Golden City Promotion
×

ဖခင္ျဖစ္သူ ဂ်က္ကီခ်န္း နဲ႔ ခပ္စိမ္းစိမ္းျဖစ္ေနခဲ့တဲ့ သမီး ျဖစ္သူ Etta Ng က သူမ ဟာ လိင္တူခ်င္း ကိုသာ ႏွစ္သက္တဲ့ ေယာက်္မျဖစ္ေၾကာင္း သူမရဲ့ အင္စတာဂရမ္ မွာ ဖြင့္ခ်လိုက္ပါတယ္။

အသက္ ၁၇ ႏွစ္သာရွိေသးတဲ့ Etta Ng ဟာ အင္စတာဂရမ္ မွာ သူမရဲ့ပုံကို သက္တံေရာင္ ေနာက္ခံနဲ႔ တင္ထားခဲ့ၿပီး လိင္တူ ခ်င္း ခ်စ္ႀကိဳက္သူ အျဖစ္ တက္ခ္တြဲထားခဲ့ပါတယ္။ အဆိုပါ ဓါတ္ပုံ ရဲ့ ေအာက္မွာ ဝင္ေရာက္ေရးသားသူအမ်ားစုကေတာ့ သူမကို ေထာက္ခံမွုေတြေရးသားထားၾကေပမယ့္ ကြန္မန႔္တ စ္ခုမွာေတာ့ ဒီ လုပ္ရ ဟာ ဖခင္ျဖစ္သူ ကို အရွက္ရေစတယ္လို႔ ေရးသားထားသလို ေနာက္တစ္ခုမွာလည္း လူမွု ပတ္ဝန္းက်င္ ကို သိကၡာ က်ေစတယ္လို႔ ေဝဖန္ခဲ့သူေတြရွိခဲ့ပါတယ္

Etta Ng ဟာ လတ္တေလာ ေဟာင္ေကာင္ မွာရွိတဲ့ အခန္းတစ္ခုမွာ သူမရဲ့ ခ်စ္သူ ေကာင္မေလး ျဖစ္တဲ့ အသက္ ၃၀ အရြယ္ ကေနဒါ လူမွုကြန္ယက္ က ဆယ္လီ တစ္းျဖစ္တဲ့ Andi Autumn နဲ႔ အတူတူေနထိုင္လၽွက္ရွိပါတယ္။
သူမတို႔ႏွစ္ဦး လက္တြဲၿပီးေလၽွာက္သြားတဲ့ ပုံေတြထြက္ေပၚလာၿပီးတဲ့ေနာက္ သူမဟာ ေယာက်္မျဖစ္ေၾကာင္း ပြင့္ပြင့္လင္းလင္း ေၾကညာခဲ့တာျဖစ္ပါတယ္။

Etta Ng ကို ဖခင္ ဂ်က္ကီခ်န္း နဲ႔ မိခင္ျဖစ္သူ ေဟာင္ေကာင္ အလွမယ္ Elaine Ng တို႔က ၁၉၉၉ ခုႏွစ္မွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။ ရွန္ဟိုင္းမွာ ႀကီးျပင္းခဲ့ၿပီးေနာက္ ၂၀၁၁ ခုႏွစ္မွာ မိခင္ နဲ႔အတူေဟာင္ေကာင္ကို ေျပာင္းေရြ႕ေနထိုင္ခဲ့ပါတယ္။ ဖခင္ျဖစ္သူနဲ႔ လုံးဝအဆက္အဆံမရွိသူျဖစ္ၿပီး ဂ်က္ကီခ်န္းဟာ သူမအတြက္ေတာ့ သူစိမ္း တစ္ေယာက္ပဲလို႔ ေျပာဆိုခဲ့ဖူးပါတယ္။

