Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

​ေတာင္​ႀကီးၿမိဳ႕ ကန္​​ေ႐ွ႕ရပ္​ကြက္​ ​ေရထြက္​ဦးလမ္​း လုံဝမ္​​ေရႊဆိုင္​ တြင္ေအာက္တိုဘာလ ၂၆ရက္ေန့လည္ ၁၂နာရီခြဲ ခန့္က ​ေသနတ္​ အတုျဖင္​့ဝင္ေရာက္လုယက္သူအား နာရီပိုင္းအတြြင္း ဖမ္းဆီးရမိလိုက္ျပီျဖစ္သည္။

"သူက ေရႊျပန္ေရာင္းဖို့သိန္းနွစ္ရာဖိုး ဝယ္မယ္ဆိုၿပီးလာတာ သူဝင္လာတာ မ်က္ႏွာဖံုးတပ္ထားတယ္ ဆိုင္ကယ္အုပ္ထုပ္ေဆာင္းထားတယ္၊ ကြၽန္ေတာ့မိန္းမက အေျခအေနအကဲခတ္မိေတာ့ ကြၽန္ေတာ့ကို ဆိုင္အျပင္မွာထြက္ခိုင္းတယ္၊ သူကေသနတ္နဲ႔ခ်ိန္ေတာ့ မိန္းမက ေသနတ္အတုႀကီးမွန္းတန္းသိၿပီးေအာ္တာ သူေျပးထြက္လာေတာ့ ကြၽန္ေတာ္ဝင္လံုးတာ ေသနတ္အေဝးလြင့္သြားတယ္ သူက စီးတီးစကြဲထဲဝင္ေျပးသြားတယ္"ဟု လံုဝမ္ေရႊဆိုင္ပိုင္႐ွင္ ဦးေရႊစိန္က သံလြင္ေသြးခ်င္းဂ်ာနယ္သို႔ေျပာသည္။

လုယက္​မႈျဖစ္​ပြားေၾကာင္းလုံဝမ္​​ေရႊဆိုင္​ပိုင္​႐ွင္​ကဖုန္​းဆက္​အ​ေၾကာင္​းၾကားခ်က္​အရ ​ေတာင္​ႀကီးခ႐ိုင္​ရဲတပ္​ဖြဲ႔မႉး ဒုရဲမႉး ရဲျမင္​့ ​ေခတၱၿမိဳ႕နယ္​ရဲတပ္​ဖြဲမႉးဒုရဲမႉး စိုး​ေအာင္​ ၿမိဳ႕မရဲစခန္​းမႉး ဒုရဲမႉး မ်ိဳးဦးတို႔ဦးေဆာင္ျပီးွ အခင္​းျဖစ္​​ေနရာသို႕သြား​ေရာက္​စစ္ေဆးၿပီး စီးတီးစကြဲကားပါကင္အနီးမလြယ္ေပါက္တြင္ က်ဳးလြန္သူ ခြန္ရန္းထိုးအားဖမ္းဆီးရမိခဲ့သည္။

ဆိုင္ကယ္အေရာင္းစင္တာမွသိရေသာမွတ္ပံုတင္အရ လူဝင္​မႈႀကီးၾကပ္​​ေရးဌာနသို႔စုံစမ္​းျခင္းျဖင့္ အဘ ဦးစိုးခမ္​း လြယ္​​ေကာင္​းရြာဇာတိျဖစ္​​ေၾကာင္​းစိီစစ္​ ​သိ႐ွိခဲ႕ရျခင္းျဖစ္သည္။

ယခု ေတာင္ႀကီးၿမိဳ႕မရဲစခန္းတြင္ (ပ)၉၂၀/၂၀၁၇ ပုဒ္မ ၃၉၂(၅၁) လုယက္ရန္ၾကံစည္မႈျဖင့္ အမႈဖြင့္အေရးယူထားသည္ဟု ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးမ်ိဳးဦးက သံလြင္ေသြးခ်င္းဂ်ာနယ္ သို႔ေျပာၾကားသည္။
ပုဒ္မ ၃၉၂(၅၁) လုယက္ရန္ၾကံစည္မႈသည္ ေထာင္ဒါဏ္ ၁၀ႏွစ္ထိ ျပစ္ဒါဏ္ခ်မွတ္ႏိုင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သံလြင္ေသြးခ်င္း

# Unicode Version ျဖင့္ ဖတ္ပါ #

တောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက် ရေထွက်ဦးလမ်း လုံဝမ်ရွှေဆိုင် တွင်အောက်တိုဘာလ ၂၆ရက်နေ့လည် ၁၂နာရီခွဲ ခန့်က သေနတ် အတုဖြင့်ဝင်ရောက်လုယက်သူအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိလိုက်ပြီဖြစ်သည်။

"သူက ရွှေပြန်ရောင်းဖို့သိန်းနှစ်ရာဖိုး ဝယ်မယ်ဆိုပြီးလာတာ သူဝင်လာတာ မျက်နှာဖုံးတပ်ထားတယ် ဆိုင်ကယ်အုပ်ထုပ်ဆောင်းထားတယ်၊ ကျွန်တော့မိန်းမက အခြေအနေအကဲခတ်မိတော့ ကျွန်တော့ကို ဆိုင်အပြင်မှာထွက်ခိုင်းတယ်၊ သူကသေနတ်နဲ့ချိန်တော့ မိန်းမက သေနတ်အတုကြီးမှန်းတန်းသိပြီးအော်တာ သူပြေးထွက်လာတော့ ကျွန်တော်ဝင်လုံးတာ သေနတ်အဝေးလွင့်သွားတယ် သူက စီးတီးစကွဲထဲဝင်ပြေးသွားတယ်"ဟု လုံဝမ်ရွှေဆိုင်ပိုင်ရှင် ဦးရွှေစိန်က သံလွင်သွေးချင်းဂျာနယ်သို့ပြောသည်။

လုယက်မှုဖြစ်ပွားကြောင်းလုံဝမ်ရွှေဆိုင်ပိုင်ရှင်ကဖုန်းဆက်အကြောင်းကြားချက်အရ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ရဲမြင့် ခေတ္တမြို့နယ်ရဲတပ်ဖွဲမှူးဒုရဲမှူး စိုးအောင် မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးဦးတို့ဦးဆောင်ပြီးှ အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးပြီး စီးတီးစကွဲကားပါကင်အနီးမလွယ်ပေါက်တွင် ကျုးလွန်သူ ခွန်ရန်းထိုးအားဖမ်းဆီးရမိခဲ့သည်။

ဆိုင်ကယ်အရောင်းစင်တာမှသိရသောမှတ်ပုံတင်အရ လူဝင်မှုကြီးကြပ်ရေးဌာနသို့စုံစမ်းခြင်းဖြင့် အဘ ဦးစိုးခမ်း လွယ်ကောင်းရွာဇာတိဖြစ်ကြောင်းစီစစ် သိရှိခဲ့ရခြင်းဖြစ်သည်။

ယခု တောင်ကြီးမြို့မရဲစခန်းတွင် (ပ)၉၂၀/၂၀၁၇ ပုဒ်မ ၃၉၂(၅၁) လုယက်ရန်ကြံစည်မှုဖြင့် အမှုဖွင့်အရေးယူထားသည်ဟု မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးဦးက သံလွင်သွေးချင်းဂျာနယ် သို့ပြောကြားသည်။
ပုဒ်မ ၃၉၂(၅၁) လုယက်ရန်ကြံစည်မှုသည် ထောင်ဒါဏ် ၁၀နှစ်ထိ ပြစ်ဒါဏ်ချမှတ်နိုင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သံလွင်သွေးချင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top