Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zqawgyi Version ျဖင့္ ဖတ္ပါ #

ျမန္မာႏိုင္ငံတစ္ဝန္း ၂၀၁ရ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔ကေန ေအာက္တိုဘာလ ၁၄ ရက္ေန႔အထိ ျဖစ္ပြားခဲ့တဲ့ မီးေလာင္မႈေတြေၾကာင့္ လူအေယာက္ ၉၀ နီးပါး ေသဆံုးခဲ့ၿပီး တန္ဖိုးေငြ က်ပ္သိန္း ႏွစ္ေထာင္ေက်ာ္ မီးေလာင္ဆံုး႐ံႈးခဲ့တယ္လို႔ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ သတင္းထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

အဆိုပါကာလအတြင္း မီးေလာင္မႈအႀကိမ္ ၁၄၅၀ ေက်ာ္ ျဖစ္ပြားခဲ့ၿပီး လူဦးေရ ၃၅၀ဝ ေက်ာ္က မီးေဘးသင့္ခဲ့ကာ အိမ္ေျခ ၂၆၀ဝ ေက်ာ္နဲ႔ စက္႐ံုအလုပ္႐ံု ၄ လံုး၊ ဂိုေဒါင္ ၂၃ လံုး မီးေလာင္ ဆံုး႐ံႈးခဲ့ၿပီး ကခ်င္၊ ကယား၊ ခ်င္း၊ ရခိုင္ႏွင့္ ရွမ္းျပည္နယ္၊ စစ္ကိုင္း၊ ပဲခူး၊ ရန္ကုန္နဲ႔ တနသၤာရီ တို္င္းေဒသႀကီးတို႔မွာ အရင္ႏွစ္ထက္ မီးေလာင္မႈ ပိုမိုျဖစ္ပြားခဲ့တယ္လုိ႔ သိရပါတယ္။

“ဒီစာရင္းထဲမွာ ကန္ေတာ္ႀကီးပဲေလ့စ္ ဟိုတယ္မီးေလာင္ဆံုး႐ံႈးမႈစာရင္း မပါေသးဘူး။ ဒီဟိုတယ္ရဲ႕ ဆံုး႐ံႈးမႈ တန္ဖိုးနဲ႔ မီးေလာင္ရတဲ့ အေၾကာင္းအရင္းေတြကို လက္ရွိ စံုခံုဖြဲ႔ စစ္ေဆးေနတုန္း၊ မႏွစ္က မဂၤလာေဈး မီးေလာင္ဆံုး႐ံႈးမႈ တန္ဖိုးက က်ပ္သိန္း သံုးေသာင္း ေျခာက္ေထာင္ေက်ာ္ ရွိခဲ့တယ္။ ဒီႏွစ္ေတာ့ အဲဆံုး႐ံႈးမႈ တန္ဖိုးထက္ မပိုႏိုင္ေတာ့ဘူး ထင္တယ္”လုိ႔ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႔မွ တာဝန္ရွိသူတစ္ဦးက ရွင္းျပပါတယ္။

ဒီႏွစ္အတြင္း မီးေလာင္ရတဲ့ အေၾကာင္းအရင္းေတြထဲမွာ မီးဖိုမီးကေန မီးေလာင္ကၽြမ္းမႈ ၂၅၀ နီးပါးရွိၿပီး ေပါ့ဆမီး၊ အလိုအေလ်ာက္မီး၊ လွ်ပ္စစ္မီး၊ မသမာသူ႐ိႈ႕မီး၊ ေတာမီးနဲ႔ေသာင္းက်န္းသူ ႐ိႈ႕မီးတို႔ေၾကာင့္ မီးေလာင္မႈ စုစုေပါင္း အႀကိမ္ေရ ၁၄၅၀ ေက်ာ္ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

Source : The Voice

Photos : MFSD

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unnicode Version ျဖင့္ ဖတ္ပါ #

မြန်မာနိုင်ငံတစ်ဝန်း ၂၀၁ရ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၁၄ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွေကြောင့် လူအယောက် ၉၀ နီးပါး သေဆုံးခဲ့ပြီး တန်ဖိုးငွေ ကျပ်သိန်း နှစ်ထောင်ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဆိုပါကာလအတွင်း မီးလောင်မှုအကြိမ် ၁၄၅၀ ကျော် ဖြစ်ပွားခဲ့ပြီး လူဦးရေ ၃၅၀ဝ ကျော်က မီးဘေးသင့်ခဲ့ကာ အိမ်ခြေ ၂၆၀ဝ ကျော်နဲ့ စက်ရုံအလုပ်ရုံ ၄ လုံး၊ ဂိုဒေါင် ၂၃ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး ကချင်၊ ကယား၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်နဲ့ တနင်္သာရီ တိုင်းဒေသကြီးတို့မှာ အရင်နှစ်ထက် မီးလောင်မှု ပိုမိုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ဒီစာရင်းထဲမှာ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မီးလောင်ဆုံးရှုံးမှုစာရင်း မပါသေးဘူး။ ဒီဟိုတယ်ရဲ့ ဆုံးရှုံးမှု တန်ဖိုးနဲ့ မီးလောင်ရတဲ့ အကြောင်းအရင်းတွေကို လက်ရှိ စုံခုံဖွဲ့ စစ်ဆေးနေတုန်း၊ မနှစ်က မင်္ဂလာဈေး မီးလောင်ဆုံးရှုံးမှု တန်ဖိုးက ကျပ်သိန်း သုံးသောင်း ခြောက်ထောင်ကျော် ရှိခဲ့တယ်။ ဒီနှစ်တော့ အဲဆုံးရှုံးမှု တန်ဖိုးထက် မပိုနိုင်တော့ဘူး ထင်တယ်”လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

ဒီနှစ်အတွင်း မီးလောင်ရတဲ့ အကြောင်းအရင်းတွေထဲမှာ မီးဖိုမီးကနေ မီးလောင်ကျွမ်းမှု ၂၅၀ နီးပါးရှိပြီး ပေါ့ဆမီး၊ အလိုအလျောက်မီး၊ လျှပ်စစ်မီး၊ မသမာသူရှို့မီး၊ တောမီးနဲ့သောင်းကျန်းသူ ရှို့မီးတို့ကြောင့် မီးလောင်မှု စုစုပေါင်း အကြိမ်ရေ ၁၄၅၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Source : The Voice

Photos : MFSD

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top