Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကမၻာေပၚမွာ လူစားအမ်ားဆံုး အစားအေသာက္ တစ္မ်ိဳးလည္းျဖစ္တဲ႔ ၾကက္ဥကို အစိမ္းပဲစားစား၊ မက်က္တက်က္ ျပဳတ္ၿပီးပဲစားစား၊ ေၾကာ္ၿပီးပဲစားစား၊ ခ်က္ၿပီးပဲစားစား... ဘယ္လိုပံံုစံနဲ႔ပဲ လုပ္စားလုပ္စား စားလို႔ရပါတယ္။ 
ၾကက္ဥဟာ တကယ္ေတာ႔ သဘာဝကေပးတဲ႔ လက္ေဆာင္မြန္တစ္မ်ိဳးပါ။ ကမၻာေပၚမွာ လူစားအမ်ားဆံုး အစားအေသာက္ တစ္မ်ိဳးလည္းျဖစ္တဲ႔ ၾကက္ဥကို အစိမ္းပဲစားစား၊ မက်က္တက်က္ ျပဳတ္ၿပီးပဲစားစား၊ ေၾကာ္ၿပီးပဲစားစား၊ ခ်က္ၿပီးပဲစားစား... ဘယ္လိုပံံုစံနဲ႔ပဲ လုပ္စားလုပ္စား စားလို႔ရပါတယ္။
တကယ္တမ္းေတာ႔ ၾကက္ဥမွာ က်န္းမာေရးအတြက္ ေကာင္းမြန္တဲ႔ အက်ိဳးသက္ေရာက္မႈေတြ အမ်ားႀကီးရွိပါတယ္။ ၾကက္ဥအႏွစ္ထဲမွာ သံဓာတ္နဲ႔ ကယ္လ္ဆီယမ္လို ဗိုက္တာမင္ေတြ ၾကြယ္ဝစြာပါဝင္ေနသလို ၾကက္ဥအကာထဲမွာလည္း ပရိုတိန္းဓာတ္ေတြ ၾကြယ္ဝစြာ ပါဝင္ေနပါတယ္။ ၾကက္ဥ တစ္ေန႔စားေပးမယ္ဆိုရင္ ရရွိႏိုင္တဲ႔ အက်ိဳးေက်းဇူးေတြကေတာ႔...
၁။ အာဟာရျပည္႔ဝေစတယ္

ၾကက္ဥစားရင္ အႏွစ္ေကာ၊ အကာေကာ စားပါ။ ၾကက္ဥအႏွစ္ထဲမွာ ၾကက္ဥတစ္လံုးမွာ ပါရွိတဲ႔ သံဓာတ္၊ ကယ္လ္ဆီယမ္ဓာတ္ေတြ (၉၀) ရာခိုင္ႏႈန္းေလာက္ပါဝင္ၿပီး ၾကက္ဥအကာထဲမွာေတာ႔ ပရိုတိန္းဓာတ္ေတြ ပါဝင္ပါတယ္။ ေနာက္ၿပီး ၾကက္ဥတစ္လံုးထဲမွာ (ဗိုက္တာမင္စီကလြဲရင္) ခႏၶာကိုယ္အတြက္ ေန႕စဥ္လိုအပ္တဲ႔ အာဟာရဓာတ္ေတြ ျပည္႔စံုစြာပါဝင္ပါတယ္။

