Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

အဂၤလိပ္စကားေျပာ တိုးတက္ေစဖို႔ ကိုယ္ဘာသာ ဘယ္လိုေလ့လာရမလဲဆိုတာ အက္ဒမင္ အမ်ားႀကီးေရးခဲ့ပါတယ္။ အဲ့ဒီမွာ ေမးစရာတစ္ခုရွိလာေရာ။ အဂၤလိပ္စာဆိုတာ ကိုယ့္ဘာသာ ေလ့လာရံုနဲ႔ ၿပီးၿပီလား။ ဆရာေကာင္းေကာင္းနဲ႔ ေသခ်ာသင္ဖို႔ေရာ မလိုေတာ့ဘူးလား။ တကယ္တန္းက် ဆရာမျပနည္းမက်ဆိုတဲ့ စကားလဲ ရွိေသးတယ္ေလ။ ကဲ… ဒီလိုဆို ဆရာလိုမလို တို႔ေတြ ေဆြးေႏြးၾကည့္ရေအာင္လား။

ေယာင္းတို႔ေတြအားလံုးဟာ ငယ္ငယ္တည္းက အဂၤလိပ္စာကို ေက်ာင္းမွာသင္လာရတာမို႔ ေခသူေတြေတာ့ မဟုတ္ၾကပါဘူး။ ရွစ္တန္းေလာက္မွာ ကတည္းကစသင္တဲ့ သဒၵါပံုစံေတြကိုေတာ့ အကုန္မွတ္မိခ်င္မွ မွတ္မိလိမ့္မယ္ (အက္ဒမင့္လိုေပါ့ ဟီး) ဒါေပမယ့္ အဂၤလိပ္လိုလံုးဝမတတ္တဲ့ သူေတြဘယ္ဟုတ္မလဲ။ အစိမ္းသက္သက္ႀကီးေတာ့ ဟုတ္ဘူးေလ။ ငယ္ငယ္တုန္းက အတန္းထဲမွာ စာပိုဒ္လိုက္ေတြ ေအာ္ခဲ့တဲ့ စပီကင္စေကးေတြ၊ ဖတ္စာအုပ္ထဲက ဝတၳဳအပိုင္းအစေလးေတြကို ဖတ္ခဲ့တဲ့ စာဖတ္တဲ့စေကးေတြ ရွိၾကတယ္မလား။ ေျပာပါတယ္ ေခသူေတြမဟုတ္ပါဘူးလို႔။

ဒီလိုဆိုေပမယ့္ အဂၤလိပ္စာသင္တန္း တက္ဖို႔လိုလားလို႔ ေမးလာခဲ့ရင္ လိုလဲလိုတယ္ မလိုလဲမလိုဘူးလို႔ပဲ ေျဖပါရေစ။ ဘာလို႔လဲဆိုေတာ့ တစ္ခ်ိဳ႕ေတြက အဂၤလိပ္စာ အေျခခံရွိေသာ္ညား မသံုးတာၾကာလို႔ ေမ့သြားၾကတဲ့အခါ ျပန္ၿပီး အစေဖာ္ေပးဖို႔လိုတယ္ေလ။ တစ္ခ်ိဳ႕ကက် စာေတြမေမ့ေသးဘူး ဒါေပမယ့္ ကိုယ္နဲ႔တူတူ စကားလိုက္ေျပာေပးမယ့္ ေလ့က်င့္ေဖာ္လိုျပန္ေရာ။ အဲ့လိုေတြဆိုရင္ေတာ့ အေျခခံေလးေတြျပန္ၿပီး သင္ေပးမယ့္ဆရာနဲ႔ ကိုယ္နဲ႔ စကားေတြေျပာေပးမယ့္ ေလ့က်င့္ေဖာ္ေတြရွိမယ့္ သင္တန္းတစ္ခု တက္ဖို႔လိုေနၿပီေပါ့။

တကယ္ေတာ့ သင္တန္းမတက္လဲ ရပါတယ္။ အက္ဒမင္ေျပာခဲ့သလို စာအုပ္ေတြဖတ္ – အသံပါထြက္ၿပီးဖတ္၊ ရုပ္ရွင္ေတြ နာနာၾကည့္၊ နားေထာင္တဲ့စေကး ျမင့္လာေအာင္ podcast ေတြ သီခ်င္းေတြနားေထာင္။ ကဲဘာလိုေသးလဲ။ အက္ဒမင္လဲ ဒီလိုနည္းနဲ႔ပဲ အဂၤလိပ္စာေလ့လာခဲ့တာ ေယာင္းရဲ႕။ အခုေတာ့ ႏိုင္ငံျခားသားေတြနဲ႔ စကားေတြအမ်ားႀကီး အျပန္အလွန္ေျပာရတဲ့ အလုပ္ထဲမွာ အဆင္ေျပေနၿပီေလ။

