Golden City Promotion
×

အတန္အသင့္ ေဝးလံေခါင္ဖ်ားတဲ့ ေနရာမ်ိဳးေတြကို ခရီးသြားဖို႔ ေရြးခ်ယ္ပါ။
စီးပြားေရးေလာကမွာ အရာရာတိုင္းလိုလို ပံုမွန္တိုးတက္ ေျပာင္းလဲေနပါတယ္။ ဒါ့ေၾကာင့္လည္း အလုပ္ လုပ္ကိုင္ေနၾကသူေတြ အတြက္ အားလပ္ရက္ေတြမွာ အပန္းေျဖခရီးထြက္ႏိုင္ဖို႔ဆိုတာ ေတာ္ေတာ္ေလးကို ခက္ခဲတဲ့အေနအထားမ်ိဳးေတြ ရွိေနၾကပါတယ္။ အကယ္၍ ထြက္ခြင့္ရသြားမယ္ ဆိုရင္ေတာင္မွ တခ်ိဳ႕ဆိုရင္ အလုပ္ေတြ၊ တာဝန္ေတြကို ေခါင္းေပၚရြက္၊ ပခံုးေပၚထမ္းနဲ႔ သယ္သြား ၾကရတာကို အားလံုးလည္း သတိထားမိၾကပါ။

အနည္းဆံုးေတာ့ ဖုန္းေလး၊ လက္ပ္ေတာ့ေလး၊ စာရြက္စာတမ္းေလး စသည္အားျဖင့္ ယူေဆာင္သြားၾကရတာခ်ည္းပါပဲ။ အဲဒီလို ျဖစ္ေနတဲ့အခါ သင့္ရဲ႕ အပန္းေျဖခရီးဟာလည္း အပန္းမေျပေတာ့ဘဲ အေျဖက ပိုၿပီးပန္သြားတယ္ဆိုတာပဲ ေတြ႔လာရပါလိမ့္မယ္။ ဒီလို မျဖစ္ရေလေအာင္ ပညာရွင္ေတြ အႀကံျပဳေပးထားတဲ့ နည္းလမ္းေလး (၇) မ်ိဳးကို အားလံုး ေလ့လာႏိုင္ေစဖို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။
(၁) အဓိကတာဝန္ေတြကို ၿပီးစီးေအာင္လုပ္ပါ
အားလပ္ရက္မွာ အပန္းေျဖခရီးမထြက္ခင္ ၿပီးစီးေအာင္ လုပ္ေဆာင္ခဲ့ဖို႔လုိတဲ့ အဓိကတာဝန္ေတြ အားလံုးကို လံုးဝၿပီးစီးသြားေအာင္ လုပ္ေဆာင္ထားပါ။ ဒီနည္းလမ္းက သင့္ကို အပန္းေျဖခရီးစဥ္တစ္ေလွ်ာက္မွာ အလုပ္နဲ႔ ပတ္သက္ၿပီး ပံုမွန္ update ျဖစ္ေနမွာကို စိုးရိမ္ေနစရာ မလိုေတာ့ပါဘူး။
(၂) အဆက္အသြယ္လုပ္ရမယ့္ အဓိကပိြဳင့္ကို သတ္မွတ္ပါ

ဒီအခ်က္ကေတာ့ လုပ္ငန္းရွင္ အမ်ားစုနဲ႔ ပိုကိုက္ညီပါလိမ့္မယ္။ လုပ္ေဆာင္ဖို႔က်န္ေနတဲ့ တာဝန္ေတြအတြက္ ခရီးမသြားခင္ ကိုင္တြယ္ႏိုင္မယ့္ လူတစ္ေယာက္ေယာက္ကို ေရြးခ်ယ္ပါ။ ဒီလိုေရြးခ်ယ္ၾကတဲ့အခါမွာ သင္နဲ႔အဆက္အသြယ္ မျပတ္ရွိေနႏိုင္မယ့္ ႐ံုးက လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္ေယာက္လည္း ေရြးႏိုင္ပါတယ္။ သင့္အစား သူ႔ကို ေမးႏိုင္တယ္၊ ေျပာႏိုင္တယ္ဆိုတာကို လူတိုင္းကိုလည္း မွာခဲ့ပါ။
(၃) ခရီးထြက္သြားေၾကာင္း အားလံုးကို အသိေပးအေၾကာင္းၾကားပါ
ဒီအခ်က္ကေတာ့ လုပ္ငန္းလုပ္ကိုင္ေနသူအားလံုးနဲ႔ သက္ဆိုင္မယ္လို႔ ယူဆပါတယ္။ သင့္ရဲ႕ အားလပ္ရက္မွာ အပန္းေျဖခရီး ထြက္ေနေၾကာင္းကို အားလံုးသိေအာင္ မက္ေဆ့ခ်္နဲ႔ျဖစ္ျဖစ္ အီးေမးလ္နဲ႔ပဲ ျဖစ္ျဖစ္ အေၾကာင္းၾကား အသိေပးပါ။ ၿပီးေတာ့ သင္ေရြးခ်ယ္ထားခဲ့တဲ့ ကိုယ္စားလွယ္ဆီကိုလည္း တိုက္႐ိုက္ဆက္သြယ္ ႏုိင္ေၾကာင္းနဲ႔ သင္ ဘယ္အခ်ိန္ျပန္ေရာက္မယ္ ဆိုတာ ကအစ ထည့္ေျပာေပးပါ။ ဒီနည္းလမ္းက သင္ ႐ံုးမွာမရွိဘူးဆိုတာကို လူတိုင္းသိေစၿပီး အပန္းေျဖခရီးတစ္ေလွ်ာက္မွာလည္း သင့္ကို အေႏွာင့္အယွက္ ကင္းလြတ္သြားေစပါလိမ့္မယ္။
(၄) လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္ေယာက္နဲ႔ ညႇိႏႈိင္းပါ

