Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျပည္ေထာင္စုလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ဳိးသားလႊတ္ေတာ္တို႔သည္ ဥပေဒ ျပဳေရးဟူသည့္ အဓိကတာ၀န္ႀကီးကို ဟန္ခ်က္ညီညီ၊ အေျမာ္အျမင္ရွိရွိ ေဖာ္ေဆာင္လ်က္ရွိသည္။ ျပည္ေထာင္စုလႊတ္ေတာ္က ဖြဲ႕စည္းသည့္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္ မ်ားေလ့လာဆန္းစစ္သံုးသပ္ေရးေကာ္မရွင္သည္ တာဝန္ႏွင့္လုပ္ပိုင္ခြင့္ေဘာင္ အျပင္ဘက္မထြက္မိေရး သတိႀကီးႀကီးထားသင့္သည္။ ဥပေဒျပဳေရးတြင္ လႊတ္ေတာ္မ်ားႏွင့္ ဥပေဒၾကမ္း ေကာ္မတီသည္လုပ္ပိုင္ခြင့္အျမင့္ဆံုးျဖစ္သည္။ ေကာ္မရွင္အေနျဖင့္ ေလ့လာအႀကံျပဳသည့္ အဆင့္တြင္သာရပ္တန္႔ေနရမည္ျဖစ္ၿပီး ေဆြးေႏြးဆံုးျဖတ္သည္အထိ ေဘာင္ေက်ာ္ ပါ၀င္လာမည္ဆိုလွ်င္ ႐ႈပ္ေထြးမႈမ်ားရွိႏိုင္သည္ကို သတိခ်ပ္သင့္သည္။

  လႊတ္ေတာ္ဥပေဒၾကမ္း ေကာ္မတီအေနျဖင့္ ဥပေဒျပဳရာ တြင္ ေရးရာေကာ္မတီမ်ား၊ ဥပေဒေရးရာႏွင့္အထူးကိစၥရပ္ မ်ားေလ့လာဆန္းစစ္ သံုးသပ္ ေရးေကာ္မရွင္တို႔ႏွင့္ သံုးဖြဲ႕သံုး ဖလွယ္ပူးေပါင္းေဆာင္ရြက္႐ုံျဖင့္လံုေလာက္မႈ မရွိႏိုင္ေၾကာင္း၊ က႑အလိုက္ တတ္သိနားလည္ သူမ်ား၊ ကြၽမ္းက်င္သူမ်ား၊ ျပင္ပ ပညာရွင္မ်ားကိုပါဖိတ္ၾကား၍ ပူးေပါင္းေဆာင္ရြက္ရန္လိုအပ္ ေၾကာင္း အႏွစ္သာရသေဘာ ေဆာင္သည့္မွတ္ခ်က္ကို ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးဝင္းျမင့္က ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ ၁၉ ရက္ ျပည္သူ႔လႊတ္ေတာ္ အစည္းအေ၀းတြင္ ေျပာၾကားခဲ့ သည္ဟု လူမႈကြန္ရက္ စာမ်က္ႏွာ ၌ ဖတ္လိုက္ရသည္။ ဥပေဒျပဳေရး သည္ အေရးႀကီးသည့္အေလ်ာက္ က်ယ္က်ယ္ျပန္႔ျပန္႔ ပူးေပါင္း ေဆာင္ရြက္ႏိုင္ေလေလ၊ လူထု ၾကားနာပြဲမ်ား က်င္းပႏိုင္ေလ ေလ၊ အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ႏိုင္ေလေလ၊ အားနည္းခ်က္၊ အမွား အယြင္းနည္းေလေလျဖစ္ မည္။

 ျပည္ေထာင္စုလႊတ္ေတာ္ နာယကသည္ ျပည္ေထာင္စု လႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္ ႏွင့္ အမ်ဳိးသားလႊတ္ေတာ္ ေကာ္ မတီမ်ားက ေလ့လာေသာ ကိစၥ ရပ္မ်ားမွအပ က်န္ကိစၥရပ္မ်ား ေလ့လာရန္ႏွင့္လႊတ္ေတာ္ အသီး သီး၏ ေကာ္မတီဆိုင္ရာလုပ္ငန္း မ်ားတြင္ ပူးေပါင္းေဆာင္ရြက္ႏိုင္ရန္ လိုအပ္ခ်က္အရ ဥပေဒေရးရာႏွင့္  အထူးကိစၥရပ္မ်ားေလ့လာဆန္းစစ္သံုးသပ္ေရးေကာ္မရွင္ကို  ဥကၠ႒သူရဦးေရႊမန္းအပါအဝင္ ေကာ္မရွင္အဖြဲ႕ဝင္ ၃၅ဦးျဖင့္၂၀၁၆ ခုႏွစ္ မတ္လ ၁ရက္ေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္ဆိုင္ရာ ဥပေဒပုဒ္မ ၇(ခ)၊ ၇(ဂ) ႏွင့္ နည္း ဥပေဒ ပုဒ္မ ၁၀၅(ခ)တို႔ႏွင့္အညီ ဖြဲ႕စည္းခဲ့သည္။ ေကာ္မရွင္သည္ ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းျဖစ္ၿပီး သက္တမ္းမွာ တစ္ႏွစ္ျဖစ္သည္။နာယကသည္ ေကာ္မရွင္အဖြဲ႕ဝင္မ်ားကို သင့္ေလ်ာ္သလို ျပင္ဆင္ဖြဲ႕စည္းႏိုင္ၿပီး လိုအပ္ပါက ျပည္ေထာင္စုလႊတ္ေတာ္၏ သေဘာတူညီခ်က္ျဖင့္ သက္တမ္းတိုးႏုိင္သည္။

ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္ မ်ား ေလ့လာဆန္းစစ္ သံုးသပ္ေရး ေကာ္မရွင္သည္ ျပည္သူ႔လႊတ္ ေတာ္တြင္ ကနဦးအစျပဳခဲ့သည္။ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ ေတာ္သည္ ၂၀၁၆ ခုႏွစ္ ေဖေဖာ္ ၀ါရီလ၄ရက္ေန႔တြင္ ဥပေဒေရးရာႏွင့္အထူးကိစၥရပ္မ်ားေလ့လာ ဆန္းစစ္သံုးသပ္ေရးေကာ္မရွင္ ကို ၂၀၁၂ခုႏွစ္ ျပည္သူ႔လႊတ္ ေတာ္ဆိုင္ရာ ဥပေဒပုဒ္မ ၃၂၊ ၂၀၁၃ ခုႏွစ္ ျပည္သူ႔လႊတ္ေတာ္ ဆိုင္ရာနည္း ဥပေဒပုဒ္မ ၁၀၈တို႔အရဖြဲ႕စည္းခဲ့သည္။ ျပည္ ေထာင္စုလႊတ္ေတာ္သည္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္ သံုးသပ္ေရး ေကာ္မရွင္ကို ဖြဲ႕စည္းၿပီးသည့္ ေနာက္၊ ျပည္သူ႔လႊတ္ေတာ္သည္ ၂၀၁၆ ခုႏွစ္ မတ္လ ၁ရက္ေန႔တြင္ အဆိုပါေကာ္မရွင္ကို ဖ်က္သိမ္း ခဲ့သည္။

 ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒေရးရာႏွင့္အထူးကိစၥရပ္မ်ားေလ့လာဆန္းစစ္သံုးသပ္ ေရးေကာ္မရွင္၏တာ၀န္ႏွင့္လုပ္ပိုင္ခြင့္မ်ားကို ၂၀၁၆ ခုႏွစ္ ႏို၀င္ ဘာလ ၃၀ ရက္ေန႔တြင္ ျပင္ဆင္ သတ္မွတ္ခဲ့သည္။ ေကာ္မရွင္ သည္ တည္ဆဲဥပေဒမ်ားအား ေလ့လာဆန္းစစ္သံုးသပ္ၿပီး ျပင္ ဆင္ရန္၊ ပယ္ဖ်က္ရန္ႏွင့္ အသစ္ ျပ႒ာန္းရန္သင့္ေသာ ဥပေဒ မ်ားကုိ ျပည္ေထာင္စုလႊတ္ေတာ္ သုိ႔ တင္ျပရမည္ျဖစ္သည္။ ထို႔အျပင္ ေခတ္ကာလအေျခအေနႏွင့္ လုိက္ေလ်ာညီေထြရွိၿပီး ႏုိင္ငံေတာ္ႏွင့္ ႏုိင္ငံသားမ်ား၏အက်ဳိးကုိျဖစ္ထြန္းေစမည့္ ဥပေဒ ၾကမ္းမ်ားကို ေရးဆြဲျပဳစုတင္ျပ ရမည္ျဖစ္ၿပီး ဥပေဒၾကမ္းေရးဆြဲ ျခင္း၊ နည္းဥပေဒ ေရးဆြဲျခင္းတုိ႔ အတြက္ ျပည္ေထာင္စုလႊတ္ ေတာ္ကုိဗဟုိျပဳ၍ သက္ဆုိင္ရာ ဌာနမ်ား၊ အဖြဲ႕အစည္းမ်ား၊ ေရွ႕ ေနခ်ဳပ္႐ံုးတုိ႔ႏွင့္ညိႇႏိႈင္း ပူးေပါင္း ေဆာင္ရြက္ရမည္ျဖစ္သည္။ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ ေနာက္ ပိုင္း ေကာ္မရွင္သည္ တာဝန္ႏွင့္လုပ္ပိုင္ခြင့္သစ္မ်ားအရ ဥပေဒ ျပဳေရးနယ္ပယ္တြင္ လုပ္ပိုင္ခြင့္ပိုမိုရရွိလာသည္ဟု သံုးသပ္ႏိုင္ သည္။

၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၇ ရက္ ျပည္ေထာင္စုလႊတ္ ေတာ္အစည္းအေဝးတြင္ ဥပေဒ ေရးရာႏွင့္အထူးကိစၥရပ္မ်ားေလ့လာဆန္းစစ္သံုးသပ္ေရးေကာ္ မရွင္ကို သက္တမ္းတစ္ႏွစ္ထပ္မံတိုးျမႇင့္ရန္တင္ျပလာျခင္းအေပၚ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ကန္႔ကြက္ခဲ့ သည္။ အဆိုပါေကာ္မရွင္သည္ ဖြဲ႕စည္းပံု အေျခခံဥပေဒႏွင့္မညီ ဟု တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေထာက္ျပ ခဲ့သည္။ ျပည္သူ႔လႊတ္ေတာ္ ႏွင့္အမ်ဳိးသားလႊတ္ေတာ္တုိ႔တြင္ ေကာ္မရွင္ ဖြဲ႕စည္းႏိုင္ေသာ္ လည္း ျပည္ေထာင္စုလႊတ္ေတာ္တြင္ေကာ္မရွင္ဖြဲ႕စည္းရန္ ဖြဲ႕ စည္း ပံုအေျခခံဥပေဒ၌ အာဏာအပ္ႏွင္းထားျခင္းမရွိဟုေဆြးေႏြးခဲ့ၾကသည္။ ျပည္ေထာင္စုလႊတ္ ေတာ္သည္ ေထာက္ခံမဲ ၃၃၃မဲ၊ ကန္႔ကြက္မဲ ၁၈၉မဲ ႏွင့္ ၾကားေနမဲ ေျခာက္မဲျဖင့္ ေကာ္မရွင္ကို သက္တမ္း တိုးျမႇင့္ခဲ့သည္။ တပ္ မေတာ္သား လႊတ္ေတာ္ကိုယ္စား လွယ္ ၅၀ ဦးကလည္း အဆိုပါ ေကာ္မရွင္ဖြဲ႕စည္းမႈသည္ ဖြဲ႕စည္း ပံုအေျခခံဥပေဒႏွင့္ညီ၊ မညီ စိစစ္ ေပးရန္ ဖြဲ႕စည္းပံုအေျခခံဥပေဒဆိုင္ရာခံု႐ုံးသို႔ တင္ျပခဲ့သည္။

  ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပံု အေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)တြင္ ေကာ္မတီ၊ ေကာ္မရွင္ႏွင့္ အဖြဲ႕မ်ား ဖြဲ႕စည္းျခင္းႏွင့္စပ္လ်ဥ္း၍ ျပည္သူ႔လႊတ္ေတာ္ႏွင့္အမ်ဳိး သား လႊတ္ေတာ္တို႔ကဲ့သို႔ ျပည္ ေထာင္စုလႊတ္ေတာ္က႑၌ သီး ျခား ေဖာ္ျပထားသည္ကို မေတြ႕ရွိ ရေပ။ ေကာ္မတီ၊ ေကာ္မရွင္ႏွင့္အဖြဲ႕မ်ား ဖြဲ႕စည္းျခင္းကိုဖြဲ႕ စည္းပံုအေျခခံဥပေဒတြင္ ျပ႒ာန္း မထားေသာ္လည္း ျပည္ေထာင္စု လႊတ္ေတာ္ဆိုင္ရာ ဥပေဒႏွင့္ နည္းဥပေဒတို႔တြင္ ျပ႒ာန္းထား သည္ကို ေတြ႕ရွိရသည္။ သို႔ျဖစ္၍ ျပည္ေထာင္စုလႊတ္ ေတာ္သည္ ဥပေဒေရးရာႏွင့္    အထူးကိစၥရပ္ မ်ား ေလ့လာဆန္းစစ္ သံုးသပ္ ေရးေကာ္မရွင္ကို အတည္ျပဳျပ ႒ာန္းထားေသာ ဥပေဒ၊ နည္း ဥပေဒတို႔ႏွင့္အညီ ဖြဲ႕စည္းခဲ့သည္ ဟုသံုးသပ္ႏိုင္သည္။ ဥပေဒႏွင့္ နည္းဥပေဒပါျပ႒ာန္း ခ်က္မ်ား သည္ ဖြဲ႕စည္းပံုအေျခခံဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္ ပဋိပကၡ အသြင္ ေဆာင္ေနသည္ဟုလည္း ေကာက္ခ်က္ျပဳႏိုင္ျခင္း မရွိေပ။ ထို႔ေၾကာင့္ ေကာ္မရွင္ဖြဲ႕စည္းျခင္းႏွင့္စပ္လ်ဥ္း၍ ဖြဲ႕စည္းပံုအေျခခံ ဥပေဒတြင္ ေဖာ္ျပထားျခင္းမရွိ လင့္ကစား တည္ဆဲဥပေဒ၊ နည္း ဥပေဒမ်ားႏွင့္ ညီၫြတ္သည္ဟု သံုးသပ္ႏိုင္သည္။ ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္ မ်ားေလ့လာဆန္းစစ္သံုးသပ္ေရး ေကာ္မရွင္သည္ မူဝါဒခ်မွတ္ျခင္း၊ အဆံုးအျဖတ္ျပဳျခင္းတို႔ကို ျပဳ လုပ္ႏိုင္သည့္အဖြဲ႕ မဟုတ္ေပ။ ေကာ္မရွင္သည္မူဝါဒ ခ်မွတ္ႏိုင္ သည့္ပုဂၢိဳလ္၊ အဆံုးအ ျဖတ္ေပးႏိုင္သည့္ ပုဂၢိဳလ္ႏွင့္အဖြဲ႕အစည္းမ်ားသို႔ ႏိုင္ငံေတာ္ႏွင့္ႏုိင္ငံသားမ်ား အက်ဳိးစီးပြားျဖစ္ထြန္းေရးကိစၥရပ္မ်ားကို အခ်ိန္မီတင္ျပ ေဆာင္ရြက္ ရမည္ျဖစ္သည္။ ေကာ္မရွင္အေနျဖင့္ မူဝါဒခ်မွတ္ ျခင္းႏွင့္ အဆံုးအျဖတ္ျပဳျခင္းတို႔ တြင္ တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္ ျဖစ္ေစ ပါ၀င္ပတ္သက္ျခင္း မရွိ ရန္ ေသာ့ခ်က္က်သည္။ ေကာ္မရွင္ႏွင့္ ေကာ္မရွင္အဖြဲ႕ဝင္မ်ား အေနျဖင့္ ဥပေဒေရးရာႏွင့္ အထူး ကိစၥရပ္မ်ား ႏွင့္စပ္လ်ဥ္း၍ ေဘာင္ေက်ာ္ေဆာင္ရြက္ျခင္း မရွိေရးကို အထူးအေလးထား ေဆာင္ရြက္သင့္သည္။

ေကာ္မရွင္သည္ ေခတ္စနစ္ ႏွင့္ေလ်ာ္ညီေသာဥပေဒမ်ားျဖစ္ ေစရန္အတြက္ တည္ဆဲဥပေဒ မ်ားကို ေလ့လာသံုးသပ္ၿပီး၊ ျပင္ ဆင္ရန္၊ ပယ္ဖ်က္ရန္၊ အသစ္ ျပ႒ာန္းရန္ႏွင့္ ဥပေဒအသစ္ ေရး ဆြဲရန္ရွိပါက ျပည္ေထာင္စုလႊတ္ ေတာ္သို႔ တင္ျပရမည္။ ဥပေဒ ၾကမ္းေရးဆြဲေရးႏွင့္ ဆက္စပ္ ေသာ အစည္းအေဝးမ်ားတြင္ ေကာ္မရွင္အေနျဖင့္ ဥပေဒ ျပင္ဆင္ေရး၊ ပယ္ဖ်က္ေရးႏွင့္ အသစ္ေရးဆြဲေရးတို႔တြင္ တိုက္ ႐ုိက္ျဖစ္ေစ၊ သြယ္ဝိုက္ျဖစ္ေစ ဖိအားေပးျခင္းႏွင့္ ၾသဇာလႊမ္းျခင္းမျပဳႏိုင္ေပ။ ဥပေဒၾကမ္း ေကာ္ မတီသည္သာ ဥပေဒၾကမ္းႏွင့္စပ္ လ်ဥ္း၍ အၿပီးသတ္ဆံုးျဖတ္ရမည္ ျဖစ္သည္။ ဥပေဒၾကမ္းႏွင့္စပ္ လ်ဥ္းသည့္ အစည္းအေဝးမ်ား၊ ေဆြးေႏြးပြဲမ်ားတြင္ ေကာ္မရွင္ အဖြဲ႕ဝင္မ်ားအေနျဖင့္ အေျပာ သက္သက္မဟုတ္၊ အလုပ္ႏွင့္ သက္ေသျပလ်က္ အဆံုးအျဖတ္ ေပးရာ၌ လက္ေရွာင္ေနရန္ အေရးႀကီးသည္။ ေကာ္မရွင္ အေနျဖင့္ ဥပေဒၾကမ္းျပဳစုရာတြင္ အျခား အဖြဲ႕အစည္းမ်ားထက္ ႏွာတစ္ဖ်ား အသာစီးရေနမည္ဆို လွ်င္လည္း ေၾကာင္းက်ဳိးဆီေလ်ာ္ မႈ နည္းမည္ျဖစ္သည္။

 ပထမအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္တြင္ ေကာ္မရွင္ တစ္ခုဖြဲ႕စည္းခဲ့သည္ကို မွတ္ တမ္းမ်ားအရသိရွိရသည္။ ၂၀၁၂ ခုႏွစ္ ဇူလိုင္လ ၂၆ ရက္ေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္သည္ လယ္ယာေျမႏွင့္အျခားေျမမ်ားသိမ္းဆည္းခံရမႈမ်ားေၾကာင့္ျပည္သူမ်ားနစ္နာမႈမရွိေစေရးအတြက္စံုစမ္းေရးေကာ္မရွင္ကို ျပည္ ေထာင္စုလႊတ္ေတာ္ နည္း ဥပေဒ ၈၊ နည္းဥပေဒခြဲ (ပ) ႏွင့္အညီ ဖြဲ႕စည္းခဲ့သည္။ ပထမအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္၏ တစ္ ခုတည္းေသာ ေကာ္မရွင္ဟုသတ္ မွတ္ႏိုင္သည္။ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္ သံုးသပ္ေရးေကာ္မရွင္ကိုမူ ပထမအႀကိမ္ လႊတ္ေတာ္သက္ တမ္းတြင္ ျပည္သူ႔လႊတ္ေတာ္က ဖြဲ႕စည္းခဲ့သည္။ ေကာ္မရွင္တြင္ ဥကၠ႒၊ ဒုတိယဥကၠ႒ႏွစ္ဦး အပါ အဝင္ အဖြဲ႕ဝင္ ၂၁ ဦးသည္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ျဖစ္ၿပီး က်န္အဖြဲ႕ဝင္ ၄၁ ဦး သည္ စစ္ဘက္၊ နယ္ဘက္မွ အၿငိမ္းစား အရာရွိႀကီးမ်ားႏွင့္ ပညာရွင္မ်ား ျဖစ္သည္။

    အခ်ဳပ္ဆိုရေသာ္ ျပည္ ေထာင္စုလႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ားေလ့လာဆန္းစစ္သံုးသပ္ေရးေကာ္မရွင္ အေနျဖင့္ ခ်မွတ္ထား ေသာစည္းမ်ဥ္းစည္းကမ္းေဘာင္တို႔ကို တိုက္႐ိုက္ျဖစ္ေစ၊ သြယ္၀ိုက္ ျဖစ္ေစ မေက်ာ္လြန္မိရန္ အေရး ႀကီးသည္။ ဥပေဒျပဳေရးတြင္ ေရြးေကာက္ခံလႊတ္ေတာ္ကိုယ္ စားလွယ္အမ်ားစုျဖင့္ ဖြဲ႕စည္း ထားသည့္ လႊတ္ေတာ္မ်ားသည္ အခရာပင္ျဖစ္သည္။ ေရြး ေကာက္ခံ လႊတ္ေတာ္ကိုယ္စား လွယ္အနည္းအက်ဥ္းသာ ပါဝင္ သည့္ေကာ္မရွင္က ႏြားေရွ႕ထြန္က်ဴးသည့္သေဘာေဆာင္ေနမည္ဆိုပါက အေၾကာင္းအက်ဳိး လြဲမည္ျဖစ္သည္။ ေကာ္မရွင္ အေနျဖင့္ ဥပေဒ၊ စည္းမ်ဥ္းႏွင့္ အညီ အနားသတ္ထားေသာစနစ္၊ ေဘာင္ထဲတြင္ လႊတ္ေတာ္မ်ား ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အား ထိထိေရာက္ေရာက္ ပံ့ပိုး က်ားကန္ႏိုင္ေရးကိုသာ ေရွး႐ႈ သင့္ပါေၾကာင္း သံုးသပ္တင္ျပ လိုက္ရပါသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့သည် ဥပဒေ ပြုရေးဟူသည့် အဓိကတာဝန်ကြီးကို ဟန်ချက်ညီညီ၊ အမြော်အမြင်ရှိရှိ ဖော်ဆောင်လျက်ရှိသည်။ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းသည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်သည် တာဝန်နှင့်လုပ်ပိုင်ခွင့်ဘောင် အပြင်ဘက်မထွက်မိရေး သတိကြီးကြီးထားသင့်သည်။ ဥပဒေပြုရေးတွင် လွှတ်တော်များနှင့် ဥပဒေကြမ်း ကော်မတီသည်လုပ်ပိုင်ခွင့်အမြင့်ဆုံးဖြစ်သည်။ ကော်မရှင်အနေဖြင့် လေ့လာအကြံပြုသည့် အဆင့်တွင်သာရပ်တန့်နေရမည်ဖြစ်ပြီး ဆွေးနွေးဆုံးဖြတ်သည်အထိ ဘောင်ကျော် ပါဝင်လာမည်ဆိုလျှင် ရှုပ်ထွေးမှုများရှိနိုင်သည်ကို သတိချပ်သင့်သည်။

