Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ပထမဆုံး ဇာတ္လမ္းတြဲရုိက္ရမွာျဖစ္တဲ့အတြက္ ျပင္ဆင္မႈ

Myanmar Media 7 က ထုတ္လုပ္ၿပီး ဒါရိုက္တာ သားညီရုိက္ကူးဖန္တီးမယ့္ လိပ္ျပေခါင္မုိး ရုပ္သံဇာတ္လမ္းတြဲမွာ ပထမဆုံးအေနနဲ႔ ပါဝင္သရုပ္ေဆာင္သြားမယ့္ သီရိေက်ာ္ ကေတာ့ ဒီဇာတ္လမ္းတြဲနဲ႔ ပတ္သက္ၿပီး သူဘယ္လုိ ႀကိဳးစားသြားမလဲဆုိတာကုိ Duwun Media ကေနေျပာျပခဲ့ပါတယ္။  


'' လိပ္ျပာေခါင္မုိး ဆုိတဲ့ ရုပ္သံဇာတ္လမ္းတြဲမွာ လြန္းငယ္ဆုိတဲ့ ေကာင္မေလးေပါ့ေနာ္ သာမန္ လက္လုပ္ လက္စားေကာင္မေလးတစ္ေယာက္ေနရာက သရုပ္ေဆာင္ရမွာပါ။ ဒီဇာတ္ကားအတြက္ေတာ့ ဇာတ္ညႊန္းကုိ ေသခ်ာဖတ္ျဖစ္တယ္၊ ျပင္ဆင္စရာရွိတာေတြလည္း အမ်ားႀကီးျပင္ဆင္ထားပါတယ္။ ပထမဆုံး ရိုက္ရတဲ့ ဇာတ္ကားျဖစ္တဲ့အတြက္ အခက္အခဲေတြ အမ်ားႀကီး ျဖစ္မယ္လုိ႔လည္း ထင္ပါတယ္ ဒီအတြက္ ညီမ အေကာင္းဆုံးႀကိဳးစားသြားမွာပါ'' လုိ႔ သူကဆုိပါတယ္။

လိပ္ျပာေခါင္မုိး ဇာတ္လမ္းတြဲထဲမွာလည္း စီနီယာသရုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ရတနာျဖဴျဖဴေအာင္နဲ႔ တြဲဖက္သရုပ္ေဆာင္ ရမွာျဖစ္တဲ့ အတြက္ သင္ၾကားေပးမႈအပုိင္းေတြကုိလည္း အခုလိုေျပာျပခဲ့ပါေသးတယ္။ 


'' အခုဆုိရင္ မရတနာျဖဴျဖဴေအာင္ေပါ့ေနာ္ သူဆုိရင္ နာမည္ႀကီးၿပီးသား သရုပ္ေဆာင္တစ္ဦးျဖစ္တယ္။ ညီမကုိလည္း အသစ္ တစ္ေယာက္ျဖစ္တဲ့ အတြက္ အစ္မက အမ်ားႀကီး ကူညီေဖးမေပးတယ္။ အစ္မက လက္တြဲၿပီးေတာ့ ကူညီေပးပါတယ္။ စိတ္ပုိင္းဆုိင္ရာ နဲ႔ ပတ္သက္ၿပီးေတာ့ အမ်ားႀကီး ျပင္ဆင္ထားတယ္၊ အေကာင္းဆုံးႀကိဳးစားဖုိ႔၊ စိတ္ဓာတ္မက်ဖုိ႔ ျပင္ဆင္ထားတယ္၊ ကုိသားညီကလည္း သင္ေပးမွာျဖစ္ပါတယ္။အဲ့ဒီအတြက္လည္း အေကာင္းဆုံး လုပ္ႏုိင္မယ္လုိ႔ထင္ပါတယ္'' လုိ႔  သီရိေက်ာ္က ေျပာပါတယ္။