အားလပ္ရက္မွာ အပန္းေျဖခရီးမထြက္ခင္၊ သင္မရွိတဲ့အခ်ိန္အတြင္းမွာ တစ္ခုခု လိုအပ္လာပါက သင့္အစား ကူညီေပးဖို႔ သင့္လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ေယာက္နဲ႔ ညိႇႏႈိင္းခဲ့ပါ။ ၿပီးမွ သင္ျပန္ေရာက္လာလို႔ သူတို႔ သြားတဲ့အခ်ိန္က်ရင္လည္း သင့္ဘက္က တစ္ဖန္ျပန္ၿပီး ကူညီေပးပါ။
(၅) အလုပ္အသံုးအေဆာင္ေတြကို သယ္မသြားပါနဲ႔
ကိုယ္ေရးကိုယ္တာအတြက္ အသံုးျပဳရမယ့္ အရာေတြကလြဲၿပီး အလုပ္နဲ႔ဆက္စပ္ပတ္သက္ေနတဲ့၊ တစ္နည္းအားျဖင့္ လုပ္ငန္းသံုး ဖုန္းတို႔၊ လက္ပ္ေတာ့တို႔လို လုပ္ငန္းပိုင္းဆိုင္ရာ အသံုးအေဆာင္ ပစၥည္းေတြကို သယ္မသြားပါနဲ႔။ ဒီပစၥည္းေတြကို ယူေဆာင္သြား မယ့္အစား သင့္အတြက္ အသံုးတည့္ေစမယ့္၊ အသံုးဝင္ေစမယ့္ အရာေတြကိုသာ မေမ့ေအာင္ စဥ္းစားၿပီး သယ္ယူသြားပါ။
(၆) အပန္းေျဖခရီးနဲ႔ မသက္ဆိုင္တဲ့ တျခားအရာေတြကို ေဟာ္တယ္မွာပဲ ထားခဲ့ပါ

အကယ္၍ သင့္အေနနဲ႔ လက္ပ္ေတာ့တို႔၊ အိုင္ပက္တို႔ ပါလာခဲ့တယ္ဆိုရင္လည္း၊ အားလပ္ရက္ အပန္းေျဖခရီးရဲ႕ အရသာကို ခံစားၾကည့္ဖို႔ သင္အျပင္ထြက္တဲ့အခ်ိန္မ်ိဳးေတြမွာ အဲဒီအရာေတြကို ေဟာ္တယ္မွာပဲ ခ်န္ထားခဲ့ပါ။ အေရးေပၚ အသံုးျပဳႏိုင္ဖို႔ ဖုန္းကိုေတာ့ ယူေဆာင္သြားပါ။
(၇) နယ္ေဝးရပ္ေဝး တစ္ေနရာရာကို ခရီးသြားပါ

