ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အာဖဂန္နစၥတန္ တာလီဘန္မ်ား ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံထားရသည့္ အေမရိကန္ႏွင့္ ကေနဒါ စံုတြဲကို သားသမီးမ်ားႏွင့္အတူ ပါကစၥတန္ စစ္တပ္က ၅ ႏွစ္အၾကာတြင္ ကယ္တင္ႏုိင္ခဲ့ေၾကာင္း သိရသည္။
ကေနဒါ ႏုိင္ငံသား ဂ်ိဳ႐ွဴအာဘြိဳင္းလ္ႏွင့္ အေမရိကန္သူ ဇနီးသည္ ကိုင္တလန္ ကိုးလ္မန္းတို႔သည္ ၂၀၁၂ က အာဖဂန္တြင္ ေတာင္တက္ခရီး ထြက္ခြာသြားစဉ္ တာလီဘန္မ်ား၏ ဖမ္းဆီးျခင္းကို ခံခဲ့ရသည္။ တာလီဘန္တို႔၏ အက်ဉ္းသား ဘဝတြင္ ၎တို႔သည္ သားသမီး သံုးဦး ထြန္းကားခဲ့သည္။
ယခုအခါ အိမ္နီးခ်င္း ပါကစၥတန္ႏုိင္ငံ၏ စစ္တပ္က မိသားစုဝင္ ငါးဦးလံုးကို ေအာင္ျမင္စြာ ကယ္ဆယ္ႏုိင္ခဲ့ျခင္း ျဖစ္သည္။
အာဖဂန္ႏွင့္ နယ္စပ္အနီးတြင္ အေမရိကန္က ေထာက္လွမ္းေရး အခ်က္အလက္မ်ား ပံ့ပိုးကူညီမႈျဖင့္ ဆင္ႏႊဲေသာ စစ္ဆင္ေရး တစ္ရပ္အတြင္း ပါကစၥတန္ စစ္တပ္က ဘြိဳင္းလ္ႏွင့္ ကိုးလ္မန္းတို႔ မိသားစုကို ရွာေတြ႕ခဲ့ျခင္း ျဖစ္သည္။
အေမရိကန္ သမၼတ ေဒၚနယ္လ္ထရမ့္က ပါကစၥတန္ စစ္တပ္၏ စြမ္းေဆာင္မႈသည္ အေမရိကန္-ပါကစၥတန္ ဆက္ဆံေရးအတြက္ ေကာင္းမြန္သည့္ က႑သစ္တစ္ခုဟု ခ်ီးက်ဴးခဲ့သည္။
အိမ္ျဖဴေတာ္က “မစၥကိုးလ္မန္းဟာ အဖမ္းခံထားရတဲ့ ကာလအတြင္း ကေလးသံုးဦး ရခဲ့ပါတယ္။ အခုေတာ့ သူတို႔အားလံုး လြတ္ေျမာက္လာပါၿပီ”ဟု ထုတ္ျပန္ ေၾကညာခဲ့သည္။ ထုိ႔အျပင္ ေဒသတြင္း လံုၿခံဳေရး က႑ကို ျမႇင့္တင္ရန္ အေမရိကန္၏ ဆႏၵကို ပါကစၥတန္ အစိုးရက လက္ေတြ႕က်က် ပူးေပါင္းပါဝင္ ျဖည့္ဆည္းခဲ့ျခင္းအတြက္ ဂုဏ္ျပဳေၾကာင္းလည္း အိမ္ျဖဴေတာ္က ထုတ္ျပန္သည္။
တာလီဘန္တို႔က အဆိုပါ စံုတြဲကို ျပန္ေပးဆြဲသည့္ အေနျဖင့္ ဖမ္းဆီးထားၿပီး ၎တို႔ မိသားစု ဗီဒီယို မွတ္တမ္းမ်ားကို ထုတ္ျပခဲ့သည္။ ၿပီးခဲ့သည့္ ဒီဇင္ဘာလက ေနာက္ဆံုး ထြက္ေပၚလာသည့္ ဗီဒီယိုထဲတြင္မူ ကိုးလ္မန္းမွာ သားႏွစ္ဦး ရွိေနၿပီး တတိယ ကိုယ္ဝန္ လြယ္ထားသည္ကို ေတြ႕ရသည္။ ထိုစဉ္က သူမတုိ႔ အေနျဖင့္ ယခု အိပ္မက္ဆိုးႀကီးကို အျမန္ဆံုး အဆံုးသတ္ႏိုင္ရန္ ေမွ်ာ္လင့္ ေတာင္းပန္ေၾကာင္း ကိုးလ္မန္းက ဖြင့္ဟခဲ့သည္။
