ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဗုဒၶဘာသာျဖစ္ရတာလည္း ဂုဏ္ယူပါတယ္တဲ့။
အဆုိေတာ္ ပိုင္တံခြန္ဟာ ျမန္မာျဖစ္ရတာ ဗုဒၶဘာသာျဖစ္ရတာ ဂုဏ္ယူတယ္လုိ႔ ဆုိလာပါတယ္။
"ျမန္မာတေယာက္ျဖစ္ရတာ ဂုဏ္ယူတယ္ဗ်ာ

ဗုဒၶဘာသာ​တေယာက္ ျဖစ္​​တဲ့အတြက္ေရာ" လို႔ ေရးသားၿပီး ေအာက္တုိဘာလ ၃ ရက္ေန႔က သူ႔ရဲ႕ေဖ့စ္ဘြတ္မွာ တင္ထားတာျဖစ္ပါတယ္။

အဲဒီစာသားနဲ႔အတူ ဘုရားေပၚေရာက္ေနတဲ့ ဓာတ္ပံုေလးေတြကိုလည္း တင္ထားပါတယ္။ ပိုင္တံခြန္ဟာ စတစ္ေကာ္လာအကႌ်အျဖဴေလးနဲ႔ ျမန္မာဆန္ဆန္ၾကည့္ေကာင္းေနတာကို ေတြ႕ရပါတယ္။
ပိုင္တံခြန္ဟာ ဘာသာတရားကိုင္း႐ႈိင္းသူျဖစ္႐ံုမက အလွဴအတန္းလည္း ရက္ေရာသူျဖစ္ပါတယ္။ စက္တင္ဘာလ ၁၇ ရက္ေန႔မွာက်ေရာက္တဲ့

သူ႔ရဲ႕ အသက္ ၂၁ ႏွစ္ျပည့္ေမြးေန႔မွာလည္း  သီခ်င္းေခြ ေရာင္းရေငြ အားလံုးနဲ႕ အလွဴရွင္ေတြလွဴဒါန္းတဲ့ ေငြစုစုေပါင္းေငြက်ပ္သိန္း(၅၀)ကို အနႏၲေမတၱာဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမွာ လွဴဒါန္းခဲ့ပါတယ္။

ေမြးေန႕အလွဴအျဖစ္ ေငြေၾကးအျပင္ ကေလးေတြအတြက္ ေက်ာင္းအက်ႌမ်ား၊ စာေရးကိရယာမ်ိဳးစံုကိုလည္း လွဴဒါန္းခဲ့ပါေသးတယ္။
ပိုင္တံခြန္ကေတာ့ သူ႕ရဲ႕ ေမြးေန႕ေလးမွာ မိုးရြာတဲ့ ၾကားက ကေလးေတြနဲ႕အတူ ေရႊတိဂံုဘုရားသုို႕သြားေရာက္ခဲ့ၿပီးေတာ့ ကေလးေတြကို တိရစၦာန္ဥယ်ာဥ္ကိုလည္း  လုိက္ပို႔ခဲ့ပါေသးတယ္။

သူ႕ရဲ႕ ပရဟိတစိတ္ဓာတ္ေလးကုိေတာ့ ပရိသတ္ေတြ အားက်ခဲ့ၾကပါတယ္။ သူ႕ရဲ႕ေမြးေန႕အမွတ္တရအေနနဲ႕ ထုတ္ထားတဲ့ ပိုင္တံခြန္ရဲ႕ခ်စ္သူ ဆိုတဲ့ သီခ်င္းေခြေလးကိုလည္း ထြက္ရွိထားပါေသးတယ္။

လက္ရွိမွာေတာ့ ပိုင္တံခြန္ဟာ ေက်ာင္းတစ္ဖက္နဲ႕ အႏုပညာအလုပ္ေတြကို လုပ္ကိုင္လ်က္ရွိပါတယ္။

Photos : ပိုင္တံခြန္ေဖ့စ္ဘြတ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဗုဒ္ဓဘာသာဖြစ်ရတာလည်း ဂုဏ်ယူပါတယ်တဲ့။
အဆိုတော် ပိုင်တံခွန်ဟာ မြန်မာဖြစ်ရတာ ဗုဒ္ဓဘာသာဖြစ်ရတာ ဂုဏ်ယူတယ်လို့ ဆိုလာပါတယ်။
"မြန်မာတယောက်ဖြစ်ရတာ ဂုဏ်ယူတယ်ဗျာ

ဗုဒ္ဓဘာသာတယောက် ဖြစ်တဲ့အတွက်ရော" လို့ ရေးသားပြီး အောက်တိုဘာလ ၃ ရက်နေ့က သူ့ရဲ့ဖေ့စ်ဘွတ်မှာ တင်ထားတာဖြစ်ပါတယ်။

အဲဒီစာသားနဲ့အတူ ဘုရားပေါ်ရောက်နေတဲ့ ဓာတ်ပုံလေးတွေကိုလည်း တင်ထားပါတယ်။ ပိုင်တံခွန်ဟာ စတစ်ကော်လာအင်္ကျီအဖြူလေးနဲ့ မြန်မာဆန်ဆန်ကြည့်ကောင်းနေတာကို တွေ့ရပါတယ်။
ပိုင်တံခွန်ဟာ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ရုံမက အလှူအတန်းလည်း ရက်ရောသူဖြစ်ပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့မှာကျရောက်တဲ့

သူ့ရဲ့ အသက် ၂၁ နှစ်ပြည့်မွေးနေ့မှာလည်း  သီချင်းခွေ ရောင်းရငွေ အားလုံးနဲ့ အလှူရှင်တွေလှူဒါန်းတဲ့ ငွေစုစုပေါင်းငွေကျပ်သိန်း(၅၀)ကို အနန္တမေတ္တာဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ လှူဒါန်းခဲ့ပါတယ်။

မွေးနေ့အလှူအဖြစ် ငွေကြေးအပြင် ကလေးတွေအတွက် ကျောင်းအကျႌများ၊ စာရေးကိရယာမျိုးစုံကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။
ပိုင်တံခွန်ကတော့ သူ့ရဲ့ မွေးနေ့လေးမှာ မိုးရွာတဲ့ ကြားက ကလေးတွေနဲ့အတူ ရွှေတိဂုံဘုရားသို့သွားရောက်ခဲ့ပြီးတော့ ကလေးတွေကို တိရစ္ဆာန်ဥယျာဉ်ကိုလည်း  လိုက်ပို့ခဲ့ပါသေးတယ်။

သူ့ရဲ့ ပရဟိတစိတ်ဓာတ်လေးကိုတော့ ပရိသတ်တွေ အားကျခဲ့ကြပါတယ်။ သူ့ရဲ့မွေးနေ့အမှတ်တရအနေနဲ့ ထုတ်ထားတဲ့ ပိုင်တံခွန်ရဲ့ချစ်သူ ဆိုတဲ့ သီချင်းခွေလေးကိုလည်း ထွက်ရှိထားပါသေးတယ်။

လက်ရှိမှာတော့ ပိုင်တံခွန်ဟာ ကျောင်းတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။

Photos : ပိုင်တံခွန်ဖေ့စ်ဘွတ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top