Golden City Promotion
×

အမ်ိဳးသမီးေတြဟာ ဆန္းပြင့္တဲ့အခ်ိန္ဆိုတာရွိပါတယ္ေနာ္။ ဆန္းပြင့္တဲ့အခ်ိန္မဟုတ္ရင္ေတာင္ တခါတေလမွာ ကိုယ္လံုးဝမႀကိဳက္တဲ့သူတစ္ေယာက္ ဒါမွမဟုတ္ မႀကိဳက္ႏိုင္တဲ့သူတစ္ေယာက္က အနားကို အၿမဲတမ္းလိုက္ကပ္ၿပီး ကိုယ့္ကို ခ်စ္ခြင့္ပန္တာမ်ိဳး ႀကံဳဖူးၾကမွာပါ။ သူတို႔ေတြကုိ ဘယ္လိုရွင္းထုတ္မလဲ။

၁။ သူတို႔ကို Reply မျပန္ပါနဲ႔

ဖုန္းနဲ႔ျဖစ္ေစ အြန္လိုင္းကျဖစ္ေစ စကားေျပာလာတဲ့အခါ ျပန္မေျပာပါနဲ႔။ ဖုန္းကိုလည္းမေျဖပါနဲ႔။ ကိုယ္သူ႔ကို စိတ္မဝင္စားဘူးဆိုတာ သူတို႔သိေစပါ။

၂။ ရည္းစားမထားခ်င္ေသးေၾကာင္း သူသိေစပါ

သူက ကိုယ့္သူငယ္ခ်င္းဆိုရင္ေပါ့။ ကိုယ့္အေနနဲ႔ ရည္းစားထားရတာ ဘယ္ေလာက္စိတ္ရႈပ္စရာေကာင္းတဲ့အေၾကာင္း၊ ရည္းစားမထားခ်င္ေသးေၾကာင္း သူ႔ကို စကားႀကိဳခံၿပီးေျပာပါ။ ကိုယ့္ကို ႀကိဳက္ေနတဲ့သူဆိုရင္ မိန္းကေလးေတြက အလိုလိုသိေနတတ္ၾကပါတယ္ေနာ္။

၃။ သူဟာ အေကာင္းဆံုးသူငယ္ခ်င္းျဖစ္တဲ့အေၾကာင္း ထပ္ခါထပ္ခါေျပာပါ

သင့္မွာအခင္ရဆံုး ေယာက်ၤားေလးသူငယ္ခ်င္းဆိုလို႔ သူပဲရွိတဲ့အေၾကာင္း သူဟာ သင့္အတြက္ ဘယ္လိုသူငယ္ခ်င္းျဖစ္တဲ့အေၾကာင္း၊ ကိုယ့္စိတ္က သူ႕အေပၚ ဘယ္ေလာက္ထိျဖဴစင္တဲ့အေၾကာင္း သူသိေအာင္ ထပ္ခါထပ္ခါေျပာလိုက္ပါ။

၄။ သင့္အားနည္းခ်က္ေတြကို သူျမင္ပါေစ

တခါတေလ ကိုယ့္ကို ႀကိဳက္လို႔ မြန္ေနတဲ့အခ်ိန္မွာ ကိုယ္ဟာ perfect လို႔ ျမင္တတ္ပါတယ္။ အဲဒီအခါ သူသတိမထားမိတဲ့ သင့္ရဲ႕ အားနည္းခ်က္ေတြကို သူျမင္ေအာင္ လုပ္ျပလိုက္ပါ။ ပ်ာယာခတ္တာ၊ ညစ္ပတ္တာမ်ိဳးေပါ့။

၅။ သင္ႀကိဳက္တတ္တဲ့ ေယာက်ၤားေလးပံုစံကို သူသိပါေစ

ကိုယ့္အေနနဲ႔ ကိုယ္ႀကိဳက္တဲ့ သေဘာက်တဲ့ ေယာက်ၤားေလးဆိုတာ ဘယ္လိုပံုစံမ်ိဳးျဖစ္တဲ့အေၾကာင္း သူ႔ကို ေျပာပါ။ သူနဲ႔ လံုးဝမျဖစ္ႏိုင္တာ၊ သူနဲ႔မတူတာကို ျမင္သာေအာင္ ေျပာလုိက္ပါ။