အတန္အသင့္ ေဝးလံေခါင္ဖ်ားတဲ့ ေနရာမ်ိဳးေတြကို ခရီးသြားဖို႔ ေရြးခ်ယ္ပါ။ အဲဒီလို ေရြးခ်ယ္ခရီးထြက္ျခင္းက သင့္ကို ႀကံဳေတာင္ ့ႀကံဳခဲ အေတြ႔အႀကံဳေတြနဲ႔ သာယာၿငိမ့္ေညာင္းတဲ့ အရသာကို အျပည့္အဝ ေပးစြမ္းႏိုင္ပါလိမ့္မယ္။ တိတ္ဆိတ္ၿပီး သာသာယာ ျဖစ္ေစတဲ့အတြက္ သင့္စိတ္လည္း တည္ၿငိမ္မႈရေစၿပီး တစ္ေလွ်ာက္လံုး ပင္ပန္းလာသမွ်ကိုလည္း ေျပေပ်ာက္ေစပါလိမ့္မယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အတန်အသင့် ဝေးလံခေါင်ဖျားတဲ့ နေရာမျိုးတွေကို ခရီးသွားဖို့ ရွေးချယ်ပါ။
စီးပွားရေးလောကမှာ အရာရာတိုင်းလိုလို ပုံမှန်တိုးတက် ပြောင်းလဲနေပါတယ်။ ဒါ့ကြောင့်လည်း အလုပ် လုပ်ကိုင်နေကြသူတွေ အတွက် အားလပ်ရက်တွေမှာ အပန်းဖြေခရီးထွက်နိုင်ဖို့ဆိုတာ တော်တော်လေးကို ခက်ခဲတဲ့အနေအထားမျိုးတွေ ရှိနေကြပါတယ်။ အကယ်၍ ထွက်ခွင့်ရသွားမယ် ဆိုရင်တောင်မှ တချို့ဆိုရင် အလုပ်တွေ၊ တာဝန်တွေကို ခေါင်းပေါ်ရွက်၊ ပခုံးပေါ်ထမ်းနဲ့ သယ်သွား ကြရတာကို အားလုံးလည်း သတိထားမိကြပါ။

အနည်းဆုံးတော့ ဖုန်းလေး၊ လက်ပ်တော့လေး၊ စာရွက်စာတမ်းလေး စသည်အားဖြင့် ယူဆောင်သွားကြရတာချည်းပါပဲ။ အဲဒီလို ဖြစ်နေတဲ့အခါ သင့်ရဲ့ အပန်းဖြေခရီးဟာလည်း အပန်းမပြေတော့ဘဲ အဖြေက ပိုပြီးပန်သွားတယ်ဆိုတာပဲ တွေ့လာရပါလိမ့်မယ်။ ဒီလို မဖြစ်ရလေအောင် ပညာရှင်တွေ အကြံပြုပေးထားတဲ့ နည်းလမ်းလေး (၇) မျိုးကို အားလုံး လေ့လာနိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) အဓိကတာဝန်တွေကို ပြီးစီးအောင်လုပ်ပါ
အားလပ်ရက်မှာ အပန်းဖြေခရီးမထွက်ခင် ပြီးစီးအောင် လုပ်ဆောင်ခဲ့ဖို့လိုတဲ့ အဓိကတာဝန်တွေ အားလုံးကို လုံးဝပြီးစီးသွားအောင် လုပ်ဆောင်ထားပါ။ ဒီနည်းလမ်းက သင့်ကို အပန်းဖြေခရီးစဉ်တစ်လျှောက်မှာ အလုပ်နဲ့ ပတ်သက်ပြီး ပုံမှန် update ဖြစ်နေမှာကို စိုးရိမ်နေစရာ မလိုတော့ပါဘူး။
(၂) အဆက်အသွယ်လုပ်ရမယ့် အဓိကပွိုင့်ကို သတ်မှတ်ပါ

ဒီအချက်ကတော့ လုပ်ငန်းရှင် အများစုနဲ့ ပိုကိုက်ညီပါလိမ့်မယ်။ လုပ်ဆောင်ဖို့ကျန်နေတဲ့ တာဝန်တွေအတွက် ခရီးမသွားခင် ကိုင်တွယ်နိုင်မယ့် လူတစ်ယောက်ယောက်ကို ရွေးချယ်ပါ။ ဒီလိုရွေးချယ်ကြတဲ့အခါမှာ သင်နဲ့အဆက်အသွယ် မပြတ်ရှိနေနိုင်မယ့် ရုံးက လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်လည်း ရွေးနိုင်ပါတယ်။ သင့်အစား သူ့ကို မေးနိုင်တယ်၊ ပြောနိုင်တယ်ဆိုတာကို လူတိုင်းကိုလည်း မှာခဲ့ပါ။
(၃) ခရီးထွက်သွားကြောင်း အားလုံးကို အသိပေးအကြောင်းကြားပါ
ဒီအချက်ကတော့ လုပ်ငန်းလုပ်ကိုင်နေသူအားလုံးနဲ့ သက်ဆိုင်မယ်လို့ ယူဆပါတယ်။ သင့်ရဲ့ အားလပ်ရက်မှာ အပန်းဖြေခရီး ထွက်နေကြောင်းကို အားလုံးသိအောင် မက်ဆေ့ချ်နဲ့ဖြစ်ဖြစ် အီးမေးလ်နဲ့ပဲ ဖြစ်ဖြစ် အကြောင်းကြား အသိပေးပါ။ ပြီးတော့ သင်ရွေးချယ်ထားခဲ့တဲ့ ကိုယ်စားလှယ်ဆီကိုလည်း တိုက်ရိုက်ဆက်သွယ် နိုင်ကြောင်းနဲ့ သင် ဘယ်အချိန်ပြန်ရောက်မယ် ဆိုတာ ကအစ ထည့်ပြောပေးပါ။ ဒီနည်းလမ်းက သင် ရုံးမှာမရှိဘူးဆိုတာကို လူတိုင်းသိစေပြီး အပန်းဖြေခရီးတစ်လျှောက်မှာလည်း သင့်ကို အနှောင့်အယှက် ကင်းလွတ်သွားစေပါလိမ့်မယ်။
(၄) လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်နဲ့ ညှိနှိုင်းပါ