ဘြိဳင္းလ္၏ မိဘႏွစ္ပါးက ၎တို႔သည္ သားျဖစ္သူႏွင့္ ဖုန္းအဆက္အသြယ္ ရခဲ့ေၾကာင္း အတည္ျပဳခဲ့ၿပီး ငါးႏွစ္အတြင္း ပထမဆံုးအႀကိမ္အျဖစ္ ၎၏ အသံကို ၾကားခြင့္ရသည့္အခါ အလြန္ ေပ်ာ္ရႊင္ တုန္လႈပ္မိေၾကာင္း ဖြင့္ဟခဲ့သည္။
ဘြိဳင္းလ္ႏွင့္ ကိုးလ္မန္း မိသားစုမ်ားကလည္း ယခုစစ္ဆင္ေရးတြင္ သက္စြန္႔ဆံဖ်ား ႀကိဳးစား ကယ္တင္ေပးခဲ့သည့္ ပါကစၥတန္ စစ္တပ္ကို အထူးတလည္ ေက်းဇူးတင္ေၾကာင္း အသီးသီး ထုတ္ျပန္ခဲ့ၾကသည္။
သို႔ေသာ္ ဘြိဳင္းလ္ကို အေမရိကန္ ျပန္ေခၚရန္ တာဝန္ရွိသူမ်ားက စီစဉ္ခ်ိန္၌ ၎က ေလယာဉ္ေပၚတက္ရန္ ျငင္းဆိုေနဆဲဟု သိရသည္။ ဘြိဳင္းလ္သည္ အစြန္းေရာက္ အစၥလာမ္ အျမင္ရွိသူ အမ်ိဳးသမီး တစ္ဦးႏွင့္လည္း လက္ထပ္ခဲ့သည့္အတြက္ အေမရိကန္ႏွင့္ ကေနဒါ အာဏာပိုင္မ်ားက တရားစြဲဆိုမည္ကို စိုးရိမ္ေန၍ဟု Reuters သတင္းဌာနက ေဖာ္ျပခဲ့သည္။
ကေနဒါ ႏုိင္ငံျခားေရး ဝန္ႀကီး ခရစၥတီယာ ဖရီးလန္းကမူ လက္ရွိ အခ်ိန္တြင္ စံုစမ္းစစ္ေဆးမႈ ကိစၥကို လံုးဝ အာ႐ံုမထားေသးဘဲ ဘြိဳင္းလ္၏ မိသားစုအားလံုး ေခ်ာေခ်ာေမာေမာ ျပန္လည္ ေရာက္ရွိေရးကိုသာ အေလးထား လုပ္ေဆာင္ေနေၾကာင္း မွတ္ခ်က္ေပး ေျပာဆိုထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  7DayDaily
#Unicode Version#
အာဖဂန်နစ္စတန် တာလီဘန်များ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည့် အမေရိကန်နှင့် ကနေဒါ စုံတွဲကို သားသမီးများနှင့်အတူ ပါကစ္စတန် စစ်တပ်က ၅ နှစ်အကြာတွင် ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ကနေဒါ နိုင်ငံသား ဂျိုရှူအာဘွိုင်းလ်နှင့် အမေရိကန်သူ ဇနီးသည် ကိုင်တလန် ကိုးလ်မန်းတို့သည် ၂၀၁၂ က အာဖဂန်တွင် တောင်တက်ခရီး ထွက်ခွာသွားစဉ် တာလီဘန်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ တာလီဘန်တို့၏ အကျဉ်းသား ဘဝတွင် ၎င်းတို့သည် သားသမီး သုံးဦး ထွန်းကားခဲ့သည်။

