Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ငွက္ေပ်ာသီးဟာ အေအးစာတစ္မ်ိဳးျဖစ္တဲ႔အတြက္ အဆုတ္နဲ႔ အသက္ရွဴလမ္းေၾကာင္းမွာ ျပႆနာရွိသူေတြအတြက္ေတာ႔ အႏၱရာယ္ရွိပါတယ္။ 
ငွက္ေပ်ာသီးဆိုရင္ ဖီးၾကမ္းစားမလား။ သီးေမႊးစားမလား။ ေရႊနီစားမလား။ ရခိုင္စားမလား။ သူ႔အမ်ိဳးအစားနဲ႔သူ ေမႊးႀကိဳင္ၿပီး ခ်ိဳျမတဲ႔ အရသာတစ္ခုကို ရရွိေစႏိုင္မွာပါ။ ေနာက္ၿပီး ငွက္ေပ်ာသီးစားျခင္းကေန က်န္းမာေရးနဲ႔ အလွအပဆိုင္ရာ အက်ိဳးေက်းဇူး ေတြကိုလည္း ရရွိေစႏိုင္မွာပါ။ ဒါေပမယ္႔ ငွက္ေပ်ာသီးမွာလည္း ေဘးထြက္ဆိုးက်ိဳးေတြ (side-effects) ရွိေနပါေသးတယ္။ အဲဒီေဘးထြက္ဆိုးက်ိဳးေတြကို သိထားရင္ မိမိနဲ႔ ကိုက္ညီမႈ ရွိမရွိ ဆံုးျဖတ္ၿပီး အက်ိဳးရွိရွိ စားသံုးႏိုင္မွာပါေနာ္။
၁။ ခြ်ဲထေစတယ္
ပန္းနာသမားေတြဆိုရင္ေတာ႔ ဒီအေၾကာင္းကို သိေကာင္းသိမွာပါ။ ငွက္ေပ်ာသီးဟာ အေအးစာတစ္မ်ိဳးျဖစ္တဲ႔အတြက္ အဆုတ္နဲ႔ အသက္ရွဴလမ္းေၾကာင္းမွာ ျပႆနာရွိသူေတြအတြက္ေတာ႔ အႏၱရာယ္ရွိပါတယ္။ အဲဒါကေတာ႔ ခြ်ဲထေစႏိုင္တာပါပဲ။ ေနာက္ၿပီး အသက္ရွဴလမ္းေၾကာင္း ဆိုင္ရာျပႆနာတခ်ိဳ႕ကိုလည္း ေဆာင္ၾကဥ္းလာႏိုင္ပါေသးတယ္။
ငွက္ေပ်ာသီး စားသံုးမႈေၾကာင္႔ အသက္ရွဴလမ္းေၾကာင္း ပိတ္ဆို႕မႈ ျဖစ္ႏိုင္ေျခရွိပါတယ္။ အဲဒီကမွတဆင္႔ အသက္ရွဴရခက္ခဲျခင္း၊ အစာမ်ိဳခ်ရခက္ခဲျခင္း၊ ရင္ဝမွာ ခြ်ဲပိတ္ဆို႔ျခင္းေတြ ျဖစ္ေစႏိုင္ပါတယ္။ အေျခအေနဆိုးရြားရင္ ခြ်ဲဆို႔ၿပီး ေသတတ္ပါတယ္။
၂။ ဝိတ္တက္ေစမယ္
အာလူးေၾကာ္တို႔၊ ကိုကာကိုလာတို႔ထက္ စာရင္ေတာ႔ ငွက္ေပ်ာသီးေတြက ကယ္လိုရီပါဝင္မႈ ပိုနည္းတာ အမွန္ပါပဲ။ ဒါေပမယ္႔ သူတို႔မွာ ခင္ဗ်ားကို ဝိတ္တက္ေစႏိုင္တဲ႔ ကယ္လိုရီပမာဏေတာ႔ လံုေလာက္စြာ ပါဝင္ေနပါတယ္။ ငွက္ေပ်ာသီး အရြယ္ခပ္လတ္လတ္တစ္လံုးမွာ (၁၀၅) ကယ္လိုရီပါဝင္ပါတယ္။
