Golden City Promotion
×

ပါတနာ သံုးေယာက္ကို သတ္ျဖတ္ခဲ့ၿပီး စတုတၳေျမာက္ တစ္ေယာက္ကို လည္း သတ္ဖုိ႔ ႀကိဳးစားခဲ့တယ္လို႔ အစြပ္စြဲခံေနရတဲ့ ဂ်ပန္ ပင္စင္စား အမ်ိဳးသမီးႀကီးက သူမရဲ႕ခင္ပြန္းသည္ကို ေသေလာက္ေအာင္ အဆိပ္ခတ္ခဲ့ တယ္လုိ႔ ရံုးေတာ္ကို ေျပာၾကားခဲ့တယ္္လို႔ ဆိုပါတယ္။ခ်ီဆာကိုကခဲဟိ ကို ၂၀၁၄ ခုႏွစ္ မွာ ဖမ္းဆီးခဲ့ၿပီး ၿပီးခဲ့တဲ့ လ ေႏွာင္းပိုင္းက မွ က်ဳိတုိ တရားရံုး မွာ အမႈ စစ္ေဆးခဲ့ပါတယ္။သူမက သူမရဲ႕ ေရွ႕ေန အဖြဲ႕ကိုပဲ လႊဲထားေတာ့မယ္လို႔ ေျပာခဲ့ေပမယ့္လည္း ရုံးေတာ္မွာ ေယာက်ာ္း ကို သတ္ခဲ့သလားလို႔ ေမးတဲ့အခါမွာေတာ့ သူမ သတ္ခဲ့တယ္ ဆိုတာ ေျမႀကီးလက္ခတ္ မလြဲပါဘူးလုိ႔ ေျဖၾကားခဲ့ေၾကာင္း Mainichi သတင္း မွာ ေဖာ္ျပထားပါတယ္။

ခင္ပြန္းသည္က သူမကို ေငြေၾကးေကာင္းေကာင္း မေထာက္ပံ့တဲ့အတြက္ ျပစ္မႈ က်ဴးလြန္ရေၾကာင္း အသက္ ၇၀ အရြယ္ အမ်ိဳးသမီးႀကီးက ေျပာၾကား ၿပီး စီးပြားေရး လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္ထံမွ ဆုိက္ယာႏိုက္အဆိပ္ ကို ရယူႏိုင္ခဲ့တယ္လို႔လည္း ၀န္ခံပါတယ္။ ”ငါ သူ႕ကို လက္ထပ္ၿပီး ေနာက္ပိုင္း ပုိက္ဆံ လံုး၀ မေပးခဲ့ဘူး။အျပစ္ကို ဖံုးကြယ္ထားဖုိ႔လည္း ရည္ရြယ္ခ်က္ မရွိပါဘူး။တကယ္လို႔ မနက္ျဖန္ ေသဒဏ္ ခ်မွတ္ခံရရင္လည္း ၿပံဳးၿပံဳးေလးနဲ႔ပဲ ေသမယ္ ” လို႔ တနလၤာေန႔က မစၥ ကခဲဟိ တရားရံုး မွာ ေျပာၾကားခဲ့ေၾကာင္းမွာ ေဖာ္ျပထားပါတယ္။ မစၥ ကခဲဟိ က ပိုက္ဆံကိစ ၥမေက်နပ္ခ်က္နဲ႔ ေယာက်္ား ေတြကို ပစ္မွတ္ ထားလာခဲ့ၿပီး အားလံုးကို ဆိုင္ယာႏုိက္ နဲ႔ အဆိပ္ခတ္ခဲ့တာ ျဖစ္တယ္လို႔ အစိုးရေရွ႕ေန ေတြက ေျပာပါတယ္။

