ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဒါေၾကာင့္လဲ ရုပ္ရွင္မရုိက္ေတာ့ဘူးဆုိၿပီးနားလိုက္တာပါ။
ေအာ္တုိဘုရင္ ရုပ္ရွင္ဇာတ္ကားႀကီးကုိ ဖန္တီးတဲ့ ဒါရုိက္တာညီညီထြန္းလြင္ကေတာ့ ဒီရုပ္ရွင္ဇာတ္ကားႀကီးထဲက ဒုိင္ယာေလာ့ဂ်္ စကား လုံးေတြက ဒီဘက္ေခတ္စနစ္ကုိ သေရာ္ထားတာဆုိေတာ့ ဒီဘက္ေခတ္စကားလုံးေတြပါပဲ ဆုိတဲ့ အေၾကာင္းကုိလည္း Duwun Media ကေနေျပာျပခဲ့ပါတယ္။
'' ဒုိင္ယာေလာ့ဂ်္ ေတာ္ေတာ္မ်ားမ်ားကေတာ့ ေခတ္စနစ္ကုိသေရာ္ထားတာဆုိေတာ့ ဒီဘက္ေခတ္စကားလုံးေတြပဲေပါ့့ေနာ္။ ဥပမာ အေနနဲ႔ေျပာရရင္ ဝါစာနီက လုပ္ႀကံဖုိ႔အတြက္ ရံေရႊေတာ္နဲ႔တုိင္ပင္တယ္။ ျဖစ္ပါ့မလား လူသတ္မႈဆုိၿပီးလာစုံစမ္းေနဦးမယ္၊ ၅ေလာင္း ၿပိဳင္ေတြ၊ ၄ ေလာင္းၿပိဳင္ေတြေတာင္ တရားခံမွမေပၚတာ ဆုိတာေတြက ဒါက ကၽြန္ေတာ္တုိ႔ ဒီဘက္ေခတ္စနစ္ကုိ သေရာ္တာပါ'' လုိ႔ သူက ဆုိပါတယ္။
ေအာ္တုိဘုရင္ရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ပတ္သက္လုိ႔ ဆင္ဆာအျဖတ္ခံရလုိ႔လည္း ဒါရုိက္တာတစ္ေယာက္အေနနဲ႔ ဆင္ဆာအျဖတ္ခံရ တုိင္း စိတ္ဆုိးတဲ့အတြက္ ဆင္ဆာနဲ႔ပတ္သက္ၿပီး ဆက္လက္ေဆာင္ရြက္သြားမယ့္ အေၾကာင္းအရာေလးေတြကုိလည္း အခုလုိေျပာျပ ခဲ့ပါတယ္။
'' ဒါရုိက္တာတစ္ေယာက္အေနနဲ႔ကေတာ့ ဆင္ဆာအျဖတ္ခံရတုိင္းစိတ္ဆုိးတာပဲ။ အဲ့ဒီလုိစိတ္ဆုိးတဲ့အတြက္ေၾကာင့္လည္း ဆင္ဆာနဲ႔ ဇာတ္လမ္းစိစစ္ေရးအဖြဲ႕နဲ႔ အစည္းအရုံးအသစ္ကေနၿပီးေတာ့ သူတုိ႔ကုိျပန္လည္ ထိန္းေၾကာင္းတည့္မတ္ဖို႔ဆုိၿပီးေတာ့ လုပ္ေတာ့ လုပ္ေဆာင္ေနပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ လူတစ္ေယာက္နဲ႔တစ္ေယာက္ အျမင္က ဘယ္ေတာ့မွ တူမွာလည္းမဟုတ္ဘူး။ သူတုိ႔ ဘက္ကၾကည့္ေတာ့လည္းျမန္မာ့ရုပ္ရွင္ႀကီး ဖြံ႔ျဖိဳးတုိးတက္ေအာင္ဆုိၿပီးျဖတ္တာ သူတို႔လည္းေစတနာ ဆုိးနဲ႔ျဖတ္တာေတာ့ မဟုတ္ဘူး ဒါေပမယ့္ ဒီဘက္က ခံရတဲ့လူေတြဘက္ကလည္း ကုိယ္ဖန္တီးထားတဲ့အႏုပညာကုိလာၿပီး ေခါင္းပုံျဖတ္တယ္၊ အႏုိင္က်င့္တယ္လုိ႔ခံစား ရတယ္။ စိတ္ဆုိးတယ္။ စိတ္ဆုိးတာကလည္း ခဏေလးမဟုတ္ဘူး နွစ္ေပါင္းမ်ားစြာပါတယ္။ ဒါေၾကာင့္လဲ ရုပ္ရွင္မရုိက္ေတာ့ဘူးဆုိၿပီး နားလုိက္တာပါတယ္။ စိတ္ေသာကျဖစ္တယ္'' လုိ႔ ေျပာျပခဲ့ပါတယ္။
ဒါရုိက္တာညီညီထြန္းလြင္အေနနဲ႔ အခုလက္ရွိမွာ ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရုံးရဲ႕ အတြင္းေရးမွဴးတစ္ေယာက္အျဖစ္တာဝန္ ထမ္း ေဆာင္ သြားမွာျဖစ္ၿပီး ဇာတ္ညႊန္း၊ ဒါရုိက္တာ၊ ထုတ္လုပ္သူ စတဲ့အလႊာအသီးသီးက လူေတြကုိလည္း စုစည္းၿပီးေတာ့ ဆင္ဆာ နဲ႔ ပတ္သက္ၿပီး ဘယ္လုိခံစားေနရသလဲဆုိတာေတြကုိ အစည္းအေဝးလုပ္သြားမယ္လုိ႔ သူကဆုိပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဒါကြောင့်လဲ ရုပ်ရှင်မရိုက်တော့ဘူးဆိုပြီးနားလိုက်တာပါ။
အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကားကြီးကို ဖန်တီးတဲ့ ဒါရိုက်တာညီညီထွန်းလွင်ကတော့ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲက ဒိုင်ယာလော့ဂျ် စကား လုံးတွေက ဒီဘက်ခေတ်စနစ်ကို သရော်ထားတာဆိုတော့ ဒီဘက်ခေတ်စကားလုံးတွေပါပဲ ဆိုတဲ့ အကြောင်းကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။
'' ဒိုင်ယာလော့ဂျ် တော်တော်များများကတော့ ခေတ်စနစ်ကိုသရော်ထားတာဆိုတော့ ဒီဘက်ခေတ်စကားလုံးတွေပဲပေါ့နော်။ ဥပမာ အနေနဲ့ပြောရရင် ဝါစာနီက လုပ်ကြံဖို့အတွက် ရံရွှေတော်နဲ့တိုင်ပင်တယ်။ ဖြစ်ပါ့မလား လူသတ်မှုဆိုပြီးလာစုံစမ်းနေဦးမယ်၊ ၅လောင်း ပြိုင်တွေ၊ ၄ လောင်းပြိုင်တွေတောင် တရားခံမှမပေါ်တာ ဆိုတာတွေက ဒါက ကျွန်တော်တို့ ဒီဘက်ခေတ်စနစ်ကို သရော်တာပါ'' လို့ သူက ဆိုပါတယ်။
အော်တိုဘုရင်ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်လို့ ဆင်ဆာအဖြတ်ခံရလို့လည်း ဒါရိုက်တာတစ်ယောက်အနေနဲ့ ဆင်ဆာအဖြတ်ခံရ တိုင်း စိတ်ဆိုးတဲ့အတွက် ဆင်ဆာနဲ့ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်သွားမယ့် အကြောင်းအရာလေးတွေကိုလည်း အခုလိုပြောပြ ခဲ့ပါတယ်။
'' ဒါရိုက်တာတစ်ယောက်အနေနဲ့ကတော့ ဆင်ဆာအဖြတ်ခံရတိုင်းစိတ်ဆိုးတာပဲ။ အဲ့ဒီလိုစိတ်ဆိုးတဲ့အတွက်ကြောင့်လည်း ဆင်ဆာနဲ့ ဇာတ်လမ်းစိစစ်ရေးအဖွဲ့နဲ့ အစည်းအရုံးအသစ်ကနေပြီးတော့ သူတို့ကိုပြန်လည် ထိန်းကြောင်းတည့်မတ်ဖို့ဆိုပြီးတော့ လုပ်တော့ လုပ်ဆောင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်နဲ့တစ်ယောက် အမြင်က ဘယ်တော့မှ တူမှာလည်းမဟုတ်ဘူး။ သူတို့ ဘက်ကကြည့်တော့လည်းမြန်မာ့ရုပ်ရှင်ကြီး ဖွံ့ဖြိုးတိုးတက်အောင်ဆိုပြီးဖြတ်တာ သူတို့လည်းစေတနာ ဆိုးနဲ့ဖြတ်တာတော့ မဟုတ်ဘူး ဒါပေမယ့် ဒီဘက်က ခံရတဲ့လူတွေဘက်ကလည်း ကိုယ်ဖန်တီးထားတဲ့အနုပညာကိုလာပြီး ခေါင်းပုံဖြတ်တယ်၊ အနိုင်ကျင့်တယ်လို့ခံစား ရတယ်။ စိတ်ဆိုးတယ်။ စိတ်ဆိုးတာကလည်း ခဏလေးမဟုတ်ဘူး နှစ်ပေါင်းများစွာပါတယ်။ ဒါကြောင့်လဲ ရုပ်ရှင်မရိုက်တော့ဘူးဆိုပြီး နားလိုက်တာပါတယ်။ စိတ်သောကဖြစ်တယ်'' လို့ ပြောပြခဲ့ပါတယ်။
ဒါရိုက်တာညီညီထွန်းလွင်အနေနဲ့ အခုလက်ရှိမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ အတွင်းရေးမှူးတစ်ယောက်အဖြစ်တာဝန် ထမ်း ဆောင် သွားမှာဖြစ်ပြီး ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ စတဲ့အလွှာအသီးသီးက လူတွေကိုလည်း စုစည်းပြီးတော့ ဆင်ဆာ နဲ့ ပတ်သက်ပြီး ဘယ်လိုခံစားနေရသလဲဆိုတာတွေကို အစည်းအဝေးလုပ်သွားမယ်လို့ သူကဆိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top