Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ကေလးေမြးၿပီး လိင္ဆက္ဆံမႈဟာ ပံုမွန္ျဖစ္ၿပီး ျဖစ္ေနက်ျဖစ္ပါတယ္။ ဒါေပမယ့္ ကေလးအေမေတြအတြက္ေတာ့ ဒါဟာ ေနာက္ဆံုးမွာ ထားရမယ့္အရာျဖစ္ေနပါတယ္။ ဒီေဆာင္းပါးမွာေတာ့ ကေလးေမြးၿပီး လိင္မႈဘဝကို ျပန္လည္ တည္ေဆာက္ဖုိ႔ အၾကံဥာဏ္ေတြ ေပးသြားမွာ ျဖစ္ပါတယ္။ ဒီအၾကံဥာဏ္ေတြကို လိုက္နာၿပီး ေပ်ာ္ရႊင္ဖြယ္ အိမ္ေထာင္ေရးတစ္ခုကို တည္ေဆာက္လိုက္ပါ။
ဘယ္ေတာ့ဆို စိတ္ခ်ရၿပီလဲ။

အေရးအႀကီးဆံုးအခ်က္ကေတာ့ သင္ေရာ သင့္ခ်စ္သူေရာ စိတ္ေရာကိုယ္ပါ အဆင္သင့္ျဖစ္ခ်ိန္ကို ေစာင့္သင့္ပါတယ္။ ဒီလိုလုပ္ျခင္းနဲ႔ သားအိမ္ေခါင္းကိုပိတ္ေစၿပီး ေသြးထြက္တိတ္ေစကာ စိတ္လႈပ္ရွားမႈေတြ ျပန္ဝင္လာေစဖုိ႔ အခ်ိန္ေပးၿပီး ျဖစ္ပါတယ္။ ဒီလိုအခ်ိန္ဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ ကြာျခားပါတယ္။ ဒါေပမယ့္ ဆရာဝန္ေတြက ကေလးေမြးၿပီး အနည္းဆံုး ေလးပတ္ေလာက္ ေစာင့္ဆုိင္းသင့္တယ္လို႔ ေျပာၾကပါတယ္။

အခ်ိဳ႕အမ်ိဳးသမီးေတြဟာ ကေလးေမြးၿပီး ရက္သတၱပတ္အနည္းငယ္အတြင္း လိင္ဆက္ဆံဖုိ႔ အဆင္သင့္ ျဖစ္ေနၾကေပမယ့္ အခ်ိဳ႕ကေတာ့ အနည္းဆံုး ေျခာက္ပတ္အထိ ေစာင့္ဆိုင္းေလ့ရွိၾကပါတယ္။ ကေလးေမြးၿပီး သံုးလၾကာေတာ့မွ စံုတြဲအေတာ္မ်ားမ်ားက လိင္ဆက္ဆံၾကပါတယ္။ စံုတြဲအနည္းငယ္ကေတာ့ ႏွစ္ဝက္ေလာက္ၾကာမွ လိင္ဆက္ဆံၾကပါတယ္။ ဒါဟာ သင့္ေပၚမွာပဲ မူတည္ပါတယ္။ တကယ္လို႔ အဆင္သင့္ျဖစ္ၿပီဆိုရင္ လုပ္လုိက္ပါ။ ျပႆနာေတြ ရွိေနေသးရင္ေတာ့ က်န္းမာေရး ေစာင့္ေရွာက္သူနဲ႔ တိုင္ပင္သင့္ပါတယ္။

ကေလးေမြးၿပီး စတင္ လိင္ဆက္ဆံမယ္ဆိုရင္ ကိုယ္ဝန္တားဖို႔ကို စဥ္းစားသင့္ပါတယ္။ ကေလးရမသြားခင္ တားဖို႔ စဥ္းစားတာ အေကာင္းဆံုးပါပဲ။ အေကာင္းဆံုးနည္းလမ္းကေတာ့ ကြန္ဒံုးသံုးစြဲပါ။ ဒါေပမယ့္ အခ်ိန္အေတာ္ၾကာေအာင္ ကိုယ္ဝန္တားခ်င္တယ္ဆိုရင္ေတာ့ ေကာ့ပါး သားအိမ္တြင္းထည့္ ပစၥည္းကို အသံုးျပဳႏိုင္ပါတယ္။ ကိုယ္ဝန္တားဖို႔ နည္းအမ်ိဳးမ်ိဳးနဲ႔ ပတ္သက္ၿပီး ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးႏိုင္ပါတယ္။