ေအာင္သြယ္ေတာ္ ၀က္ဘ္ဆိုက္ မွာ ေတြ႕ခဲ့တဲ့ သူမရဲ႕ စတုတၳေျမာက္ ခင္ပြန္း အီဆာအိုကခဲဟိ ဟာ ဆိုရင္ လက္ထပ္ၿပီး တစ္လ အၾကာ ၂၀၁၃ ခုႏွစ္ ဒီဇင္ဘာလ ၂၈ ရက္ေန႔ မွာ ေသဆံုးခဲ့တာျဖစ္ၿပီး ထိုအခ်ိန္မွာပဲ စံုစမ္း စစ္ေဆးမႈကို စတင္ခဲ့တာ ျဖစ္ပါတယ္။သူ႕ရဲ႕ အေလာင္းကို ရင္ခြဲၿပီး စစ္ေဆးခ်က္အရ ခႏၶာကိုယ္ ထဲမွာ ဆုိင္ယာ ႏိုက္ အဆိပ္ေတြ က်န္ရွိေနတာကို ေတြ႕ခဲ့ရၿပီး အဆိုပါ အၿငိမ္းစား အဖြားအို နဲ႔ ပတ္သက္ ဆက္ႏြယ္တဲ့ တျခား ေယာက်္ား ေတြရဲ႕ ေသဆံုးမႈ ေတြကို လည္း စတင္ စစ္ေဆးခဲ့ပါတယ္။သူနဲ႔ တျခား ေယာက်္ား ၂ ေယာက္ ကို သတ္မႈအျပင္ ေနာက္ပိုင္း ကင္ဆာေရာဂါနဲ႔ ေသသြားတဲ့ ေနာက္ထပ္ ေယာက်္ား တစ္ေယာက္ကို သတ္ရန္ ႀကံစည္မႈ၊ လုယက္မႈတို႔နဲ႔ သူမကို အခုလို ရံုးတင္ စစ္ေဆးေနတာ ျဖစ္ပါတယ္။

ယခု စြပ္စြဲခံထားရတဲ့ အဆုိပါ ျပစ္မႈ ေတြဟာ ၂၀၀၇ ခုႏွစ္ နဲ႔ ၂၀၁၃ ခုႏွစ္ ၾကားမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ထို အမ်ဳိးသား အားလံုးဟာ အသက္ ၇၀ နဲ႔ ၈၀ ၾကား အရြယ္ေတြပဲ ျဖစ္ပါတယ္။မစၥ ကခဲဟိ ရဲ႕ အျခား ေယာက်္ား ၃ ဦး လည္း ေသဆံုးခဲ့ၿပီး သူတို႔ ေသဆံုးမႈ နဲ႔ ဆက္စပ္လို႔ေတာ့ တရားစြဲဆိုခံရျခင္း မရွိခဲ့ပါဘူး။သူ႕မွာ မွတ္ဥာဏ္ ခၽြတ္ ယြင္းၿပီး သတိ ကင္းလြတ္တဲ့ ေရာဂါ ရွိေနတဲ့အတြက္ သူမရဲ႕ ထြက္ဆိုခ်က္ ေတြဟာ အမွန္ မဟုတ္နိုင္ဘူးလို႔ မစၥ ကခဲဟိ ရဲ႕ ေရွ႕ေန က ဆိုပါတယ္။“ သူမဟာ မွတ္ဥာဏ္ ခၽြတ္ယြင္းတဲ့ ေရာဂါ ရေနပါတယ္။ဒီ ျဖစ္ရပ္ႀကီး ေတြကို ထားဘိဦး၊ လတ္တေလာေလးက ျဖစ္ခဲ့တဲ့ အရာေတြကိုေတာင္မွ မမွတ္မိေတာ့ပါဘူး ” လို႔ သူမရဲ႕ ေရွ႕ေနအဖြဲ႕ ရံုးေတာ္ မွာ ေလွ်ာက္လဲခဲ့ တယ္လို႔ ဆိုပါတယ္။