ဒါဟာ လိေမၼာ္သီးတစ္လံုးမွာပါဝင္တဲ႔ ကယ္လိုရီ (၆၂)၊ ဖရဲသီးတစ္ပန္းကန္မွာပါဝင္တဲ႔ ကယ္လိုရီ (၄၅)၊ စပ်စ္သီး တစ္ပန္းကန္မွာ ပါဝင္တဲ႔ ကယ္လိုရီ (၆၂) တို႔နဲ႔ႏႈိင္းယွဥ္ရင္ေတာ႔ ေတာ္ေတာ္မ်ားတယ္လို႔ ဆိုႏုိင္ပါတယ္။ ဒါေၾကာင္႔ ကယ္လိုရီနည္းတဲ႔ မုန္႔ပဲသေရစာ တစ္ခုခုကို ရွာေနတယ္ဆိုရင္ေတာ႔ ငွက္ေပ်ာသီးက အေကာင္းဆံုး ေရြးခ်ယ္မႈတစ္ခု မဟုတ္ပါဘူး။
၃။ ေခါင္းကိုက္ေစတယ္
တကယ္လို႔ ခင္ဗ်ားဟာ မၾကာခဏေခါင္းကိုက္ ေခါင္းမူးတတ္တယ္ဆိုရင္ေတာ႔ ငွက္ေပ်ာသီးစားသံုးျခင္းကို အထူးေရွာင္ၾကဥ္ သင္႔ပါတယ္။ ဒိန္ခဲ၊ ငါး၊ အသားနဲ႔ ငွက္ေပ်ာသီးထဲမွာ ေတြ႕ရတတ္တဲ႔ Tyramine လို႔ေခၚတဲ႔ အရာတစ္မ်ိဳးဟာ ေခါင္းကိုက္ျခင္း ေဝဒနာေတြကို ျဖစ္ေစႏိုင္ပါတယ္လို႔ ေမရီလင္ေဆးဝါးတကၠသိုလ္က သုေတသီေတြက ဆိုထားပါတယ္။ အထူးသျဖင္႔ ငွက္ေပ်ာခြံေပၚက Tyramine ပမာဏက ငွက္ေပ်ာသီးအသားထက္ (၁၀) ဆေလာက္ ပိုမ်ားပါသတဲ႔။
၄။ သြားကိုက္သြားနာေစမယ္
ကစီဓာတ္ၾကြယ္ဝတဲ႔ ငွက္ေပ်ာသီးေတြဟာ သြားကိုက္သြားနာျခင္းနဲ႔ သြားအေပၚယံေၾကြလႊာ ပ်က္ဆီးျခင္းေတြကိုလည္း ျဖစ္ေစႏိုင္ပါတယ္။ ေဆးဘက္ဆိုင္ရာ ေလ႔လာမႈေတြအရေတာ႔ ငွက္ေပ်ာသီးေတြက ေခ်ာကလက္၊ ပီေက၊ အနီေရာင္ႏြယ္ခ်ိဳတို႔ ထက္ေတာင္ပိုၿပီး ခံတြင္းက်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္တဲ႔။
ဘာေၾကာင္႔လဲဆိုေတာ႔ ကစီဓာတ္ေတြက ခံတြင္းထဲမွာ ေႏွးေကြးစြာ ေပ်ာ္ဝင္ၿပီး သၾကားေတြကေတာ႔ ျမန္ဆန္စြာ ေပ်ာ္ဝင္ႏိုင္လို႔ပါပဲ။ ဒါေၾကာင္႔ ငွက္ေပ်ာသီးစားထားရင္ ငွက္ေပ်ာသီးဖတ္ေလးေတြက သြားေတြၾကားမွာ ႏွစ္နာရီဝန္းက်င္ကပ္ေနႏိုင္ၿပီး ဘက္တီးရီးယားေတြကို ဖိတ္ေခၚေနႏိုင္ပါတယ္။ အဲဒီကမွတဆင္႔ သြားပိုးေပါက္ေတြ ျဖစ္လာႏိုင္ပါတယ္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version#
 ငှက်ပျောသီးဟာ အအေးစာတစ်မျိုးဖြစ်တဲ့အတွက် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းမှာ ပြဿနာရှိသူတွေအတွက်တော့ အန္တရာယ်ရှိပါတယ်။