ဒါေၾကာင္႔ မနက္စာမွာ ၾကက္ဥ (၂) လံုး၊ ေပါင္မုန္႔တစ္ခ်ပ္နဲ႔ လိေမၼာ္သီး ေဖ်ာ္ရည္ေလးတစ္ခြက္ ေသာက္ေပးမယ္ဆိုရင္္ ခႏၶာကိုယ္အတြက္ လိုအပ္္တဲ႔ အာဟာရဓာတ္အားလံုးကို ရရွိေစႏိုင္မွာပါ။
၂။ ဝိတ္က်ေစတယ္
ၾကက္ဥစားျခင္းက တျခားအစားအစာေတြစားျခင္းထက္ ဗိုက္ပိုျပည္႔ေစပါတယ္။ ဝါရွင္တန္တကၠသိုလ္က သုေတသီေတြရဲ႕ ေလ႔လာမႈတစ္ခုအရေတာ႔ ပရိုတိန္း (၃၀) ရာခိုင္ႏႈန္း ပါဝင္တဲ႔ အစားအေသာက္ေတြကို စားျခင္းက ပရိုတိန္း (၁၅) ရာခိုင္ႏႈန္း ပါဝင္တဲ႔အစားအေသာက္ေတြကို စားျခင္းထက္ ခႏၶာကိုယ္မွာ ကယ္လိုရီပိုနည္းေစတယ္လို႔ ဆုိပါတယ္။
ဒါေၾကာင္႔ ပရုိတိန္းပါဝင္မႈမ်ားတဲ႔ ၾကက္ဥလုိမ်ိဳး အစားအေသာက္ေတြကို စားသံုးျခင္းက ဗိုက္ခဏခဏဆာတတ္ျခင္းကို ေလ်ာ႔နည္းေစၿပီး ကိုယ္အေလးခ်ိန္က်ဆင္းမႈကို အားေပးပါတယ္။
၃။ ဉာဏ္ေကာင္းေစတယ္
ၾကက္ဥမွာ Choline (ခိုလင္း) ဆိုတဲ႔ အာဟာရဓာတ္တစ္မ်ိဳးပါဝင္ပါတယ္။ Choline ဟာ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈအတြက္ မရွိမျဖစ္လိုအပ္တဲ႔ အာဟာရဓာတ္တစ္မ်ိဳးျဖစ္ပါတယ္။ ၾကက္ဥတစ္လံုးမွာ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးတစ္ဦး ေန႕စဥ္လိုအပ္တဲ႔အာဟာရဓာတ္ (၂၈) ရာခိုင္ႏႈန္းကို ျဖည္႔ဆည္းေပးႏိုင္ပါတယ္။ ဒါေၾကာင္႔ ကိုယ္ဝန္သည္အမ်ိဳးသမီးေတြအတြက္ေတာ႔ ၾကက္ဥဟာ မျဖစ္မေနစားသံုး ေပးသင္႔တဲ႔ အာဟာရ ဓာတ္တစ္မ်ိဳးပါပဲ။
၄။ သံဓာတ္ျပည္႔ဝေစတယ္
ၾကက္ဥဟာ သံဓာတ္ၾကြယ္ဝတဲ႕အစားအစာတစ္မ်ိဳးလည္းျဖစ္ပါတယ္။ သံဓာတ္ကေတာ႔ ေဟမိုဂလိုဘင္လို႔ေခၚတဲ႔ ေသြးနီဥဆဲလ္ေတြ ထုတ္လုပ္ေရးအတြက္ အဓိကေနရာကလုပ္ေဆာင္ပါတယ္။ ေဟမို ဂလိုဘင္ မရွိရင္ ေသြးေတြဟာ အဆုတ္ထဲက ေအာက္ဆီဂ်င္ကို က်န္ရွိတဲ႔ခႏၶာကိုယ္အစိတ္အပိုင္းေတြဆီကို မပို႔လႊတ္ႏိုင္ပါဘူး။
ေအာက္ဆီဂ်င္မရတဲ႔ဆဲလ္ေတြဟာ အလုပ္မလုပ္ႏိုင္ေတာ႔သလို ဆက္လက္ရွင္သန္ႏိုင္စြမ္းလည္း မရွိေတာ႔ပါဘူး။ ဒါေၾကာင္႔ လူ႔ခႏၶာကုိယ္မွာ သံဓာတ္ျပည္႔ဝေနဖို႔လည္း လိုအပ္ပါတယ္။ ၾကက္ဥတစ္လံုးမွာ လူတစ္ေယာက္အတြက္ ေန႔စဥ္လိုအပ္တဲ႔ သံဓာတ္ (၁၂) ရာခိုင္ႏႈန္း ပါဝင္ပါတယ္။
၅။ မ်က္စိအားေကာင္းေစတယ္

