Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အိမ္ေထာင္ေရး သုခ ျပည့္၀ေစဖုိ႔ အတြက္ လင္ေရာ မယားေရာ က်န္းမာေနဖုိ႔ လုိပါတယ္။ အခ်ိဳ႕အစား အစာေတြ ကေတာ့ စားေပး သူေတြ အတြက္ တစ္ခ်က္ခုတ္
နွစ္ခ်က္ျပတ္ ပါဘဲ။ လူကိုလည္း က်န္းမာေစသလုိ၊ အိမ္ေထာင္ေရးသုခအတြက္ အားအင္ေတြ၊ စိတ္ခြန္အားေတြကို ေပးစြမ္းႏုိင္ပါတယ္။

လင္ေယာမယားေရာ စားေပးသင့္တဲ့ အစားအစာေလးေတြကို Shwemom ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလုိက္ပါတယ္။

(၁) ေထာပတ္သီး
ေထာပတ္သီးဟာ အသားေရကုိ ႏူးညံ့ေစသလုိ၊ မ်က္လုံးအျမင္နဲ႔ အာ႐ုံစူးစုိက္မႈကိုလည္း ျမႇင့္တင္ေပးႏုိင္ပါတယ္။ အိမ္ေထာင္သည္ေတြ အတြက္ေတာ့ မပင္ပန္းေသာ၊ စိတ္ေက်နပ္မႈျပည့္၀ေသာ စြမ္းေဆာင္မႈကို ျဖစ္ေစပါတယ္။

အမ်ိဳးသမီးမ်ားလည္း ခ်စ္တင္းေႏွာစဥ္မွာ နာက်င္ျခင္း၊ စိတ္တုိင္း မက်ျခင္းတုိ႔ကုိ မျဖစ္ေစပါဘူး။ ဒါ့အျပင္ ဓမၼတာကိုလည္း မွန္ကန္ ေစပါတယ္။

(၂) အယ္လ္မြန္သီး

အယ္လ္မြန္အသီးဟာ လိင္ပုိင္းဆုိင္ရာ စြမ္းအားေတြ အထူးျဖည့္တင္းေပးတဲ့ အစားအစာေတြျဖစ္ပါတယ္။ အာ႐ုံစူးစုိက္မႈနဲ႔ မ်ိဳးဗီဇေအာင္ျမင္မႈကုိ အထူးေထာက္ပံ့
ေပးႏုိင္ပါတယ္။ ကာမဂုံ စိတ္အားနည္းသူေတြ အၿမဲလုိလုိ စားေပးသင့္တဲ့ အသီးျဖစ္ၿပီး၊ ကိုယ္၀န္ေဆာင္ အမ်ိဳးသမီးေတြလည္း စားေပးသင့္ၿပီး ဗုိက္ထဲရွိတဲ့ကေလးကို က်န္းမာေစပါတယ္။

(၃) ခ႐ု/ကမာ/ဂုံး
ခ႐ု/ကမာ/ဂုံး စတဲ့ အစားအစာေတြမွာ Omega 3 ဓာတ္ေတြ ပါ၀င္ပါတယ္။ ဒီဓာတ္ဟာ စြယ္စုံဓာတ္ျဖစ္ၿပီး၊ စိတ္စြမ္းအား၊ ဦးေႏွာက္ရဲ႕ အလုပ္လုပ္ႏုိင္စြမ္းအား၊ အျမင္အာ႐ုံနဲ႔ ကာမဂုံစိတ္ေတြကုိ အလြန္အားေပးပါတယ္။

စြမ္းေဆာင္ရည္က်ဆင္းသြားတဲ့ အိမ္ေထာင္သည္ေတြ ေန႔စဥ္ စားေပးပါက အိမ္ေထာင္ေရးသုခကုိ ျပန္လည္ျဖည့္တင္းေပးႏုိင္ပါတယ္။

(၄) ေဆာ္လမြန္ငါး

ေဆာ္လမြန္ငါးရဲ႕ စြမ္းေဆာင္ရည္ကေတာ့ အဖုိးႀကီးေတြေတာင္ အံ့ၾသေစရတယ္လုိ႔ ဆုိပါတယ္။ ဂ်ပန္နဲ႔ အေမရိကန္ကဲ့သုိ႔ေသာ လိင္မႈကိစၥ အထူး ဂ႐ုစုိက္တဲ့
ႏုိင္ငံေတြမွာ သီးသန္႔ အစိမ္းလုိက္ စားေပးတာ မ်ိဳးေတာင္ ရွိပါတယ္။

ေဆာ္လမြန္ငါးမွာ Omega 3 ဓာတ္ ျမင့္မားစြာ ပါ၀င္လို႔ အျခားက်န္းမာေရးေကာင္းက်ိဳးေတြလည္း အမ်ားႀကီးေပးစြမ္းပါတယ္။

