Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေဆာင္းတြင္းမွာ အေအးဒဏ္ကို ေၾကာက္ေနတာေၾကာင့္ ေရမခ်ိဳးတတ္တဲ့ သူေတြဟာဆိုရင္ေတာ့ ပံုမွန္ ေရခ်ိဳးတဲ့သူေတြနဲ႔ ယွဥ္လုိက္တဲ့အခါမွာ ပိုက်န္းမာတာကို ေတြ႔ရပါတယ္။ ေရခ်ိဳးတာဟာဆိုရင္ မိမိရဲ႕ ခႏၵာကိုယ္တြင္းက အခုိးအပုတ္ေတြကို ဖယ္ရွားလုိက္ၿပီး စိတ္ကို ၾကည္လင္ေစတာေၾကာင့္ သင့္ကိုယ္သင္ ယုံၾကည္မႈကေတာ့ အျမင့္ဆံုးေနရာမွာ ရွိေနမွာပါ။

ကၽြန္ေတာ္တို႔ဟာဆိုရင္ ရာသီဥတု ေအးျမေနတဲ့အခ်ိန္မွာ ေရခ်ိဳးရမွာကို ေၾကာက္ေနတတ္ၾကၿပီး ပ်င္းရိတတ္ၾကပါတယ္။ ေရခ်ိဳးတဲ့အခ်ိန္မွာဆိုရင္ ပထမဆံုး ေရတစ္ခြက္ေလာက္ကသာပဲ သင့္ကို အလြန္အမင္း ေအးျမေစမွာျဖစ္ၿပီး ေနာက္ထပ္ ဆက္တိုက္ေလာင္းလုိက္တဲ့ အခ်ိန္မွာေတာ့ ကိုယ္တြင္းကအပူေတြ ထြက္သြားတာေၾကာင့္ သိပ္မေအးေတာ့ဘဲ ေနသားက်သြားမွာ ျဖစ္ပါတယ္။

အကယ္လုိ႔ သင္ဟာ ေရမခ်ိဳးျဖစ္ခဲ့ရင္ေတာ့ ခႏၵာကိုယ္တြင္းမွာ အခိုးငုတ္တာ၊ မသန္႔တာ၊ ေလခ်ဳပ္တာ၊ သြားနာတာနဲ႔ မ်က္စိေဝတာ၊ ဆံပင္ကၽြတ္တာေတြ ျဖစ္ႏုိင္သလုိ ေခါင္းမူးတာေတြေတာင္ ျဖစ္ႏုိင္ပါတယ္။ ဒါ့ေၾကာင့္ လူပံုစံကို ၾကည့္လုိက္ရင္လည္း ဖ်တ္ဖ်တ္လတ္လတ္မရွိဘဲနဲ႔ ထုိုင္းမိႈင္းေနတတ္တာကို ေတြ႔ရမွာပါ။

ေရခ်ိဳးရင္ေတာ့ သင္ဟာ ဒီျပႆနာေတြကေန ေရွာင္လြဲႏိုင္မွာျဖစ္ၿပီးေတာ့ ေနလုိ႔ထိုင္လို႔ ေကာင္းမြန္တာကို ေတြ႔ရမွာပါ။ သင့္ရဲ႕ အာရံုေၾကာ အေျခအေနဟာဆုိရင္လည္း ဖြံ႔ၿဖိဳးေနမွာျဖစ္ၿပီး အဆစ္အျမစ္ ကိုက္ခဲတာေတြ၊ ဇက္ေၾကာတက္တဲ့ ျ့ပႆနာေတြကိုလည္း ေရွာင္လြဲသြားႏုိင္မွာပါ။