ေဆးပညာရွင္ေတြရဲ႕အဆိုအရေတာ႔ ၾကက္ဥ၊ ဟင္းႏုႏြယ္ရြက္၊ ပန္းေဂၚဖီစိမ္း တို႔ကိုစားေပးျခင္းဟာ မ်က္စိတိမ္စြဲျခင္းမျဖစ္ေအာင္ (၂၀) ရာခိုင္ႏႈန္းခန္႔ ကာကြယ္ေပးႏိုင္ပါတယ္တဲ႔။ ၾကက္ဥေတြမွာ antioxidant ေတြနဲ႔ တျခားလိုအပ္တဲ႔ အာဟာရဓာတ္ေတြလည္း ၾကြယ္ဝပါတယ္။ ဒါေတြဟာ အျမင္အာရံုအတြက္ မရွိမျဖစ္လိုအပ္တဲ႔ အာဟာရရင္းျမစ္တစ္မ်ိဳးပါပဲ။ ဒီေတာ႔ ပံုမွန္သာမွီဝဲေပးမယ္ဆိုရင္ အသက္အရြယ္ရခ်ိန္္မွာ ျဖစ္တတ္တဲ႔ မ်က္စိကြယ္ျခင္းကိုျဖစ္ေစတဲ႔ ၾကြက္သားယိုယြင္းျခင္းကိုလည္း တားဆီးေပးပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Duwun
#Unicode Version#
ကမ္ဘာပေါ်မှာ လူစားအများဆုံး အစားအသောက် တစ်မျိုးလည်းဖြစ်တဲ့ ကြက်ဥကို အစိမ်းပဲစားစား၊ မကျက်တကျက် ပြုတ်ပြီးပဲစားစား၊ ကြော်ပြီးပဲစားစား၊ ချက်ပြီးပဲစားစား... ဘယ်လိုပံုံစံနဲ့ပဲ လုပ်စားလုပ်စား စားလို့ရပါတယ်။

ကြက်ဥဟာ တကယ်တော့ သဘာဝကပေးတဲ့ လက်ဆောင်မွန်တစ်မျိုးပါ။ ကမ္ဘာပေါ်မှာ လူစားအများဆုံး အစားအသောက် တစ်မျိုးလည်းဖြစ်တဲ့ ကြက်ဥကို အစိမ်းပဲစားစား၊ မကျက်တကျက် ပြုတ်ပြီးပဲစားစား၊ ကြော်ပြီးပဲစားစား၊ ချက်ပြီးပဲစားစား... ဘယ်လိုပံုံစံနဲ့ပဲ လုပ်စားလုပ်စား စားလို့ရပါတယ်။

တကယ်တမ်းတော့ ကြက်ဥမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ကြက်ဥအနှစ်ထဲမှာ သံဓာတ်နဲ့ ကယ်လ်ဆီယမ်လို ဗိုက်တာမင်တွေ ကြွယ်ဝစွာပါဝင်နေသလို ကြက်ဥအကာထဲမှာလည်း ပရိုတိန်းဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကြက်ဥ တစ်နေ့စားပေးမယ်ဆိုရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့...

၁။ အာဟာရပြည့်ဝစေတယ်

ကြက်ဥစားရင် အနှစ်ကော၊ အကာကော စားပါ။ ကြက်ဥအနှစ်ထဲမှာ ကြက်ဥတစ်လုံးမှာ ပါရှိတဲ့ သံဓာတ်၊ ကယ်လ်ဆီယမ်ဓာတ်တွေ (၉၀) ရာခိုင်နှုန်းလောက်ပါဝင်ပြီး ကြက်ဥအကာထဲမှာတော့ ပရိုတိန်းဓာတ်တွေ ပါဝင်ပါတယ်။ နောက်ပြီး ကြက်ဥတစ်လုံးထဲမှာ (ဗိုက်တာမင်စီကလွဲရင်) ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံစွာပါဝင်ပါတယ်။

ဒါကြောင့် မနက်စာမှာ ကြက်ဥ (၂) လုံး၊ ပေါင်မုန့်တစ်ချပ်နဲ့ လိမ္မော်သီး ဖျော်ရည်လေးတစ်ခွက် သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်အားလုံးကို ရရှိစေနိုင်မှာပါ။

