ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

                                     စပါးေလွ႕ေနတဲ့ လယ္သမား တဦး
ျမန္မာနိုင္ငံကထြက္ရွိတဲ့စပါးကို တ႐ုတ္နိုင္ငံကိုတရားမဝင္တင္ပို ့ေနမွုကို တားဆီးေပးဖို႔မႏၲေလး နဲ ့ရန္ကုန္က ဆန္စက္လုပ္ငန္းရွင္ေတြဟာ သက္ဆိုင္ရာဝန္ႀကီးဌာနကိုတင္ျပခဲ့ၾကပါတယ္။

ျမန္မာနိုင္ငံကထြက္ရွိတဲ့စပါးကို တ႐ုတ္နိုင္ငံကိုတရားဝင္တင္ပို႔ခြင့္ျပဳမထားသလို တ႐ုတ္နိုင္ငံကလည္း တရားဝင္တင္သြင္းခြင့္ျပဳ မထားပါဘူး ။ ဒါေပမဲလည္း ၿပီးခဲ့တဲ့ႏွစ္ကစလို ့ျမန္မာနိုင္ငံကထြက္ရွိတဲ့ စပါးကို တ႐ုတ္နိုင္ငံကိုေမွာင္ခိုလမ္းကတဆင့္တင္ပိုေနၾကတာပါ။မႏၲေလးနဲ ့ရန္ကုန္က ဆန္စက္လုပ္ငန္းရွင္ေတြဟာ သက္ဆိုင္ရာဝန္ႀကီးဌာနကိုတင္ျပခဲ့တယ္လို႔မႏၲေလးက ဆန္ကုန္သည္ ကိုစိုင္းေက်ာ္ကဘီဘီစီကို ေျပာပါတယ္။

တရားဝင္ခြင့္ျပဳခ်က္မရွိပဲ ခိုးၿပီး နိုင္ငံတကာကိုသြားေနတယ္ဆိုတာ တင္ျပတာပါ။ အခြန္လည္းမရဘူး။ ျပည္တြင္းစားသုံးသူေတြပါ ဒုကၡေရာက္နိုင္ၿပီး ေမြးျမဴေရးအစာ သမားေတြပါ ဒုကၡေရာက္နိုင္တယ္။ လို႔ မႏၲေလးၿမိဳ႕က ဆန္ကုန္သည္ စိုင္းေက်ာ္က ေျပာပါတယ္။

စပါးတင္ပိုတဲ့လူေတြကေတာ့မ်ိဳးစပါးကိုသာတင္ပို ့တာျဖစ္တယ္လို ့အေၾကာင္းၿပ ေျပာဆိုေနပါတယ္။ တကယ္လက္ေတြ ့မွာေတာ့ မ်ိဳးစပါးကိုတင္ပို ့တာမဟုတ္ပဲ ထြက္သမၽွစပါးေတြကို တင္ပို ့ေနတာျဖစ္တယ္လို လဲကုန္သည္ေတြကေျပာပါတယ္။

ယမန္ႏွစ္တုန္းကေတာ့ မႏၲေလးတိုင္း မတၱရာေလာက္အထိသာ လာဝယ္ၿပီး မႏၲေလးတတိုင္းလုံး ထြက္တဲ့ႏွုန္းရဲ့ ၅၀ ရာခိုင္ႏွုန္းေလာက္ရွိေပမဲ့ ဒီႏွစ္မွာေတာ့ ပဲခူးတိုင္းအေနာက္ျခမ္းက စပါးေတြပါ တ႐ုတ္ဘက္သြားေနတာေတြ ရွိလာတယ္လို႔ စိုင္းေက်ာ္က ေျပာပါတယ္။

အဲဒီလိုစပါးကိုတင္ပို ့ေနတဲ့အတြက္မႏၲေလးတိုင္းေဒသႀကီးက စပါးထြက္တဲ့ေဒသအခ်ိဳ ့မွာ ဆန္ကို ျပည္လည္ ဝယ္စားေနရပါတယ္လို႔ ဆန္ကုန္သည္ေတြက ဆိုပါတယ္။

သက္ဆိုင္ရာဝန္ထမ္းအႀကီးအကဲေတြအေနနဲ ့ေတာ့ဒီကိစၥကို ဆက္လက္တင္ျပသြားမယ္လို႔ဝန္ထမ္း အႀကီးအကဲတစ္ဦးကေျပာပါတယ္။

