ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေသာၾကာေန႔ ၁၃ ရက္ အေနာက္ႏိုင္ငံ ေတြက လူ ေတြ ဘာလို႔ေၾကာက္ၾကသလဲ? အေနာက္ႏိုင္ငံ ေတြကလူေတြသိပ္ေၾကာက္တဲ့ေန့ဟာ ေသာၾကာေန႔ ၁၃ ရက္ ျဖစ္ပါတယ္။ ေနာက္ခံ သမိုင္း တိတိပပ မရွိေသာ္လည္း၁၄ ရာစုက စလို႔ ဥေရာပ မွာ ေၾကာက္မက္ဖြယ္ ေန႔စြဲတစ္ခု အေနနဲ႔ စတင္လာခဲ့တာပါ။ အခုဆိုရင္္ အာရွ မွာပါ ပ်ံႏွ႔ံစြဲျမဲလို႔လာခဲ့ပါၿပီ။

၁၃ ဂဏန္း သီးသန္႔ ေၾကာက္ၾကသူမ်ားရွိၿပီး၄င္းကို ၁၃ေၾကာက္ေရာဂါ Triskaidekaphobia လို႔ေခၚပါတယ္။ေသာၾကာေန ႔နဲ႔ပါ တြဲေၾကာက္ေနၿပီ ဆိုရင္ေတာ့ Friggatriskaidekaphobia လို႔ ေခၚပါတယ္။

ဘာလို႔ေၾကာက္ၾကသလဲ? ဘာလို႔ေရွာင္ၾကသလဲ? သမိုင္းေၾကာင္း ေတြရွိပါတယ္။

၁။ ။ခရစ္ယာန္ သမိုင္း မွာ ေယရွဳကို လုပ္ႀကံတဲ့ သူ႔တပည့္ ယုဒကာရုတ္ Judas Iscariot ဟာ စားပြဲနံပါတ္ ၁၃ မွာထိုင္ပါတယ္။

၂။ ။ဂရိ ဒဏၰာရီ မွာ ဇူးစ္ အပါအဝင္ ဂရိန တ္ဘုရား ဆယ္ႏွစ္ပါးရွိရာမွ ၁၃ ပါးေျမာက္ နတ္ဘုရား အျဖစ္ ဇူးစ္ရဲ႕သား Loki ေပၚလာၿပီး သူ႔အေဖ အပါ အဝင္ နတ္ဘုရား ၁၂ ပါးလံုးကို Ragnarok လို႔ေခၚတဲ့ ကပ္ဆိုး ေတြ က်ေစၿပီး သတ္ပစ္ခဲ့ပါတယ္။

၃။ ။ေနာက္ ခရစ္ယာန္ သမိုင္း မွာပဲ ေယရွဳသတ္ခံရတဲ့ေန႔ဟာလည္း ေသာၾကာေန႔ ျဖစ္လို႔ေနျပန္ပါတယ္။

၄။ ။ရိုးရာ အရသတ္မွတ္ထားတာ တစ္ခုက ေသဒဏ္ေပးတဲ့ ႀကိဳးစင္ေတြမွာ ေလွကားထစ္ ၁၃ ထစ္ ထားရပါတယ္။

၅။ ။ေရွးအေတြး ေတြ မယံုဘူးဆိုၿပီး ေၾကြးေၾကာ္ခဲ့တဲ့ နာဆာ ရဲ႕ အပိုလို ၁၃ လြန္းပ်ံယာဥ္ဟာလဲ ေအာက္ဆီဂ်င္ကန္ေပါက္ကြဲၿပီး ပ်က္က်ခဲ့ပါတယ္။

၆။ ။၁၁၁၈ ခုႏွစ္ ဥေရာပမွာ ဘာသာ သာသနာ ကို ကာကြယ္ဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ Knights of Templar ဆိုတဲ့ တပ္ဖြဲ႕တစ္ခု ဖြဲ႕စည္း ခဲ့ပါတယ္။ ရည္ရြယ္ခ်က္ ေကာင္းေပမယ့္ အင္အားႀကီးလာတာေၾကာင့္ ျပင္သစ္ဘုရင္ Philip IV ဟာ၁၃၀၇ ေအာက္တိုဘာ ၁၃ ရက္ ေသာၾကာေန႔ မွာ အဲ့သည့္တပ္ဖြဲ႕ဝင္ ရာနဲ႔ခ်ီၿပီး ဖမ္းဆီးသတ္ျဖတ္ခဲ့ပါတယ္။