  လွှတ်တော်ဥပဒေကြမ်း ကော်မတီအနေဖြင့် ဥပဒေပြုရာ တွင် ရေးရာကော်မတီများ၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ် များလေ့လာဆန်းစစ် သုံးသပ် ရေးကော်မရှင်တို့နှင့် သုံးဖွဲ့သုံး ဖလှယ်ပူးပေါင်းဆောင်ရွက်ရုံဖြင့်လုံလောက်မှု မရှိနိုင်ကြောင်း၊ ကဏ္ဍအလိုက် တတ်သိနားလည် သူများ၊ ကျွမ်းကျင်သူများ၊ ပြင်ပ ပညာရှင်များကိုပါဖိတ်ကြား၍ ပူးပေါင်းဆောင်ရွက်ရန်လိုအပ် ကြောင်း အနှစ်သာရသဘော ဆောင်သည့်မှတ်ချက်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၉ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ သည်ဟု လူမှုကွန်ရက် စာမျက်နှာ ၌ ဖတ်လိုက်ရသည်။ ဥပဒေပြုရေး သည် အရေးကြီးသည့်အလျောက် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်နိုင်လေလေ၊ လူထု ကြားနာပွဲများ ကျင်းပနိုင်လေ လေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်လေလေ၊ အားနည်းချက်၊ အမှား အယွင်းနည်းလေလေဖြစ် မည်။

 ပြည်ထောင်စုလွှတ်တော် နာယကသည် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ကော် မတီများက လေ့လာသော ကိစ္စ ရပ်များမှအပ ကျန်ကိစ္စရပ်များ လေ့လာရန်နှင့်လွှတ်တော် အသီး သီး၏ ကော်မတီဆိုင်ရာလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်ချက်အရ ဥပဒေရေးရာနှင့်  အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို  ဥက္ကဋ္ဌသူရဦးရွှေမန်းအပါအဝင် ကော်မရှင်အဖွဲ့ဝင် ၃၅ဦးဖြင့်၂၀၁၆ ခုနှစ် မတ်လ ၁ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၇(ခ)၊ ၇(ဂ) နှင့် နည်း ဥပဒေ ပုဒ်မ ၁၀၅(ခ)တို့နှင့်အညီ ဖွဲ့စည်းခဲ့သည်။ ကော်မရှင်သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ပြီး သက်တမ်းမှာ တစ်နှစ်ဖြစ်သည်။နာယကသည် ကော်မရှင်အဖွဲ့ဝင်များကို သင့်လျော်သလို ပြင်ဆင်ဖွဲ့စည်းနိုင်ပြီး လိုအပ်ပါက ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် သက်တမ်းတိုးနိုင်သည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်သည် ပြည်သူ့လွှတ် တော်တွင် ကနဦးအစပြုခဲ့သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ် တော်သည် ၂၀၁၆ ခုနှစ် ဖေဖော် ဝါရီလ၄ရက်နေ့တွင် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် ကို ၂၀၁၂ခုနှစ် ပြည်သူ့လွှတ် တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၂၊ ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော် ဆိုင်ရာနည်း ဥပဒေပုဒ်မ ၁၀၈တို့အရဖွဲ့စည်းခဲ့သည်။ ပြည် ထောင်စုလွှတ်တော်သည် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းပြီးသည့် နောက်၊ ပြည်သူ့လွှတ်တော်သည် ၂၀၁၆ ခုနှစ် မတ်လ ၁ရက်နေ့တွင် အဆိုပါကော်မရှင်ကို ဖျက်သိမ်း ခဲ့သည်။

 ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင်၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ၂၀၁၆ ခုနှစ် နိုဝင် ဘာလ ၃၀ ရက်နေ့တွင် ပြင်ဆင် သတ်မှတ်ခဲ့သည်။ ကော်မရှင် သည် တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင် ဆင်ရန်၊ ပယ်ဖျက်ရန်နှင့် အသစ် ပြဋ္ဌာန်းရန်သင့်သော ဥပဒေ များကို ပြည်ထောင်စုလွှတ်တော် သို့ တင်ပြရမည်ဖြစ်သည်။ ထို့အပြင် ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေရှိပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးကိုဖြစ်ထွန်းစေမည့် ဥပဒေ ကြမ်းများကို ရေးဆွဲပြုစုတင်ပြ ရမည်ဖြစ်ပြီး ဥပဒေကြမ်းရေးဆွဲ ခြင်း၊ နည်းဥပဒေ ရေးဆွဲခြင်းတို့ အတွက် ပြည်ထောင်စုလွှတ် တော်ကိုဗဟိုပြု၍ သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများ၊ ရှေ့ နေချုပ်ရုံးတို့နှင့်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ နောက် ပိုင်း ကော်မရှင်သည် တာဝန်နှင့်လုပ်ပိုင်ခွင့်သစ်များအရ ဥပဒေ ပြုရေးနယ်ပယ်တွင် လုပ်ပိုင်ခွင့်ပိုမိုရရှိလာသည်ဟု သုံးသပ်နိုင် သည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် ဥပဒေ ရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော် မရှင်ကို သက်တမ်းတစ်နှစ်ထပ်မံတိုးမြှင့်ရန်တင်ပြလာခြင်းအပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ သည်။ အဆိုပါကော်မရှင်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်မညီ ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြ ခဲ့သည်။ ပြည်သူ့လွှတ်တော် နှင့်အမျိုးသားလွှတ်တော်တို့တွင် ကော်မရှင် ဖွဲ့စည်းနိုင်သော် လည်း ပြည်ထောင်စုလွှတ်တော်တွင်ကော်မရှင်ဖွဲ့စည်းရန် ဖွဲ့ စည်း ပုံအခြေခံဥပဒေ၌ အာဏာအပ်နှင်းထားခြင်းမရှိဟုဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုလွှတ် တော်သည် ထောက်ခံမဲ ၃၃၃မဲ၊ ကန့်ကွက်မဲ ၁၈၉မဲ နှင့် ကြားနေမဲ ခြောက်မဲဖြင့် ကော်မရှင်ကို သက်တမ်း တိုးမြှင့်ခဲ့သည်။ တပ် မတော်သား လွှတ်တော်ကိုယ်စား လှယ် ၅၀ ဦးကလည်း အဆိုပါ ကော်မရှင်ဖွဲ့စည်းမှုသည် ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်ညီ၊ မညီ စိစစ် ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်ပြခဲ့သည်။

  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့်အမျိုး သား လွှတ်တော်တို့ကဲ့သို့ ပြည် ထောင်စုလွှတ်တော်ကဏ္ဍ၌ သီး ခြား ဖော်ပြထားသည်ကို မတွေ့ရှိ ရပေ။ ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့များ ဖွဲ့စည်းခြင်းကိုဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်း မထားသော်လည်း ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေတို့တွင် ပြဋ္ဌာန်းထား သည်ကို တွေ့ရှိရသည်။ သို့ဖြစ်၍ ပြည်ထောင်စုလွှတ် တော်သည် ဥပဒေရေးရာနှင့်    အထူးကိစ္စရပ် များ လေ့လာဆန်းစစ် သုံးသပ် ရေးကော်မရှင်ကို အတည်ပြုပြ ဋ္ဌာန်းထားသော ဥပဒေ၊ နည်း ဥပဒေတို့နှင့်အညီ ဖွဲ့စည်းခဲ့သည် ဟုသုံးသပ်နိုင်သည်။ ဥပဒေနှင့် နည်းဥပဒေပါပြဋ္ဌာန်း ချက်များ သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပဋိပက္ခ အသွင် ဆောင်နေသည်ဟုလည်း ကောက်ချက်ပြုနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ကော်မရှင်ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဖော်ပြထားခြင်းမရှိ လင့်ကစား တည်ဆဲဥပဒေ၊ နည်း ဥပဒေများနှင့် ညီညွတ်သည်ဟု သုံးသပ်နိုင်သည်။ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်သည် မူဝါဒချမှတ်ခြင်း၊ အဆုံးအဖြတ်ပြုခြင်းတို့ကို ပြု လုပ်နိုင်သည့်အဖွဲ့ မဟုတ်ပေ။ ကော်မရှင်သည်မူဝါဒ ချမှတ်နိုင် သည့်ပုဂ္ဂိုလ်၊ အဆုံးအ ဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများသို့ နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းရေးကိစ္စရပ်များကို အချိန်မီတင်ပြ ဆောင်ရွက် ရမည်ဖြစ်သည်။ ကော်မရှင်အနေဖြင့် မူဝါဒချမှတ် ခြင်းနှင့် အဆုံးအဖြတ်ပြုခြင်းတို့ တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ ပါဝင်ပတ်သက်ခြင်း မရှိ ရန် သော့ချက်ကျသည်။ ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ဝင်များ အနေဖြင့် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဘောင်ကျော်ဆောင်ရွက်ခြင်း မရှိရေးကို အထူးအလေးထား ဆောင်ရွက်သင့်သည်။