ယခုအခါ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံ၏ စစ်တပ်က မိသားစုဝင် ငါးဦးလုံးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အာဖဂန်နှင့် နယ်စပ်အနီးတွင် အမေရိကန်က ထောက်လှမ်းရေး အချက်အလက်များ ပံ့ပိုးကူညီမှုဖြင့် ဆင်နွှဲသော စစ်ဆင်ရေး တစ်ရပ်အတွင်း ပါကစ္စတန် စစ်တပ်က ဘွိုင်းလ်နှင့် ကိုးလ်မန်းတို့ မိသားစုကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပါကစ္စတန် စစ်တပ်၏ စွမ်းဆောင်မှုသည် အမေရိကန်-ပါကစ္စတန် ဆက်ဆံရေးအတွက် ကောင်းမွန်သည့် ကဏ္ဍသစ်တစ်ခုဟု ချီးကျူးခဲ့သည်။

အိမ်ဖြူတော်က “မစ္စကိုးလ်မန်းဟာ အဖမ်းခံထားရတဲ့ ကာလအတွင်း ကလေးသုံးဦး ရခဲ့ပါတယ်။ အခုတော့ သူတို့အားလုံး လွတ်မြောက်လာပါပြီ”ဟု ထုတ်ပြန် ကြေညာခဲ့သည်။ ထို့အပြင် ဒေသတွင်း လုံခြုံရေး ကဏ္ဍကို မြှင့်တင်ရန် အမေရိကန်၏ ဆန္ဒကို ပါကစ္စတန် အစိုးရက လက်တွေ့ကျကျ ပူးပေါင်းပါဝင် ဖြည့်ဆည်းခဲ့ခြင်းအတွက် ဂုဏ်ပြုကြောင်းလည်း အိမ်ဖြူတော်က ထုတ်ပြန်သည်။

တာလီဘန်တို့က အဆိုပါ စုံတွဲကို ပြန်ပေးဆွဲသည့် အနေဖြင့် ဖမ်းဆီးထားပြီး ၎င်းတို့ မိသားစု ဗီဒီယို မှတ်တမ်းများကို ထုတ်ပြခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက နောက်ဆုံး ထွက်ပေါ်လာသည့် ဗီဒီယိုထဲတွင်မူ ကိုးလ်မန်းမှာ သားနှစ်ဦး ရှိနေပြီး တတိယ ကိုယ်ဝန် လွယ်ထားသည်ကို တွေ့ရသည်။ ထိုစဉ်က သူမတို့ အနေဖြင့် ယခု အိပ်မက်ဆိုးကြီးကို အမြန်ဆုံး အဆုံးသတ်နိုင်ရန် မျှော်လင့် တောင်းပန်ကြောင်း ကိုးလ်မန်းက ဖွင့်ဟခဲ့သည်။

ဘွိုင်းလ်၏ မိဘနှစ်ပါးက ၎င်းတို့သည် သားဖြစ်သူနှင့် ဖုန်းအဆက်အသွယ် ရခဲ့ကြောင်း အတည်ပြုခဲ့ပြီး ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၎င်း၏ အသံကို ကြားခွင့်ရသည့်အခါ အလွန် ပျော်ရွှင် တုန်လှုပ်မိကြောင်း ဖွင့်ဟခဲ့သည်။

ဘွိုင်းလ်နှင့် ကိုးလ်မန်း မိသားစုများကလည်း ယခုစစ်ဆင်ရေးတွင် သက်စွန့်ဆံဖျား ကြိုးစား ကယ်တင်ပေးခဲ့သည့် ပါကစ္စတန် စစ်တပ်ကို အထူးတလည် ကျေးဇူးတင်ကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

သို့သော် ဘွိုင်းလ်ကို အမေရိကန် ပြန်ခေါ်ရန် တာဝန်ရှိသူများက စီစဉ်ချိန်၌ ၎င်းက လေယာဉ်ပေါ်တက်ရန် ငြင်းဆိုနေဆဲဟု သိရသည်။ ဘွိုင်းလ်သည် အစွန်းရောက် အစ္စလာမ် အမြင်ရှိသူ အမျိုးသမီး တစ်ဦးနှင့်လည်း လက်ထပ်ခဲ့သည့်အတွက် အမေရိကန်နှင့် ကနေဒါ အာဏာပိုင်များက တရားစွဲဆိုမည်ကို စိုးရိမ်နေ၍ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး ခရစ္စတီယာ ဖရီးလန်းကမူ လက်ရှိ အချိန်တွင် စုံစမ်းစစ်ဆေးမှု ကိစ္စကို လုံးဝ အာရုံမထားသေးဘဲ ဘွိုင်းလ်၏ မိသားစုအားလုံး ချောချောမောမော ပြန်လည် ရောက်ရှိရေးကိုသာ အလေးထား လုပ်ဆောင်နေကြောင်း မှတ်ချက်ပေး ပြောဆိုထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top