၇။ ။လူနာမည္က အဂၤလိပ္ အကၡရာ ၁၃ လံုးရွိရင္ အဲ့သည့္လူဟာ မေကာင္းမွဳ မွာ ေမြ႕ေလ်ာ္ၿပီး မေကာင္းမွဳ နဲ႔ပဲ အက်ိဳးေပးပါသတဲ့။

ဥပမာေတြကေတာ့

Charles Manson

Jack the Ripper

Jeffrey Dahmer

Theodore Bandy

Albert De Salvo စတဲ့ ဥေရာပ က ရာဇဝင္လူဆိုးဓါးျမေတြျဖစ္ၿပီး ေနာက္တစ္ေယာက္ကေတာ့ လူတိုင္းသိတဲ့ Osmar Binladin ပါ။

၈။ ။၁၈၀၀ ခုႏွစ္လြန္ေတြမွာ အေမရိကန္ျပည္ေထာင္စုမွာ Thirteen Club ဆိုတဲ့ အဖြဲ႕ရွိပါတယ္။ ၁၃ အစြဲကို မယံုတဲ့သူေတြေပါ့။ သူတို႔က ၁၃ ရက္ေန႔ေတြမွာေတြ႔တယ္။၁၃ ေယာက္အတူ dinner စားတယ္ စသျဖင့္ စသျဖင့္ေပါ့ေလ လုပ္ၾကတာေပါ့။ အဲ့သည့္အဖြဲ႔မွာဆို အေမရိကန္သမၼတ ငါးေယာက္ေတာင္ ပါဖူးပါတယ္။

Benjamin Harrison

Grover Cleveland

William Mckinley

Theodore Roosevelt

Chester A. Arthur တို႔ပါ။

သို႔ေသာ္ တိုက္ဆိုင္တာလားေတာ့ မသိပါဘူး။ ဒီအထဲက သမၼတ နွစ္ေယာက္ လုပ္ႀကံခံရပါတယ္

၉။ ။ေနာက္ၿပီး ၁၂ ဂဏန္းဟာ အလြန္ ျပည့္စံုတဲ့ ဂဏန္း လို႔ သတ္မွတ္ၾကပါတယ္။

နာရီ မွာဆို ၁၂ နာရီ

လ မွာဆို ၁၂ လ

ဂရိ နတ္ ၁၂ ပါး

ေယရွဴတပည့္ ၁၂ ေယာက္

မိုဟာမက္ Imams ၁၂ ေယာက္

ရာသီခြင္ ၁၂ ခု စသျဖင့္ေပါ့ေလ။

အဲ့လို ျပည့္စံုေနရာက တစ္ခုတိုးၿပီး ၁၃ ျဖစ္သြားတာနဲ႔ အားလံုးေအာက္ဆံုးကို ထိုးက်သြားတာ ေတြ႕ရမွာျဖစ္ပါတယ္။

၁၀။ ။ေလေၾကာင္း သမိုင္း မွာလဲ၁၉၇၂ ေအာက္တိုဘာ ၁၃ ရက္ ေသာၾကာေန႔မွာUruguayan Flight571 ပ်က္က်ၿပီး၂၉ ေယာက္ ေသဆံုး ပါတယ္တရက္တည္းမွာပဲ Soviet Aeroflot ပ်က္က်ၿပီး လူေပါင္း ၁၇၄ ေယာက္ ေသဆံုး ခဲ့ပါတယ္။

