Golden City Promotion
×

မွန္ထဲၾကည္႔လို ကိုယ္႔ကိုယ္ ကို ႏုပ်ိဳမႈေတြ ကုန္ဆံုးေနျပီလို႔ထင္ပါသလား။ အိုမင္းရင္႔ေရာ္ေစသာ အေၾကာင္းအရာ ၾကီးငယ္မ်ားစြာရွိပါတယ္။ အိုမင္းရင္႔ေရာ္ျခင္းကို ဘယ္သူမွ ေရွာင္လႊဲလို႔မရေပမယ္႔ ကိုယ္႔အရြယ္နဲ႔ ကိုယ္ ႏုပ်ိဳမႈေတာ႔ ရွိဖို႔လိုပါတယ္။ ကို္ယ္႔ အသက္အရြယ္ထက္စာရင္ အိုမင္းေနျပီလို႔ထင္ရင္ သင္ဒါေတြလုပ္မိေနလား ဆန္းစစ္သင္႔ပါတယ္။

၁။ ေနေရာင္ကာကြယ္မႈ အားနည္းျခင္း

ခရမ္းလြန္ေရာင္ျခည္မ်ားနဲ႔ အလြန္အမင္း ထိေတြ႔ေနမႈက သင္႔အသားအေရကို ပိုမို အိုမင္း ရင္႔ေရာ္ေစပါတယ္။ ဒါေၾကာင္႔ အျပင္သြားတိုင္း ေနေရာင္ကာလိမ္းကရင္မ္ မ်ားကို အျမဲလိမ္းသင္႔ပါတယ္။ မိုးအုပ္ေနသည္႔တိုင္ ေနေရာင္ကာလိမ္းကရင္မ္ မ်ားကိုလိမ္းသင္႔ပါတယ္။ တိမ္ မ်ားက ခရမ္းလြန္ေရာင္ျခည္ ၂၀ % ခန္႔ကိုသာ တားဆီးႏိုင္လို႔ပါ။

၂။ အခ်ိဳေရွာင္လြန္းေနသလား

အမ်ားသိထားတာကေတာ႔ အခ်ိဳက ခႏၶာကိုယ္အတြက္ မေကာင္းဘူးလို႔ အသိမ်ားေပမယ္႔။ အခ်ိဳကို အလြန္အမင္း ေရွာင္ျခင္းက တစ္ခါတစ္ေလ မိမိကိုယ္ကိုယ္ ကို စားခ်င္တာ မစားရလို႔ ပိုမို စိတ္ဖိစီးေစပါတယ္။ဒါေၾကာင္႔ မိမိစိတ္ကို တစ္ခါတစ္ေလ အလိုလိုက္ျပီး အခ်ိဳစားေပးျခင္းျဖင္႔ ေပ်ာ္ရႊင္ေသာ ခံစားမႈကို ခံစားရေစပါတယ္။ ဒါကလည္း ႏုပ်ိဳေစတဲ႔အခ်က္ထဲမွာ ပါ၀င္ပါတယ္။

၃။ အိပ္ေရး မ၀ျခင္း

အရြယ္ေရာက္ျပီးေသာ လူတစ္ေယာက္အတြက္ တစ္ေန႔လွ်င္ အိပ္ခ်ိန္ အနည္းဆံုး ၇ နာရီ ရွိသင္႔ပါတယ္။ အိပ္ေရးမ၀အိပ္ျခင္းက အိုမင္းရင္႔ေရာ္ေစရံုမက အသက္ရွည္က်န္းမာဖို႔ အဟန္႔အတားျဖစ္ေစပါတယ္။ ကၽြမ္းက်င္သူေတြက ပင္ပန္းႏြမ္းနယ္ျခင္း ၊ စိတ္ပင္ပန္းျခင္း နဲ႔ ကိုယ္အေလးခ်ိန္တက္ျခင္းမ်ား ျဖစ္လာလ်ွင္ ေစာေစာ အိပ္ယာ၀င္ဖို႔ အၾကံေပးထားပါတယ္။

၄။ စိတ္ဖိစီးမႈ

သုေတသန အမ်ားစုမွာ ၾကာျမင္႔စြာ စိတ္ဖိစီးမႈ ခံရပါက ခႏၶာကိုယ္ရဲ႕ ဇီ၀ျဖစ္စဥ္မ်ား ကေမာက္ကမျဖစ္ျခင္း နဲ႔ ဆဲလ္မ်ား ေသဆံုးပ်က္ဆီးျခင္း မ်ားေၾကာင္း အိုမင္းရင္႔ေရာ္မႈ ကို ပိုမိုျဖစ္ေစပါတယ္။ တစ္ေန႔တာ လုပ္ေဆာင္မႈမ်ားကို အခ်ိန္မီျပီးေအာင္ ၾကိဳးစားသင္႔ေပမယ္႔ မျပီးခဲ႔လွ်င္ ေနာက္ေန႔ ဆက္လုပ္မယ္ဆိုတဲ႔ စိတ္ေျဖမႈမ်ိဳးကို ျပဳလုပ္သင္႔ပါတယ္။

၅။ အဆီေလ်ာ႔စားျခင္း

အေရးျပားအေရးအေၾကာင္းေတြ မျဖစ္ေအာင္ဆိုလၽွင္ ခႏၶာကိုယ္မွ အိုမီဂါ ၃ ကဲ႔သို႔ေသာ အဆီဓါတ္မ်ား လိုအပ္ပါတယ္။ အလြန္အမင္း အဆီေရွာင္ပါက ခႏၶာကို္ယ္ကို အက်ိဳးျပဳေသာ အဆီဓါတ္မ်ား ေလ်ာ႔နည္းက ပိုမိုရင္႔ေရာ္ေစမွာျဖစ္ပါတယ္။

