Golden City Promotion
×




Credit: Duwun
#Unicode Version#
လူဟန့်ကို ချစ်တဲ့မိန်းကလေးတွေအတွက်တော့ ကြေကွဲစရာပေါ့။
EXO အဖွဲ့ဝင် လူဟန် (Luhan) က တရုတ်မင်းသမီး  Guan Xiaotong နဲ့ ချစ်သူတွေဖြစ်နေကြောင်း ကြေညာပြီး မကြာခင်မှာပဲ သူတို့နှစ်ယောက်ရဲ့စုံတွဲ ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။
သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံတွေကို ကြည့်ရခြင်းအားဖြင့် သူတို့တွဲနေတာ အတော်လေးကြာနေပြီလို့ ယူဆရပါတယ်။

နှစ်ဦးသားက ဆင်တူနာရီလေးတောင် ရှိနေပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့မှာ လူဟန်က သူ့မှာ ချစ်သူရှိနေကြောင်း Weibo အကောင့်ကနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။

"ဟယ်လို..အားလုံးကို ကျွန်တော့်ရဲ့ချစ်သူနဲ့ မိတ်ဆက်ပေးချင်ပါတယ်" လို့ လူဟန်က ရေးသားခဲ့ပြီး  Guan Xiaotong ကို Tag တွဲပြီး ပြောခဲ့တာဖြစ်ပါတယ်။
EXO အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လူဟန်ဟာ မိန်းကလေးပရိသတ်အများအပြားရဲ့ အသည်းစွဲဖြစ်ပြီး သူ့မှာ ချစ်သူဖြစ်ကြောင်း ကြေညာခဲ့ပြီးတဲ့နောက် ကိုရီးယားမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တဲ့ မိန်းကလေးတွေတောင် ရှိခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် လူဟန်ဟာ တရုတ်နိုင်ငံသားတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံမှာလည်း အောင်မြင်တဲ အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top