ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေျမာက္ကိုရီးယား အစိုးရအေပၚ အေမရိကန္သမၼတ Donald Trump နဲ႔ ဂ်ပန္၀န္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးတို႔က ဖိအား ေပးမႈေတြ ဆက္လက္ျပဳလုပ္ေနၾကခ်ိန္မွာ သူ႔ႏိုင္ငံရဲ႕ ႏ်ဴကလီးယားလက္နက္မ်ား အစီအစဥ္ဟာ က်ဴးေက်ာ္ရန္စမႈကို ခုခံကာကြယ္ ႏိုင္ေရးအတြက္ အဖိုးတန္တဲ့ဓါးတလက္ ျဖစ္တယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္Kim Jong Un က ျပတ္သားစြာ ေျပာဆို လိုက္ပါတယ္။

ေျမာက္ကိုရီယား ေခါင္းေဆာင္ Kim က ႏိုင္ငံရဲ႕ ၾသဇာကတိက ႀကီးမားတဲ့ အလုပ္သမားပါတီ ဗဟိုေကာ္မတီကို စေနေန႔က ေျပာဆိုရာမွာ ႏ်ဴကလီးယားလက္နက္ေတြဟာ ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာ တည္တံ့ေစဖို႔အတြက္နဲ႔ သူ႔ရဲ႕ အဆိုအရ အေမရိကန္နယ္ခ်ဲ႕ေတြရဲ႕ ကာလရွည္ၾကာ ႏ်ဴကလီးယား ၿခိမ္းေျခာက္ေနမႈေတြကို ဟန္႔တားဖို႔မွာ အားေကာင္းတဲ့ အဟန္႔အတား ျဖစ္တယ္လို႔ ေျပာဆိုေၾကာင္း ႏိုင္ငံပိုင္ မီဒီယာမွာ ေဖၚျပထားပါတယ္။

ဒါေပမယ့္ ေျမာက္ကိုရီးယားႏိုင္ငံအေနနဲ႔ အေမရိကန္ျပည္ေထာင္စု၊ ဂ်ပန္၊ ေတာင္ကိုရီးယားႏိုင္ငံအပါ၀င္ တျခား ႏိုင္ငံေတြနဲ႔ ရင္ဆိုင္ဖို႔ ႀကိဳးပမ္းေနရတဲ့ သူ႔ႏိုင္ငံရဲ႕ ႏ်ဴကလီးယား လက္နက္ တည္ေဆာက္ေရးကိစၥေၾကာင့္ ႏိုင္ငံတကာရဲ႕ အေျခအေနေတြကို ရႈပ္ေထြးမႈေတြ ျဖစ္ေစတဲ့အေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim က အသိအမွတ္ျပဳ ေျပာဆိုပါတယ္။

သူ႔ႏိုင္ငံရဲ႕ ႏိုင္ငံျခားပို႔ကုန္နဲ႔ ၀င္ေငြထိခိုက္ေအာင္ ကုလသမဂၢ က အေရးယူပိတ္ဆို႔မႈေတြ ျပဳလုပ္ေနခ်ိန္မွာ ေျမာက္ကိုရီးယား ႏိုင္ငံရဲ႕ စီးပြားေရးဖြံ႔ၿဖိဳးမႈ ရွိေစေရး အတြက္ ဆက္လက္ က်ိဳးပမ္းလုပ္ေဆာင္သြားမွာ ျဖစ္တဲ့အေၾကာင္း ကင္မ္ ကေျပာပါတယ္။ အေျခအေနေတြ တင္းမာ ခက္ထန္ေနခ်ိန္မွာ ေျမာက္ကိုရီးယားႏိုင္ငံအေနနဲ႔ တုန္လႈပ္ဖြယ္ရာေတြ ရင္ဆိုင္ေနရေပမယ့္ စီးပြားေရးကေတာ့ တိုးတက္မႈရွိေနတယ္လို႔ ကင္မ္ က ေျပာၾကားလိုက္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithtoolwin

#Unicode Version#

မြောက်ကိုရီးယား အစိုးရအပေါ် အမေရိကန်သမ္မတ Donald Trump နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့က ဖိအား ပေးမှုတွေ ဆက်လက်ပြုလုပ်နေကြချိန်မှာ သူ့နိုင်ငံရဲ့ နျူကလီးယားလက်နက်များ အစီအစဉ်ဟာ ကျူးကျော်ရန်စမှုကို ခုခံကာကွယ် နိုင်ရေးအတွက် အဖိုးတန်တဲ့ဓါးတလက် ဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်Kim Jong Un က ပြတ်သားစွာ ပြောဆို လိုက်ပါတယ်။

မြောက်ကိုရီယား ခေါင်းဆောင် Kim က နိုင်ငံရဲ့ သြဇာကတိက ကြီးမားတဲ့ အလုပ်သမားပါတီ ဗဟိုကော်မတီကို စနေနေ့က ပြောဆိုရာမှာ နျူကလီးယားလက်နက်တွေဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့စေဖို့အတွက်နဲ့ သူ့ရဲ့ အဆိုအရ အမေရိကန်နယ်ချဲ့တွေရဲ့ ကာလရှည်ကြာ နျူကလီးယား ခြိမ်းခြောက်နေမှုတွေကို ဟန့်တားဖို့မှာ အားကောင်းတဲ့ အဟန့်အတား ဖြစ်တယ်လို့ ပြောဆိုကြောင်း နိုင်ငံပိုင် မီဒီယာမှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံအပါဝင် တခြား နိုင်ငံတွေနဲ့ ရင်ဆိုင်ဖို့ ကြိုးပမ်းနေရတဲ့ သူ့နိုင်ငံရဲ့ နျူကလီးယား လက်နက် တည်ဆောက်ရေးကိစ္စကြောင့် နိုင်ငံတကာရဲ့ အခြေအနေတွေကို ရှုပ်ထွေးမှုတွေ ဖြစ်စေတဲ့အကြောင်း မြောက်ကိုရီးယားခေါင်းဆောင် Kim က အသိအမှတ်ပြု ပြောဆိုပါတယ်။

သူ့နိုင်ငံရဲ့ နိုင်ငံခြားပို့ကုန်နဲ့ ဝင်ငွေထိခိုက်အောင် ကုလသမဂ္ဂ က အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်နေချိန်မှာ မြောက်ကိုရီးယား နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ရှိစေရေး အတွက် ဆက်လက် ကျိုးပမ်းလုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ကင်မ် ကပြောပါတယ်။ အခြေအနေတွေ တင်းမာ ခက်ထန်နေချိန်မှာ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ တုန်လှုပ်ဖွယ်ရာတွေ ရင်ဆိုင်နေရပေမယ့် စီးပွားရေးကတော့ တိုးတက်မှုရှိနေတယ်လို့ ကင်မ် က ပြောကြားလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top