ဂ်ပန္ စာနယ္ဇင္း ေတြကေတာ့ မစၥ ကခဲဟိ ကို မဟူရာမုဆိုးမ (မိတ္လုိက္ၿပီး ေနာက္ ၄င္း၏ မိတ္ဖက္ အထီးကို စားေသာ ပင့္ကူ မွ ဆင္းသက္လာေသာ အသံုးအႏႈန္း) လို႔ နာမည္ေပးခဲ့ၾကပါတယ္။ဧၿပီလ အတြင္းက တရားရံုးခ်ဳပ္ မွာ ခ်စ္သူ ၃ ဦး ကို သတ္မႈနဲ႔ ေသဒဏ္္ ခ်မွတ္ခံထားရတဲ့ ေနာက္္ထပ္ ဂ်ပန္ အမ်ဳိးသမီး ခနအဲခဂ်ိမ ရဲ႕ ေသဒဏ္ ေနာက္ဆံုး အယူခံဟာလည္း ရႈံးနိမ့္သြားခဲ့တယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဘီဘီစီ

#Unicode Version#

ပါတနာ သုံးယောက်ကို သတ်ဖြတ်ခဲ့ပြီး စတုတ္ထမြောက် တစ်ယောက်ကို လည်း သတ်ဖို့ ကြိုးစားခဲ့တယ်လို့ အစွပ်စွဲခံနေရတဲ့ ဂျပန် ပင်စင်စား အမျိုးသမီးကြီးက သူမရဲ့ခင်ပွန်းသည်ကို သေလောက်အောင် အဆိပ်ခတ်ခဲ့ တယ်လို့ ရုံးတော်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ချီဆာကိုကခဲဟိ ကို ၂၀၁၄ ခုနှစ် မှာ ဖမ်းဆီးခဲ့ပြီး ပြီးခဲ့တဲ့ လ နှောင်းပိုင်းက မှ ကျိုတို တရားရုံး မှာ အမှု စစ်ဆေးခဲ့ပါတယ်။သူမက သူမရဲ့ ရှေ့နေ အဖွဲ့ကိုပဲ လွှဲထားတော့မယ်လို့ ပြောခဲ့ပေမယ့်လည်း ရုံးတော်မှာ ယောကျာ်း ကို သတ်ခဲ့သလားလို့ မေးတဲ့အခါမှာတော့ သူမ သတ်ခဲ့တယ် ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘူးလို့ ဖြေကြားခဲ့ကြောင်း Mainichi သတင်း မှာ ဖော်ပြထားပါတယ်။

ခင်ပွန်းသည်က သူမကို ငွေကြေးကောင်းကောင်း မထောက်ပံ့တဲ့အတွက် ပြစ်မှု ကျူးလွန်ရကြောင်း အသက် ၇၀ အရွယ် အမျိုးသမီးကြီးက ပြောကြား ပြီး စီးပွားရေး လုပ်ဖော်ကိုင်ဖက် တစ်ယောက်ထံမှ ဆိုက်ယာနိုက်အဆိပ် ကို ရယူနိုင်ခဲ့တယ်လို့လည်း ဝန်ခံပါတယ်။ ”ငါ သူ့ကို လက်ထပ်ပြီး နောက်ပိုင်း ပိုက်ဆံ လုံး၀ မပေးခဲ့ဘူး။အပြစ်ကို ဖုံးကွယ်ထားဖို့လည်း ရည်ရွယ်ချက် မရှိပါဘူး။တကယ်လို့ မနက်ဖြန် သေဒဏ် ချမှတ်ခံရရင်လည်း ပြုံးပြုံးလေးနဲ့ပဲ သေမယ် ” လို့ တနင်္လာနေ့က မစ္စ ကခဲဟိ တရားရုံး မှာ ပြောကြားခဲ့ကြောင်းမှာ ဖော်ပြထားပါတယ်။ မစ္စ ကခဲဟိ က ပိုက်ဆံကိစ ္စမကျေနပ်ချက်နဲ့ ယောကျ်ား တွေကို ပစ်မှတ် ထားလာခဲ့ပြီး အားလုံးကို ဆိုင်ယာနိုက် နဲ့ အဆိပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အစိုးရရှေ့နေ တွေက ပြောပါတယ်။

