Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

 သူနဲ႔ ​ေဝးခဲ့ၿပီး​ေနာက္​ပိုင္​းက်ြန္​မစိတ္​​ေတြ
အရင္​ထက္​ပိုၿပီး လြတ္​လပ္​​ေပါ့ပါးလာခဲ့တယ္​ အရင္​လို သူရိွတယ္​ဆိုတဲ့အ​ေတြးနဲ႔စိတ္​​ေတြကို​ေဘာင္​ခတ္​သိမ္​းဆည္​းထားဖို႔မွမလိုအပ္​​ေတာ့တာ​ေလ •••

သူရိွ​တုန္​းကလို ညနက္​ႀကီးထိ က်ြန္​မမအိပ္​ဘဲ ​ေစာင္​့မ​ေနတတ္​​ေတာ့ဘူး ph တစ္​ခါ​ေခၚဖို႔ စာတစ္​လံုးဖတ္​ရဖို႔အတြက္​ အခ်ိန္​​ေပး​ေစာင္​့စရာမလို႔အပ္​​ေတာ့
က်ြန္​မ အိပ္​​ေရးဝလာတယ္​ •••

သူရိွတုန္​းကလို.ဘာလုပ္​လုပ္​သူကိုဦးစား​ေပးရမဲ့
အရာ​ေတြမရိွ​ေတာ့ ကြၽန္​မလုပ္​ခ်င္​တာ​ေတြ ျဖစ္​ခ်င္​တာ​ေတြကို ပိုၿပီး လုပ္​ဖို႔ ျဖစ္​သင္​့တာ​ေတြ အခ်ိန္​ပို​ေပးတတ္​လာတယ္​•••

သူရိွတုန္​းကလို သူအတြက္​ဂ႐ုစိုက္​ဖို႔ မလိုအပ္​​ေတာ့တဲ့အတြက္​
ကြၽန္​မကိုယ္​့က်ြန္​မပိုၿပီးတန္​ဖိုးထား ဂ႐ုစိုက္​တတ္​လာ​ေတာ့
အရင္​ထက္​ပိုၿပီး ၾကည္​့​ေကာင္​းလာတယ္​•••

သူရိွတုန္​းကလို သူစကားဆို​ေကာင္​း​ေကာင္​းဆိုးဆိုးနား​ေထာင္​ဖို႔ မလိုခဲ့​မွေတာ့ အခုဆိုကြၽန္​မအမွားအမွန္​ကိုယ္​တိုင္​ဆံုးျဖတ္​ႏိုင္​စြမ္​းပိုရိွလာတယ္​•••

သူရိွတုန္​းကလို အျမဲသူအားကိုးစရာမလိုအပ္​​ေတာ့
အခုဆိုကြၽန္​မကိုယ္​႔က်ြန္​မ ယံုၾကည္​ခ်က္​​ေတြပိုၿပီးျပည့္စံု​လာတယ္​•••

သူရိွတုန္​းကလို အျမဲသူအတြက္​ အခ်ိန္​​ေပးစရာမလို​ေတာ့
ကြၽန္​မအ​ေပၚ​ေကာင္​းတဲ့ သူငယ္​ခ်င္​း​ေတြအတြက္​အခ်ိန္​ပို​ေပးလာနိုင္​လို႔ လူမႈဆက္​ဆံ​ေရး​ေတြအရင္​ထက္​  ပိုၿပီး​ေကာင္​းမြန္​လာတယ္​•••

သူရိွတုန္​းကလို သူအတြက္​ စိုးရိမ္​ပူ​ပန္​ေနစရာမလိုအပ္​​ေတာ့ အရင္​ထက္​ စိတ္​ခ်မ္​းသာ ကိုယ္​ခ်မ္​းသာျဖစ္​ၿပီး ကိုယ္​​ေလ်ာက္​မယ္​အနာဂတ္​​ေတြ အပူအပင္​မဲ့ပံု​ေဖာ္​
ခြင္​့​ေတြရလာတယ္​•••