၂။ ဝိတ်ကျစေတယ်

ကြက်ဥစားခြင်းက တခြားအစားအစာတွေစားခြင်းထက် ဗိုက်ပိုပြည့်စေပါတယ်။ ဝါရှင်တန်တက္ကသိုလ်က သုတေသီတွေရဲ့ လေ့လာမှုတစ်ခုအရတော့ ပရိုတိန်း (၃၀) ရာခိုင်နှုန်း ပါဝင်တဲ့ အစားအသောက်တွေကို စားခြင်းက ပရိုတိန်း (၁၅) ရာခိုင်နှုန်း ပါဝင်တဲ့အစားအသောက်တွေကို စားခြင်းထက် ခန္ဓာကိုယ်မှာ ကယ်လိုရီပိုနည်းစေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပရိုတိန်းပါဝင်မှုများတဲ့ ကြက်ဥလိုမျိုး အစားအသောက်တွေကို စားသုံးခြင်းက ဗိုက်ခဏခဏဆာတတ်ခြင်းကို လျော့နည်းစေပြီး ကိုယ်အလေးချိန်ကျဆင်းမှုကို အားပေးပါတယ်။

၃။ ဉာဏ်ကောင်းစေတယ်

ကြက်ဥမှာ Choline (ခိုလင်း) ဆိုတဲ့ အာဟာရဓာတ်တစ်မျိုးပါဝင်ပါတယ်။ Choline ဟာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ကြက်ဥတစ်လုံးမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး နေ့စဉ်လိုအပ်တဲ့အာဟာရဓာတ် (၂၈) ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်သည်အမျိုးသမီးတွေအတွက်တော့ ကြက်ဥဟာ မဖြစ်မနေစားသုံး ပေးသင့်တဲ့ အာဟာရ ဓာတ်တစ်မျိုးပါပဲ။

၄။ သံဓာတ်ပြည့်ဝစေတယ်

ကြက်ဥဟာ သံဓာတ်ကြွယ်ဝတဲ့အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။ သံဓာတ်ကတော့ ဟေမိုဂလိုဘင်လို့ခေါ်တဲ့ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ရေးအတွက် အဓိကနေရာကလုပ်ဆောင်ပါတယ်။ ဟေမို ဂလိုဘင် မရှိရင် သွေးတွေဟာ အဆုတ်ထဲက အောက်ဆီဂျင်ကို ကျန်ရှိတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို မပို့လွှတ်နိုင်ပါဘူး။

အောက်ဆီဂျင်မရတဲ့ဆဲလ်တွေဟာ အလုပ်မလုပ်နိုင်တော့သလို ဆက်လက်ရှင်သန်နိုင်စွမ်းလည်း မရှိတော့ပါဘူး။ ဒါကြောင့် လူ့ခန္ဓာကိုယ်မှာ သံဓာတ်ပြည့်ဝနေဖို့လည်း လိုအပ်ပါတယ်။ ကြက်ဥတစ်လုံးမှာ လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်တဲ့ သံဓာတ် (၁၂) ရာခိုင်နှုန်း ပါဝင်ပါတယ်။

၅။ မျက်စိအားကောင်းစေတယ်



ဆေးပညာရှင်တွေရဲ့အဆိုအရတော့ ကြက်ဥ၊ ဟင်းနုနွယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း တို့ကိုစားပေးခြင်းဟာ မျက်စိတိမ်စွဲခြင်းမဖြစ်အောင် (၂၀) ရာခိုင်နှုန်းခန့် ကာကွယ်ပေးနိုင်ပါတယ်တဲ့။ ကြက်ဥတွေမှာ antioxidant တွေနဲ့ တခြားလိုအပ်တဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝပါတယ်။ ဒါတွေဟာ အမြင်အာရုံအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရရင်းမြစ်တစ်မျိုးပါပဲ။ ဒီတော့ ပုံမှန်သာမှီဝဲပေးမယ်ဆိုရင် အသက်အရွယ်ရချိန်မှာ ဖြစ်တတ်တဲ့ မျက်စိကွယ်ခြင်းကိုဖြစ်စေတဲ့ ကြွက်သားယိုယွင်းခြင်းကိုလည်း တားဆီးပေးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Duwun



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top