Golden City Promotion
×

ပဲခူးတိုင္းေဒသႀကီး၊ ျပည္ခ႐ုိင္၊ ေပါင္းတည္ၿမိဳ႕နယ္၊ ၾကာနီကန္ေက်းရြာအုပ္စု၊ ရွားေပါင္းေက်းရြာတြင္လက္ျဖင့္ ပြတ္သပ္ကာ ေရာဂါ မ်ားကုသေပးေနသည့္ အသက္ ၅ ႏွစ္ေက်ာ္ အရြယ္ ကေလးငယ္ အား ဆက္လက္ ကုသခြင့္ ျပဳထားေၾကာင္း
႔ ေအာက္တိုဘာလ ၉ ရက္ေန႔တြင္ ၾကာနီကန္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးရဲဝင္းက  မဇၥ်ိမ သို႔ အတည္ျပဳေျပာသည္။

ထုိ႔သို႔ အသက္ ၅ ႏွစ္ေက်ာ္အရြယ္ ကေလးငယ္ က ဦးေခါင္း အား လက္ဖဝါးျဖင့္ ပြတ္သပ္႐ံုျဖင့္ ေရာဂါမ်ား ေပ်ာက္ကင္းဆုိေသာ ယံုၾကည္မႈေၾကာင့္ ကေလးငယ္ ထံ လာေရာက္ ကုသခံသူ မ်ားမွာ ေန႔စဥ္မ်ားျပားေနသည္။

ယင္းအေျခအေနေၾကာင့္ ကူးစက္ ေရာဂါ မ်ား၊ ဒုစ႐ုိက္မႈမ်ားျဖစ္ေပၚမည္ကို စိုးရိမ္သျဖင့္ ေဒသခံမ်ားက ကေလးငယ္အား ကုသခြင့္ တားျမစ္ပိတ္သိမ္းေပးရန္ ေအာက္တိုဘာလ ၃ ရက္ေန႔တြင္ စာျဖင့္ အုပ္ခ်ဳပ္ေရးမွဴးထံ တိုင္ၾကားခဲ့သည္။

“ ေအာက္တိုဘာလ ၃ ရက္ေန႔မွာ ေဒသခံ ေတြက ကေလးဆီကို လူအမ်ားႀကီးလာၾကေတာ့ ကူးစက္ေရာဂါေတြ ျဖစ္မွာစိုးလို႔ရယ္၊ ဒုစ႐ုိက္မႈေတြျဖစ္မွာစိုးလို႔ရယ္ ကေလးကို ကုသခြင့္ရပ္ေပးဖို႔ တုိင္ၾကားစာပို႔လာတယ္။ ကေလးမိဘေတြနဲ႔ ေဒသခံေတြၾကားမွာလည္း မိသားစုျပႆနာေလးေတြရွိတာေပါ့။ ဒါေပမယ့္ ကၽြန္ေတာ္တို ႔ ကုသခြင့္ ကိုေတာ့ မပိတ္ျဖစ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကေလးက ဘာေဆးပစၥည္းမွ သံုးၿပီး ေဆးကုတာ လည္း မဟုတ္ဘူး။ လူနာေတြကို သူက လာပါလို႔ ေခၚတာလည္းမဟုတ္ဘူး။ လူေတြအားလံုးကလည္း ကေလး ဆီကို သူတို႔ ယံုၾကည္မႈနဲ႔ သူတို႔လာၾကတာ။ ဒါေၾကာင့္ ေအာက္တိုဘာလ ၆ ရက္ေန႔မွာ ကေလးမိဘေတြနဲ႔ ေဒသခံ ေတြကို ေခၚၿပီး အစည္းအေဝးလုပ္တယ္။ ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပေအာင္ ေကာ္မတီတစ္ခုဖြဲ႔ၿပီး စည္းကမ္းခ်က္ေတြ ခ်ၿပီး အမုန္းမပြားေအာင္ ေျဖညိွေပးလိုက္ပါတယ္။ အခုကေတာ့ ပံုမွန္အတိုင္း ကေလးက ကုေပးေနပါတယ္။ အခုက အားလံုးေျပလည္သြားပါၿပီ”ဟု ဦးရဲဝင္းကေျပာသည္။