စပါးကေန ဆန္အျဖစ္ႀကိတ္ခြဲတဲ့အခါထြက္ရွိလာတဲ့ ဖြဲ ဇကြဲတိုကို တိရိ စၧာအစာအျဖစ္ ျပည္တြင္း က ေမြးျမဴေရးလုပ္ငန္းလုပ္ကိုင္သူေတြကဝယ္ယူၾကပါတယ္။ တကယ္လို႔ စပါးကိုဆန္အျဖစ္ႀကိတ္ခြဲ ၿပီးမွာ မပို ့ပဲ စပါးအျဖစ္သာပိုမယ္ဆိုပါက ဆန္စက္လုပ္ငန္းရွင္ေတြထိခိုက္လာမွာျဖစ္လို ေရရွည္မွာတိရိစၧာန္အစာအတြက္အခက္အခဲရွိလာနိုင္တယ္လို ့ဆန္ကုန္ သည္ေတြကေျပာဆိုပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Thithtoolwin
#Unicode Version#
မြန်မာနိုင်ငံကထွက်ရှိတဲ့စပါးကို တရုတ်နိုင်ငံကိုတရားမဝင်တင်ပို့နေမှုကို တားဆီးပေးဖို့မန္တလေး နဲ့ရန်ကုန်က ဆန်စက်လုပ်ငန်းရှင်တွေဟာ သက်ဆိုင်ရာဝန်ကြီးဌာနကိုတင်ပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံကထွက်ရှိတဲ့စပါးကို တရုတ်နိုင်ငံကိုတရားဝင်တင်ပို့ခွင့်ပြုမထားသလို တရုတ်နိုင်ငံကလည်း တရားဝင်တင်သွင်းခွင့်ပြု မထားပါဘူး ။ ဒါပေမဲလည်း ပြီးခဲ့တဲ့နှစ်ကစလို့မြန်မာနိုင်ငံကထွက်ရှိတဲ့ စပါးကို တရုတ်နိုင်ငံကိုမှောင်ခိုလမ်းကတဆင့်တင်ပိုနေကြတာပါ။မန္တလေးနဲ့ရန်ကုန်က ဆန်စက်လုပ်ငန်းရှင်တွေဟာ သက်ဆိုင်ရာဝန်ကြီးဌာနကိုတင်ပြခဲ့တယ်လို့မန္တလေးက ဆန်ကုန်သည် ကိုစိုင်းကျော်ကဘီဘီစီကို ပြောပါတယ်။

တရားဝင်ခွင့်ပြုချက်မရှိပဲ ခိုးပြီး နိုင်ငံတကာကိုသွားနေတယ်ဆိုတာ တင်ပြတာပါ။ အခွန်လည်းမရဘူး။ ပြည်တွင်းစားသုံးသူတွေပါ ဒုက္ခရောက်နိုင်ပြီး မွေးမြူရေးအစာ သမားတွေပါ ဒုက္ခရောက်နိုင်တယ်။ လို့ မန္တလေးမြို့က ဆန်ကုန်သည် စိုင်းကျော်က ပြောပါတယ်။

စပါးတင်ပိုတဲ့လူတွေကတော့မျိုးစပါးကိုသာတင်ပို့တာဖြစ်တယ်လို့အကြောင်းပြ ပြောဆိုနေပါတယ်။ တကယ်လက်တွေ့မှာတော့ မျိုးစပါးကိုတင်ပို့တာမဟုတ်ပဲ ထွက်သမျှစပါးတွေကို တင်ပို့နေတာဖြစ်တယ်လို လဲကုန်သည်တွေကပြောပါတယ်။

ယမန်နှစ်တုန်းကတော့ မန္တလေးတိုင်း မတ္တရာလောက်အထိသာ လာဝယ်ပြီး မန္တလေးတတိုင်းလုံး ထွက်တဲ့နှုန်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်ရှိပေမဲ့ ဒီနှစ်မှာတော့ ပဲခူးတိုင်းအနောက်ခြမ်းက စပါးတွေပါ တရုတ်ဘက်သွားနေတာတွေ ရှိလာတယ်လို့ စိုင်းကျော်က ပြောပါတယ်။

အဲဒီလိုစပါးကိုတင်ပို့နေတဲ့အတွက်မန္တလေးတိုင်းဒေသကြီးက စပါးထွက်တဲ့ဒေသအချို့မှာ ဆန်ကို ပြည်လည် ဝယ်စားနေရပါတယ်လို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။

သက်ဆိုင်ရာဝန်ထမ်းအကြီးအကဲတွေအနေနဲ့တော့ဒီကိစ္စကို ဆက်လက်တင်ပြသွားမယ်လို့ဝန်ထမ်း အကြီးအကဲတစ်ဦးကပြောပါတယ်။

စပါးကနေ ဆန်အဖြစ်ကြိတ်ခွဲတဲ့အခါထွက်ရှိလာတဲ့ ဖွဲ ဇကွဲတိုကို တိရိ စ္ဆာအစာအဖြစ် ပြည်တွင်း က မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေကဝယ်ယူကြပါတယ်။ တကယ်လို့ စပါးကိုဆန်အဖြစ်ကြိတ်ခွဲ ပြီးမှာ မပို့ပဲ စပါးအဖြစ်သာပိုမယ်ဆိုပါက ဆန်စက်လုပ်ငန်းရှင်တွေထိခိုက်လာမှာဖြစ်လို ရေရှည်မှာတိရိစ္ဆာန်အစာအတွက်အခက်အခဲရှိလာနိုင်တယ်လို့ဆန်ကုန် သည်တွေကပြောဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top