သီရိေက်ာ္အေနနဲ႔ Model ေလာက ကေန သရုပ္ေဆာင္ဘက္ကို ကူးေျပာင္းလာတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး လိပ္ျပာေခါင္မုိး ဆုိတဲ့ ရုပ္သံဇာတ္လမ္းတြဲမွာလည္း ပထမဆုံးအႀကိမ္အေနနဲ႔ ပါဝင္ သရုပ္ေဆာင္သြားမွာျဖစ္လုိ႔ ပရိသတ္ေတြက အားေပးေစခ်င္ တယ္ လုိ႔ေျဖဆိုခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  သီရိေက်ာ္ေဖ့စ္ဘြတ္
#Unicode Version#

 ပထမဆုံး ဇာတ်လမ်းတွဲရိုက်ရမှာဖြစ်တဲ့အတွက် ပြင်ဆင်မှု



Myanmar Media 7 က ထုတ်လုပ်ပြီး ဒါရိုက်တာ သားညီရိုက်ကူးဖန်တီးမယ့် လိပ်ပြခေါင်မိုး ရုပ်သံဇာတ်လမ်းတွဲမှာ ပထမဆုံးအနေနဲ့ ပါဝင်သရုပ်ဆောင်သွားမယ့် သီရိကျော် ကတော့ ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး သူဘယ်လို ကြိုးစားသွားမလဲဆိုတာကို Duwun Media ကနေပြောပြခဲ့ပါတယ်။



'' လိပ်ပြာခေါင်မိုး ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ လွန်းငယ်ဆိုတဲ့ ကောင်မလေးပေါ့နော် သာမန် လက်လုပ် လက်စားကောင်မလေးတစ်ယောက်နေရာက သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်ကားအတွက်တော့ ဇာတ်ညွှန်းကို သေချာဖတ်ဖြစ်တယ်၊ ပြင်ဆင်စရာရှိတာတွေလည်း အများကြီးပြင်ဆင်ထားပါတယ်။ ပထမဆုံး ရိုက်ရတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် အခက်အခဲတွေ အများကြီး ဖြစ်မယ်လို့လည်း ထင်ပါတယ် ဒီအတွက် ညီမ အကောင်းဆုံးကြိုးစားသွားမှာပါ'' လို့ သူကဆိုပါတယ်။



လိပ်ပြာခေါင်မိုး ဇာတ်လမ်းတွဲထဲမှာလည်း စီနီယာသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရတနာဖြူဖြူအောင်နဲ့ တွဲဖက်သရုပ်ဆောင် ရမှာဖြစ်တဲ့ အတွက် သင်ကြားပေးမှုအပိုင်းတွေကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။




'' အခုဆိုရင် မရတနာဖြူဖြူအောင်ပေါ့နော် သူဆိုရင် နာမည်ကြီးပြီးသား သရုပ်ဆောင်တစ်ဦးဖြစ်တယ်။ ညီမကိုလည်း အသစ် တစ်ယောက်ဖြစ်တဲ့ အတွက် အစ်မက အများကြီး ကူညီဖေးမပေးတယ်။ အစ်မက လက်တွဲပြီးတော့ ကူညီပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာ နဲ့ ပတ်သက်ပြီးတော့ အများကြီး ပြင်ဆင်ထားတယ်၊ အကောင်းဆုံးကြိုးစားဖို့၊ စိတ်ဓာတ်မကျဖို့ ပြင်ဆင်ထားတယ်၊ ကိုသားညီကလည်း သင်ပေးမှာဖြစ်ပါတယ်။အဲ့ဒီအတွက်လည်း အကောင်းဆုံး လုပ်နိုင်မယ်လို့ထင်ပါတယ်'' လို့  သီရိကျော်က ပြောပါတယ်။



သီရိကျော်အနေနဲ့ Model လောက ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး လိပ်ပြာခေါင်မိုး ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပထမဆုံးအကြိမ်အနေနဲ့ ပါဝင် သရုပ်ဆောင်သွားမှာဖြစ်လို့ ပရိသတ်တွေက အားပေးစေချင် တယ် လို့ဖြေဆိုခဲ့ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:  သီရိကျော်ဖေ့စ်ဘွတ်


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top