Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လူကဝမ္းခ်ဳပ္ေနၿပီဆိုရင္ ဗိုက္လည္းေအာင္႔မယ္။ ေခါင္းလည္းကိုက္မယ္။ တစ္ကိုယ္လံုးလည္း ေညာင္းကိုက္ေနမယ္။ ဘယ္လိုမွကို ေနလို႔ထိုင္လို႔ အဆင္ေျပမွာ မဟုတ္ပါဘူး။
"ဝမ္းတစ္လံုးေကာင္းလို႔ ေခါင္းမခဲဘူး... က်န္းမာေရးကေတာ႔ ေဒါင္ေဒါင္ျမည္ပဲ" ဆိုတဲ႔ ဦးမိုးဒီႀကီးရဲ႕ ေၾကာ္ျငာကို ၾကည္႔ဖူးသူေတြရွိလား။ တကယ္တမ္းမွာလည္း ဝမ္းတစ္လံုးေကာင္းၿပီဆိုရင္ ကိုယ္ေကာ၊ စိတ္ပါ က်န္းမာေပါ႔ပါးေနတာပါ။ ဝမ္းခ်ဳပ္၊ ဝမ္းေလွ်ာၿပီဆိုရင္ လူတစ္ကိုယ္လံုး ေနလို႔ထိုင္လို႔ ေကာင္းမွာမဟုတ္ေတာ႔ပါဘူး။ ဝမ္းခ်ဳပ္ေဝဒနာက ပိုဆိုးပါတယ္။  

