Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဂ်ပန္နိုင္ငံမွာ မီးရထားကို ပုံမွန္ ေစာင့္စီးတဲ့ အထက္တန္း ေက်ာင္းသူ တစ္ေယာက္ေၾကာင့္ အစိုးရက မီးရထားကို ပုံမွန္ေျပးဆြဲ ေပးခဲ့တယ္လို႔ သိရွိရပါတယ္။ ထိုမီးရထားဟာ မွတ္တိုင္ ႏွစ္ခုပဲ ရပ္ပါတယ္။ ေက်ာင္းသူမေလး စတင္ စီးနင္းတဲ့ မွတ္တိုင္နဲ႔ သူမဆင္းတဲ့ မွတ္တိုင္ ႏွစ္ခုမွာပဲ ရပ္တယ္လို႔ ဆိုပါတယ္။ အျခား မွတ္တိုင္မ်ားကေတာ့ ရထားကို စီးသူလုံးဝ မရွိပါဘူး။
မီးရထားဟာ စီးသူ မရွိေသာေၾကာင့္ ရပ္နားထားရတာကေန ပုံမွန္ေစာင့္ၿပီး စီးေသာ အထက္တန္းေက်ာင္းသူ မိန္းကေလးေၾကာင့္ ျပန္လည္ ေျပးဆြဲေပးခဲ့တယ္လို႔လည္း ဆိုပါတယ္။ ရထား တစ္စီးလုံးမွာလည္း ထိုမိန္းကေလး တစ္ေယာက္သာ ရွိၿပီးေတာ့ သူမဟာ ထိုမီးရထားကို စီးၿပီး ေက်ာင္းကိုသြားျခင္း ျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒါ့အျပင္ ရထားထြက္ခ်ိန္ သိမ္းခ်ိန္မ်ားကိုလည္း ထိုေက်ာင္းသူရဲ့ စီးနင္းတဲ့ အခ်ိန္ေပၚမူတည္ၿပီး ရထားဌာနမွ သတ္မွတ္ ေပးထားပါတယ္။ အဲဒီရထားဟာ အထက္တန္း ေက်ာင္းသူေလး ပညာသင္ၾကားမူ ၿပီးဆုံးသြားတဲ့ အခါမွာ အၿပီး ရပ္နားေတာ့မွာ ျဖစ္ေၾကာင္း သိရွိရပါတယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutalwinpyin

# Unicode Version ျဖင့္ ဖတ္ပါ #

ဂျပန်နိုင်ငံမှာ မီးရထားကို ပုံမှန် စောင့်စီးတဲ့ အထက်တန်း ကျောင်းသူ တစ်ယောက်ကြောင့် အစိုးရက မီးရထားကို ပုံမှန်ပြေးဆွဲ ပေးခဲ့တယ်လို့ သိရှိရပါတယ်။ ထိုမီးရထားဟာ မှတ်တိုင် နှစ်ခုပဲ ရပ်ပါတယ်။ ကျောင်းသူမလေး စတင် စီးနင်းတဲ့ မှတ်တိုင်နဲ့ သူမဆင်းတဲ့ မှတ်တိုင် နှစ်ခုမှာပဲ ရပ်တယ်လို့ ဆိုပါတယ်။ အခြား မှတ်တိုင်များကတော့ ရထားကို စီးသူလုံးဝ မရှိပါဘူး။
မီးရထားဟာ စီးသူ မရှိသောကြောင့် ရပ်နားထားရတာကနေ ပုံမှန်စောင့်ပြီး စီးသော အထက်တန်းကျောင်းသူ မိန်းကလေးကြောင့် ပြန်လည် ပြေးဆွဲပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ရထား တစ်စီးလုံးမှာလည်း ထိုမိန်းကလေး တစ်ယောက်သာ ရှိပြီးတော့ သူမဟာ ထိုမီးရထားကို စီးပြီး ကျောင်းကိုသွားခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရထားထွက်ချိန် သိမ်းချိန်များကိုလည်း ထိုကျောင်းသူရဲ့ စီးနင်းတဲ့ အချိန်ပေါ်မူတည်ပြီး ရထားဌာနမှ သတ်မှတ် ပေးထားပါတယ်။ အဲဒီရထားဟာ အထက်တန်း ကျောင်းသူလေး ပညာသင်ကြားမူ ပြီးဆုံးသွားတဲ့ အခါမှာ အပြီး ရပ်နားတော့မှာ ဖြစ်ကြောင်း သိရှိရပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit: thutalwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top