သူမဟာ ဖခ င္နဲ႔သာမက မိခင္ ျဖစ္သူ နဲ႔ ဆက္ဆံေရးမေျပလည္ပဲ သူမကိုႏွိပ္စက္တယ္လို႔ စြပ္စြဲခဲ့တဲအတြက္ သူမရဲ့ မိခင္ဟာ မႏွစ္က ဖမ္းဆီးျခင္းခံခဲ့ရပါတယ္။ ေနာက္ပိုင္းက်မွ သူမရဲ့ မိခင္ အရက္စြဲ ေနတာကို စိုးရိမ္လို႔ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း ျပန္ရွင္းျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ မတ္လတုန္းကလည္း သူမ ကို ေဆး႐ုံ တင္ခဲ့ရၿပီး အခန္းထဲမွာ စိတ္ၿငိမ္ေဆး ေတြ ေတြ႕ရွိခဲ့တဲ့အတြက္ သူမကို ေသေၾကာင္းႀကံစည္သူအျဖစ္ သံသယဝင္ခံခဲ့ရပါတယ္။ အဲဒီေနာက္မွာေတာ့ မိခင္ ျဖစ္သူ နဲ႔ပါ ခပ္တန္းတန္းျဖစ္သြားၿပီး သူမရဲ့ ခ်စ္သူေကာင္မေလးနဲ႔ အျပင္ထြက္ၿပီး သီးသန႔္ေနထိုင္ခဲ့ပါတယ္။

ဂ်က္ကီခ်န္း ဟာ ထိုင္ဝမ္႐ုပ္ရွင္မင္းသမီး Joan Lin နဲ႔ မေမၽွာ္လင့္ပဲ ကိုယ္ဝန္ ရသြားတာေၾကာင့္ ၁၉၈၂ မွာ လက္ထပ္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ အလွမယ္ Elaine Ng နဲ႔ ဇာတ္လမ္းထပ္ျဖစ္ခဲ့ၿပီး သမီး ျဖစ္သူ Etta Ng ရခဲ့ေပမယ့္ Elaine Ng ကပဲ သမီးျဖစ္သူကို ပ်ိဳးေထာင္မယ္လို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဂ်က္ကီခ်န္း ကေတာ့ သူရဲ့ သမီး ကို ထားသြားဖို႔ အစီစဥ္မရွိခဲ့ပါဘူးလို႔ ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ သမီး ျဖစ္သူ ကေတာ့ ဖခင္ အေပၚ စိတ္နာက်ည္းၿပီး သူစိမ္းတစ္ေယာက္လိုသာ သေဘာထားခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  popolay

#Unicode Version#
ဖခင်ဖြစ်သူ ဂျက်ကီချန်း နဲ့ ခပ်စိမ်းစိမ်းဖြစ်နေခဲ့တဲ့ သမီး ဖြစ်သူ Etta Ng က သူမ ဟာ လိင်တူချင်း ကိုသာ နှစ်သက်တဲ့ ယောကျ်မဖြစ်ကြောင်း သူမရဲ့ အင်စတာဂရမ် မှာ ဖွင့်ချလိုက်ပါတယ်။

အသက် ၁၇ နှစ်သာရှိသေးတဲ့ Etta Ng ဟာ အင်စတာဂရမ် မှာ သူမရဲ့ပုံကို သက်တံရောင် နောက်ခံနဲ့ တင်ထားခဲ့ပြီး လိင်တူ ချင်း ချစ်ကြိုက်သူ အဖြစ် တက်ခ်တွဲထားခဲ့ပါတယ်။ အဆိုပါ ဓါတ်ပုံ ရဲ့ အောက်မှာ ဝင်ရောက်ရေးသားသူအများစုကတော့ သူမကို ထောက်ခံမှုတွေရေးသားထားကြပေမယ့် ကွန်မန့်တ စ်ခုမှာတော့ ဒီ လုပ်ရ ဟာ ဖခင်ဖြစ်သူ ကို အရှက်ရစေတယ်လို့ ရေးသားထားသလို နောက်တစ်ခုမှာလည်း လူမှု ပတ်ဝန်းကျင် ကို သိက္ခာ ကျစေတယ်လို့ ဝေဖန်ခဲ့သူတွေရှိခဲ့ပါတယ်

