Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

မိတ္ကပ္လိမ္းျခယ္ျခင္းအတြက္ အမ်ိဳးသမီးတိုင္းရဲ႕ အၾကီးမားဆံုး စိတ္ပူမႈဟာ တစ္ေနကုန္ခံေအာင္ဘယ္လိုလုပ္ရမလဲဆိုတာပါပဲ။ မ်က္စိတစ္မွိတ္အတြင္းမွာ ႏႈတ္ခမ္းနီထပ္ဆိုးလိုက္လို႔ရေပမယ့္ အျခားအရာေတြျဖစ္တဲ့ contouring(ပါးရိုး၊ေမးရိုးစသျဖင့္ေဖာ္ျခင္း)၊ သို႔မဟုတ္ ေအာက္ခံမိတ္ကပ္ျပန္လည္ျပင္ဆင္ျခင္းေတြဟာ ပိုမိုရႈပ္ေထြးျပီး အခ်ိန္စားပါတယ္။ ဒီေဆာင္းပါးမွာေတာ့ စာဖတ္သူေတြကို မိတ္ကပ္ေတြၾကာၾကာခံေအာင္လုပ္နိုင္မယ့္ လွ်ိဳ႕၀ွက္နည္းလမ္းေတြကိုေျပာျပသြားမွာျဖစ္ပါတယ္။
အဆီမပါတဲ့ ပစၥည္းေတြသံုးစြဲပါ။

အဆီပါ၀င္တဲ့ ပစၥည္းေတြဟာ ပိုျပီးျမန္ဆန္စြာေပ်ာက္ကြယ္လြင့္ပါးသြားနိုင္ပါတယ္။ တကယ္လို႔သင့္မွာ အဆီကိုအေျခခံျပီးထုတ္ထားတဲ့ပစၥည္းေတြကိုသံုးတာကသာ အသင့္ေလ်ာ္ဆံုးျဖစ္မယ့္ ေျခာက္ေသြ႕တဲ့အသားအရည္ရွိေနရင္ေတာ့ oil-free formulas (အဆီမပါတဲ့ ေဖာ္ျမဴလာ) ေတြကိုမသံုးခင္မွာ အစိုဓာတ္ထိန္းမယ့္အဆင့္ေတြကို ပိုျပီးဂရုတစိုက္လုပ္ေဆာင္သင့္ပါတယ္။
ပရို္င္မာ (မိတ္ကပ္ေအာက္ဆံုး အခံ) သံုးပါ။

မိတ္ကပ္ေတြပိုျပီးၾကာၾကာခံဖို႔အတြက္ ပရိုင္မာ က ထိပ္တန္းဦးစားေပးပါပဲ။ ပရိုင္မာ က မိတ္ကပ္လိမ္းျခယ္မႈအဆင့္ေတြအားလံုးအတြက္ အေကာင္းဆံုးျပင္ဆင္မႈကိုေပးစြမ္းနိုင္ျပီး အစိုဓာတ္ေတြကိုထိန္းသိမ္းေပးနိုင္ကာ ေခ်ာမြတ္ညီညာတဲ့မ်က္ႏွာအေနအထားကို ပိုင္ဆိုင္နိုင္ေစပါတယ္။ ဒါ့အျပင္ သူက အဆီေတြ၀င္းေနတာမ်ိဳးမျဖစ္ေစဘဲ ေအာက္ခံမိတ္ကပ္ကို ၾကာရွည္ခံေစပါတယ္။ ပရုိင္မာ ေတြဟာ အေရးအေၾကာင္းေတြ၊ ေခၽြးေပါက္က်ယ္ေနတာေတြ၊ ၀က္ျခံအစက္အေျပာက္ေတြကို ဖံုးကြယ္ေပးနိုင္ျပီး မ်က္နွာအသားအရည္ကို ျပီးျပည့္စံုလွပေနေစပါတယ္။