၆။ ပြင့္ပြင့္လင္းလင္းသာေျပာလိုက္ပါ

တခ်ိဳ႕သူေတြက အရိပ္ျပလို႔အေကာင္းမျမင္တာလား၊ မျမင္ခ်င္ဟန္ေဆာင္တာလားမသိပါဘူး။ တခါတေလက်ရင္ သြယ္ဝုိက္ေသာနည္းနဲ႔ ေျပာတာဟာ မထိေရာက္ပါဘူး။ အဲဒီအခါ သူ႕ကိုမခ်စ္ႏိုင္ေၾကာင္း ဒဲ့သာေျပာလိုက္ပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
အမျိုးသမီးတွေဟာ ဆန်းပွင့်တဲ့အချိန်ဆိုတာရှိပါတယ်နော်။ ဆန်းပွင့်တဲ့အချိန်မဟုတ်ရင်တောင် တခါတလေမှာ ကိုယ်လုံးဝမကြိုက်တဲ့သူတစ်ယောက် ဒါမှမဟုတ် မကြိုက်နိုင်တဲ့သူတစ်ယောက်က အနားကို အမြဲတမ်းလိုက်ကပ်ပြီး ကိုယ့်ကို ချစ်ခွင့်ပန်တာမျိုး ကြုံဖူးကြမှာပါ။ သူတို့တွေကို ဘယ်လိုရှင်းထုတ်မလဲ။

၁။ သူတို့ကို Reply မပြန်ပါနဲ့

ဖုန်းနဲ့ဖြစ်စေ အွန်လိုင်းကဖြစ်စေ စကားပြောလာတဲ့အခါ ပြန်မပြောပါနဲ့။ ဖုန်းကိုလည်းမဖြေပါနဲ့။ ကိုယ်သူ့ကို စိတ်မဝင်စားဘူးဆိုတာ သူတို့သိစေပါ။

၂။ ရည်းစားမထားချင်သေးကြောင်း သူသိစေပါ
သူက ကိုယ့်သူငယ်ချင်းဆိုရင်ပေါ့။ ကိုယ့်အနေနဲ့ ရည်းစားထားရတာ ဘယ်လောက်စိတ်ရှုပ်စရာကောင်းတဲ့အကြောင်း၊ ရည်းစားမထားချင်သေးကြောင်း သူ့ကို စကားကြိုခံပြီးပြောပါ။ ကိုယ့်ကို ကြိုက်နေတဲ့သူဆိုရင် မိန်းကလေးတွေက အလိုလိုသိနေတတ်ကြပါတယ်နော်။

၃။ သူဟာ အကောင်းဆုံးသူငယ်ချင်းဖြစ်တဲ့အကြောင်း ထပ်ခါထပ်ခါပြောပါ

သင့်မှာအခင်ရဆုံး ယောင်္ကျားလေးသူငယ်ချင်းဆိုလို့ သူပဲရှိတဲ့အကြောင်း သူဟာ သင့်အတွက် ဘယ်လိုသူငယ်ချင်းဖြစ်တဲ့အကြောင်း၊ ကိုယ့်စိတ်က သူ့အပေါ် ဘယ်လောက်ထိဖြူစင်တဲ့အကြောင်း သူသိအောင် ထပ်ခါထပ်ခါပြောလိုက်ပါ။

၄။ သင့်အားနည်းချက်တွေကို သူမြင်ပါစေ
တခါတလေ ကိုယ့်ကို ကြိုက်လို့ မွန်နေတဲ့အချိန်မှာ ကိုယ်ဟာ perfect လို့ မြင်တတ်ပါတယ်။ အဲဒီအခါ သူသတိမထားမိတဲ့ သင့်ရဲ့ အားနည်းချက်တွေကို သူမြင်အောင် လုပ်ပြလိုက်ပါ။ ပျာယာခတ်တာ၊ ညစ်ပတ်တာမျိုးပေါ့။

၅။ သင်ကြိုက်တတ်တဲ့ ယောင်္ကျားလေးပုံစံကို သူသိပါစေ

ကိုယ့်အနေနဲ့ ကိုယ်ကြိုက်တဲ့ သဘောကျတဲ့ ယောင်္ကျားလေးဆိုတာ ဘယ်လိုပုံစံမျိုးဖြစ်တဲ့အကြောင်း သူ့ကို ပြောပါ။ သူနဲ့ လုံးဝမဖြစ်နိုင်တာ၊ သူနဲ့မတူတာကို မြင်သာအောင် ပြောလိုက်ပါ။

၆။ ပွင့်ပွင့်လင်းလင်းသာပြောလိုက်ပါ
တချို့သူတွေက အရိပ်ပြလို့အကောင်းမမြင်တာလား၊ မမြင်ချင်ဟန်ဆောင်တာလားမသိပါဘူး။ တခါတလေကျရင် သွယ်ဝိုက်သောနည်းနဲ့ ပြောတာဟာ မထိရောက်ပါဘူး။ အဲဒီအခါ သူ့ကိုမချစ်နိုင်ကြောင်း ဒဲ့သာပြောလိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top