ဒီေလာက္ဆိုရင္ ေယာင္းတို႔လဲ ကိုယ့္ဘာကိုယ္ သင္တန္းလိုမလို ဆံုးျဖတ္ႏိုင္ၾကၿပီ ထင္ပါတယ္။ အက္ဒမင္အခု ထပ္ေျပာခ်င္တာတစ္ခု ရွိပါတယ္။ ဒါကေတာ့ အင္မတန္မွ သင္တန္းေၾကးေစ်းႀကီးတဲ့ ေနးတစ္ဗ္စပီကာေတြသင္တဲ့ သင္တန္းေတြပါပဲ။ ဒီလိုသင္တန္းေတြက ႏိုင္ငံျခားသားေတြကို ဗန္းျပၿပီး ေစ်းႀကီးႀကီးေတာင္းေနၾကေပမယ့္ အဲ့ဒီႏိုင္ငံျခားသားေတြ အားလံုးဟာ ဆရာျဖစ္သင္တန္းဆင္းေတြေတာ့ မဟုတ္ၾကဘူး။

အက္ဒမင့္ အေတြ႔အႀကံဳအရဆိုရင္ အဂၤလိပ္စာသင္တန္းေက်ာင္းက ႏိုင္ငံျခားသားဆရာအမ်ားစုက သူတို႔ရဲ႕ အိမ္ေထာင္ဖက္က ဒီမွာအလုပ္လာလုပ္ေတာ့ လိုက္လာရင္း အဲ့ဒီေက်ာင္းေတြမွာ အလုပ္ဝင္ၾကတာပါ။ ေက်ာင္းေတြကလဲ ေနးတစ္ဗ္စပီကာဆိုေတာ့ ေက်ာင္းမ်က္ႏွာျပလွတယ္ဆိုၿပီး လခမ်ားမ်ားနဲ႔ ငွားထားၾကတာေပါ့။ တစ္ခ်ိဳ႕ေတြက် တကယ့္ဆရာ၊ဆရာမ အစစ္ေတြလဲရွိပါတယ္။ အဲ့ဒီေတာ့ အက္ဒမင္သတိေပးခ်င္တာက ေစ်းႀကီးႀကီးေပးၿပီး သင္တန္းတက္သင့္ မတက္သင့္ဆိုတာလည္း ေယာင္းရဲ႕ဆံုးျဖတ္ခ်က္ျဖစ္သလို အဲ့ဒီသင္တန္းမွာသင္မယ့္ ဆရာ၊ဆရာမေတြရဲ႕ အရည္အခ်င္းကို ေသခ်ာစံုစမ္းဖို႔ကလည္း ေယာင္းရဲ႕တာဝန္ပဲ ျဖစ္တယ္ဆိုတာပါပဲ။

အခုေခတ္ကေတာ့ ပညာေခတ္ျဖစ္ေနသလို ႏိုင္ငံျခားက ရင္းႏွီးျမဳပ္ႏွံမႈေတြ အမ်ားႀကီးလဲေရာက္လာၾကတာမို႔ အဂၤလိပ္စာက အေရးပါလာပါတယ္။ ဒါေၾကာင့္မို႔ အက္ဒမင္ကေတာ့ ကိုယ့္ေယာင္းကေလးေတြကို အဂၤလိပ္စာ ကၽြမ္းက်င္ေအာင္ သင္ထားေစခ်င္တယ္။ ဒီလိုသင္ရာမွာ အက္ဒမင္ေျပာဖူးတဲ့၊ ဆက္ေျပာဦးမယ့္ နည္းလမ္းေလးေတြနဲ႔ ကိုယ္တိုင္ေလ့လာလို႔ ရသလို သင္တန္းေတြတက္လဲ ျမန္ျမန္တတ္ႏိုင္တာမို႔ ကိုယ္နဲ႔အဆင္အေျပဆံုးလမ္းကို ေရြးၾကဖို႔ပါပဲ။ ေယာင္းတို႔ ေဝခြဲမရျဖစ္ေနရင္ For Her Myanmar က အက္ဒမင္ေတြကို လာၿပီေဆြးေႏြးလို႔ရတယ္ေနာ္။

