုမိမယ်ထင်ပါတယ်။ ခရီးသည်တင်လေယာဉ်အများစုရဲ့ အရောင်တွေက ဘာဖြစ်လို့ အဖြူရောင်ဖြစ်နေရတာလဲ။ ကိုယ့်နိုင်ငံကို ကိုယ်စားပြုတဲ့ အရောင်တစ်ခုခုကိုကော အသုံးပြုလို့ မရဘူးလား။ ကျွန်တော်တို့တွေ ဒီမေးခွန်းတွေကို မမေးမိကြဘဲ ဖြစ်ရိုးဖြစ်စဉ်အတိုင်း လက်ခံခဲ့ကြတာပါ။
ဥပမာ... ရခိုင်လူမျိုးတွေက အစပ်စားနိုင်မယ်။ ရှမ်းတွေက ကောက်ညှင်းကြိုက်မယ်။ မြစ်ဝကျွန်းပေါ် ဒေသသားတွေက ငါးပိ၊ ငါးခြောက် ကြိုက်မယ် စတဲ့ ရိုးရှင်းတဲ့ အချက်တွေလိုမျိုးပဲ လက်ခံမိခဲ့ကြတာပါ။

ဒါပေမယ့် ခရီးသည်တင်လေယာဉ်တွေ အဖြူရောင်ဖြစ်နေရခြင်းရဲ့ နောက်ကွယ်မှာ ယုတ္တိကျတဲ့ အဖြေတစ်ခုကတော့ ရှိနေပါသေးတယ်။ MIT က လေကြောင်းနဲ့ အာကာသသိပ္ပံ ပါမောက္ခတစ်ဦးဖြစ်တဲ့ John Hansman ရဲ့အကူအညီနဲ့ Business Insider မဂ္ဂဇင်းဟာ ဒီမေးခွန်းနောက်က ယုတ္တိဗေဒကို ခြေရာခံဖို့အတွက် သိပ္ပံနည်းကျ ဖြေရှင်းချက်တွေကို ခြေရာခံလိုက်ခဲ့ပါတယ်။
သိပ္ပံနည်းကျ ဖြေရှင်းချက်
"ခရီးသည်တင်လေယာဉ်တွေ အဖြူရောင် (သို့) နို့နှစ်ရောင် ဆေးသုတ်ထားရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ နေရောင်ခြည်ကို အလင်းပျံစေဖို့ဖြစ်ပြီး နေရောင်ခြည်နဲ့ ဓာတ်ပြုခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အပူချိန်နဲ့ ထိခိုက်မှုတွေကို နည်းနိုင်သမျှနည်းအောင် လျှော့ချဖို့ပါပဲ" လို့ Hansman က ဆိုပါတယ်။ "ဒါဟာ လူတွေ နေလောင်ခံခရင်မ် လိမ်းတာနဲ့ သဘောတရားချင်း တူတူပါပဲ" လို့လည်း ဆိုပါသေးတယ်။

ခရီးသည်တင်လေယာဉ်တွေကို ခုလို ဆေးအဖြူရောင် သုတ်ခြင်းအားဖြင့် လေယာဉ်အတွင်း အပူချိန်လျှော့ချဖို့ကိုလည်း အထောက်အကူဖြစ်စေပါတယ်။ နောက်ပြီး အပူဒဏ်ကို sensitive ဖြစ်တဲ့ လေယာဉ်ရဲ့ တချို့အစိတ်အပိုင်းလေးတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်။
အထူးသဖြင့် လေယာဉ်ထိပ်ဖူးတွေဟာ ပလတ်စတစ် သို့မဟုတ် ပေါင်းစပ်ပြုလုပ်ထားတဲ့ ကွန်ပိုးစစ် (composite) ဖိုက်ဘာတွေနဲ့ ပြုလုပ်ထားတဲ့အတွက် အပူဒဏ် ပိုပြီး sensitive ဖြစ်ပါတယ်။ လေယာဉ်ထိပ်ဖူးတွေကို သတ္ထုနဲ့ မလုပ်ရတာလည်း အကြောင်းပြချက်တော့ ရှိပါတယ်။ လေယာဉ် တည်ဆောက်ပုံအရ ရေဒါကို ထိပ်ဖူးပိုင်းမှာ တပ်ဆင်ထားတဲ့အတွက် ရေဒါကောင်းမွန်စွာ အလုပ်လုပ်ဆောင်နိုင်ဖို့ သတ္ထုလို အလင်းနဲ့ အသံပြန်နိုင်တဲ့ အရာဝတ္ထုမျိုး ရှေ့ကပိတ်နေလို့ မရပါဘူး။
ငှက်တွေဟာလည်း တစ်စိတ်တစ်ဒေသက ပါဝင်
နောက်တစ်ခုကတော့ Human-Wildlife Interactions ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ၂၀၁၁ ခုနှစ်က သုတေသနစာတမ်းတစ်စောင်ထဲမှာ ဖော်ပြထားတာကတော့ လေယာဉ်ရဲ့ ဆေးအရောင်ဟာ ငှက်တွေအပေါ်မှာလည်း လွှမ်းမိုးသက်ရောက်မှု ရှိပါသတဲ့။ "ဒီတွေ့ရှိမှုက အကြံပြုထားတာကတော့ လေယာဉ်ကိုယ်ထည် အဖြူရောင်ဟာ ငှက်တွေရဲ့ အမြင်အာရုံ ရှုထောင့်ကကြည့်ရင် ကောင်းကင်ပေါ်မှာ ပိုပြီး သိသားထင်ရှားစွာ ပေါ်လွင်နေပါတယ်"

ဒီတော့ ကောင်းကင်ပေါ်မှာ ငှက်အုပ်ကြီးနဲ့ ရင်ဆိုင်တိုးတဲ့အခါ ငှက်တွေက လေယာဉ်ကို မမြင်ဘဲ ဝင်တိုးမိလို့ လေယာဉ်စက် ချို့ယွင်းပြီး ပျက်ကျတာတွေလည်း နည်းပါးသွားမှာပေါ့။ ဒါပေမယ့် NY နေ့စဉ်သတင်းစာရဲ့ အဆိုအရဆိုရင် လေယာဉ်နဲ့ ငှက် ရင်ဆိုင်တိုးမှိုကြောင့် နှစ်စဉ် ဒေါ်လာ သန်း (၆၀၀) ဖိုးခန့် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေသေးပါတယ်တဲ့။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top