၁၁။ ။စပိန္ ေတြကေတာ့ ၁၃ နဲ႔တြဲတဲ့ အဂါ ၤေန႔ကို ပိုေၾကာက္ပါတယ္ဘာလို႔လဲဆိုေတာ့ စတုတၳ ခရူးဆိတ္ စစ္ပြဲႀကီးဟာ၁၂၀၄ ခုႏွစ္ ဧၿပီလ ၁၃ ရက္ေန႔မွာ စတင္ခဲ့ၿပီးသူတို႔ေတြရွံဳးနိမ့္ခဲ့ကာ တူရကီ ေတြရဲ႕ ေအာ္တိုမန္အင္ပါယာေအာက္ က်သြားရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ko say

#Unicode Version#
သောကြာနေ့ ၁၃ ရက် အနောက်နိုင်ငံ တွေက လူ တွေ ဘာလို့ကြောက်ကြသလဲ? အနောက်နိုင်ငံ တွေကလူတွေသိပ်ကြောက်တဲ့နေ့ဟာ သောကြာနေ့ ၁၃ ရက် ဖြစ်ပါတယ်။ နောက်ခံ သမိုင်း တိတိပပ မရှိသော်လည်း၁၄ ရာစုက စလို့ ဥရောပ မှာ ကြောက်မက်ဖွယ် နေ့စွဲတစ်ခု အနေနဲ့ စတင်လာခဲ့တာပါ။ အခုဆိုရင် အာရှ မှာပါ ပျံနှံ့စွဲမြဲလို့လာခဲ့ပါပြီ။

၁၃ ဂဏန်း သီးသန့် ကြောက်ကြသူများရှိပြီး၎င်းကို ၁၃ကြောက်ရောဂါ Triskaidekaphobia လို့ခေါ်ပါတယ်။သောကြာနေ့နဲ့ပါ တွဲကြောက်နေပြီ ဆိုရင်တော့ Friggatriskaidekaphobia လို့ ခေါ်ပါတယ်။

ဘာလို့ကြောက်ကြသလဲ? ဘာလို့ရှောင်ကြသလဲ? သမိုင်းကြောင်း တွေရှိပါတယ်။

၁။ ။ခရစ်ယာန် သမိုင်း မှာ ယေရှုကို လုပ်ကြံတဲ့ သူ့တပည့် ယုဒကာရုတ် Judas Iscariot ဟာ စားပွဲနံပါတ် ၁၃ မှာထိုင်ပါတယ်။

၂။ ။ဂရိ ဒဏ္ဏာရီ မှာ ဇူးစ် အပါအဝင် ဂရိန တ်ဘုရား ဆယ်နှစ်ပါးရှိရာမှ ၁၃ ပါးမြောက် နတ်ဘုရား အဖြစ် ဇူးစ်ရဲ့သား Loki ပေါ်လာပြီး သူ့အဖေ အပါ အဝင် နတ်ဘုရား ၁၂ ပါးလုံးကို Ragnarok လို့ခေါ်တဲ့ ကပ်ဆိုး တွေ ကျစေပြီး သတ်ပစ်ခဲ့ပါတယ်။

၃။ ။နောက် ခရစ်ယာန် သမိုင်း မှာပဲ ယေရှုသတ်ခံရတဲ့နေ့ဟာလည်း သောကြာနေ့ ဖြစ်လို့နေပြန်ပါတယ်။

၄။ ။ရိုးရာ အရသတ်မှတ်ထားတာ တစ်ခုက သေဒဏ်ပေးတဲ့ ကြိုးစင်တွေမှာ လှေကားထစ် ၁၃ ထစ် ထားရပါတယ်။

၅။ ။ရှေးအတွေး တွေ မယုံဘူးဆိုပြီး ကြွေးကြော်ခဲ့တဲ့ နာဆာ ရဲ့ အပိုလို ၁၃ လွန်းပျံယာဉ်ဟာလဲ အောက်ဆီဂျင်ကန်ပေါက်ကွဲပြီး ပျက်ကျခဲ့ပါတယ်။

၆။ ။၁၁၁၈ ခုနှစ် ဥရောပမှာ ဘာသာ သာသနာ ကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Knights of Templar ဆိုတဲ့ တပ်ဖွဲ့တစ်ခု ဖွဲ့စည်း ခဲ့ပါတယ်။ ရည်ရွယ်ချက် ကောင်းပေမယ့် အင်အားကြီးလာတာကြောင့် ပြင်သစ်ဘုရင် Philip IV ဟာ၁၃၀၇ အောက်တိုဘာ ၁၃ ရက် သောကြာနေ့ မှာ အဲ့သည့်တပ်ဖွဲ့ဝင် ရာနဲ့ချီပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