ေယာင္းတို႔ေတြ အဂၤလိပ္စာပိုကၽြမ္းက်င္လာၿပီ အလုပ္အကိုင္အခြင့္အလမ္းေတြ တိုးတက္လာႏိုင္ၾကပါေစကြယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Khine (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ရန္ #
အင်္ဂလိပ်စကားပြော တိုးတက်စေဖို့ ကိုယ်ဘာသာ ဘယ်လိုလေ့လာရမလဲဆိုတာ အက်ဒမင် အများကြီးရေးခဲ့ပါတယ်။ အဲ့ဒီမှာ မေးစရာတစ်ခုရှိလာရော။ အင်္ဂလိပ်စာဆိုတာ ကိုယ့်ဘာသာ လေ့လာရုံနဲ့ ပြီးပြီလား။ ဆရာကောင်းကောင်းနဲ့ သေချာသင်ဖို့ရော မလိုတော့ဘူးလား။ တကယ်တန်းကျ ဆရာမပြနည်းမကျဆိုတဲ့ စကားလဲ ရှိသေးတယ်လေ။ ကဲ… ဒီလိုဆို ဆရာလိုမလို တို့တွေ ဆွေးနွေးကြည့်ရအောင်လား။

ယောင်းတို့တွေအားလုံးဟာ ငယ်ငယ်တည်းက အင်္ဂလိပ်စာကို ကျောင်းမှာသင်လာရတာမို့ ခေသူတွေတော့ မဟုတ်ကြပါဘူး။ ရှစ်တန်းလောက်မှာ ကတည်းကစသင်တဲ့ သဒ္ဒါပုံစံတွေကိုတော့ အကုန်မှတ်မိချင်မှ မှတ်မိလိမ့်မယ် (အက်ဒမင့်လိုပေါ့ ဟီး) ဒါပေမယ့် အင်္ဂလိပ်လိုလုံးဝမတတ်တဲ့ သူတွေဘယ်ဟုတ်မလဲ။ အစိမ်းသက်သက်ကြီးတော့ ဟုတ်ဘူးလေ။ ငယ်ငယ်တုန်းက အတန်းထဲမှာ စာပိုဒ်လိုက်တွေ အော်ခဲ့တဲ့ စပီကင်စကေးတွေ၊ ဖတ်စာအုပ်ထဲက ဝတ္ထုအပိုင်းအစလေးတွေကို ဖတ်ခဲ့တဲ့ စာဖတ်တဲ့စကေးတွေ ရှိကြတယ်မလား။ ပြောပါတယ် ခေသူတွေမဟုတ်ပါဘူးလို့။

ဒီလိုဆိုပေမယ့် အင်္ဂလိပ်စာသင်တန်း တက်ဖို့လိုလားလို့ မေးလာခဲ့ရင် လိုလဲလိုတယ် မလိုလဲမလိုဘူးလို့ပဲ ဖြေပါရစေ။ ဘာလို့လဲဆိုတော့ တစ်ချို့တွေက အင်္ဂလိပ်စာ အခြေခံရှိသော်ညား မသုံးတာကြာလို့ မေ့သွားကြတဲ့အခါ ပြန်ပြီး အစဖော်ပေးဖို့လိုတယ်လေ။ တစ်ချို့ကကျ စာတွေမမေ့သေးဘူး ဒါပေမယ့် ကိုယ်နဲ့တူတူ စကားလိုက်ပြောပေးမယ့် လေ့ကျင့်ဖော်လိုပြန်ရော။ အဲ့လိုတွေဆိုရင်တော့ အခြေခံလေးတွေပြန်ပြီး သင်ပေးမယ့်ဆရာနဲ့ ကိုယ်နဲ့ စကားတွေပြောပေးမယ့် လေ့ကျင့်ဖော်တွေရှိမယ့် သင်တန်းတစ်ခု တက်ဖို့လိုနေပြီပေါ့။