ငှက်ပျောသီးဆိုရင် ဖီးကြမ်းစားမလား။ သီးမွှေးစားမလား။ ရွှေနီစားမလား။ ရခိုင်စားမလား။ သူ့အမျိုးအစားနဲ့သူ မွှေးကြိုင်ပြီး ချိုမြတဲ့ အရသာတစ်ခုကို ရရှိစေနိုင်မှာပါ။ နောက်ပြီး ငှက်ပျောသီးစားခြင်းကနေ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူး တွေကိုလည်း ရရှိစေနိုင်မှာပါ။ ဒါပေမယ့် ငှက်ပျောသီးမှာလည်း ဘေးထွက်ဆိုးကျိုးတွေ (side-effects) ရှိနေပါသေးတယ်။ အဲဒီဘေးထွက်ဆိုးကျိုးတွေကို သိထားရင် မိမိနဲ့ ကိုက်ညီမှု ရှိမရှိ ဆုံးဖြတ်ပြီး အကျိုးရှိရှိ စားသုံးနိုင်မှာပါနော်။

၁။ ချွဲထစေတယ်

ပန်းနာသမားတွေဆိုရင်တော့ ဒီအကြောင်းကို သိကောင်းသိမှာပါ။ ငှက်ပျောသီးဟာ အအေးစာတစ်မျိုးဖြစ်တဲ့အတွက် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းမှာ ပြဿနာရှိသူတွေအတွက်တော့ အန္တရာယ်ရှိပါတယ်။ အဲဒါကတော့ ချွဲထစေနိုင်တာပါပဲ။ နောက်ပြီး အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာတချို့ကိုလည်း ဆောင်ကြဉ်းလာနိုင်ပါသေးတယ်။

ငှက်ပျောသီး စားသုံးမှုကြောင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု ဖြစ်နိုင်ခြေရှိပါတယ်။ အဲဒီကမှတဆင့် အသက်ရှူရခက်ခဲခြင်း၊ အစာမျိုချရခက်ခဲခြင်း၊ ရင်ဝမှာ ချွဲပိတ်ဆို့ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အခြေအနေဆိုးရွားရင် ချွဲဆို့ပြီး သေတတ်ပါတယ်။

၂။ ဝိတ်တက်စေမယ်

အာလူးကြော်တို့၊ ကိုကာကိုလာတို့ထက် စာရင်တော့ ငှက်ပျောသီးတွေက ကယ်လိုရီပါဝင်မှု ပိုနည်းတာ အမှန်ပါပဲ။ ဒါပေမယ့် သူတို့မှာ ခင်ဗျားကို ဝိတ်တက်စေနိုင်တဲ့ ကယ်လိုရီပမာဏတော့ လုံလောက်စွာ ပါဝင်နေပါတယ်။ ငှက်ပျောသီး အရွယ်ခပ်လတ်လတ်တစ်လုံးမှာ (၁၀၅) ကယ်လိုရီပါဝင်ပါတယ်။

ဒါဟာ လိမ္မော်သီးတစ်လုံးမှာပါဝင်တဲ့ ကယ်လိုရီ (၆၂)၊ ဖရဲသီးတစ်ပန်းကန်မှာပါဝင်တဲ့ ကယ်လိုရီ (၄၅)၊ စပျစ်သီး တစ်ပန်းကန်မှာ ပါဝင်တဲ့ ကယ်လိုရီ (၆၂) တို့နဲ့နှိုင်းယှဉ်ရင်တော့ တော်တော်များတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ကယ်လိုရီနည်းတဲ့ မုန့်ပဲသရေစာ တစ်ခုခုကို ရှာနေတယ်ဆိုရင်တော့ ငှက်ပျောသီးက အကောင်းဆုံး ရွေးချယ်မှုတစ်ခု မဟုတ်ပါဘူး။

၃။ ခေါင်းကိုက်စေတယ်

တကယ်လို့ ခင်ဗျားဟာ မကြာခဏခေါင်းကိုက် ခေါင်းမူးတတ်တယ်ဆိုရင်တော့ ငှက်ပျောသီးစားသုံးခြင်းကို အထူးရှောင်ကြဉ် သင့်ပါတယ်။ ဒိန်ခဲ၊ ငါး၊ အသားနဲ့ ငှက်ပျောသီးထဲမှာ တွေ့ရတတ်တဲ့ Tyramine လို့ခေါ်တဲ့ အရာတစ်မျိုးဟာ ခေါင်းကိုက်ခြင်း ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်လို့ မေရီလင်ဆေးဝါးတက္ကသိုလ်က သုတေသီတွေက ဆိုထားပါတယ်။ အထူးသဖြင့် ငှက်ပျောခွံပေါ်က Tyramine ပမာဏက ငှက်ပျောသီးအသားထက် (၁၀) ဆလောက် ပိုများပါသတဲ့။

၄။ သွားကိုက်သွားနာစေမယ်

ကစီဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးတွေဟာ သွားကိုက်သွားနာခြင်းနဲ့ သွားအပေါ်ယံကြွေလွှာ ပျက်ဆီးခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဆေးဘက်ဆိုင်ရာ လေ့လာမှုတွေအရတော့ ငှက်ပျောသီးတွေက ချောကလက်၊ ပီကေ၊ အနီရောင်နွယ်ချိုတို့ ထက်တောင်ပိုပြီး ခံတွင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်တဲ့။

ဘာကြောင့်လဲဆိုတော့ ကစီဓာတ်တွေက ခံတွင်းထဲမှာ နှေးကွေးစွာ ပျော်ဝင်ပြီး သကြားတွေကတော့ မြန်ဆန်စွာ ပျော်ဝင်နိုင်လို့ပါပဲ။ ဒါကြောင့် ငှက်ပျောသီးစားထားရင် ငှက်ပျောသီးဖတ်လေးတွေက သွားတွေကြားမှာ နှစ်နာရီဝန်းကျင်ကပ်နေနိုင်ပြီး ဘက်တီးရီးယားတွေကို ဖိတ်ခေါ်နေနိုင်ပါတယ်။ အဲဒီကမှတဆင့် သွားပိုးပေါက်တွေ ဖြစ်လာနိုင်ပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit:Duwun





 

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top