ပရုိင္မာ သံုးမယ္ဆိုရင္ သိကိုသိထားရမယ့္အခ်က္၂ခ်က္ရွိပါတယ္။ ပထမအခ်က္ကေတာ့ သင့္ရဲ႕အသားအရည္ (ေျခာက္ေသြ႕တာ၊အဆီျပန္တာနဲ႔၊ ပံုမွန္အသားအရည္) နဲ႔လိုက္ဖက္တဲ့ ပရုိင္မာ ကိုေရြးခ်ယ္ပါ။ ဒုတိယအခ်က္ကေတာ့ eyeshadow ေတြၾကာၾကာခံဖို႔အတြက္ eyelid primer (မ်က္ခြံ ပရုိင္မာ) ကိုသံုးပါ။
ေရစိုခံ မ်က္ေတာင္ေကာ့ေဆးသံုးပါ။

မ်က္လံုးမွာျပင္ဆင္ထားတဲ့ မိတ္ကပ္ေတြကိုၾကာရွည္ခံေစနိုင္ဖို႔ ေရစိုခံ မ်က္ေတာင္ေကာ့ေဆးကိုသံုးပါ။ ဒါကိုအသုံးျပဳတဲ့အခါမွာ အဓိကက်တဲ့အခ်က္ကေတာ့ ေဆးေျခာက္မသြားခင္ အျမန္သံုးေပးဖုိ႔ပါပဲ။
ၾကာရွည္ခံမယ့္ ပစၥည္းေတြကို ေရြးခ်ယ္ပါ။

ေရစိုခံမ်က္ေတာင္ေကာ့ေဆးနဲ႔အတူ အျခားေသာ ၾကာရွည္ခံမယ့္မိတ္ကပ္ပစၥည္းေတြကို သံုးျခင္းက မိတ္ကပ္ေတြကိုတစ္ေန႔လံုးတာရွည္ခံေစပါတယ္လို႔ အၾကံျပဳထားပါတယ္။ ဒါေပမယ့္ စြမ္းအားေကာင္းတဲ့ မိတ္ကပ္ဖ်က္ေဆးေတြကိုေတာ့အသံုးျပဳပါ။
ေပါင္ဒါသံုးပါ။

ေျမာက္မ်ားလွစြာေသာ အဆင့္ေတြျဖစ္တဲ့ ပရုိင္မာ၊ မိတ္ကပ္ေအာက္ခံ foundation၊ blush စတာေတြလုပ္ေဆာင္ျပီးတဲ့အခါမွာ ေပါင္ဒါတစ္ထပ္ရိုက္ပါ။ ခုလိုလုပ္လိုက္ျခင္းဟာ မိတ္ကပ္ေတြကိုတာရွည္ခံေစျပီးအျပစ္အနာအဆာကင္း ေခ်ာမြတ္တဲ့ အလွကိုေပးစြမ္းနိုင္ပါတယ္။ အဓိကအခ်က္ကေတာ့ အနည္းငယ္သာသံုးေပးပါ။
Setting spray စပေရးဖ်န္းေပးပါ။

မိတ္ကပ္ျပင္ဆင္ျခယ္သမႈအားလံုးကို Setting spray စပေရး သံုးျပီးအဆံုးသတ္ပါ။ ဒါဟာ မိတ္ကပ္တစ္ေနကုန္ မကြက္ဘဲတာရွည္ခံဖို႔ ေသခ်ာပါတယ္။ အရည္အေသြးျမင့္တဲ့ပစၥည္းေတြကိုသာသံုးစြဲပါ။

ေနာက္ဆံုးေပမယ့္အေရးၾကီးတာကေတာ့ ေခၽြးထြက္တာကိုကာကြယ္နိုင္ဖို႔ ေနပူထဲမွာအၾကာၾကီးေနတာမ်ိဳးကိုေရွာင္ၾကဥ္ပါ။ ဘယ္ေလာက္စြမ္းတဲ့မိတ္ကပ္ပဲျဖစ္ပါေစ၊ ေခၽြးထြက္မ်ားျခင္းက အရာအားလံုးကို ဖ်က္ဆီးပစ္နိုင္ပါတယ္။

မိတ္ကပ္တာရွည္ခံေအာင္ဘယ္လိုလုပ္မလဲဆိုတာ နားလည္ျခင္းဟာ သင့္ရဲ႕မိတ္ကပ္ျပင္ဆင္ျခယ္သမႈကိုပိုမိုလြယ္ကူေစျပီး ပိုျပီးစိတ္၀င္စားစရာေကာင္းေစပါတယ္။ အထက္ပါအခ်က္ေတြအျပင္ အသားအရည္ထိန္းသိမ္းျခင္းနဲ႔ စားေသာက္ျခင္းအေလ့အထေတြကို ပိုျပီး ဂရုစိုက္ဖို႔လိုပါတယ္။ ဒါမွသာ က်န္းမာျပည့္စံုတဲ့ အသားအရည္ကို ရနိုင္မွာမဟုတ္ပါလား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group

