ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မိုးအကုန္၊ ေဆာင္းအကူး ကာလေလးဟာလည္း တုပ္ေကြးျဖစ္ႏိုင္ေျခ ရွိတဲ႔ အခ်ိန္ေလးပါ။ အခုလို ရာသီစပ္ကူးမတ္ကူးကာလမွာ တုပ္ေကြးေရာဂါျဖစ္ၿပီဆိုရင္ စိတ္ရႈပ္ဖို႔ေကာင္းသလို ျမန္ျမန္ဆန္ဆန္လည္း ေပ်ာက္ကင္းလိုၾကမွာပါ။
ဒါဆိုရင္ေတာ႔ တုပ္ေကြး (သို႔) အေအးမိေရာဂါျဖစ္ေနခ်ိန္မွာ ေရွာင္ၾကဥ္သင္႔တဲ႔ အစားအစာေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ တုပ္ေကြးျဖစ္ေနခ်ိန္မွာ အဲဒီအစားအစာေတြကို သြားစားမိရင္ ရွိရင္းစြဲေရာဂါကိုေတာင္ ပိုမိုဆိုးဝါးသြားေစႏိုင္လို႔ပါပဲ။
၁။ အခ်ိဳမ်ားတဲ႔ အစားအစာေတြ
သၾကားက အဆစ္အျမစ္ေရာင္ရမ္းျခင္းကို ျဖစ္ေစႏိုင္သလို ခႏၶာကိုယ္ထဲက ေသြးျဖဴဥဆဲလ္ေတြကိုလည္း အားနည္းေစႏိုင္ပါတယ္။ အဲဒီ ေသြးျဖဴဥဆဲလ္ေလးေတြဟာ ခႏၶာကိုယ္ထဲကို ျပင္ပက ပိုးမႊားကူးစက္ဝင္ေရာက္ျခင္းေတြကို တိုက္ထုတ္ရာမွာ အေရးပါတဲ႔အတြက္ တုပ္ေကြးမိေနခ်ိန္လို အားနည္းေနခ်ိန္မ်ိဳးမွာ အခ်ိဳမ်ားတဲ႔ အစားအစာေတြကို မစားသံုးသင္႔ပါဘူး။

ဒါေၾကာင္႔ တုပ္ေကြးမိလို႔ ခံတြင္းပ်က္ေနတယ္ဆိုၿပီး မိမိအႏွစ္သက္ဆံုး ကိတ္မုန္႔ေတြ၊ ေရခဲမုန္႔ေတြကို တဝႀကီး သြားမစားလိုက္ပါနဲ႔ဦးေနာ္။ ေရာဂါပိုဆိုးလာႏိုင္လို႔ပါ။
၂။ ကာဘိုဟိုက္ဒရိတ္မ်ားတဲ႔ အစားအစာေတြ
သၾကားပါတဲ႔ ဘီစကစ္မုန္႔ေလးေတြ၊ ေထာပတ္ထူထူသုတ္ထားတဲ႔ ေပါင္မုန္႔ခ်ပ္ေလးေတြ၊ ဒါမွမဟုတ္ အီတလီေခါက္ဆြဲပန္းကန္ေတြကို လက္လွမ္းဖို႔ ႀကိဳးစားေနတယ္ဆိုရင္ လက္ကို အျမန္ျပန္ရုပ္လိုက္ပါ။ ျပန္လည္ျပင္ဆင္ထားတဲ႔ ကာဘိုဟိုက္ဒရိတ္ေတြဟာ ခႏၶာကိုယ္ထဲမွာ သၾကားအျဖစ္ ျပန္လည္ကြဲထြက္သြားၿပီး တျခားအခ်ိဳမ်ားတဲ႔ အစားအစာေတြလိုပဲ ကိုယ္တြင္းမွာ ေသြးတြင္း အခ်ိဳဓာတ္ေတြ ေဆာင္႔တက္လာေစႏိုင္မွာပါ။ ရလဒ္အေနနဲ႔ အဆစ္အျမစ္ေရာင္ရမ္းေစႏိုင္သလို ဆီးခ်ိဳသမားေတြဆိုရင္လည္း အင္ဆူလင္ေတြ ထိုးတက္လာႏိုင္ပါတယ္။
၃။ အရက္
တုပ္ေကြးမိေနရင္ ဓာတ္ၾကမ္းကုေပးရတယ္ဆိုတဲ႔ အရပ္စကားေတြကို ေမ႔လိုက္ပါ။ သၾကားလိုပါပဲ... အယ္လ္ကိုေဟာပါဝင္တဲ႔ အေဖ်ာ္ယမကာေတြဟာ အဆစ္အျမစ္ေရာင္ရမ္းျခင္းကို ျဖစ္ေစႏိုင္သလို ေသြးျဖဴဥဆဲလ္ေတြကိုလည္း အားနည္းေစႏိုင္ပါတယ္။

