Golden City Promotion
×

NASA ရဲ႕ အာကာသယာဥ္မွဴးေတြေျပာၾကားခ်က္အရ သူတုိ႔ဟာ ေဘာလံုးပစ္တဲ့သမိုင္းမွာ အေဝးဆံုးအျဖစ္ စံခ်ိန္သစ္တစ္ရပ္ တင္ရွိခဲ့ေၾကာင္း  ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ဒါက ဂင္းနစ္စ္ကမာၻ႔စံခ်ိန္ကုိ ေက်ာ္ျဖတ္ခဲ့တာေတာ့ မဟုတ္ပါဘူး။

ဘာလုိ႔လဲဆုိေတာ့ သူတုိ႔က ဆြဲငင္အားမရွိတဲ့ အာကာသထဲမွာ ပစ္ခဲ့တာမို႔လုိ႔ပါ။

အာကာသယာဥ္မွဴး Tim Kopra ဟာ ႏုိင္ငံတကာအာကာသစခန္းမွာ ေဘာလံုးကုိ ပစ္လႊတ္ခဲ့ရာ အခ်ိန္တစ္မိနစ္ေက်ာ္အတြင္းမွာ ကုိက္ေပါင္း ၅၆၄,၆၆၄ (မို္င္၃၂၀) အထိေရာက္ရွိခဲ့တာပါ။ ဒီအတုိင္းအတာဟာဆုိရင္ တစ္နာရီမိုင္ ၁၇၅၀၀ ႏႈန္းနဲ႔ သြားေနတဲ့ စခန္းေပၚမွာ (သြားေနတဲ့ ယာဥ္ရဲ႕ အျမန္ႏႈန္းကုိပါထည့္တြက္) ပစ္လႊတ္ခဲ့တာျဖစ္တာေၾကာင့္ ေဘာလံုးရဲ႕ အျမန္ႏႈန္းက တစ္စကၠန္႔ကုိ ကုိက္ ၈၈၀၀ အထိရွိခဲ့တာ ျဖစ္ပါတယ္။

Kopra ဟာ ISS ကေန ၿပီးခဲ့တဲ့ ဇြန္လတုန္းကရင္း ျပန္လည္ေရာက္ရွိေနခဲ့တာ ျဖစ္ေပမယ့္ NASA ကေတာ့ ဒီဗီဒီယိုကုိ Sper Bowl 51 ပြဲမတုိင္မီ ၿပီးခဲ့တဲ့ စေနေန႔ ကမွ ထုတ္ေဖာ္ခဲ့တာပါ။ ဗီဒီယုိကုိ ေအာက္မွာ ၾကည့္ရႈႏုိင္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
NASA ရဲ့ အာကာသယာဉ်မှူးတွေပြောကြားချက်အရ သူတို့ဟာ ဘောလုံးပစ်တဲ့သမိုင်းမှာ အဝေးဆုံးအဖြစ် စံချိန်သစ်တစ်ရပ် တင်ရှိခဲ့ကြောင်း  ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်ဒါက ဂင်းနစ်စ်ကမ္ဘာ့စံချိန်ကို ကျော်ဖြတ်ခဲ့တာတော့ မဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ သူတို့က ဆွဲငင်အားမရှိတဲ့ အာကာသထဲမှာ ပစ်ခဲ့တာမို့လို့ပါ။

အာကာသယာဉ်မှူး Tim Kopra ဟာ နိုင်ငံတကာအာကာသစခန်းမှာ ဘောလုံးကို ပစ်လွှတ်ခဲ့ရာ အချိန်တစ်မိနစ်ကျော်အတွင်းမှာ ကိုက်ပေါင်း ၅၆၄,၆၆၄ (မိုင်၃၂၀) အထိရောက်ရှိခဲ့တာပါ။ ဒီအတိုင်းအတာဟာဆိုရင် တစ်နာရီမိုင် ၁၇၅၀၀ နှုန်းနဲ့ သွားနေတဲ့ စခန်းပေါ်မှာ (သွားနေတဲ့ ယာဉ်ရဲ့ အမြန်နှုန်းကိုပါထည့်တွက်) ပစ်လွှတ်ခဲ့တာဖြစ်တာကြောင့် ဘောလုံးရဲ့ အမြန်နှုန်းက တစ်စက္ကန့်ကို ကိုက် ၈၈၀၀ အထိရှိခဲ့တာ ဖြစ်ပါတယ်။

Kopra ဟာ ISS ကနေ ပြီးခဲ့တဲ့ ဇွန်လတုန်းကရင်း ပြန်လည်ရောက်ရှိနေခဲ့တာ ဖြစ်ပေမယ့် NASA ကတော့ ဒီဗီဒီယိုကို Sper Bowl 51 ပွဲမတိုင်မီ ပြီးခဲ့တဲ့ စနေနေ့ ကမှ ထုတ်ဖော်ခဲ့တာပါ။ ဗီဒီယိုကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top