# Unicode Version ျဖင့္ ဖတ္ပါ #
မိတ်ကပ်လိမ်းခြယ်ခြင်းအတွက် အမျိုးသမီးတိုင်းရဲ့ အကြီးမားဆုံး စိတ်ပူမှုဟာ တစ်နေကုန်ခံအောင်ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ မျက်စိတစ်မှိတ်အတွင်းမှာ နှုတ်ခမ်းနီထပ်ဆိုးလိုက်လို့ရပေမယ့် အခြားအရာတွေဖြစ်တဲ့ contouring(ပါးရိုး၊မေးရိုးစသဖြင့်ဖော်ခြင်း)၊ သို့မဟုတ် အောက်ခံမိတ်ကပ်ပြန်လည်ပြင်ဆင်ခြင်းတွေဟာ ပိုမိုရှုပ်ထွေးပြီး အချိန်စားပါတယ်။ ဒီဆောင်းပါးမှာတော့ စာဖတ်သူတွေကို မိတ်ကပ်တွေကြာကြာခံအောင်လုပ်နိုင်မယ့် လျှို့ဝှက်နည်းလမ်းတွေကိုပြောပြသွားမှာဖြစ်ပါတယ်။
အဆီမပါတဲ့ ပစ္စည်းတွေသုံးစွဲပါ။

အဆီပါဝင်တဲ့ ပစ္စည်းတွေဟာ ပိုပြီးမြန်ဆန်စွာပျောက်ကွယ်လွင့်ပါးသွားနိုင်ပါတယ်။ တကယ်လို့သင့်မှာ အဆီကိုအခြေခံပြီးထုတ်ထားတဲ့ပစ္စည်းတွေကိုသုံးတာကသာ အသင့်လျော်ဆုံးဖြစ်မယ့် ခြောက်သွေ့တဲ့အသားအရည်ရှိနေရင်တော့ oil-free formulas (အဆီမပါတဲ့ ဖော်မြူလာ) တွေကိုမသုံးခင်မှာ အစိုဓာတ်ထိန်းမယ့်အဆင့်တွေကို ပိုပြီးဂရုတစိုက်လုပ်ဆောင်သင့်ပါတယ်။
ပရိုင်မာ (မိတ်ကပ်အောက်ဆုံး အခံ) သုံးပါ။

မိတ်ကပ်တွေပိုပြီးကြာကြာခံဖို့အတွက် ပရိုင်မာ က ထိပ်တန်းဦးစားပေးပါပဲ။ ပရိုင်မာ က မိတ်ကပ်လိမ်းခြယ်မှုအဆင့်တွေအားလုံးအတွက် အကောင်းဆုံးပြင်ဆင်မှုကိုပေးစွမ်းနိုင်ပြီး အစိုဓာတ်တွေကိုထိန်းသိမ်းပေးနိုင်ကာ ချောမွတ်ညီညာတဲ့မျက်နှာအနေအထားကို ပိုင်ဆိုင်နိုင်စေပါတယ်။ ဒါ့အပြင် သူက အဆီတွေဝင်းနေတာမျိုးမဖြစ်စေဘဲ အောက်ခံမိတ်ကပ်ကို ကြာရှည်ခံစေပါတယ်။ ပရိုင်မာ တွေဟာ အရေးအကြောင်းတွေ၊ ချွေးပေါက်ကျယ်နေတာတွေ၊ ဝက်ခြံအစက်အပြောက်တွေကို ဖုံးကွယ်ပေးနိုင်ပြီး မျက်နှာအသားအရည်ကို ပြီးပြည့်စုံလှပနေစေပါတယ်။