Etta Ng ဟာ လတ်တလော ဟောင်ကောင် မှာရှိတဲ့ အခန်းတစ်ခုမှာ သူမရဲ့ ချစ်သူ ကောင်မလေး ဖြစ်တဲ့ အသက် ၃၀ အရွယ် ကနေဒါ လူမှုကွန်ယက် က ဆယ်လီ တစ်းဖြစ်တဲ့ Andi Autumn နဲ့ အတူတူနေထိုင်လျှက်ရှိပါတယ်။
သူမတို့နှစ်ဦး လက်တွဲပြီးလျှောက်သွားတဲ့ ပုံတွေထွက်ပေါ်လာပြီးတဲ့နောက် သူမဟာ ယောကျ်မဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ကြေညာခဲ့တာဖြစ်ပါတယ်။

Etta Ng ကို ဖခင် ဂျက်ကီချန်း နဲ့ မိခင်ဖြစ်သူ ဟောင်ကောင် အလှမယ် Elaine Ng တို့က ၁၉၉၉ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ရှန်ဟိုင်းမှာ ကြီးပြင်းခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှာ မိခင် နဲ့အတူဟောင်ကောင်ကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူနဲ့ လုံးဝအဆက်အဆံမရှိသူဖြစ်ပြီး ဂျက်ကီချန်းဟာ သူမအတွက်တော့ သူစိမ်း တစ်ယောက်ပဲလို့ ပြောဆိုခဲ့ဖူးပါတယ်။

သူမဟာ ဖခ င်နဲ့သာမက မိခင် ဖြစ်သူ နဲ့ ဆက်ဆံရေးမပြေလည်ပဲ သူမကိုနှိပ်စက်တယ်လို့ စွပ်စွဲခဲ့တဲအတွက် သူမရဲ့ မိခင်ဟာ မနှစ်က ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ နောက်ပိုင်းကျမှ သူမရဲ့ မိခင် အရက်စွဲ နေတာကို စိုးရိမ်လို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ပြန်ရှင်းပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း သူမ ကို ဆေးရုံ တင်ခဲ့ရပြီး အခန်းထဲမှာ စိတ်ငြိမ်ဆေး တွေ တွေ့ရှိခဲ့တဲ့အတွက် သူမကို သေကြောင်းကြံစည်သူအဖြစ် သံသယဝင်ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ မိခင် ဖြစ်သူ နဲ့ပါ ခပ်တန်းတန်းဖြစ်သွားပြီး သူမရဲ့ ချစ်သူကောင်မလေးနဲ့ အပြင်ထွက်ပြီး သီးသန့်နေထိုင်ခဲ့ပါတယ်။

ဂျက်ကီချန်း ဟာ ထိုင်ဝမ်ရုပ်ရှင်မင်းသမီး Joan Lin နဲ့ မမျှော်လင့်ပဲ ကိုယ်ဝန် ရသွားတာကြောင့် ၁၉၈၂ မှာ လက်ထပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အလှမယ် Elaine Ng နဲ့ ဇာတ်လမ်းထပ်ဖြစ်ခဲ့ပြီး သမီး ဖြစ်သူ Etta Ng ရခဲ့ပေမယ့် Elaine Ng ကပဲ သမီးဖြစ်သူကို ပျိုးထောင်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂျက်ကီချန်း ကတော့ သူရဲ့ သမီး ကို ထားသွားဖို့ အစီစဉ်မရှိခဲ့ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် သမီး ဖြစ်သူ ကတော့ ဖခင် အပေါ် စိတ်နာကျည်းပြီး သူစိမ်းတစ်ယောက်လိုသာ သဘောထားခဲ့တာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top