ေနာက္တစ္ခုက အယ္လ္ကိုေဟာဟာ ေရဓာတ္ခမ္းေျခာက္ေစႏိုင္ပါေသးတယ္။ တုပ္ေကြးမိေနခ်ိန္လို အပူမ်ားၿပီး ခႏၶာကိုယ္က ေရဓာတ္ေတြ နည္းလမ္းေပါင္းစံုနဲ႔ ဆံုးရႈံးေနခ်ိန္မ်ိဳးမွာ ေသာက္သံုးဖို႔ လံုးဝမသင္႔ေတာ္ပါဘူး။ ေနာက္ၿပီး ဖ်ားနာေနခ်ိန္မွာ ေရဓာတ္ျပည္႔ဝေနဖို႔က အလြန္အေရးႀကီးပါတယ္။ ဒါေၾကာင္႔ အရက္ကို လံုးဝေရွာင္ၾကဥ္သင္႔ပါတယ္။
၄။ အစပ္မ်ားတဲ႔ အစားအစာေတြ
တခ်ိဳ႕ကေတြးမိတတ္ၾကတယ္။ တုပ္ေကြးမိလို႔ ႏွာေစး၊ ႏွာပိတ္ေနလို႔ ရခိုင္မုန္႔တီစပ္စပ္ေလး၊ ေဟာ႔ေပါ႔ပူပူေလး ေသာက္လိုက္ရင္ ပြင္႔ထြက္သြားမယ္လို႔။ တကယ္တမ္းမွာလည္း အေအးမိ၊ ႏွာပိတ္ေနမယ္ဆိုရင္ အစပ္မ်ားတဲ႔ အစားအစာေတြက အသက္ရွဴလမ္းေၾကာင္း ပိတ္ဆို႔ျခင္းကို ပြင္႔သြားေစမွာ အမွန္ပါပဲ။ ဒါေပမယ္႔ တုပ္ေကြးနဲ႔အတူ အစာအိမ္ မအီမသာျဖစ္ျခင္းပါ ေရာယွက္ေနမယ္ဆိုရင္ေတာ႔ အစပ္မ်ားတဲ႔ အစားအစာေတြကို ေဝါင္ေဝါင္ကေရွးသင္႔ပါတယ္။ ဘာလို႔လဲဆိုေတာ႔ အစပ္မ်ားတဲ႔ အစားအစာေတြက အစာအိမ္ကို ပိုမိုဆိုးဝါးေစႏိုင္လို႔ပါပဲ။
၅။ သံပုရာႏြယ္ဝင္ အသီးေတြ
ဘယ္သူမဆို ေနမေကာင္းျဖစ္ရင္ ခ်ဥ္ခ်ဥ္စပ္စပ္ အရသာေလးေတြကို ေတာင္႔တမိၾကမွာပါပဲ။ ဆန္ျပဳတ္ေရက်ဲခ်ည္းပဲ ေန႕စဥ္ေသာက္ေနရတာကို စိတ္ကုန္လာၿပီး သံပုရာသီး၊ ေရွာက္သီးေလးကို ေလးစိတ္ျခမ္း၊ ငရုပ္သီးမႈန္႔ေလးနဲ႔ နယ္ဖတ္စားခ်င္ၾကမွာပါပဲ။

ဒါေပမယ္႔ လိေမၼာ္သီး၊ စပ်စ္သီးနဲ႔ သံပုရာသီးတို႔လို အခ်ဥ္ဓာတ္မ်ားတဲ႔ သီးႏွံေတြက အစာအိမ္ကို မအီမသာျဖစ္ေစၿပီး ဗိုက္ေအာင္႔ေစႏိုင္ပါတယ္။ ဒါေပမယ္႔ အစာအိမ္ေဝဒနာနဲ႔ ဆက္ႏြယ္ျခင္းမရွိရင္ေတာ႔ လိေမၼာ္သီးစစ္စစ္ကို အရည္ညွစ္ၿပီး ေသာက္သံုးေပးႏိုင္ပါတယ္။
၆။ အဆီမ်ားတဲ႔ အစားအစာေတြ
ခံတြင္းပ်က္ေနခ်ိန္မွာ KFC သို႔ Lotteria က ဘာဂါေလးနဲ႔ အာလူးေၾကာ္ကို မေတာင္႔တမိတဲ႔သူ ရွိမယ္မထင္ပါဘူး။ ဒါေပမယ္႔ အဲဒီလို အဆီပါဝင္မႈမ်ားျပားတဲ႔ အစားအေသာက္ေတြက အဆစ္အျမစ္ ေရာင္ရမ္းျခင္းကို ျဖစ္ေစၿပီး ကိုယ္ခံအားစနစ္ကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။