၇။ ။လူနာမည်က အင်္ဂလိပ် အက္ခရာ ၁၃ လုံးရှိရင် အဲ့သည့်လူဟာ မကောင်းမှု မှာ မွေ့လျော်ပြီး မကောင်းမှု နဲ့ပဲ အကျိုးပေးပါသတဲ့။

ဥပမာတွေကတော့

Charles Manson

Jack the Ripper

Jeffrey Dahmer

Theodore Bandy

Albert De Salvo စတဲ့ ဥရောပ က ရာဇဝင်လူဆိုးဓါးမြတွေဖြစ်ပြီး နောက်တစ်ယောက်ကတော့ လူတိုင်းသိတဲ့ Osmar Binladin ပါ။

၈။ ။၁၈၀၀ ခုနှစ်လွန်တွေမှာ အမေရိကန်ပြည်ထောင်စုမှာ Thirteen Club ဆိုတဲ့ အဖွဲ့ရှိပါတယ်။ ၁၃ အစွဲကို မယုံတဲ့သူတွေပေါ့။ သူတို့က ၁၃ ရက်နေ့တွေမှာတွေ့တယ်။၁၃ ယောက်အတူ dinner စားတယ် စသဖြင့် စသဖြင့်ပေါ့လေ လုပ်ကြတာပေါ့။ အဲ့သည့်အဖွဲ့မှာဆို အမေရိကန်သမ္မတ ငါးယောက်တောင် ပါဖူးပါတယ်။

Benjamin Harrison

Grover Cleveland

William Mckinley

Theodore Roosevelt

Chester A. Arthur တို့ပါ။

သို့သော် တိုက်ဆိုင်တာလားတော့ မသိပါဘူး။ ဒီအထဲက သမ္မတ နှစ်ယောက် လုပ်ကြံခံရပါတယ်

၉။ ။နောက်ပြီး ၁၂ ဂဏန်းဟာ အလွန် ပြည့်စုံတဲ့ ဂဏန်း လို့ သတ်မှတ်ကြပါတယ်။

နာရီ မှာဆို ၁၂ နာရီ

လ မှာဆို ၁၂ လ

ဂရိ နတ် ၁၂ ပါး

ယေရှူတပည့် ၁၂ ယောက်

မိုဟာမက် Imams ၁၂ ယောက်

ရာသီခွင် ၁၂ ခု စသဖြင့်ပေါ့လေ။

အဲ့လို ပြည့်စုံနေရာက တစ်ခုတိုးပြီး ၁၃ ဖြစ်သွားတာနဲ့ အားလုံးအောက်ဆုံးကို ထိုးကျသွားတာ တွေ့ရမှာဖြစ်ပါတယ်။

၁၀။ ။လေကြောင်း သမိုင်း မှာလဲ၁၉၇၂ အောက်တိုဘာ ၁၃ ရက် သောကြာနေ့မှာUruguayan Flight571 ပျက်ကျပြီး၂၉ ယောက် သေဆုံး ပါတယ်တရက်တည်းမှာပဲ Soviet Aeroflot ပျက်ကျပြီး လူပေါင်း ၁၇၄ ယောက် သေဆုံး ခဲ့ပါတယ်။

၁၁။ ။စပိန် တွေကတော့ ၁၃ နဲ့တွဲတဲ့ အဂါ ၤနေ့ကို ပိုကြောက်ပါတယ်ဘာလို့လဲဆိုတော့ စတုတ္ထ ခရူးဆိတ် စစ်ပွဲကြီးဟာ၁၂၀၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ စတင်ခဲ့ပြီးသူတို့တွေရှုံးနိမ့်ခဲ့ကာ တူရကီ တွေရဲ့ အော်တိုမန်အင်ပါယာအောက် ကျသွားရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  ko say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top