သင့္ခ်စ္သူက လိင္ဆက္ဆံခ်င္တယ္။ ဒါေပမယ့္ သင္ကေတာ့ မဆက္ဆံခ်င္ေသးပါဘူး။

တကယ္လို႔ သင့္ခ်စ္သူက သင္လိင္မဆက္ဆံလုိစိတ္မရွိေသးခင္မွာ လိင္ဆက္ဆံခ်င္တယ္ဆိုရင္ ဘယ္လိုလုပ္မလဲ။ သင့္ခ်စ္သူနဲ႔ စကားေျပာၿပီး ဘယ္လိုခံစားေနရတယ္ဆိုတာနဲ႔ ကေလးေမြးၿပီး ဘာေတြျဖတ္ေက်ာ္ရမယ္ဆိုတာကို သူသိေအာင္လုပ္ပါ။ ရင္းႏွီးမႈကို ထိန္းသိမ္းဖို႔အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ ပြင့္ပြင့္လင္းလင္း ဖြင့္ေျပာဖို႔နဲ႔ နားလည္မႈရွိဖို႔က အလြန္အေရးႀကီးပါတယ္။ တကယ္လို႔ သင့္ခ်စ္သူက သင္အဆင္သင့္မျဖစ္ခင္မွာ လိင္ဆက္ဆံခ်င္ခဲ့ရင္ သူဟာ သက္ေတာင့္သက္သာ မျဖစ္မွာ ေသခ်ာပါတယ္။ သင္ဟာ ကေလးကိုအေလးေပးခ်င္လို႔ ျဖစ္ေပမယ့္ သူ႔ကိုခ်စ္ဆဲပဲဆိုတာကို သူသိေအာင္လုပ္ပါ။

လိင္ဆက္ဆံမႈမပါပဲ ခ်စ္ျခင္းေမတၱာကို ျပသနည္းေတြ အမ်ားႀကီးရွိပါတယ္။ ညအိပ္အနမ္း (သို႔) ခြဲခြာခ်ိန္ အနမ္းေတြဟာ အက်ိဳးရွိပါတယ္။ ရင္းႏွီးကြ်မ္းဝင္တဲ့ စကားေတြကို ၾကားခ်င္ပါတယ္ဆိုတာကိုလည္း သူသိဖို႔ လိုပါတယ္။
သင္တို႔ႏွစ္ေယာက္လံုးဟာ ေဝမွ်ျခင္းနဲ႔ ဂရုစိုက္ျခင္းအားျဖင့္ ဒါေတြကို အတူေက်ာ္ျဖတ္ႏိုင္ပါတယ္။
လိင္ဆက္ဆံမႈနဲ႔ ပတ္သက္ေသာ အခ်က္မ်ား

လိင္ပိုင္းဆိုင္ရာ ျပႆနာ အေတာ္မ်ားမ်ားဟာ အခ်ိန္တစ္ႏွစ္တာ အတြင္းမွာ ေျဖရွင္းႏိုင္ပါတယ္။ ေအာက္ေဖၚျပပါ နည္းလမ္းေတြကို အေျခအေနတိုးတက္ဖုိ႔အတြက္ အသံုးျပဳႏိုင္ပါတယ္။
• ျဖည္းညင္းစြာ ႀကိဳးစားၾကည့္ပါ။ သင္ဟာ လိင္ပိုင္းဆိုင္ရာ ဆြဲေဆာင္မႈရွိတဲ့ အထိအေတြ႔ေတြကို သက္ေတာင့္သက္သာ မျဖစ္ႏိုင္လို႔ ျဖစ္ပါတယ္။
• လိင္ဆက္ဆံစဥ္မွာ သင္ႀကိဳက္တဲ့အရာေရာ၊ သင္မႀကိဳက္တဲ့အရာပါ သင့္ခ်စ္သူကို ေျပာျပပါ။
• ထိုးသြင္းတဲ့ လိင္ဆက္ဆံမႈကို အရင္မစတင္ပါနဲ႔။ တစ္ေယာက္နဲ႔တစ္ေယာက္ သာယာမႈကို အရင္ရေအာင္ယူပါ။ ဒါက ပိုလြယ္ကူပါတယ္။
• က်န္းမာတဲ့အစားအေသာက္ကို စားပါ။ အရည္ အေျမာက္အျမား ေသာက္ပါ။
• တတ္ႏို္င္သမွ် အနားယူပါ။
• သင့္ကိုယ္ခႏၶာကို ျပန္လည္ေကာင္းမြန္လာေအာင္ ေလ့က်င့္ခန္းေတြ ကိုယ္ခႏၶာ လႈပ္ရွားမႈေတြ ျပဳလုပ္ပါ။