ဒါ႔အျပင္ ကာဘိုဟိုက္ဒရိတ္နဲ႔ ပရိုတိန္း ပါဝင္မႈမ်ားျပားျခင္းတို႔ေၾကာင္႔ အစာေျခရလည္း ခက္ခဲပါလိမ္႔မယ္။ ဘာပဲျဖစ္ျဖစ္ ကိုယ္ခံအားနည္းေနတဲ႔အခ်ိန္မွာ ကိုယ္ခံအားကိုလည္း ပိုမုိေလ်ာ႔နည္းေစမယ္႕ အစားအစာေတြကိုေတာ႔ ေရွာင္ၾကဥ္သင္႔ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
မိုးအကုန်၊ ဆောင်းအကူး ကာလလေးဟာလည်း တုပ်ကွေးဖြစ်နိုင်ခြေ ရှိတဲ့ အချိန်လေးပါ။ အခုလို ရာသီစပ်ကူးမတ်ကူးကာလမှာ တုပ်ကွေးရောဂါဖြစ်ပြီဆိုရင် စိတ်ရှုပ်ဖို့ကောင်းသလို မြန်မြန်ဆန်ဆန်လည်း ပျောက်ကင်းလိုကြမှာပါ။
ဒါဆိုရင်တော့ တုပ်ကွေး (သို့) အအေးမိရောဂါဖြစ်နေချိန်မှာ ရှောင်ကြဉ်သင့်တဲ့ အစားအစာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ တုပ်ကွေးဖြစ်နေချိန်မှာ အဲဒီအစားအစာတွေကို သွားစားမိရင် ရှိရင်းစွဲရောဂါကိုတောင် ပိုမိုဆိုးဝါးသွားစေနိုင်လို့ပါပဲ။
၁။ အချိုများတဲ့ အစားအစာတွေ
သကြားက အဆစ်အမြစ်ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်သလို ခန္ဓာကိုယ်ထဲက သွေးဖြူဥဆဲလ်တွေကိုလည်း အားနည်းစေနိုင်ပါတယ်။ အဲဒီ သွေးဖြူဥဆဲလ်လေးတွေဟာ ခန္ဓာကိုယ်ထဲကို ပြင်ပက ပိုးမွှားကူးစက်ဝင်ရောက်ခြင်းတွေကို တိုက်ထုတ်ရာမှာ အရေးပါတဲ့အတွက် တုပ်ကွေးမိနေချိန်လို အားနည်းနေချိန်မျိုးမှာ အချိုများတဲ့ အစားအစာတွေကို မစားသုံးသင့်ပါဘူး။

ဒါကြောင့် တုပ်ကွေးမိလို့ ခံတွင်းပျက်နေတယ်ဆိုပြီး မိမိအနှစ်သက်ဆုံး ကိတ်မုန့်တွေ၊ ရေခဲမုန့်တွေကို တဝကြီး သွားမစားလိုက်ပါနဲ့ဦးနော်။ ရောဂါပိုဆိုးလာနိုင်လို့ပါ။
၂။ ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေ
သကြားပါတဲ့ ဘီစကစ်မုန့်လေးတွေ၊ ထောပတ်ထူထူသုတ်ထားတဲ့ ပေါင်မုန့်ချပ်လေးတွေ၊ ဒါမှမဟုတ် အီတလီခေါက်ဆွဲပန်းကန်တွေကို လက်လှမ်းဖို့ ကြိုးစားနေတယ်ဆိုရင် လက်ကို အမြန်ပြန်ရုပ်လိုက်ပါ။ ပြန်လည်ပြင်ဆင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေဟာ ခန္ဓာကိုယ်ထဲမှာ သကြားအဖြစ် ပြန်လည်ကွဲထွက်သွားပြီး တခြားအချိုများတဲ့ အစားအစာတွေလိုပဲ ကိုယ်တွင်းမှာ သွေးတွင်း အချိုဓာတ်တွေ ဆောင့်တက်လာစေနိုင်မှာပါ။ ရလဒ်အနေနဲ့ အဆစ်အမြစ်ရောင်ရမ်းစေနိုင်သလို ဆီးချိုသမားတွေဆိုရင်လည်း အင်ဆူလင်တွေ ထိုးတက်လာနိုင်ပါတယ်။
၃။ အရက်
တုပ်ကွေးမိနေရင် ဓာတ်ကြမ်းကုပေးရတယ်ဆိုတဲ့ အရပ်စကားတွေကို မေ့လိုက်ပါ။ သကြားလိုပါပဲ... အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာတွေဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်သလို သွေးဖြူဥဆဲလ်တွေကိုလည်း အားနည်းစေနိုင်ပါတယ်။