ထိုသို႔ စည္းကမ္းခ်က္ မ်ားခ်မွတ္ၿပီး ေကာ္မတီဖြဲ႔၍ေဆာင္ရြက္ရျခင္းမွာ ကေလးငယ္ႏွင့္ ပတ္သက္ၿပီး ကုခြင့္တားျမစ္ပိတ္သိမ္းရန္ တိုင္ၾကားစာပို႔ခဲ့သည့္ ေအာက္တိုဘာလ ၃ ရက္ေန႔က ေပါင္းတည္ၿမိဳ႕နယ္၊ တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲလင္းႏိုင္က အုပ္ခ်ဳပ္ေရးမွဴးတို႔ႏွင့္ သြားေရာက္ေတြ႔ဆံုခဲ့ၿပီး ၄င္းညႊန္ၾကားခ်က္အရ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ ကေလး ကို တားျမစ္ျခင္းလံုးဝမလုပ္ပါဘူးခင္ဗ်ာ။ ကၽြန္ေတာ္တို႔က အဲ့ဒီမွာ အဆင္ေျပစြာ ေစ်းေရာင္းႏိုင္ဖို႔နဲ႔ စည္းကမ္းတက်ျဖစ္ဖို႔အတြက္ ကၽြန္ေတာ္ တို႔ ေကာ္မတီတစ္ရပ္ ဖြဲ႔ခိုင္းခဲ့ပါတယ္။ ေဒသခံ ေစ်းသည္ ေတြပါဝင္တဲ့ ေကာ္မတီတစ္ရပ္ဖြဲ႔ၿပီးေတာ့ ဒီေကာ္မတီရဲ႕ စကားနဲ႔ စည္းကမ္းခ်က္နဲ႔ အားလံုးလိုက္နာၿပီးစည္း ကမ္းတက်ေဆာင္ရြက္သြားဖို႔ မွာၾကားခဲ့ပါတယ္။ အခုေတာ့ အားလံုးအဆင္ေျပသြားပါၿပီခင္ဗ်။ ကေလးငယ္ ရဲ႕ ကုသမႈ အေပၚကိုလည္း ယံုတဲ့သူေတြယံုႏိုင္သလို၊ မယံုတဲ့သူေတြကိုလည္း အျပစ္ေျပာလို႔ မရပါဘူး။ ဒါက သဘာဝပဲေလ။ ဒါေပမယ့္ သူတစ္ပါး ရဲ႕ ယံုၾကည္မႈ ကိုေတာ့ တားျမစ္လို႔ ဘယ္ရမလဲ။ ေရာဂါ ေပ်ာက္ကင္းတယ္ ဆိုတဲ့ အျဖစ္ေတြေၾကာင့္ လူေတြယံုလို႔ လာၾကတယ္။ မယံုတဲ့သူ မလာၾကဘူး။ ကေလးက ဘယ္သူလာပါလို႔ လဲမေခၚဘူး။ လူတစ္ေယာက္ခ်င္းစီရဲ႕ စိတ္ခံစားမႈနဲ႔ပဲဆိုင္ပါတယ္”ဟု ေပါင္းတည္ၿမိဳ႕နယ္၊ တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲလင္းႏိုင္က ေျပာသည္

အဆိုပါ အသက္ ၅ ႏွစ္ေက်ာ္အရြယ္ ကေလးငယ္ လက္ျဖင့္ ပြတ္သပ္ကာ ေရာဂါ မ်ားကုသေပးေနသည္မွာ ၃ လခန္႔ရွိၿပီျဖစ္ၿပီး ကေလးငယ္ထံသို႔ ေရာဂါလာေရာက္ကုသသူမ်ားမွာ ေန႔စဥ္ လူဦးေရ ေထာင္ဂဏန္းဝန္း က်င္ထိရွိေၾကာင္းႏွင့္ ေရာဂါေပ်ာက္ကင္းသည္ဟုေျပာေသာ လူဦးေရ အတိအက်ကိုမူမသိေၾကာင္း အုပ္ခ်ဳပ္ ေရးမွဴးဦးရဲဝင္း ကေျပာသည္။