လူကဝမ္းခ်ဳပ္ေနၿပီဆိုရင္ ဗိုက္လည္းေအာင္႔မယ္။ ေခါင္းလည္းကိုက္မယ္။ တစ္ကိုယ္လံုးလည္း ေညာင္းကိုက္ေနမယ္။ ဘယ္လိုမွကို ေနလို႔ထိုင္လို႔ အဆင္ေျပမွာ မဟုတ္ပါဘူး။ ဒါဆိုရင္္ေတာ႔ ဝမ္းခ်ဳပ္ျခင္းကို ျဖစ္ေစတဲ႔ အေၾကာင္းရင္းေလးေတြကို သိထားဖို႔ လိုအပ္လာပါၿပီ။
၁။ အစားအေသာက္၊ အေနအထိုင္ မမွန္လို႔
အမွ်င္ဓာတ္လံုေလာက္စြာ ပါဝင္မႈ မရွိတဲ႔ အစားအေသာက္ေတြကို စားသံုးျခင္း၊ ေရကို လံုေလာက္စြာ ေသာက္သံုးမႈ မရွိျခင္း၊ အထိုင္မ်ားျခင္းတို႔ေၾကာင္႔လည္း ဝမ္းခ်ဳပ္ႏိုင္ပါတယ္။ ေနာက္ၿပီး တခ်ိဳ႕ ေဆးဝါးေတြကလည္း ဝမ္းခ်ဳပ္ျခင္းကို အားေပးပါတယ္။ ဝမ္းခ်ဳပ္ေဝဒနာ ကင္းေဝးခ်င္ရင္ေတာ႔ အစားအေသာက္၊ အေနအထိုင္ကို ပုံမွန္ျဖစ္ေအာင္ ထိန္းသိမ္းသင္႔ပါတယ္။
၂။ အကိုက္အခဲေပ်ာက္ေဆးေတြ
မူးယစ္ေဆးဝါးပါဝင္တဲ႔ အကိုက္အခဲေပ်ာက္ေဆးေတြက ဝမ္းခ်ဳပ္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ အကိုက္အခဲေပ်ာက္ေဆးထဲမွာ ပါဝင္တဲ႔ အာရံုေၾကာ လႈံ႕ေဆာ္ပစၥည္းေလးေတြက အစာေျခလမ္းေၾကာင္းထဲမွာ စြဲညွိေနႏိုင္ၿပီး အစာေျချခင္း လုပ္ငန္းစဥ္ကို ေႏွာင္႔ေႏွးေအာင္ ဟန္႔တားထားႏိုင္ပါတယ္။ ဒါေၾကာင္႔ အကိုက္အခဲေပ်ာက္ေဆးကို မျဖစ္မေန ေသာက္ရမယ္႔သူေတြက ေရမ်ားမ်ားေသာက္ေပးဖို႔ ဒါမွမဟုတ္ အစာေျခလမ္းေၾကာင္းမွာ ေခ်ာဆီသေဘာလုပ္ေဆာင္ေပးႏိုင္မယ္႔ ေသာက္စရာတစ္ခုခုကို ေသာက္ေပးဖို႔ လိုအပ္တာပါ။
၃။ ေခ်ာကလက္
ေခ်ာကလက္စားျခင္းဟာ ဝမ္းခ်ဳပ္ျခင္းကို ျဖစ္ေစႏိုင္တယ္ဆိုတာကို သက္ေသျပေနတဲ႔ ေဆးပညာသုေတသနေတြ အမ်ားႀကီးရွိပါတယ္။ အနက္ေရာင္ေခ်ာကလက္မွာ အစာေျခစနစ္ကို ကူညီေပးႏိုင္တဲ႔ အာနိသင္ေတြ ရွိေနေပမယ္႔လည္းေပါ႔။ ၂၀၀၅ ခုႏွစ္က သုေတသနတစ္ခုအရဆိုရင္ အစာအိမ္အူလမ္းေၾကာင္းေဝဒနာရွိသူနဲ႔ ပံုမွန္ဝမ္းခ်ဳပ္တတ္သူေတြအတြက္ေတာ႔ ေခ်ာကလက္စားျခင္းဟာ ဝမ္းခ်ဳပ္ျခင္းကို ျဖစ္ေစတယ္လို႔ သက္ေသျပႏိုင္ခဲ႔ပါတယ္။ 
၄။ ႏို႔ထြက္ကုန္ပစၥည္းမ်ား
ႏြားႏို႔နဲ႔ ဒိန္ခ်ဥ္၊ ဒိန္ခဲတို႔လို ႏို႔ထြက္ကုန္ပစၥည္းေတြက အဆီဓာတ္ၾကြယ္ဝၿပီး အမွ်င္ဓာတ္နည္းပါးတဲ႔ အစားအစာေတြ ျဖစ္ပါတယ္။ လူ႔ခႏၶာကိုယ္မွာ အမွ်င္ဓာတ္နည္းၿပီဆိုရင္ ထံုးစံအတိုင္း ဝမ္းခ်ဳပ္ေစႏိုင္တဲ႔အတြက္ ႏို႔ထြက္ကုန္ပစၥည္းေတြကို အလြန္အကြ်ံ စားျခင္းကို ေရွာင္ၾကဥ္သင္႔ပါတယ္။ ေနာက္ၿပီး အမွ်င္ဓာတ္စားသံုးျခင္းကို တစ္ေန႔ကို (၂၀) ဂရမ္ကေန (၃၅) ဂရမ္ထိ ျမွင္႔တင္သင္႔ပါတယ္။
၅။ စိတ္ဖိစီးမႈမ်ားျခင္း
စိတ္ဓာတ္က်ျခင္းနဲ႔ စိတ္ဖိစီးမႈ မ်ားျပားျခင္းကလည္း ဝမ္းခ်ဳပ္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ စိတ္ဓာတ္က်ျခင္းဟာ စိတ္ကိုေလးလံ ထုိင္းမႈိင္းေစရံုသာမက ခႏၶာကိုယ္လုပ္ေဆာင္မႈေတြကိုပါ ေလးလံထႈိင္းမႈိင္းေစပါတယ္။ အဲဒီထဲမွာ အစာေျခစနစ္ လုပ္ေဆာင္မႈေတြလည္း ပါဝင္တာေပါ႔ေနာ္။ 
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version#
လူကဝမ်းချုပ်နေပြီဆိုရင် ဗိုက်လည်းအောင့်မယ်။ ခေါင်းလည်းကိုက်မယ်။ တစ်ကိုယ်လုံးလည်း ညောင်းကိုက်နေမယ်။ ဘယ်လိုမှကို နေလို့ထိုင်လို့ အဆင်ပြေမှာ မဟုတ်ပါဘူး။

"ဝမ်းတစ်လုံးကောင်းလို့ ခေါင်းမခဲဘူး... ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲ" ဆိုတဲ့ ဦးမိုးဒီကြီးရဲ့ ကြော်ငြာကို ကြည့်ဖူးသူတွေရှိလား။ တကယ်တမ်းမှာလည်း ဝမ်းတစ်လုံးကောင်းပြီဆိုရင် ကိုယ်ကော၊ စိတ်ပါ ကျန်းမာပေါ့ပါးနေတာပါ။ ဝမ်းချုပ်၊ ဝမ်းလျှောပြီဆိုရင် လူတစ်ကိုယ်လုံး နေလို့ထိုင်လို့ ကောင်းမှာမဟုတ်တော့ပါဘူး။ ဝမ်းချုပ်ဝေဒနာက ပိုဆိုးပါတယ်။ 


