Golden City Promotion
×



ရန္ကုန္ၿမိဳ႕မွ ရွမ္းျပည္ နယ္သို႔ ဘုရားဖူးသြားေရာက္ ေသာ မိသားစုမွန္လံုကားတစ္စီး သည္ ေနာင္ခ်ိဳၿမိဳ႕နယ္ ဒု႒၀တီတံတားအနီးတြင္ တိမ္းေမွာက္ရာ လူငါးဦးေသဆံုးၿပီး ႏွစ္ဦးဒဏ္ရာရရွိခဲ့သည္။

ေအာက္တိုဘာ ၈ ရက္ နံနက္ ၁၁ နာရီခန္႔တြင္ ေတာင္ႀကီးၿမိဳ႕မွ ရပ္ေစာက္-ေနာင္ခ်ိဳ ကားလမ္းအတိုင္း ထြက္ခြာလာသည့္ မိသားစု ခုနစ္ဦးပါ မွန္လံုကားတစ္စီးသည္ ဒု႒၀တီ တံတားအဆင္းတြင္ တိမ္းေမွာက္မႈျဖစ္ပြားခဲ့သည္။

အသက္ (၁၂)ႏွစ္အရြယ္ ကေလးတစ္ဦးအပါအ၀င္ အမ်ိဳး သမီးတစ္ဦး၊ အမ်ိဳးသား သံုးဦး စုစုေပါင္း ငါးဦးေသဆံုးခဲ့ေၾကာင္း ကံႀကီးရြာ ေမတၱာေရာင္ျခည္နာေရးကူညီမႈအသင္းမွ ကိုျပဴးက ေျပာသည္။

‘‘ကားေမွာက္တဲ့ေနရာမွာ ကားသမားဆံုးတယ္။ သံုးေယာက္ကေတာ့ ေတာင္းခမ္းေဆး႐ံုမွာ ဆံုးတယ္။ တစ္ေယာက္က ျပင္ဦးလြင္ေဆး႐ံုမွာ ဆံုးသြားတယ္။ အခု ျပင္ဦးလြင္ေဆး႐ံုမွာ ႏွစ္ေယာက္တင္ထားပါတယ္’’ဟု ကိုျပဴးက ေျပာသည္။တိမ္းေမွာက္မႈျဖစ္ပြား ေသာ ဟိုက္ဂ်က္မွန္လံုကားသည္ ရန္ကုန္ၿမိဳ႕မွ မိသားစုလိုက္ ဘုရား ဖူးထြက္လာျခင္းျဖစ္ေၾကာင္း ၎ က ေျပာသည္။

‘‘ကားက တံတားအေကြ႕ ေပါ့ေလ။ လမ္းမကၽြမ္းေတာ့ ေခ်ာက္ထဲကို ေခါင္းစုိက္က်တာ။ ေဆး႐ံုမွာရွိတဲ့ အမ်ိဳးသားတစ္ဦး က နည္းနည္းစိုးရိမ္ရတယ္။ သူတို႔က ရန္ကုန္ၿမိဳ႕ လိႈင္သာယာကလို႔ ေျပာပါတယ္’’ဟု ေနာင္ခ်ိဳၿမိဳ႕ ေစတနာမြန္ လူမႈကူညီေရးအ သင္းမွ ဦးတင္၀င္းႏုိင္က ေျပာ သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ရန်ကုန်မြို့မှ ရှမ်းပြည် နယ်သို့ ဘုရားဖူးသွားရောက် သော မိသားစုမှန်လုံကားတစ်စီး သည် နောင်ချိုမြို့နယ် ဒုဋ္ဌဝတီတံတားအနီးတွင် တိမ်းမှောက်ရာ လူငါးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာ ၈ ရက် နံနက် ၁၁ နာရီခန့်တွင် တောင်ကြီးမြို့မှ ရပ်စောက်-နောင်ချို ကားလမ်းအတိုင်း ထွက်ခွာလာသည့် မိသားစု ခုနစ်ဦးပါ မှန်လုံကားတစ်စီးသည် ဒုဋ္ဌဝတီ တံတားအဆင်းတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

အသက် (၁၂)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုး သမီးတစ်ဦး၊ အမျိုးသား သုံးဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ကြောင်း ကံကြီးရွာ မေတ္တာရောင်ခြည်နာရေးကူညီမှုအသင်းမှ ကိုပြူးက ပြောသည်။

‘‘ကားမှောက်တဲ့နေရာမှာ ကားသမားဆုံးတယ်။ သုံးယောက်ကတော့ တောင်းခမ်းဆေးရုံမှာ ဆုံးတယ်။ တစ်ယောက်က ပြင်ဦးလွင်ဆေးရုံမှာ ဆုံးသွားတယ်။ အခု ပြင်ဦးလွင်ဆေးရုံမှာ နှစ်ယောက်တင်ထားပါတယ်’’ဟု ကိုပြူးက ပြောသည်။တိမ်းမှောက်မှုဖြစ်ပွား သော ဟိုက်ဂျက်မှန်လုံကားသည် ရန်ကုန်မြို့မှ မိသားစုလိုက် ဘုရား ဖူးထွက်လာခြင်းဖြစ်ကြောင်း ၎င်း က ပြောသည်။

‘‘ကားက တံတားအကွေ့ ပေါ့လေ။ လမ်းမကျွမ်းတော့ ချောက်ထဲကို ခေါင်းစိုက်ကျတာ။ ဆေးရုံမှာရှိတဲ့ အမျိုးသားတစ်ဦး က နည်းနည်းစိုးရိမ်ရတယ်။ သူတို့က ရန်ကုန်မြို့ လှိုင်သာယာကလို့ ပြောပါတယ်’’ဟု နောင်ချိုမြို့ စေတနာမွန် လူမှုကူညီရေးအ သင်းမှ ဦးတင်ဝင်းနိုင်က ပြော သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top