ပရိုင်မာ သုံးမယ်ဆိုရင် သိကိုသိထားရမယ့်အချက်၂ချက်ရှိပါတယ်။ ပထမအချက်ကတော့ သင့်ရဲ့အသားအရည် (ခြောက်သွေ့တာ၊အဆီပြန်တာနဲ့၊ ပုံမှန်အသားအရည်) နဲ့လိုက်ဖက်တဲ့ ပရိုင်မာ ကိုရွေးချယ်ပါ။ ဒုတိယအချက်ကတော့ eyeshadow တွေကြာကြာခံဖို့အတွက် eyelid primer (မျက်ခွံ ပရိုင်မာ) ကိုသုံးပါ။
ရေစိုခံ မျက်တောင်ကော့ဆေးသုံးပါ။

မျက်လုံးမှာပြင်ဆင်ထားတဲ့ မိတ်ကပ်တွေကိုကြာရှည်ခံစေနိုင်ဖို့ ရေစိုခံ မျက်တောင်ကော့ဆေးကိုသုံးပါ။ ဒါကိုအသုံးပြုတဲ့အခါမှာ အဓိကကျတဲ့အချက်ကတော့ ဆေးခြောက်မသွားခင် အမြန်သုံးပေးဖို့ပါပဲ။
ကြာရှည်ခံမယ့် ပစ္စည်းတွေကို ရွေးချယ်ပါ။

ရေစိုခံမျက်တောင်ကော့ဆေးနဲ့အတူ အခြားသော ကြာရှည်ခံမယ့်မိတ်ကပ်ပစ္စည်းတွေကို သုံးခြင်းက မိတ်ကပ်တွေကိုတစ်နေ့လုံးတာရှည်ခံစေပါတယ်လို့ အကြံပြုထားပါတယ်။ ဒါပေမယ့် စွမ်းအားကောင်းတဲ့ မိတ်ကပ်ဖျက်ဆေးတွေကိုတော့အသုံးပြုပါ။
ပေါင်ဒါသုံးပါ။

မြောက်များလှစွာသော အဆင့်တွေဖြစ်တဲ့ ပရိုင်မာ၊ မိတ်ကပ်အောက်ခံ foundation၊ blush စတာတွေလုပ်ဆောင်ပြီးတဲ့အခါမှာ ပေါင်ဒါတစ်ထပ်ရိုက်ပါ။ ခုလိုလုပ်လိုက်ခြင်းဟာ မိတ်ကပ်တွေကိုတာရှည်ခံစေပြီးအပြစ်အနာအဆာကင်း ချောမွတ်တဲ့ အလှကိုပေးစွမ်းနိုင်ပါတယ်။ အဓိကအချက်ကတော့ အနည်းငယ်သာသုံးပေးပါ။
Setting spray စပရေးဖျန်းပေးပါ။

မိတ်ကပ်ပြင်ဆင်ခြယ်သမှုအားလုံးကို Setting spray စပရေး သုံးပြီးအဆုံးသတ်ပါ။ ဒါဟာ မိတ်ကပ်တစ်နေကုန် မကွက်ဘဲတာရှည်ခံဖို့ သေချာပါတယ်။ အရည်အသွေးမြင့်တဲ့ပစ္စည်းတွေကိုသာသုံးစွဲပါ။

နောက်ဆုံးပေမယ့်အရေးကြီးတာကတော့ ချွေးထွက်တာကိုကာကွယ်နိုင်ဖို့ နေပူထဲမှာအကြာကြီးနေတာမျိုးကိုရှောင်ကြဉ်ပါ။ ဘယ်လောက်စွမ်းတဲ့မိတ်ကပ်ပဲဖြစ်ပါစေ၊ ချွေးထွက်များခြင်းက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပါတယ်။

မိတ်ကပ်တာရှည်ခံအောင်ဘယ်လိုလုပ်မလဲဆိုတာ နားလည်ခြင်းဟာ သင့်ရဲ့မိတ်ကပ်ပြင်ဆင်ခြယ်သမှုကိုပိုမိုလွယ်ကူစေပြီး ပိုပြီးစိတ်ဝင်စားစရာကောင်းစေပါတယ်။ အထက်ပါအချက်တွေအပြင် အသားအရည်ထိန်းသိမ်းခြင်းနဲ့ စားသောက်ခြင်းအလေ့အထတွေကို ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။ ဒါမှသာ ကျန်းမာပြည့်စုံတဲ့ အသားအရည်ကို ရနိုင်မှာမဟုတ်ပါလား။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top