ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မြန္ျပည္နယ္ က်ိဳက္ ထိုၿမိဳ႕နယ္ က်ိဳက္ထီး႐ိုးေစတီ သို႔ ေျပးဆြဲမည့္ ေကဘယ္ကား (ေကာင္းကင္ရထား)စီမံကိန္းစမ္း သပ္ေျပးဆြဲေရးလုပ္ငန္း လုပ္ကိုင္ ေနၿပီး ဒီဇင္ဘာတြင္ ဖြင့္လွစ္္မည္ ျဖစ္ေၾကာင္း Sky Asia ကုမၸဏီလီမိတက္ အထူးအႀကံေပးဦးမ်ိဳးေဝက ေျပာသည္။
ရေသ့ေတာင္မွ ေစတီရင္ ျပင္ေတာ္အထိ ေကာင္းကင္ရထား ျဖင့္ ေျပးဆြဲမည့္ စီမံကိန္းသည္ ယေန႔(ေအာက္တိုဘာ ၂၆ ရက္) အထိ ၉၅ ရာခိုင္ႏႈန္းၿပီးစီးေနၿပီး ႏိုဝင္ဘာတြင္ လူတစ္ဦး၏အေလး ခ်ိန္ႏွင့္ညီမွ်ေသာ သဲအိတ္မ်ား တင္ေဆာင္ၿပီး အႀကိမ္ႀကိမ္စမ္း သပ္မည္ျဖစ္ေၾကာင္း ဦးမ်ိဳးေဝက ဆိုသည္။
‘‘ေအာက္တိုဘာ ၄ ရက္ေန႔ က တြဲဆိုင္း ၄၃ ခုစလံုးကို တပ္ဆင္ လို႔ၿပီးၿပီ။ စမ္းသပ္ေမာင္းႏွင္ေနပါ တယ္။ စမ္းသပ္တဲ့လုပ္ငန္းကို ျပင္သစ္ႏုိင္ငံ၊ ကိုရီးယားႏုိင္ငံ၊ ျမန္မာႏိုင္ငံက ကြၽမ္းက်င္တဲ့ အင္ ဂ်င္နီယာေတြနဲ႔ ပူးေပါင္းၿပီး စနစ္ တက်စစ္ေဆးမယ္။ အဲဒီလိုအ ႀကိမ္ႀကိမ္အထပ္ထပ္ စစ္ေဆးၿပီး လံုၿခံဳစိတ္ခ်ရတဲ့ အဆင့္ေရာက္မွ ဖြင့္ပြဲလုပ္မယ္။ ဒီဇင္ဘာလဆန္း မွ ဖြင့္လွစ္သြားမယ္’’ဟု ဦးမ်ိဳးေဝ က ေျပာသည္။
ထို႔အျပင္ ေကဘယ္ကားစီး မည့္ခရီးသည္မ်ားအတြက္  အ သက္အာမခံထားရွိရန္ ကေမၻာဇဘဏ္ႏွင့္ ညႇိႏိႈင္းေဆာင္ရြက္ထား ၿပီး စီးနင္းခကို ႏိုင္ငံသားတစ္ဦး လွ်င္ က်ပ္သံုးေထာင္ႏွင့္ ျပည္ပဘုရားဖူးတစ္ဦးလွ်င္ ငါးေဒၚလာ သတ္မွတ္ထားေၾကာင္း ၎က ေျပာသည္။
အာမခံအတြက္ က်သင့္ေငြ သီးသန္႔ေပးသြင္းရမည္ ျဖစ္ေသာ္လည္း ေပးသြင္းရမည့္ေငြ ပမာဏသတ္မွတ္ခ်က္ မသိရေသးဘဲ လက္မွတ္မ်ားကို ကြန္ပ်ဴတာစနစ္ျဖင့္ စီစဥ္ထားေၾကာင္းဦးမ်ိဳးေဝက ဆိုသည္။
ေကဘယ္ကားစီမံကိန္းၿပီး စီးေန၍ ယင္းလုပ္ငန္းအတြက္ လို အပ္ေသာ ဆရာဝန္မ်ား၊ သူနာျပဳ မ်ား၊ အင္ဂ်င္နီယာမ်ားႏွင့္ လံုၿခံဳ ေရးဝန္ထမ္းမ်ား ေရြးခ်ယ္ထားၿပီး ႏိုဝင္ဘာ ပထမပတ္တြင္ ခန္႔အပ္ မည္ျဖစ္ေၾကာင္း Sky Asia ကုမၸ ဏီလီမိတက္က သတင္းထုတ္ျပန္ ထားသည္။
 ေကဘယ္ကား အစီးေရ ေလးဆယ့္သံုးစီးႏွင့္ အရန္တစ္စီး ေျပးဆြဲမည္ျဖစ္ၿပီး အဆိုပါစီမံ ကိန္းကို ကန္ေဒၚလာ သန္း ၂၀ ကုန္က်ခံကာ ေကဘယ္ကားႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ျပင္သစ္ ႏိုင္ငံမွ မွာယူတင္သြင္းၿပီး ခရီးစဥ္ အစအဆံုး ၁၀ မိနစ္ခန္႔ ၾကာမည္ျဖစ္ေၾကာင္း Sky Asia ကုမၸဏီလီမိတက္မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ေကဘယ္ကားစီမံကိန္းကို က်ိဳက္ထီး႐ိုးေဘးမဲ့ေတာနယ္ေျမ ရွိ ေျမ ၁၃ ဒသမ ၅ ဧကတြင္ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးႏွင့္ သစ္ေတာေရးရာ ဝန္ႀကီးဌာနက ႏွစ္ ၇၀ စာခ်ဳပ္ျဖင့္ ငွားရမ္းလုပ္ကိုင္ျခင္းျဖစ္ၿပီး ျမန္မာႏုိင္ငံရင္းႏွီး ျမႇဳပ္ႏွံမႈေကာ္မရွင္ (MIC) ခြင့္ျပဳ ခ်က္ျဖင့္ ေဆာင္ရြက္ျခင္း ျဖစ္ သည္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7DayDaily
#Unicode Version#
 မွန်ပြည်နယ် ကျိုက် ထိုမြို့နယ် ကျိုက်ထီးရိုးစေတီ သို့ ပြေးဆွဲမည့် ကေဘယ်ကား (ကောင်းကင်ရထား)စီမံကိန်းစမ်း သပ်ပြေးဆွဲရေးလုပ်ငန်း လုပ်ကိုင် နေပြီး ဒီဇင်ဘာတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း Sky Asia ကုမ္ပဏီလီမိတက် အထူးအကြံပေးဦးမျိုးဝေက ပြောသည်။