နောက်တစ်ခုက အယ်လ်ကိုဟောဟာ ရေဓာတ်ခမ်းခြောက်စေနိုင်ပါသေးတယ်။ တုပ်ကွေးမိနေချိန်လို အပူများပြီး ခန္ဓာကိုယ်က ရေဓာတ်တွေ နည်းလမ်းပေါင်းစုံနဲ့ ဆုံးရှုံးနေချိန်မျိုးမှာ သောက်သုံးဖို့ လုံးဝမသင့်တော်ပါဘူး။ နောက်ပြီး ဖျားနာနေချိန်မှာ ရေဓာတ်ပြည့်ဝနေဖို့က အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။
၄။ အစပ်များတဲ့ အစားအစာတွေ
တချို့ကတွေးမိတတ်ကြတယ်။ တုပ်ကွေးမိလို့ နှာစေး၊ နှာပိတ်နေလို့ ရခိုင်မုန့်တီစပ်စပ်လေး၊ ဟော့ပေါ့ပူပူလေး သောက်လိုက်ရင် ပွင့်ထွက်သွားမယ်လို့။ တကယ်တမ်းမှာလည်း အအေးမိ၊ နှာပိတ်နေမယ်ဆိုရင် အစပ်များတဲ့ အစားအစာတွေက အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကို ပွင့်သွားစေမှာ အမှန်ပါပဲ။ ဒါပေမယ့် တုပ်ကွေးနဲ့အတူ အစာအိမ် မအီမသာဖြစ်ခြင်းပါ ရောယှက်နေမယ်ဆိုရင်တော့ အစပ်များတဲ့ အစားအစာတွေကို ဝေါင်ဝေါင်ကရှေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အစပ်များတဲ့ အစားအစာတွေက အစာအိမ်ကို ပိုမိုဆိုးဝါးစေနိုင်လို့ပါပဲ။
၅။ သံပုရာနွယ်ဝင် အသီးတွေ
ဘယ်သူမဆို နေမကောင်းဖြစ်ရင် ချဉ်ချဉ်စပ်စပ် အရသာလေးတွေကို တောင့်တမိကြမှာပါပဲ။ ဆန်ပြုတ်ရေကျဲချည်းပဲ နေ့စဉ်သောက်နေရတာကို စိတ်ကုန်လာပြီး သံပုရာသီး၊ ရှောက်သီးလေးကို လေးစိတ်ခြမ်း၊ ငရုပ်သီးမှုန့်လေးနဲ့ နယ်ဖတ်စားချင်ကြမှာပါပဲ။

ဒါပေမယ့် လိမ္မော်သီး၊ စပျစ်သီးနဲ့ သံပုရာသီးတို့လို အချဉ်ဓာတ်များတဲ့ သီးနှံတွေက အစာအိမ်ကို မအီမသာဖြစ်စေပြီး ဗိုက်အောင့်စေနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်ဝေဒနာနဲ့ ဆက်နွယ်ခြင်းမရှိရင်တော့ လိမ္မော်သီးစစ်စစ်ကို အရည်ညှစ်ပြီး သောက်သုံးပေးနိုင်ပါတယ်။
၆။ အဆီများတဲ့ အစားအစာတွေ
ခံတွင်းပျက်နေချိန်မှာ KFC သို့ Lotteria က ဘာဂါလေးနဲ့ အာလူးကြော်ကို မတောင့်တမိတဲ့သူ ရှိမယ်မထင်ပါဘူး။ ဒါပေမယ့် အဲဒီလို အဆီပါဝင်မှုများပြားတဲ့ အစားအသောက်တွေက အဆစ်အမြစ် ရောင်ရမ်းခြင်းကို ဖြစ်စေပြီး ကိုယ်ခံအားစနစ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒါ့အပြင် ကာဘိုဟိုက်ဒရိတ်နဲ့ ပရိုတိန်း ပါဝင်မှုများပြားခြင်းတို့ကြောင့် အစာခြေရလည်း ခက်ခဲပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ခံအားနည်းနေတဲ့အချိန်မှာ ကိုယ်ခံအားကိုလည်း ပိုမိုလျော့နည်းစေမယ့် အစားအစာတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top