Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×





Credit: 7daydaily

#Unicode Version#

ဟင်္သာတမြို့ခံများ အောက်တိုဘာ ၁၅ ရက်က ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ − လင်းမြင့်အောင်)


ရခိုင်အရေးဖြေရှင်းနေ သည့်အပေါ် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် အစိုးရကို ထောက်ခံ ကြောင်း ဟင်္သာတမြို့ခံများက အောက်တိုဘာ ၁၅ ရက်တွင် ဆန္ဒထုတ်ဖော်သည်။

လူထုထောက်ခံပွဲကို ဟင်္သာ တမြို့ ဦးပါရဲဘုရားဝင်းတွင် ပြု လုပ်ခြင်းဖြစ်ပြီး မြို့ခံလူဦးရေ တစ်ထောင်ကျော် တက်ရောက်ခဲ့ ကြောင်း၊ ဟင်္သာတမြို့နယ်အပြင် အနီးပတ်ဝန်းကျင်မြို့အချို့ရှိ ဒေ သခံများလည်း ပါဝင်ကြောင်း အဆိုပါပွဲကို ဦးဆောင်ပြုလုပ်သူ မြို့ခံဦးစိန်သောင်းကပြောသည်။

 ရခိုင်အရေးကို ပြည်သူလူထုအားနှင့် ဖြေရှင်းမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၂ ရက် ညတွင် ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကို ထောက်ခံသည့်ပွဲများ ရန်ကုန်နှင့်မန္တလေးမြို့ကြီးများအ ပြင် မြန်မာနိုင်ငံအနှံ့ မြို့များတွင် ပြုလုပ်နေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top