Golden City Promotion
×

အ,ကုသိုလ္ကံ က ဘဝမကူးဘူး ဆိုတဲ့ဘာသာေရးအဆုံးအမအတိုင္း လၽွပ္စစ္နဲ႔ ဝါယာေရွာ့တိုက္ၿပီး ငါးဖမ္းသူကိုယ္တိုင္ ေရွာ့တိုက္ခံရၿပီး ဓါတ္လိုက္ေသဆုံးခဲ့ေသာ ျဖစ္စဥ္တစ္ခု ငဖဲၿမိဳ႕တြင္ ျဖစ္ပ်က္ခဲ့သည္။

ျဖစ္စဥ္မွာ ငဖဲၿမိဳ႕နယ္ ေပါင္းကေလးေက်းရြာအုပ္စု ပဒါန္း-ငဖဲကားလမ္း မိုင္တိုင္အမွတ္(၆/၄)မိုင္
အနီး ကားလမ္း၏ ယာဘက္ (၇)ေပခန႔္အကြာ လယ္ေရသြင္းေျမာင္းအတြင္း စက္တင္ဘာ ၃၀ ရက္ နံနက္ ၁၁ နာရီအခ်ိန္ခန႔္တြင္ အမ်ိဳးသားတစ္ဦး ေသဆုံးေနေၾကာင္း ပန္းတိမ္းေက်းရြာအုပ္စု
အုပ္ခ်ဳပ္ေရးမွူး၏ ဖုန္းျဖင့္အေၾကာင္းၾကားခ်က္အရ ငဖဲၿမိဳ႕မစခန္းမွူး ဒုရဲမွူးခင္ေမာင္ေဇာ္ႏွင့္အဖြဲ႕မွ အခင္းျဖစ္ေနရာအားသြားေရာက္စစ္ေဆးခဲ့သည္။

ျဖစ္စဥ္ကိုစစ္ေဆးၿပီးေနာက္ ေသဆုံးသူမွာ စန္းလြင္ (၂၂ ႏွစ္) ေပါင္းကေလး ေက်းရြာ ေနသူျဖစ္ေၾကာင္း။ ေရအနက္(၃)ေပ၊ အက်ယ္(၇)ေပခန႔္ရွိ လယ္ေရသြင္းေျမာင္းအတြင္း လၽွပ္စစ္ဝါယာကို အသုံးျပဳၿပီးက်င္စက္ျဖင့္ ငါးဖမ္းေနစဥ္ ၎၏ ဝဲဘက္ေျခေထာက္မွာ ေမြးရာပါမသန္စြမ္းသူျဖစ္သည့္အတြက္ ေျခေခ်ာ္လဲရာမွ ဘတၳရီေရွာ့ျဖစ္ၿပီးေရနစ္
ေသဆုံးေနသည္ကို စစ္ေဆးေတြ႕ရွိရ၍ ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္မဟုတ္ကို ငဖဲၿမိဳ႕မရဲစခန္းမွူး ဒုရဲမွူးခင္ေမာင္ေဇာ္မွအမွုဖြင့္စစ္ေဆးေဆာင္ရြက္
လ်က္ရွိေၾကာင္း သတင္းရရွိသည္။

သတင္း - ဆူးသစၥာ
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:popolay

#Unicode Version#
အ,ကုသိုလ်ကံ က ဘဝမကူးဘူး ဆိုတဲ့ဘာသာရေးအဆုံးအမအတိုင်း လျှပ်စစ်နဲ့ ဝါယာရှော့တိုက်ပြီး ငါးဖမ်းသူကိုယ်တိုင် ရှော့တိုက်ခံရပြီး ဓါတ်လိုက်သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု ငဖဲမြို့တွင် ဖြစ်ပျက်ခဲ့သည်။


ဖြစ်စဉ်မှာ ငဖဲမြို့နယ် ပေါင်းကလေးကျေးရွာအုပ်စု ပဒါန်း-ငဖဲကားလမ်း မိုင်တိုင်အမှတ်(၆/၄)မိုင်

အနီး ကားလမ်း၏ ယာဘက် (၇)ပေခန့်အကွာ လယ်ရေသွင်းမြောင်းအတွင်း စက်တင်ဘာ ၃၀ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း ပန်းတိမ်းကျေးရွာအုပ်စု

အုပ်ချုပ်ရေးမှူး၏ ဖုန်းဖြင့်အကြောင်းကြားချက်အရ ငဖဲမြို့မစခန်းမှူး ဒုရဲမှူးခင်မောင်ဇော်နှင့်အဖွဲ့မှ အခင်းဖြစ်နေရာအားသွားရောက်စစ်ဆေးခဲ့သည်။


ဖြစ်စဉ်ကိုစစ်ဆေးပြီးနောက် သေဆုံးသူမှာ စန်းလွင် (၂၂ နှစ်) ပေါင်းကလေး ကျေးရွာ နေသူဖြစ်ကြောင်း။ ရေအနက်(၃)ပေ၊ အကျယ်(၇)ပေခန့်ရှိ လယ်ရေသွင်းမြောင်းအတွင်း လျှပ်စစ်ဝါယာကို အသုံးပြုပြီးကျင်စက်ဖြင့် ငါးဖမ်းနေစဉ် ၎င်း၏ ဝဲဘက်ခြေထောက်မှာ မွေးရာပါမသန်စွမ်းသူဖြစ်သည့်အတွက် ခြေချော်လဲရာမှ ဘတ္ထရီရှော့ဖြစ်ပြီးရေနစ်

သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရ၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်ကို ငဖဲမြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်ဇော်မှအမှုဖွင့်စစ်ဆေးဆောင်ရွက်

လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း - ဆူးသစ္စာ

 ဖိုးသူတော် (www.phothutaw.com)
Credit:popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top