ေရခ်ိဳးရာမွာလည္း မိမိေနထိုင္တဲ့ ပတ္ဝန္းက်င္ေပၚ မူတည္ၿပီးေတာ့ တစ္ရက္ျခားတစ္ခါလိုမ်ိဳး ပံုမွန္ေရခ်ိဳးႏႈန္းကို သတ္မွတ္ေပးသင့္ပါတယ္။ ေရေႏြးကို အခ်ိဳးက် ေရာစပ္ၿပီး ခ်ိဳးတာကလည္း သင့္ရဲ႕ အေၾကာေတြကို ပိုမိုအေညာင္းေျပေစမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ဆောင်းတွင်းမှာ အအေးဒဏ်ကို ကြောက်နေတာကြောင့် ရေမချိုးတတ်တဲ့ သူတွေဟာဆိုရင်တော့ ပုံမှန် ရေချိုးတဲ့သူတွေနဲ့ ယှဉ်လိုက်တဲ့အခါမှာ ပိုကျန်းမာတာကို တွေ့ရပါတယ်။ ရေချိုးတာဟာဆိုရင် မိမိရဲ့ ခန္ဒာကိုယ်တွင်းက အခိုးအပုတ်တွေကို ဖယ်ရှားလိုက်ပြီး စိတ်ကို ကြည်လင်စေတာကြောင့် သင့်ကိုယ်သင် ယုံကြည်မှုကတော့ အမြင့်ဆုံးနေရာမှာ ရှိနေမှာပါ။

ကျွန်တော်တို့ဟာဆိုရင် ရာသီဥတု အေးမြနေတဲ့အချိန်မှာ ရေချိုးရမှာကို ကြောက်နေတတ်ကြပြီး ပျင်းရိတတ်ကြပါတယ်။ ရေချိုးတဲ့အချိန်မှာဆိုရင် ပထမဆုံး ရေတစ်ခွက်လောက်ကသာပဲ သင့်ကို အလွန်အမင်း အေးမြစေမှာဖြစ်ပြီး နောက်ထပ် ဆက်တိုက်လောင်းလိုက်တဲ့ အချိန်မှာတော့ ကိုယ်တွင်းကအပူတွေ ထွက်သွားတာကြောင့် သိပ်မအေးတော့ဘဲ နေသားကျသွားမှာ ဖြစ်ပါတယ်။

အကယ်လို့ သင်ဟာ ရေမချိုးဖြစ်ခဲ့ရင်တော့ ခန္ဒာကိုယ်တွင်းမှာ အခိုးငုတ်တာ၊ မသန့်တာ၊ လေချုပ်တာ၊ သွားနာတာနဲ့ မျက်စိဝေတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်နိုင်သလို ခေါင်းမူးတာတွေတောင် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် လူပုံစံကို ကြည့်လိုက်ရင်လည်း ဖျတ်ဖျတ်လတ်လတ်မရှိဘဲနဲ့ ထိုင်းမှိုင်းနေတတ်တာကို တွေ့ရမှာပါ။

ရေချိုးရင်တော့ သင်ဟာ ဒီပြဿနာတွေကနေ ရှောင်လွဲနိုင်မှာဖြစ်ပြီးတော့ နေလို့ထိုင်လို့ ကောင်းမွန်တာကို တွေ့ရမှာပါ။ သင့်ရဲ့ အာရုံကြော အခြေအနေဟာဆိုရင်လည်း ဖွံ့ဖြိုးနေမှာဖြစ်ပြီး အဆစ်အမြစ် ကိုက်ခဲတာတွေ၊ ဇက်ကြောတက်တဲ့ ြ့ပဿနာတွေကိုလည်း ရှောင်လွဲသွားနိုင်မှာပါ။

ရေချိုးရာမှာလည်း မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်ပေါ် မူတည်ပြီးတော့ တစ်ရက်ခြားတစ်ခါလိုမျိုး ပုံမှန်ရေချိုးနှုန်းကို သတ်မှတ်ပေးသင့်ပါတယ်။ ရေနွေးကို အချိုးကျ ရောစပ်ပြီး ချိုးတာကလည်း သင့်ရဲ့ အကြောတွေကို ပိုမိုအညောင်းပြေစေမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top