ရသေ့တောင်မှ စေတီရင် ပြင်တော်အထိ ကောင်းကင်ရထား ဖြင့် ပြေးဆွဲမည့် စီမံကိန်းသည် ယနေ့(အောက်တိုဘာ ၂၆ ရက်) အထိ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီး နိုဝင်ဘာတွင် လူတစ်ဦး၏အလေး ချိန်နှင့်ညီမျှသော သဲအိတ်များ တင်ဆောင်ပြီး အကြိမ်ကြိမ်စမ်း သပ်မည်ဖြစ်ကြောင်း ဦးမျိုးဝေက ဆိုသည်။

‘‘အောက်တိုဘာ ၄ ရက်နေ့ က တွဲဆိုင်း ၄၃ ခုစလုံးကို တပ်ဆင် လို့ပြီးပြီ။ စမ်းသပ်မောင်းနှင်နေပါ တယ်။ စမ်းသပ်တဲ့လုပ်ငန်းကို ပြင်သစ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မြန်မာနိုင်ငံက ကျွမ်းကျင်တဲ့ အင် ဂျင်နီယာတွေနဲ့ ပူးပေါင်းပြီး စနစ် တကျစစ်ဆေးမယ်။ အဲဒီလိုအ ကြိမ်ကြိမ်အထပ်ထပ် စစ်ဆေးပြီး လုံခြုံစိတ်ချရတဲ့ အဆင့်ရောက်မှ ဖွင့်ပွဲလုပ်မယ်။ ဒီဇင်ဘာလဆန်း မှ ဖွင့်လှစ်သွားမယ်’’ဟု ဦးမျိုးဝေ က ပြောသည်။

ထို့အပြင် ကေဘယ်ကားစီး မည့်ခရီးသည်များအတွက်  အ သက်အာမခံထားရှိရန် ကမ္ဘောဇဘဏ်နှင့် ညှိနှိုင်းဆောင်ရွက်ထား ပြီး စီးနင်းခကို နိုင်ငံသားတစ်ဦး လျှင် ကျပ်သုံးထောင်နှင့် ပြည်ပဘုရားဖူးတစ်ဦးလျှင် ငါးဒေါ်လာ သတ်မှတ်ထားကြောင်း ၎င်းက ပြောသည်။

အာမခံအတွက် ကျသင့်ငွေ သီးသန့်ပေးသွင်းရမည် ဖြစ်သော်လည်း ပေးသွင်းရမည့်ငွေ ပမာဏသတ်မှတ်ချက် မသိရသေးဘဲ လက်မှတ်များကို ကွန်ပျူတာစနစ်ဖြင့် စီစဉ်ထားကြောင်းဦးမျိုးဝေက ဆိုသည်။

ကေဘယ်ကားစီမံကိန်းပြီး စီးနေ၍ ယင်းလုပ်ငန်းအတွက် လို အပ်သော ဆရာဝန်များ၊ သူနာပြု များ၊ အင်ဂျင်နီယာများနှင့် လုံခြုံ ရေးဝန်ထမ်းများ ရွေးချယ်ထားပြီး နိုဝင်ဘာ ပထမပတ်တွင် ခန့်အပ် မည်ဖြစ်ကြောင်း Sky Asia ကုမ္ပ ဏီလီမိတက်က သတင်းထုတ်ပြန် ထားသည်။

 ကေဘယ်ကား အစီးရေ လေးဆယ့်သုံးစီးနှင့် အရန်တစ်စီး ပြေးဆွဲမည်ဖြစ်ပြီး အဆိုပါစီမံ ကိန်းကို ကန်ဒေါ်လာ သန်း ၂၀ ကုန်ကျခံကာ ကေဘယ်ကားနှင့် ဆက်စပ်ပစ္စည်းများကို ပြင်သစ် နိုင်ငံမှ မှာယူတင်သွင်းပြီး ခရီးစဉ် အစအဆုံး ၁၀ မိနစ်ခန့် ကြာမည်ဖြစ်ကြောင်း Sky Asia ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကေဘယ်ကားစီမံကိန်းကို ကျိုက်ထီးရိုးဘေးမဲ့တောနယ်မြေ ရှိ မြေ ၁၃ ဒသမ ၅ ဧကတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက နှစ် ၇၀ စာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြု ချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ် သည်။

 ဖိုးသူတော် (www.phothutaw.com)
Credit:7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top