အောင်သွယ်တော် ဝက်ဘ်ဆိုက် မှာ တွေ့ခဲ့တဲ့ သူမရဲ့ စတုတ္ထမြောက် ခင်ပွန်း အီဆာအိုကခဲဟိ ဟာ ဆိုရင် လက်ထပ်ပြီး တစ်လ အကြာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ မှာ သေဆုံးခဲ့တာဖြစ်ပြီး ထိုအချိန်မှာပဲ စုံစမ်း စစ်ဆေးမှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။သူ့ရဲ့ အလောင်းကို ရင်ခွဲပြီး စစ်ဆေးချက်အရ ခန္ဓာကိုယ် ထဲမှာ ဆိုင်ယာ နိုက် အဆိပ်တွေ ကျန်ရှိနေတာကို တွေ့ခဲ့ရပြီး အဆိုပါ အငြိမ်းစား အဖွားအို နဲ့ ပတ်သက် ဆက်နွယ်တဲ့ တခြား ယောကျ်ား တွေရဲ့ သေဆုံးမှု တွေကို လည်း စတင် စစ်ဆေးခဲ့ပါတယ်။သူနဲ့ တခြား ယောကျ်ား ၂ ယောက် ကို သတ်မှုအပြင် နောက်ပိုင်း ကင်ဆာရောဂါနဲ့ သေသွားတဲ့ နောက်ထပ် ယောကျ်ား တစ်ယောက်ကို သတ်ရန် ကြံစည်မှု၊ လုယက်မှုတို့နဲ့ သူမကို အခုလို ရုံးတင် စစ်ဆေးနေတာ ဖြစ်ပါတယ်။

ယခု စွပ်စွဲခံထားရတဲ့ အဆိုပါ ပြစ်မှု တွေဟာ ၂၀၀၇ ခုနှစ် နဲ့ ၂၀၁၃ ခုနှစ် ကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထို အမျိုးသား အားလုံးဟာ အသက် ၇၀ နဲ့ ၈၀ ကြား အရွယ်တွေပဲ ဖြစ်ပါတယ်။မစ္စ ကခဲဟိ ရဲ့ အခြား ယောကျ်ား ၃ ဦး လည်း သေဆုံးခဲ့ပြီး သူတို့ သေဆုံးမှု နဲ့ ဆက်စပ်လို့တော့ တရားစွဲဆိုခံရခြင်း မရှိခဲ့ပါဘူး။သူ့မှာ မှတ်ဉာဏ် ချွတ် ယွင်းပြီး သတိ ကင်းလွတ်တဲ့ ရောဂါ ရှိနေတဲ့အတွက် သူမရဲ့ ထွက်ဆိုချက် တွေဟာ အမှန် မဟုတ်နိုင်ဘူးလို့ မစ္စ ကခဲဟိ ရဲ့ ရှေ့နေ က ဆိုပါတယ်။“ သူမဟာ မှတ်ဉာဏ် ချွတ်ယွင်းတဲ့ ရောဂါ ရနေပါတယ်။ဒီ ဖြစ်ရပ်ကြီး တွေကို ထားဘိဦး၊ လတ်တလောလေးက ဖြစ်ခဲ့တဲ့ အရာတွေကိုတောင်မှ မမှတ်မိတော့ပါဘူး ” လို့ သူမရဲ့ ရှေ့နေအဖွဲ့ ရုံးတော် မှာ လျှောက်လဲခဲ့ တယ်လို့ ဆိုပါတယ်။

ဂျပန် စာနယ်ဇင်း တွေကတော့ မစ္စ ကခဲဟိ ကို မဟူရာမုဆိုးမ (မိတ်လိုက်ပြီး နောက် ၎င်း၏ မိတ်ဖက် အထီးကို စားသော ပင့်ကူ မှ ဆင်းသက်လာသော အသုံးအနှုန်း) လို့ နာမည်ပေးခဲ့ကြပါတယ်။ဧပြီလ အတွင်းက တရားရုံးချုပ် မှာ ချစ်သူ ၃ ဦး ကို သတ်မှုနဲ့ သေဒဏ် ချမှတ်ခံထားရတဲ့ နောက်ထပ် ဂျပန် အမျိုးသမီး ခနအဲခဂျိမ ရဲ့ သေဒဏ် နောက်ဆုံး အယူခံဟာလည်း ရှုံးနိမ့်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဘီဘီစီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top