တကယ်တော့ သင်တန်းမတက်လဲ ရပါတယ်။ အက်ဒမင်ပြောခဲ့သလို စာအုပ်တွေဖတ် – အသံပါထွက်ပြီးဖတ်၊ ရုပ်ရှင်တွေ နာနာကြည့်၊ နားထောင်တဲ့စကေး မြင့်လာအောင် podcast တွေ သီချင်းတွေနားထောင်။ ကဲဘာလိုသေးလဲ။ အက်ဒမင်လဲ ဒီလိုနည်းနဲ့ပဲ အင်္ဂလိပ်စာလေ့လာခဲ့တာ ယောင်းရဲ့။ အခုတော့ နိုင်ငံခြားသားတွေနဲ့ စကားတွေအများကြီး အပြန်အလှန်ပြောရတဲ့ အလုပ်ထဲမှာ အဆင်ပြေနေပြီလေ။

ဒီလောက်ဆိုရင် ယောင်းတို့လဲ ကိုယ့်ဘာကိုယ် သင်တန်းလိုမလို ဆုံးဖြတ်နိုင်ကြပြီ ထင်ပါတယ်။ အက်ဒမင်အခု ထပ်ပြောချင်တာတစ်ခု ရှိပါတယ်။ ဒါကတော့ အင်မတန်မှ သင်တန်းကြေးဈေးကြီးတဲ့ နေးတစ်ဗ်စပီကာတွေသင်တဲ့ သင်တန်းတွေပါပဲ။ ဒီလိုသင်တန်းတွေက နိုင်ငံခြားသားတွေကို ဗန်းပြပြီး ဈေးကြီးကြီးတောင်းနေကြပေမယ့် အဲ့ဒီနိုင်ငံခြားသားတွေ အားလုံးဟာ ဆရာဖြစ်သင်တန်းဆင်းတွေတော့ မဟုတ်ကြဘူး။

အက်ဒမင့် အတွေ့အကြုံအရဆိုရင် အင်္ဂလိပ်စာသင်တန်းကျောင်းက နိုင်ငံခြားသားဆရာအများစုက သူတို့ရဲ့ အိမ်ထောင်ဖက်က ဒီမှာအလုပ်လာလုပ်တော့ လိုက်လာရင်း အဲ့ဒီကျောင်းတွေမှာ အလုပ်ဝင်ကြတာပါ။ ကျောင်းတွေကလဲ နေးတစ်ဗ်စပီကာဆိုတော့ ကျောင်းမျက်နှာပြလှတယ်ဆိုပြီး လခများများနဲ့ ငှားထားကြတာပေါ့။ တစ်ချို့တွေကျ တကယ့်ဆရာ၊ဆရာမ အစစ်တွေလဲရှိပါတယ်။ အဲ့ဒီတော့ အက်ဒမင်သတိပေးချင်တာက ဈေးကြီးကြီးပေးပြီး သင်တန်းတက်သင့် မတက်သင့်ဆိုတာလည်း ယောင်းရဲ့ဆုံးဖြတ်ချက်ဖြစ်သလို အဲ့ဒီသင်တန်းမှာသင်မယ့် ဆရာ၊ဆရာမတွေရဲ့ အရည်အချင်းကို သေချာစုံစမ်းဖို့ကလည်း ယောင်းရဲ့တာဝန်ပဲ ဖြစ်တယ်ဆိုတာပါပဲ။

အခုခေတ်ကတော့ ပညာခေတ်ဖြစ်နေသလို နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေ အများကြီးလဲရောက်လာကြတာမို့ အင်္ဂလိပ်စာက အရေးပါလာပါတယ်။ ဒါကြောင့်မို့ အက်ဒမင်ကတော့ ကိုယ့်ယောင်းကလေးတွေကို အင်္ဂလိပ်စာ ကျွမ်းကျင်အောင် သင်ထားစေချင်တယ်။ ဒီလိုသင်ရာမှာ အက်ဒမင်ပြောဖူးတဲ့၊ ဆက်ပြောဦးမယ့် နည်းလမ်းလေးတွေနဲ့ ကိုယ်တိုင်လေ့လာလို့ ရသလို သင်တန်းတွေတက်လဲ မြန်မြန်တတ်နိုင်တာမို့ ကိုယ်နဲ့အဆင်အပြေဆုံးလမ်းကို ရွေးကြဖို့ပါပဲ။ ယောင်းတို့ ဝေခွဲမရဖြစ်နေရင် For Her Myanmar က အက်ဒမင်တွေကို လာပြီဆွေးနွေးလို့ရတယ်နော်။

ယောင်းတို့တွေ အင်္ဂလိပ်စာပိုကျွမ်းကျင်လာပြီ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်လာနိုင်ကြပါစေကွယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Khine (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top