Golden City Promotion
×

ယခုပံုထဲမွာ ျမင္ေနရတဲ့အပင္ကေတာ့ ဆိပ္ဖူးပင္ ျဖစ္ပါတယ္။

ဆိပ္ဖူးပင္ဟာ ေဆးဖက္၀င္သည့္ အပင္တစ္မ်ိဳး ျဖစ္ပါတယ္။ ျမန္မာ့တိုင္းရင္းေဆးမ်ားမွာလည္း ဆိပ္ဖူးကို ထည့္သြင္း အသံုးျပဳထားၾကပါသည္။ အခ်ိဳပင္ႏွင့္ အခ်ဥ္ပင္ ႏွစ္မ်ိဳးစလံုး သံုးႏိုင္ပါသည္။

ေဆးသံုးစြဲနည္း

၁။ ဆိပ္ဖူးပင္၏ ဥကို ေထာင္းျပီးလွ်င္ ထန္းလ်ွက္ရည္နွင့္ တစ္ေန႔ ၃ ႀကိမ္ျဖင့္ တစ္လခန့္ ေသာက္ေပးပါက ေလျဖတ္ေ၀ဒနာသည္မ်ား အေကာင္းအတိုင္း ျပန္ျဖစ္လာပါသည္။

၂။ ဆိပ္ဖူး၊ မွ်စ္၊ ပုဇြန္တို့ကို အတူလံုး၍ ရြဲယိုရြက္ျဖင့္ ထုပ္ကာ ခ်က္စားႏိုင္ပါသည္။

၃။ ဆိပ္ဖူးကို ပုဇြန္ေျခာက္ႏွင့္အတူေၾကာ္္၊ က်က္ခါနီး ဆန္မွဳန့္ေရေျဖာ္ျပီးထည့္၊ က်က္သြားေအာင္ထပ္ေၾကာ္ျပီး စားသံုးလွ်င္ အလြန္အရသာရွိပါသည္။

၄။ ဆိပ္ဖူးကို မွဳိႏွင့္အတူ ခ်က္စားလွ်င္ အဆိပ္ေတာက္မ်ားကို ေျပေစပါသည္။

၅။ ဆိပ္ဖူးကို ျပဳတ္၍ တို့စရာအျဖစ္ စားသံုးႏိုင္ပါသည္။ ငရုတ္သီးႏွင့္အတူ ေထာင္းစားႏိုင္ပါသည္။

ဆိပ္ဖူးပင္သည္ မိုးတြင္းမွာ အဖူး ဖူးပါသည္။ ၄င္းေဆးပင္ကို မြန္ျပည္နယ္၊ ထီးလင္း၊ သိမ္ဇရပ္ႏွင့္ အခ်ိဳ့ျမိဳ့မ်ားမွာ ရႏုိင္ပါသည္။ ေစ်းထဲတြင္လည္း ေမး၍ ၀ယ္ယူႏုိင္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေနဆိုင္ (ပူတာအို)

#Unicode Version#
ယခုပုံထဲမှာ မြင်နေရတဲ့အပင်ကတော့ ဆိပ်ဖူးပင် ဖြစ်ပါတယ်။

ဆိပ်ဖူးပင်ဟာ ဆေးဖက်ဝင်သည့် အပင်တစ်မျိုး ဖြစ်ပါတယ်။ မြန်မာ့တိုင်းရင်းဆေးများမှာလည်း ဆိပ်ဖူးကို ထည့်သွင်း အသုံးပြုထားကြပါသည်။ အချိုပင်နှင့် အချဉ်ပင် နှစ်မျိုးစလုံး သုံးနိုင်ပါသည်။

ဆေးသုံးစွဲနည်း

၁။ ဆိပ်ဖူးပင်၏ ဥကို ထောင်းပြီးလျှင် ထန်းလျှက်ရည်နှင့် တစ်နေ့ ၃ ကြိမ်ဖြင့် တစ်လခန့် သောက်ပေးပါက လေဖြတ်ဝေဒနာသည်များ အကောင်းအတိုင်း ပြန်ဖြစ်လာပါသည်။

၂။ ဆိပ်ဖူး၊ မျှစ်၊ ပုဇွန်တို့ကို အတူလုံး၍ ရွဲယိုရွက်ဖြင့် ထုပ်ကာ ချက်စားနိုင်ပါသည်။

၃။ ဆိပ်ဖူးကို ပုဇွန်ခြောက်နှင့်အတူကြော်၊ ကျက်ခါနီး ဆန်မှုန့်ရေဖြော်ပြီးထည့်၊ ကျက်သွားအောင်ထပ်ကြော်ပြီး စားသုံးလျှင် အလွန်အရသာရှိပါသည်။

၄။ ဆိပ်ဖူးကို မှိုနှင့်အတူ ချက်စားလျှင် အဆိပ်တောက်များကို ပြေစေပါသည်။

၅။ ဆိပ်ဖူးကို ပြုတ်၍ တို့စရာအဖြစ် စားသုံးနိုင်ပါသည်။ ငရုတ်သီးနှင့်အတူ ထောင်းစားနိုင်ပါသည်။

ဆိပ်ဖူးပင်သည် မိုးတွင်းမှာ အဖူး ဖူးပါသည်။ ၎င်းဆေးပင်ကို မွန်ပြည်နယ်၊ ထီးလင်း၊ သိမ်ဇရပ်နှင့် အချို့မြို့များမှာ ရနိုင်ပါသည်။ ဈေးထဲတွင်လည်း မေး၍ ဝယ်ယူနိုင်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: နေဆိုင် (ပူတာအို)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top