အားလပ်ရက်မှာ အပန်းဖြေခရီးမထွက်ခင်၊ သင်မရှိတဲ့အချိန်အတွင်းမှာ တစ်ခုခု လိုအပ်လာပါက သင့်အစား ကူညီပေးဖို့ သင့်လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်နဲ့ ညှိနှိုင်းခဲ့ပါ။ ပြီးမှ သင်ပြန်ရောက်လာလို့ သူတို့ သွားတဲ့အချိန်ကျရင်လည်း သင့်ဘက်က တစ်ဖန်ပြန်ပြီး ကူညီပေးပါ။
(၅) အလုပ်အသုံးအဆောင်တွေကို သယ်မသွားပါနဲ့
ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုရမယ့် အရာတွေကလွဲပြီး အလုပ်နဲ့ဆက်စပ်ပတ်သက်နေတဲ့၊ တစ်နည်းအားဖြင့် လုပ်ငန်းသုံး ဖုန်းတို့၊ လက်ပ်တော့တို့လို လုပ်ငန်းပိုင်းဆိုင်ရာ အသုံးအဆောင် ပစ္စည်းတွေကို သယ်မသွားပါနဲ့။ ဒီပစ္စည်းတွေကို ယူဆောင်သွား မယ့်အစား သင့်အတွက် အသုံးတည့်စေမယ့်၊ အသုံးဝင်စေမယ့် အရာတွေကိုသာ မမေ့အောင် စဉ်းစားပြီး သယ်ယူသွားပါ။
(၆) အပန်းဖြေခရီးနဲ့ မသက်ဆိုင်တဲ့ တခြားအရာတွေကို ဟော်တယ်မှာပဲ ထားခဲ့ပါ

အကယ်၍ သင့်အနေနဲ့ လက်ပ်တော့တို့၊ အိုင်ပက်တို့ ပါလာခဲ့တယ်ဆိုရင်လည်း၊ အားလပ်ရက် အပန်းဖြေခရီးရဲ့ အရသာကို ခံစားကြည့်ဖို့ သင်အပြင်ထွက်တဲ့အချိန်မျိုးတွေမှာ အဲဒီအရာတွေကို ဟော်တယ်မှာပဲ ချန်ထားခဲ့ပါ။ အရေးပေါ် အသုံးပြုနိုင်ဖို့ ဖုန်းကိုတော့ ယူဆောင်သွားပါ။
(၇) နယ်ဝေးရပ်ဝေး တစ်နေရာရာကို ခရီးသွားပါ

အတန်အသင့် ဝေးလံခေါင်ဖျားတဲ့ နေရာမျိုးတွေကို ခရီးသွားဖို့ ရွေးချယ်ပါ။ အဲဒီလို ရွေးချယ်ခရီးထွက်ခြင်းက သင့်ကို ကြုံတောင့်ကြုံခဲ အတွေ့အကြုံတွေနဲ့ သာယာငြိမ့်ညောင်းတဲ့ အရသာကို အပြည့်အဝ ပေးစွမ်းနိုင်ပါလိမ့်မယ်။ တိတ်ဆိတ်ပြီး သာသာယာ ဖြစ်စေတဲ့အတွက် သင့်စိတ်လည်း တည်ငြိမ်မှုရစေပြီး တစ်လျှောက်လုံး ပင်ပန်းလာသမျှကိုလည်း ပြေပျောက်စေပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top