​ေ​နာက္​ဆံုး သူနဲ႔လမ္​းခဲြၿပီးမွ ကိုယ္​႕ဘဝရဲ႕
​ေန႔ရက္​​ေတြက အစကလိုျပန္​ၿပီးသစ္​လြင္​​ေတာက္​ပ​ေနတယ္​
ဘယ္​သူ့မွ မိွခိုစရာမလိုအပ္​တဲ့အတြက္​ဘယ္​သူကိုမွမ​ေပးဆပ္​ရ​ေတာ့ဘူး​ေလ ၿပီး​ေတာ့ကိုယ္​့ဘဝမွာကိုယ္​့သာ ပဲ့ကိုင္​႐ွင္​ ျဖစ္​တယ္​ဆိုတာ
နားလည္​လက္​ခံလာတယ္​•••

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မိုးရည္​ စက္​မ်ား

# Unicode Version ျဖင့္ ဖတ္ရန္ #
သူနဲ့ ဝေးခဲ့ပြီးနောက်ပိုင်းကျွန်မစိတ်တွေ
အရင်ထက်ပိုပြီး လွတ်လပ်ပေါ့ပါးလာခဲ့တယ် အရင်လို သူရှိတယ်ဆိုတဲ့အတွေးနဲ့စိတ်တွေကိုဘောင်ခတ်သိမ်းဆည်းထားဖို့မှမလိုအပ်တော့တာလေ •••

သူရှိတုန်းကလို ညနက်ကြီးထိ ကျွန်မမအိပ်ဘဲ စောင့်မနေတတ်တော့ဘူး ph တစ်ခါခေါ်ဖို့ စာတစ်လုံးဖတ်ရဖို့အတွက် အချိန်ပေးစောင့်စရာမလို့အပ်တော့
ကျွန်မ အိပ်ရေးဝလာတယ် •••

သူရှိတုန်းကလို.ဘာလုပ်လုပ်သူကိုဦးစားပေးရမဲ့
အရာတွေမရှိတော့ ကျွန်မလုပ်ချင်တာတွေ ဖြစ်ချင်တာတွေကို ပိုပြီး လုပ်ဖို့ ဖြစ်သင့်တာတွေ အချိန်ပိုပေးတတ်လာတယ်•••

သူရှိတုန်းကလို သူအတွက်ဂရုစိုက်ဖို့ မလိုအပ်တော့တဲ့အတွက်
ကျွန်မကိုယ့်ကျွန်မပိုပြီးတန်ဖိုးထား ဂရုစိုက်တတ်လာတော့
အရင်ထက်ပိုပြီး ကြည့်ကောင်းလာတယ်•••

သူရှိတုန်းကလို သူစကားဆိုကောင်းကောင်းဆိုးဆိုးနားထောင်ဖို့ မလိုခဲ့မှတော့ အခုဆိုကျွန်မအမှားအမှန်ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းပိုရှိလာတယ်•••

သူရှိတုန်းကလို အမြဲသူအားကိုးစရာမလိုအပ်တော့
အခုဆိုကျွန်မကိုယ့်ကျွန်မ ယုံကြည်ချက်တွေပိုပြီးပြည့်စုံလာတယ်•••

သူရှိတုန်းကလို အမြဲသူအတွက် အချိန်ပေးစရာမလိုတော့
ကျွန်မအပေါ်ကောင်းတဲ့ သူငယ်ချင်းတွေအတွက်အချိန်ပိုပေးလာနိုင်လို့ လူမှုဆက်ဆံရေးတွေအရင်ထက်  ပိုပြီးကောင်းမွန်လာတယ်•••

သူရှိတုန်းကလို သူအတွက် စိုးရိမ်ပူပန်နေစရာမလိုအပ်တော့ အရင်ထက် စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်ပြီး ကိုယ်လျောက်မယ်အနာဂတ်တွေ အပူအပင်မဲ့ပုံဖော်
ခွင့်တွေရလာတယ်•••

နောက်ဆုံး သူနဲ့လမ်းခွဲပြီးမှ ကိုယ့်ဘဝရဲ့
နေ့ရက်တွေက အစကလိုပြန်ပြီးသစ်လွင်တောက်ပနေတယ်
ဘယ်သူ့မှ မှိခိုစရာမလိုအပ်တဲ့အတွက်ဘယ်သူကိုမှမပေးဆပ်ရတော့ဘူးလေ ပြီးတော့ကိုယ့်ဘဝမှာကိုယ့်သာ ပဲ့ကိုင်ရှင် ဖြစ်တယ်ဆိုတာ
နားလည်လက်ခံလာတယ်•••

ဖိုးသူတော် (www.phothutaw.com)
Credit: မိုးရည် စက်များ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top