ကော်မရှင်သည် ခေတ်စနစ် နှင့်လျော်ညီသောဥပဒေများဖြစ် စေရန်အတွက် တည်ဆဲဥပဒေ များကို လေ့လာသုံးသပ်ပြီး၊ ပြင် ဆင်ရန်၊ ပယ်ဖျက်ရန်၊ အသစ် ပြဋ္ဌာန်းရန်နှင့် ဥပဒေအသစ် ရေး ဆွဲရန်ရှိပါက ပြည်ထောင်စုလွှတ် တော်သို့ တင်ပြရမည်။ ဥပဒေ ကြမ်းရေးဆွဲရေးနှင့် ဆက်စပ် သော အစည်းအဝေးများတွင် ကော်မရှင်အနေဖြင့် ဥပဒေ ပြင်ဆင်ရေး၊ ပယ်ဖျက်ရေးနှင့် အသစ်ရေးဆွဲရေးတို့တွင် တိုက် ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဖိအားပေးခြင်းနှင့် သြဇာလွှမ်းခြင်းမပြုနိုင်ပေ။ ဥပဒေကြမ်း ကော် မတီသည်သာ ဥပဒေကြမ်းနှင့်စပ် လျဉ်း၍ အပြီးသတ်ဆုံးဖြတ်ရမည် ဖြစ်သည်။ ဥပဒေကြမ်းနှင့်စပ် လျဉ်းသည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများတွင် ကော်မရှင် အဖွဲ့ဝင်များအနေဖြင့် အပြော သက်သက်မဟုတ်၊ အလုပ်နှင့် သက်သေပြလျက် အဆုံးအဖြတ် ပေးရာ၌ လက်ရှောင်နေရန် အရေးကြီးသည်။ ကော်မရှင် အနေဖြင့် ဥပဒေကြမ်းပြုစုရာတွင် အခြား အဖွဲ့အစည်းများထက် နှာတစ်ဖျား အသာစီးရနေမည်ဆို လျှင်လည်း ကြောင်းကျိုးဆီလျော် မှု နည်းမည်ဖြစ်သည်။

 ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်တွင် ကော်မရှင် တစ်ခုဖွဲ့စည်းခဲ့သည်ကို မှတ် တမ်းများအရသိရှိရသည်။ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သည် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများကြောင့်ပြည်သူများနစ်နာမှုမရှိစေရေးအတွက်စုံစမ်းရေးကော်မရှင်ကို ပြည် ထောင်စုလွှတ်တော် နည်း ဥပဒေ ၈၊ နည်းဥပဒေခွဲ (ပ) နှင့်အညီ ဖွဲ့စည်းခဲ့သည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၏ တစ် ခုတည်းသော ကော်မရှင်ဟုသတ် မှတ်နိုင်သည်။ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကိုမူ ပထမအကြိမ် လွှတ်တော်သက် တမ်းတွင် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းခဲ့သည်။ ကော်မရှင်တွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှစ်ဦး အပါ အဝင် အဖွဲ့ဝင် ၂၁ ဦးသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ပြီး ကျန်အဖွဲ့ဝင် ၄၁ ဦး သည် စစ်ဘက်၊ နယ်ဘက်မှ အငြိမ်းစား အရာရှိကြီးများနှင့် ပညာရှင်များ ဖြစ်သည်။

    အချုပ်ဆိုရသော် ပြည် ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အနေဖြင့် ချမှတ်ထား သောစည်းမျဉ်းစည်းကမ်းဘောင်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ မကျော်လွန်မိရန် အရေး ကြီးသည်။ ဥပဒေပြုရေးတွင် ရွေးကောက်ခံလွှတ်တော်ကိုယ် စားလှယ်အများစုဖြင့် ဖွဲ့စည်း ထားသည့် လွှတ်တော်များသည် အခရာပင်ဖြစ်သည်။ ရွေး ကောက်ခံ လွှတ်တော်ကိုယ်စား လှယ်အနည်းအကျဉ်းသာ ပါဝင် သည့်ကော်မရှင်က နွားရှေ့ထွန်ကျူးသည့်သဘောဆောင်နေမည်ဆိုပါက အကြောင်းအကျိုး လွဲမည်ဖြစ်သည်။ ကော်မရှင် အနေဖြင့် ဥပဒေ၊ စည်းမျဉ်းနှင့် အညီ အနားသတ်ထားသောစနစ်၊ ဘောင်ထဲတွင် လွှတ်တော်များ နှင့် လွှတ်တော်ကိုယ်စားလှယ်များ အား ထိထိရောက်ရောက် ပံ့ပိုး ကျားကန်နိုင်ရေးကိုသာ ရှေးရှု သင့်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top