“ ဒီလိုကုသမႈအေပၚမွာ ယံုၾကည္တဲ့သူေတြ၊ ေဝဖန္တဲ့သူေတြ အမ်ိဳးမ်ိဳးရွိတာေပါ့။ ကၽြန္ေတာ္တို႔လည္း တိတိက် က်မသိဘူးေလ။ ေရာဂါေပ်ာက္တယ္ဆိုၿပီး လူေတြကလာေနၾကတာပဲ။ တစ္ခါတေလ ကားအစီးေရ ႏွစ္ရာ၊ သံုး ရာထိေတာင္ရွိတယ္။ လူဦးေရ ေထာင္နဲ႔ ခ်ီလာေနၾကတာ။ ဟုိ ေနျပည္ေတာ္ တို႔၊ မႏၱေလးတို႔၊ မေကြးတို႔၊ ရန္ကုန္တို႔ ကလာေနၾကတာပဲ”ဟု ဦးရဲဝင္းက ကေလးငယ္ထံ လာေရာက္ကုသၾကသည့္ အေျခအေနအား ရွင္းျပ သည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး လူမႈကြန္ရက္စာ မ်က္ႏွာ တြင္ လည္း ေဝဖန္မႈမ်ား ရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version#
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စု၊ ရှားပေါင်းကျေးရွာတွင်လက်ဖြင့် ပွတ်သပ်ကာ ရောဂါ များကုသပေးနေသည့် အသက် ၅ နှစ်ကျော် အရွယ် ကလေးငယ် အား ဆက်လက် ကုသခွင့် ပြုထားကြောင်း
 အောက်တိုဘာလ ၉ ရက်နေ့တွင် ကြာနီကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက  မဇ္ဈိမ သို့ အတည်ပြုပြောသည်။

ထို့သို့ အသက် ၅ နှစ်ကျော်အရွယ် ကလေးငယ် က ဦးခေါင်း အား လက်ဖဝါးဖြင့် ပွတ်သပ်ရုံဖြင့် ရောဂါများ ပျောက်ကင်းဆိုသော ယုံကြည်မှုကြောင့် ကလေးငယ် ထံ လာရောက် ကုသခံသူ များမှာ နေ့စဉ်များပြားနေသည်။

ယင်းအခြေအနေကြောင့် ကူးစက် ရောဂါ များ၊ ဒုစရိုက်မှုများဖြစ်ပေါ်မည်ကို စိုးရိမ်သဖြင့် ဒေသခံများက ကလေးငယ်အား ကုသခွင့် တားမြစ်ပိတ်သိမ်းပေးရန် အောက်တိုဘာလ ၃ ရက်နေ့တွင် စာဖြင့် အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့သည်။

“ အောက်တိုဘာလ ၃ ရက်နေ့မှာ ဒေသခံ တွေက ကလေးဆီကို လူအများကြီးလာကြတော့ ကူးစက်ရောဂါတွေ ဖြစ်မှာစိုးလို့ရယ်၊ ဒုစရိုက်မှုတွေဖြစ်မှာစိုးလို့ရယ် ကလေးကို ကုသခွင့်ရပ်ပေးဖို့ တိုင်ကြားစာပို့လာတယ်။ ကလေးမိဘတွေနဲ့ ဒေသခံတွေကြားမှာလည်း မိသားစုပြဿနာလေးတွေရှိတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ကုသခွင့် ကိုတော့ မပိတ်ဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကလေးက ဘာဆေးပစ္စည်းမှ သုံးပြီး ဆေးကုတာ လည်း မဟုတ်ဘူး။ လူနာတွေကို သူက လာပါလို့ ခေါ်တာလည်းမဟုတ်ဘူး။ လူတွေအားလုံးကလည်း ကလေး ဆီကို သူတို့ ယုံကြည်မှုနဲ့ သူတို့လာကြတာ။ ဒါကြောင့် အောက်တိုဘာလ ၆ ရက်နေ့မှာ ကလေးမိဘတွေနဲ့ ဒေသခံ တွေကို ခေါ်ပြီး အစည်းအဝေးလုပ်တယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ကော်မတီတစ်ခုဖွဲ့ပြီး စည်းကမ်းချက်တွေ ချပြီး အမုန်းမပွားအောင် ဖြေညှိပေးလိုက်ပါတယ်။ အခုကတော့ ပုံမှန်အတိုင်း ကလေးက ကုပေးနေပါတယ်။ အခုက အားလုံးပြေလည်သွားပါပြီ”ဟု ဦးရဲဝင်းကပြောသည်။