ႏုပ်ိဳခ်င္ေသာ ပ်ိဳပ်ိဳအုိအိုမ်ားအတြက္ အထက္ပါ အခ်က္ ၅ ခ်က္ ကို သတိမူျပီး က်န္းမာေသာ လူမႈဘ၀မ်ား ပိုင္ဆိုင္ၾကပါေစ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Thithtoolwin
#Unicode Version#
မှန်ထဲကြည့်လို ကိုယ့်ကိုယ် ကို နုပျိုမှုတွေ ကုန်ဆုံးနေပြီလို့ထင်ပါသလား။ အိုမင်းရင့်ရော်စေသာ အကြောင်းအရာ ကြီးငယ်များစွာရှိပါတယ်။ အိုမင်းရင့်ရော်ခြင်းကို ဘယ်သူမှ ရှောင်လွှဲလို့မရပေမယ့် ကိုယ့်အရွယ်နဲ့ ကိုယ် နုပျိုမှုတော့ ရှိဖို့လိုပါတယ်။ ကိုယ့် အသက်အရွယ်ထက်စာရင် အိုမင်းနေပြီလို့ထင်ရင် သင်ဒါတွေလုပ်မိနေလား ဆန်းစစ်သင့်ပါတယ်။

၁။ နေရောင်ကာကွယ်မှု အားနည်းခြင်း

ခရမ်းလွန်ရောင်ခြည်များနဲ့ အလွန်အမင်း ထိတွေ့နေမှုက သင့်အသားအရေကို ပိုမို အိုမင်း ရင့်ရော်စေပါတယ်။ ဒါကြောင့် အပြင်သွားတိုင်း နေရောင်ကာလိမ်းကရင်မ် များကို အမြဲလိမ်းသင့်ပါတယ်။ မိုးအုပ်နေသည့်တိုင် နေရောင်ကာလိမ်းကရင်မ် များကိုလိမ်းသင့်ပါတယ်။ တိမ် များက ခရမ်းလွန်ရောင်ခြည် ၂၀ % ခန့်ကိုသာ တားဆီးနိုင်လို့ပါ။

၂။ အချိုရှောင်လွန်းနေသလား

အများသိထားတာကတော့ အချိုက ခန္ဓာကိုယ်အတွက် မကောင်းဘူးလို့ အသိများပေမယ့်။ အချိုကို အလွန်အမင်း ရှောင်ခြင်းက တစ်ခါတစ်လေ မိမိကိုယ်ကိုယ် ကို စားချင်တာ မစားရလို့ ပိုမို စိတ်ဖိစီးစေပါတယ်။ဒါကြောင့် မိမိစိတ်ကို တစ်ခါတစ်လေ အလိုလိုက်ပြီး အချိုစားပေးခြင်းဖြင့် ပျော်ရွှင်သော ခံစားမှုကို ခံစားရစေပါတယ်။ ဒါကလည်း နုပျိုစေတဲ့အချက်ထဲမှာ ပါဝင်ပါတယ်။

၃။ အိပ်ရေး မဝခြင်း

အရွယ်ရောက်ပြီးသော လူတစ်ယောက်အတွက် တစ်နေ့လျှင် အိပ်ချိန် အနည်းဆုံး ၇ နာရီ ရှိသင့်ပါတယ်။ အိပ်ရေးမဝအိပ်ခြင်းက အိုမင်းရင့်ရော်စေရုံမက အသက်ရှည်ကျန်းမာဖို့ အဟန့်အတားဖြစ်စေပါတယ်။ ကျွမ်းကျင်သူတွေက ပင်ပန်းနွမ်းနယ်ခြင်း ၊ စိတ်ပင်ပန်းခြင်း နဲ့ ကိုယ်အလေးချိန်တက်ခြင်းများ ဖြစ်လာလျှင် စောစော အိပ်ယာဝင်ဖို့ အကြံပေးထားပါတယ်။

၄။ စိတ်ဖိစီးမှု

သုတေသန အများစုမှာ ကြာမြင့်စွာ စိတ်ဖိစီးမှု ခံရပါက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်များ ကမောက်ကမဖြစ်ခြင်း နဲ့ ဆဲလ်များ သေဆုံးပျက်ဆီးခြင်း များကြောင်း အိုမင်းရင့်ရော်မှု ကို ပိုမိုဖြစ်စေပါတယ်။ တစ်နေ့တာ လုပ်ဆောင်မှုများကို အချိန်မီပြီးအောင် ကြိုးစားသင့်ပေမယ့် မပြီးခဲ့လျှင် နောက်နေ့ ဆက်လုပ်မယ်ဆိုတဲ့ စိတ်ဖြေမှုမျိုးကို ပြုလုပ်သင့်ပါတယ်။

၅။ အဆီလျော့စားခြင်း

အရေးပြားအရေးအကြောင်းတွေ မဖြစ်အောင်ဆိုလျှင် ခန္ဓာကိုယ်မှ အိုမီဂါ ၃ ကဲ့သို့သော အဆီဓါတ်များ လိုအပ်ပါတယ်။ အလွန်အမင်း အဆီရှောင်ပါက ခန္ဓာကိုယ်ကို အကျိုးပြုသော အဆီဓါတ်များ လျော့နည်းက ပိုမိုရင့်ရော်စေမှာဖြစ်ပါတယ်။

နုပျိုချင်သော ပျိုပျိုအိုအိုများအတွက် အထက်ပါ အချက် ၅ ချက် ကို သတိမူပြီး ကျန်းမာသော လူမှုဘဝများ ပိုင်ဆိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:  Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top