ကေလးေမြးၿပီး လိင္မႈဘဝကို ျပန္လည္စတင္ရတာဟာ အခ်ိန္ၾကာပါတယ္။ စိတ္မရွည္မျဖစ္သင့္ပါဘူး။ သင့္က်န္းမာေရး ေစာင့္ေရွာက္သူရဲ႕ အၾကံဥာဏ္ေတြ လိုက္နာမယ္ဆိုရင္ အရာရာ အဆင္ေျပသြားမွာ ျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကို ဂရုစိုက္ျခင္းနဲ႔ သင့္ဘဝရဲ႕ ေပ်ာ္စရာ ေကာင္းတဲ့အခ်ိန္ေတြကို သာယာေပ်ာ္ရႊင္ေနျခင္းဟာ သင့္ကို အခက္အခဲေတြကို ေက်ာ္လႊားႏိုင္ေစမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzimaburmese

# Unicode Version ျဖင့္ ဖတ္ပါ #

ကလေးမွေးပြီး လိင်ဆက်ဆံမှုဟာ ပုံမှန်ဖြစ်ပြီး ဖြစ်နေကျဖြစ်ပါတယ်။ ဒါပေမယ့် ကလေးအမေတွေအတွက်တော့ ဒါဟာ နောက်ဆုံးမှာ ထားရမယ့်အရာဖြစ်နေပါတယ်။ ဒီဆောင်းပါးမှာတော့ ကလေးမွေးပြီး လိင်မှုဘဝကို ပြန်လည် တည်ဆောက်ဖို့ အကြံဉာဏ်တွေ ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြံဉာဏ်တွေကို လိုက်နာပြီး ပျော်ရွှင်ဖွယ် အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်လိုက်ပါ။
ဘယ်တော့ဆို စိတ်ချရပြီလဲ။

အရေးအကြီးဆုံးအချက်ကတော့ သင်ရော သင့်ချစ်သူရော စိတ်ရောကိုယ်ပါ အဆင်သင့်ဖြစ်ချိန်ကို စောင့်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းနဲ့ သားအိမ်ခေါင်းကိုပိတ်စေပြီး သွေးထွက်တိတ်စေကာ စိတ်လှုပ်ရှားမှုတွေ ပြန်ဝင်လာစေဖို့ အချိန်ပေးပြီး ဖြစ်ပါတယ်။ ဒီလိုအချိန်ဟာ တစ်ယောက်နဲ့ တစ်ယောက် ကွာခြားပါတယ်။ ဒါပေမယ့် ဆရာဝန်တွေက ကလေးမွေးပြီး အနည်းဆုံး လေးပတ်လောက် စောင့်ဆိုင်းသင့်တယ်လို့ ပြောကြပါတယ်။

အချို့အမျိုးသမီးတွေဟာ ကလေးမွေးပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း လိင်ဆက်ဆံဖို့ အဆင်သင့် ဖြစ်နေကြပေမယ့် အချို့ကတော့ အနည်းဆုံး ခြောက်ပတ်အထိ စောင့်ဆိုင်းလေ့ရှိကြပါတယ်။ ကလေးမွေးပြီး သုံးလကြာတော့မှ စုံတွဲအတော်များများက လိင်ဆက်ဆံကြပါတယ်။ စုံတွဲအနည်းငယ်ကတော့ နှစ်ဝက်လောက်ကြာမှ လိင်ဆက်ဆံကြပါတယ်။ ဒါဟာ သင့်ပေါ်မှာပဲ မူတည်ပါတယ်။ တကယ်လို့ အဆင်သင့်ဖြစ်ပြီဆိုရင် လုပ်လိုက်ပါ။ ပြဿနာတွေ ရှိနေသေးရင်တော့ ကျန်းမာရေး စောင့်ရှောက်သူနဲ့ တိုင်ပင်သင့်ပါတယ်။

ကလေးမွေးပြီး စတင် လိင်ဆက်ဆံမယ်ဆိုရင် ကိုယ်ဝန်တားဖို့ကို စဉ်းစားသင့်ပါတယ်။ ကလေးရမသွားခင် တားဖို့ စဉ်းစားတာ အကောင်းဆုံးပါပဲ။ အကောင်းဆုံးနည်းလမ်းကတော့ ကွန်ဒုံးသုံးစွဲပါ။ ဒါပေမယ့် အချိန်အတော်ကြာအောင် ကိုယ်ဝန်တားချင်တယ်ဆိုရင်တော့ ကော့ပါး သားအိမ်တွင်းထည့် ပစ္စည်းကို အသုံးပြုနိုင်ပါတယ်။ ကိုယ်ဝန်တားဖို့ နည်းအမျိုးမျိုးနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