ထိုသို့ စည်းကမ်းချက် များချမှတ်ပြီး ကော်မတီဖွဲ့၍ဆောင်ရွက်ရခြင်းမှာ ကလေးငယ်နှင့် ပတ်သက်ပြီး ကုခွင့်တားမြစ်ပိတ်သိမ်းရန် တိုင်ကြားစာပို့ခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့က ပေါင်းတည်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲလင်းနိုင်က အုပ်ချုပ်ရေးမှူးတို့နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ၎င်းညွှန်ကြားချက်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ကလေး ကို တားမြစ်ခြင်းလုံးဝမလုပ်ပါဘူးခင်ဗျာ။ ကျွန်တော်တို့က အဲ့ဒီမှာ အဆင်ပြေစွာ ဈေးရောင်းနိုင်ဖို့နဲ့ စည်းကမ်းတကျဖြစ်ဖို့အတွက် ကျွန်တော် တို့ ကော်မတီတစ်ရပ် ဖွဲ့ခိုင်းခဲ့ပါတယ်။ ဒေသခံ ဈေးသည် တွေပါဝင်တဲ့ ကော်မတီတစ်ရပ်ဖွဲ့ပြီးတော့ ဒီကော်မတီရဲ့ စကားနဲ့ စည်းကမ်းချက်နဲ့ အားလုံးလိုက်နာပြီးစည်း ကမ်းတကျဆောင်ရွက်သွားဖို့ မှာကြားခဲ့ပါတယ်။ အခုတော့ အားလုံးအဆင်ပြေသွားပါပြီခင်ဗျ။ ကလေးငယ် ရဲ့ ကုသမှု အပေါ်ကိုလည်း ယုံတဲ့သူတွေယုံနိုင်သလို၊ မယုံတဲ့သူတွေကိုလည်း အပြစ်ပြောလို့ မရပါဘူး။ ဒါက သဘာဝပဲလေ။ ဒါပေမယ့် သူတစ်ပါး ရဲ့ ယုံကြည်မှု ကိုတော့ တားမြစ်လို့ ဘယ်ရမလဲ။ ရောဂါ ပျောက်ကင်းတယ် ဆိုတဲ့ အဖြစ်တွေကြောင့် လူတွေယုံလို့ လာကြတယ်။ မယုံတဲ့သူ မလာကြဘူး။ ကလေးက ဘယ်သူလာပါလို့ လဲမခေါ်ဘူး။ လူတစ်ယောက်ချင်းစီရဲ့ စိတ်ခံစားမှုနဲ့ပဲဆိုင်ပါတယ်”ဟု ပေါင်းတည်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲလင်းနိုင်က ပြောသည်

အဆိုပါ အသက် ၅ နှစ်ကျော်အရွယ် ကလေးငယ် လက်ဖြင့် ပွတ်သပ်ကာ ရောဂါ များကုသပေးနေသည်မှာ ၃ လခန့်ရှိပြီဖြစ်ပြီး ကလေးငယ်ထံသို့ ရောဂါလာရောက်ကုသသူများမှာ နေ့စဉ် လူဦးရေ ထောင်ဂဏန်းဝန်း ကျင်ထိရှိကြောင်းနှင့် ရောဂါပျောက်ကင်းသည်ဟုပြောသော လူဦးရေ အတိအကျကိုမူမသိကြောင်း အုပ်ချုပ် ရေးမှူးဦးရဲဝင်း ကပြောသည်။

“ ဒီလိုကုသမှုအပေါ်မှာ ယုံကြည်တဲ့သူတွေ၊ ဝေဖန်တဲ့သူတွေ အမျိုးမျိုးရှိတာပေါ့။ ကျွန်တော်တို့လည်း တိတိကျ ကျမသိဘူးလေ။ ရောဂါပျောက်တယ်ဆိုပြီး လူတွေကလာနေကြတာပဲ။ တစ်ခါတလေ ကားအစီးရေ နှစ်ရာ၊ သုံး ရာထိတောင်ရှိတယ်။ လူဦးရေ ထောင်နဲ့ ချီလာနေကြတာ။ ဟို နေပြည်တော် တို့၊ မန္တလေးတို့၊ မကွေးတို့၊ ရန်ကုန်တို့ ကလာနေကြတာပဲ”ဟု ဦးရဲဝင်းက ကလေးငယ်ထံ လာရောက်ကုသကြသည့် အခြေအနေအား ရှင်းပြ သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာ မျက်နှာ တွင် လည်း ဝေဖန်မှုများ ရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top