Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×


စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာခရိုင္၊ ကသာၿမိဳ႕နယ္၊ သံပုရာေက်းရြာအနီး ဧရာဝတီျမစ္ အေရွ႕ဖက္ကမ္းတြင္ ဆိုက္ကပ္ထားေသာ သစ္တြဲေလွသံုးစီးေပၚမွ တန္ခ်ိန္ ၂၂ဝ ေက်ာ္ရွိ ကညင္သစ္လံုးႏွင့္ သစ္ခြဲသားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သစ္ေတာဦးစီးဌာနမွ ယေန႔ ေအာက္တိုဘာလ ၂၄ ရက္တြင္ သတင္းထုတ္ျပန္သည္။
အဆိုပါ ဖမ္းဆီးရမိခဲ့ေသာ သစ္တြဲေလွသံုးစီးေပၚမွ စုစုေပါင္း ကညင္သစ္လုံး/ခြဲသား တန္ခ်ိန္ ၂၂ဝ ဒႆမ ၇၅၉၄  ႏွင့္ တရားခံဟု ယူဆရသူ ၃ ဦးကို  ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ၿပီး တရား မဝင္သယ္ ေဆာင္လာေသာ ကညင္သစ္လုံးႏွင့္ ခြဲသားမ်ားကို ေအာက္တိုဘာလ ၂၁ ရက္မွ ၂၂ ရက္ထိ ႏွစ္ရက္တာ တိုင္း တာစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေအာက္တိုဘာလ ၁၉ ရက္မွစၿပီး ကသာ ၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနဝန္ထမ္းမ်ား၊ သစ္ေတာလုံျခဳံေရးရဲ တပ္ဖြဲ႕မ်ားႏွင့္ ရဲတပ္ဖြဲ႔ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က တရားမဝင္သစ္မ်ားအား ရွာေဖြဖမ္းဆီးလ်က္ရွိရာ အဆိုပါ ဆိုက္ကပ္ထားေသာ သစ္တြဲေလွ သံုးစီးအား ေတြ႔ရွိခဲ့ျခင္းျဖစ္သည္။
လက္ရွိတြင္ ဖမ္းဆီးရမိခဲ့သည့္ တရားမဝင္သယ္ေဆာင္လာေသာ သစ္မ်ား၊ ေရယာဥ္ႏွင့္ တရားခံဟုယူဆရသူ ၃ ဦးအား ဥပေဒႏွင့္အညီ အေရးယူနိုင္ေရး စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzima
#Unicode Version#
  စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ သံပုရာကျေးရွာအနီး ဧရာဝတီမြစ် အရှေ့ဖက်ကမ်းတွင် ဆိုက်ကပ်ထားသော သစ်တွဲလှေသုံးစီးပေါ်မှ တန်ချိန် ၂၂ဝ ကျော်ရှိ ကညင်သစ်လုံးနှင့် သစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ယနေ့ အောက်တိုဘာလ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သော သစ်တွဲလှေသုံးစီးပေါ်မှ စုစုပေါင်း ကညင်သစ်လုံး/ခွဲသား တန်ချိန် ၂၂ဝ ဒဿမ ၇၅၉၄  နှင့် တရားခံဟု ယူဆရသူ ၃ ဦးကို  ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး တရား မဝင်သယ် ဆောင်လာသော ကညင်သစ်လုံးနှင့် ခွဲသားများကို အောက်တိုဘာလ ၂၁ ရက်မှ ၂၂ ရက်ထိ နှစ်ရက်တာ တိုင်း တာစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၁၉ ရက်မှစပြီး ကသာ မြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲ တပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က တရားမဝင်သစ်များအား ရှာဖွေဖမ်းဆီးလျက်ရှိရာ အဆိုပါ ဆိုက်ကပ်ထားသော သစ်တွဲလှေ သုံးစီးအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးရမိခဲ့သည့် တရားမဝင်သယ်ဆောင်လာသော သစ်များ၊ ရေယာဉ်နှင့် တရားခံဟုယူဆရသူ ၃ ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ဖိုးသူတော် (www.phothutaw.com)
Credit:mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top