လူကဝမ်းချုပ်နေပြီဆိုရင် ဗိုက်လည်းအောင့်မယ်။ ခေါင်းလည်းကိုက်မယ်။ တစ်ကိုယ်လုံးလည်း ညောင်းကိုက်နေမယ်။ ဘယ်လိုမှကို နေလို့ထိုင်လို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါဆိုရင်တော့ ဝမ်းချုပ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းလေးတွေကို သိထားဖို့ လိုအပ်လာပါပြီ။

၁။ အစားအသောက်၊ အနေအထိုင် မမှန်လို့

အမျှင်ဓာတ်လုံလောက်စွာ ပါဝင်မှု မရှိတဲ့ အစားအသောက်တွေကို စားသုံးခြင်း၊ ရေကို လုံလောက်စွာ သောက်သုံးမှု မရှိခြင်း၊ အထိုင်များခြင်းတို့ကြောင့်လည်း ဝမ်းချုပ်နိုင်ပါတယ်။ နောက်ပြီး တချို့ ဆေးဝါးတွေကလည်း ဝမ်းချုပ်ခြင်းကို အားပေးပါတယ်။ ဝမ်းချုပ်ဝေဒနာ ကင်းဝေးချင်ရင်တော့ အစားအသောက်၊ အနေအထိုင်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းသင့်ပါတယ်။

၂။ အကိုက်အခဲပျောက်ဆေးတွေ

မူးယစ်ဆေးဝါးပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးတွေက ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးထဲမှာ ပါဝင်တဲ့ အာရုံကြော လှုံ့ဆော်ပစ္စည်းလေးတွေက အစာခြေလမ်းကြောင်းထဲမှာ စွဲညှိနေနိုင်ပြီး အစာခြေခြင်း လုပ်ငန်းစဉ်ကို နှောင့်နှေးအောင် ဟန့်တားထားနိုင်ပါတယ်။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးကို မဖြစ်မနေ သောက်ရမယ့်သူတွေက ရေများများသောက်ပေးဖို့ ဒါမှမဟုတ် အစာခြေလမ်းကြောင်းမှာ ချောဆီသဘောလုပ်ဆောင်ပေးနိုင်မယ့် သောက်စရာတစ်ခုခုကို သောက်ပေးဖို့ လိုအပ်တာပါ။

၃။ ချောကလက်

ချောကလက်စားခြင်းဟာ ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်တယ်ဆိုတာကို သက်သေပြနေတဲ့ ဆေးပညာသုတေသနတွေ အများကြီးရှိပါတယ်။ အနက်ရောင်ချောကလက်မှာ အစာခြေစနစ်ကို ကူညီပေးနိုင်တဲ့ အာနိသင်တွေ ရှိနေပေမယ့်လည်းပေါ့။ ၂၀၀၅ ခုနှစ်က သုတေသနတစ်ခုအရဆိုရင် အစာအိမ်အူလမ်းကြောင်းဝေဒနာရှိသူနဲ့ ပုံမှန်ဝမ်းချုပ်တတ်သူတွေအတွက်တော့ ချောကလက်စားခြင်းဟာ ဝမ်းချုပ်ခြင်းကို ဖြစ်စေတယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်။ 

၄။ နို့ထွက်ကုန်ပစ္စည်းများ

နွားနို့နဲ့ ဒိန်ချဉ်၊ ဒိန်ခဲတို့လို နို့ထွက်ကုန်ပစ္စည်းတွေက အဆီဓာတ်ကြွယ်ဝပြီး အမျှင်ဓာတ်နည်းပါးတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ အမျှင်ဓာတ်နည်းပြီဆိုရင် ထုံးစံအတိုင်း ဝမ်းချုပ်စေနိုင်တဲ့အတွက် နို့ထွက်ကုန်ပစ္စည်းတွေကို အလွန်အကျွံ စားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ နောက်ပြီး အမျှင်ဓာတ်စားသုံးခြင်းကို တစ်နေ့ကို (၂၀) ဂရမ်ကနေ (၃၅) ဂရမ်ထိ မြှင့်တင်သင့်ပါတယ်။

၅။ စိတ်ဖိစီးမှုများခြင်း

စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ဖိစီးမှု များပြားခြင်းကလည်း ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဓာတ်ကျခြင်းဟာ စိတ်ကိုလေးလံ ထိုင်းမှိုင်းစေရုံသာမက ခန္ဓာကိုယ်လုပ်ဆောင်မှုတွေကိုပါ လေးလံထှိုင်းမှိုင်းစေပါတယ်။ အဲဒီထဲမှာ အစာခြေစနစ် လုပ်ဆောင်မှုတွေလည်း ပါဝင်တာပေါ့နော်။ 

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top