(၅) ပန္းသီး/၀ုိင္နီ/ၾကက္သြန္ျဖဴ
အျခား ပုံမွန္ျဖည့္စြက္စားေပးသင့္တဲ့ အစားအစာေတြထဲမွာေတာ့ ပန္းသီးက အလြန္သင့္ေတာ္ပါတယ္။ ၀ုိင္နီကလည္း အိမ္ေထာင္ေရးသုခကုိ ျဖည့္စြမ္းေပးႏုိ္င္ၿပီး တစ္ရက္ကို တစ္ခြက္ေလာက္သာ ပုံမွန္ေသာက္ေပး႐ုံနဲ႔ ကာမဂုံစိတ္ကုိ ျမႇင့္တင္ေပးႏုိင္ပါတယ္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Original writer
#Unicode Version#
 အိမ်ထောင်ရေး သုခ ပြည့်ဝစေဖို့ အတွက် လင်ရော မယားရော ကျန်းမာနေဖို့ လိုပါတယ်။ အချို့အစား အစာတွေ ကတော့ စားပေး သူတွေ အတွက် တစ်ချက်ခုတ်
နှစ်ချက်ပြတ် ပါဘဲ။ လူကိုလည်း ကျန်းမာစေသလို၊ အိမ်ထောင်ရေးသုခအတွက် အားအင်တွေ၊ စိတ်ခွန်အားတွေကို ပေးစွမ်းနိုင်ပါတယ်။

လင်ယောမယားရော စားပေးသင့်တဲ့ အစားအစာလေးတွေကို Shwemom ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ထောပတ်သီး

ထောပတ်သီးဟာ အသားရေကို နူးညံ့စေသလို၊ မျက်လုံးအမြင်နဲ့ အာရုံစူးစိုက်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ အိမ်ထောင်သည်တွေ အတွက်တော့ မပင်ပန်းသော၊ စိတ်ကျေနပ်မှုပြည့်ဝသော စွမ်းဆောင်မှုကို ဖြစ်စေပါတယ်။

အမျိုးသမီးများလည်း ချစ်တင်းနှောစဉ်မှာ နာကျင်ခြင်း၊ စိတ်တိုင်း မကျခြင်းတို့ကို မဖြစ်စေပါဘူး။ ဒါ့အပြင် ဓမ္မတာကိုလည်း မှန်ကန် စေပါတယ်။

(၂) အယ်လ်မွန်သီး

အယ်လ်မွန်အသီးဟာ လိင်ပိုင်းဆိုင်ရာ စွမ်းအားတွေ အထူးဖြည့်တင်းပေးတဲ့ အစားအစာတွေဖြစ်ပါတယ်။ အာရုံစူးစိုက်မှုနဲ့ မျိုးဗီဇအောင်မြင်မှုကို အထူးထောက်ပံ့
ပေးနိုင်ပါတယ်။ ကာမဂုံ စိတ်အားနည်းသူတွေ အမြဲလိုလို စားပေးသင့်တဲ့ အသီးဖြစ်ပြီး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလည်း စားပေးသင့်ပြီး ဗိုက်ထဲရှိတဲ့ကလေးကို ကျန်းမာစေပါတယ်။

(၃) ခရု/ကမာ/ဂုံး

ခရု/ကမာ/ဂုံး စတဲ့ အစားအစာတွေမှာ Omega 3 ဓာတ်တွေ ပါဝင်ပါတယ်။ ဒီဓာတ်ဟာ စွယ်စုံဓာတ်ဖြစ်ပြီး၊ စိတ်စွမ်းအား၊ ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းအား၊ အမြင်အာရုံနဲ့ ကာမဂုံစိတ်တွေကို အလွန်အားပေးပါတယ်။

စွမ်းဆောင်ရည်ကျဆင်းသွားတဲ့ အိမ်ထောင်သည်တွေ နေ့စဉ် စားပေးပါက အိမ်ထောင်ရေးသုခကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

(၄) ဆော်လမွန်ငါး

ဆော်လမွန်ငါးရဲ့ စွမ်းဆောင်ရည်ကတော့ အဖိုးကြီးတွေတောင် အံ့သြစေရတယ်လို့ ဆိုပါတယ်။ ဂျပန်နဲ့ အမေရိကန်ကဲ့သို့သော လိင်မှုကိစ္စ အထူး ဂရုစိုက်တဲ့
နိုင်ငံတွေမှာ သီးသန့် အစိမ်းလိုက် စားပေးတာ မျိုးတောင် ရှိပါတယ်။

ဆော်လမွန်ငါးမှာ Omega 3 ဓာတ် မြင့်မားစွာ ပါဝင်လို့ အခြားကျန်းမာရေးကောင်းကျိုးတွေလည်း အများကြီးပေးစွမ်းပါတယ်။

(၅) ပန်းသီး/ဝိုင်နီ/ကြက်သွန်ဖြူ

အခြား ပုံမှန်ဖြည့်စွက်စားပေးသင့်တဲ့ အစားအစာတွေထဲမှာတော့ ပန်းသီးက အလွန်သင့်တော်ပါတယ်။ ဝိုင်နီကလည်း အိမ်ထောင်ရေးသုခကို ဖြည့်စွမ်းပေးနိုင်ပြီး တစ်ရက်ကို တစ်ခွက်လောက်သာ ပုံမှန်သောက်ပေးရုံနဲ့ ကာမဂုံစိတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit:  Original writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top