သင့်ချစ်သူက လိင်ဆက်ဆံချင်တယ်။ ဒါပေမယ့် သင်ကတော့ မဆက်ဆံချင်သေးပါဘူး။

တကယ်လို့ သင့်ချစ်သူက သင်လိင်မဆက်ဆံလိုစိတ်မရှိသေးခင်မှာ လိင်ဆက်ဆံချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ သင့်ချစ်သူနဲ့ စကားပြောပြီး ဘယ်လိုခံစားနေရတယ်ဆိုတာနဲ့ ကလေးမွေးပြီး ဘာတွေဖြတ်ကျော်ရမယ်ဆိုတာကို သူသိအောင်လုပ်ပါ။ ရင်းနှီးမှုကို ထိန်းသိမ်းဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ဖွင့်ပြောဖို့နဲ့ နားလည်မှုရှိဖို့က အလွန်အရေးကြီးပါတယ်။ တကယ်လို့ သင့်ချစ်သူက သင်အဆင်သင့်မဖြစ်ခင်မှာ လိင်ဆက်ဆံချင်ခဲ့ရင် သူဟာ သက်တောင့်သက်သာ မဖြစ်မှာ သေချာပါတယ်။ သင်ဟာ ကလေးကိုအလေးပေးချင်လို့ ဖြစ်ပေမယ့် သူ့ကိုချစ်ဆဲပဲဆိုတာကို သူသိအောင်လုပ်ပါ။

လိင်ဆက်ဆံမှုမပါပဲ ချစ်ခြင်းမေတ္တာကို ပြသနည်းတွေ အများကြီးရှိပါတယ်။ ညအိပ်အနမ်း (သို့) ခွဲခွာချိန် အနမ်းတွေဟာ အကျိုးရှိပါတယ်။ ရင်းနှီးကျွမ်းဝင်တဲ့ စကားတွေကို ကြားချင်ပါတယ်ဆိုတာကိုလည်း သူသိဖို့ လိုပါတယ်။
သင်တို့နှစ်ယောက်လုံးဟာ ဝေမျှခြင်းနဲ့ ဂရုစိုက်ခြင်းအားဖြင့် ဒါတွေကို အတူကျော်ဖြတ်နိုင်ပါတယ်။
လိင်ဆက်ဆံမှုနဲ့ ပတ်သက်သော အချက်များ

လိင်ပိုင်းဆိုင်ရာ ပြဿနာ အတော်များများဟာ အချိန်တစ်နှစ်တာ အတွင်းမှာ ဖြေရှင်းနိုင်ပါတယ်။ အောက်ဖေါ်ပြပါ နည်းလမ်းတွေကို အခြေအနေတိုးတက်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။
• ဖြည်းညင်းစွာ ကြိုးစားကြည့်ပါ။ သင်ဟာ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိတဲ့ အထိအတွေ့တွေကို သက်တောင့်သက်သာ မဖြစ်နိုင်လို့ ဖြစ်ပါတယ်။
• လိင်ဆက်ဆံစဉ်မှာ သင်ကြိုက်တဲ့အရာရော၊ သင်မကြိုက်တဲ့အရာပါ သင့်ချစ်သူကို ပြောပြပါ။
• ထိုးသွင်းတဲ့ လိင်ဆက်ဆံမှုကို အရင်မစတင်ပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် သာယာမှုကို အရင်ရအောင်ယူပါ။ ဒါက ပိုလွယ်ကူပါတယ်။
• ကျန်းမာတဲ့အစားအသောက်ကို စားပါ။ အရည် အမြောက်အမြား သောက်ပါ။
• တတ်နိုင်သမျှ အနားယူပါ။
• သင့်ကိုယ်ခန္ဓာကို ပြန်လည်ကောင်းမွန်လာအောင် လေ့ကျင့်ခန်းတွေ ကိုယ်ခန္ဓာ လှုပ်ရှားမှုတွေ ပြုလုပ်ပါ။

ကလေးမွေးပြီး လိင်မှုဘဝကို ပြန်လည်စတင်ရတာဟာ အချိန်ကြာပါတယ်။ စိတ်မရှည်မဖြစ်သင့်ပါဘူး။ သင့်ကျန်းမာရေး စောင့်ရှောက်သူရဲ့ အကြံဉာဏ်တွေ လိုက်နာမယ်ဆိုရင် အရာရာ အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းနဲ့ သင့်ဘဝရဲ့ ပျော်စရာ ကောင်းတဲ့အချိန်တွေကို သာယာပျော်ရွှင်နေခြင်းဟာ သင့်ကို အခက်အခဲတွေကို ကျော်လွှားနိုင်စေမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top