Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မေကြးတိုင္း ေအာင္ လံၿမိဳ႕နယ္ တလပါးေက်းရြာသား ႏွစ္ဦး အျခားရြာသို႔ ႏြားေက်ာင္းခ သြားေတာင္းၿပီး အျပန္လမ္းတြင္ စကားမ်ားရန္ျဖစ္၍ တစ္ဦးေသ ဆံုးခဲ့ေၾကာင္း ေအာင္လံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕စခန္းမွ ရဲအရာရွိတစ္ဦး က ေျပာသည္။

သမၻဴလေက်းရြာေဒသခံ တစ္ဦးက ၎၏ တူေတာ္စပ္သူ လွည္းလမ္းတြင္လဲက်ေသဆံုးေန ေၾကာင္း ေအာက္တိုဘာ ၁၄ ရက္ တြင္ အေၾကာင္းၾကားသျဖင့္ သမၻဴလနယ္ေျမရဲတပ္ဖြဲ႕စခန္းမွ တာ ၀န္ရွိသူမ်ားသြားေရာက္စစ္ေဆး ရာ  သံပုရာခံုေက်းရြာအနီး လွည္းလမ္းနံေဘးတြင္ အသက္ (၃၀) ႏွစ္အရြယ္ အမ်ဳိးသားသည္ ဦး ေခါင္း၊ နားအံုဖူးေရာင္ဒဏ္ရာ၊ ႏွာေခါင္း၊ နားႏွင့္ ပါးစပ္တြင္ ေသြး ထြက္ဒဏ္ရာမ်ားျဖင့္ လဲက်ေသ ဆံုးေနသည္ကို ေတြ႕ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွတ္တမ္းတြင္ ေဖာ္ျပ ထားသည္။

‘‘ျဖစ္စဥ္အေသးစိတ္သိရဖို႔ က စစ္ေဆးေနတုန္းပါ။ သူတို႔ႏွစ္ ေယာက္အတူသြားရင္း အျပန္မွာ အရက္မူးစကားမ်ားရန္ျဖစ္ရာက လူသတ္မႈျဖစ္တာလို႔ေတာ့ သိရ တယ္။ စစ္ေနတုန္းပဲ’’ဟု ရဲအရာရွိက ေျပာသည္။

ႏြားေက်ာင္းခသြားေတာင္း သည့္ အမ်ဳိးသားႏွစ္ဦးသည္ အသက္ (၃၀) ႏွစ္ႏွင့္ (၃၃) ႏွစ္ရွိ အမ်ဳိးသားတို႔ျဖစ္ေၾကာင္း၊ တလပါးရြာမွ သမၻဴလေက်းရြာသို႔ ႏြားေက်ာင္းခသြားေတာင္းၿပီး အျပန္သံပုရာခံုေက်းရြာအနီး စကားမ်ားရန္ျဖစ္ခဲ့ျခင္းျဖစ္ေၾကာင္း  ၎က ေျပာသည္။

အဆိုပါအမႈကို သမၻဴလ နယ္ေျမရဲတပ္ဖြဲ႕စခန္းက ရာဇ သတ္ႀကီးပုဒ္မ  ၃၀၂ ျဖင့္ အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူဟု ယူဆရသူ အမ်ဳိးသားကို စစ္ေဆးလ်က္ရွိ သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#

မကွေးတိုင်း အောင် လံမြို့နယ် တလပါးကျေးရွာသား နှစ်ဦး အခြားရွာသို့ နွားကျောင်းခ သွားတောင်းပြီး အပြန်လမ်းတွင် စကားများရန်ဖြစ်၍ တစ်ဦးသေ ဆုံးခဲ့ကြောင်း အောင်လံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦး က ပြောသည်။

သမ္ဘူလကျေးရွာဒေသခံ တစ်ဦးက ၎င်း၏ တူတော်စပ်သူ လှည်းလမ်းတွင်လဲကျသေဆုံးနေ ကြောင်း အောက်တိုဘာ ၁၄ ရက် တွင် အကြောင်းကြားသဖြင့် သမ္ဘူလနယ်မြေရဲတပ်ဖွဲ့စခန်းမှ တာ ဝန်ရှိသူများသွားရောက်စစ်ဆေး ရာ  သံပုရာခုံကျေးရွာအနီး လှည်းလမ်းနံဘေးတွင် အသက် (၃၀) နှစ်အရွယ် အမျိုးသားသည် ဦး ခေါင်း၊ နားအုံဖူးရောင်ဒဏ်ရာ၊ နှာခေါင်း၊ နားနှင့် ပါးစပ်တွင် သွေး ထွက်ဒဏ်ရာများဖြင့် လဲကျသေ ဆုံးနေသည်ကို တွေ့ခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းတွင် ဖော်ပြ ထားသည်။

‘‘ဖြစ်စဉ်အသေးစိတ်သိရဖို့ က စစ်ဆေးနေတုန်းပါ။ သူတို့နှစ် ယောက်အတူသွားရင်း အပြန်မှာ အရက်မူးစကားများရန်ဖြစ်ရာက လူသတ်မှုဖြစ်တာလို့တော့ သိရ တယ်။ စစ်နေတုန်းပဲ’’ဟု ရဲအရာရှိက ပြောသည်။

နွားကျောင်းခသွားတောင်း သည့် အမျိုးသားနှစ်ဦးသည် အသက် (၃၀) နှစ်နှင့် (၃၃) နှစ်ရှိ အမျိုးသားတို့ဖြစ်ကြောင်း၊ တလပါးရွာမှ သမ္ဘူလကျေးရွာသို့ နွားကျောင်းခသွားတောင်းပြီး အပြန်သံပုရာခုံကျေးရွာအနီး စကားများရန်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း  ၎င်းက ပြောသည်။

အဆိုပါအမှုကို သမ္ဘူလ နယ်မြေရဲတပ်ဖွဲ့စခန်းက ရာဇ သတ်ကြီးပုဒ်မ  ၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ အမျိုးသားကို စစ်ဆေးလျက်ရှိ သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top