Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဒီနည္းလမ္းေတြဟာ သင့္ခႏၶာကိုယ္ရဲ့ သဘာဝ လုပ္ငန္းေဆာင္တာေတြအေပၚမူတည္ျပီး လတစ္လရဲ့ ဘယ္ရက္ေတြဟာ ကိုယ္ဝန္ရႏိုင္ေခ် အမ်ားဆုံးလဲဆိုတာကို ဆုံးျဖတ္တဲ့ နည္းလမ္းေတြ ျဖစ္ပါတယ္။ ဒါကို သဘာဝနည္းအတိုင္း သားဆက္ျခားျခင္းလို႔လည္း ေခၚပါေသးတယ္။

ရက္ေရွာင္နည္း၊ ခႏၶာကိုယ္ရဲ့ အနည္းဆုံးအပူခ်ိန္၊ သားအိမ္ေခါင္းအက်ိအခြၽဲေပၚမူတည္တဲ့ နည္း အစရွိတာေတြကို ေပါင္းစပ္အသုံးျပဳျပီး သင့္ခႏၶာကိုယ္ဟာ ဘယ္အခ်ိန္ေတြမွာ မ်ိဳးေအာင္ႏိုင္ေခ် အမ်ားဆုံးလဲဆိုတာကို သိရွိေစပါတယ္။
ရက္ေရွာင္နည္း (ျပကၡဒိန္တြက္နည္း)

သင့္ခႏၶာကိုယ္ရဲ့ သားဥေႂကြခ်ိန္နဲ႕ မ်ိဳးေအာင္ႏိုင္တဲ့အခ်ိန္ေတြကို သိရွိမယ္ဆိုရင္ အဆိုပါ အခ်ိန္ေတြမွာ လိင္ဆက္ဆံမႈကို ေရွာင္ရွားျခင္း ဒါမွမဟုတ္ အကာအကြယ္သုံးျပီး လိင္ဆက္ဆံျခင္းတို႕ကို ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။

ပထမဆုံးလုပ္ရမယ့္အခ်က္က သင့္ရာသီစက္ဝန္းအေၾကာင္း တိတိပပသိရွိရမွာျဖစ္ျပီး မ်ိဳးေအာင္ႏိုင္မယ့္ရက္ေတြ၊ကိုယ္ဝန္မရႏိုင္မယ့္ ရက္ေတြကို သိထားဖို႕ပဲ ျဖစ္ပါတယ္။ပံုမွန္အားျဖင့္ ရာသီစက္ဝန္းဟာ ၂၈ရက္ကေန ၃၂ရက္ အတြင္း ၾကာျမင့္တတ္ပါတယ္။

သင့္ရာသီစက္ဝန္းကို ခန့္မွန္းတြက္ခ်က္ႏိုင္ဖို႕အတြက္ ပံုမွန္ဓမၼတာစက္ဝန္းမွာ ျဖစ္ေပၚေလ့ရွိတဲ့ အခ်က္ေတြကို ရက္အပိုင္းအျခားနဲ႕ ေဖာ္ျပေပးထားပါတယ္။
ပထမဆုံးရက္ (Day 1)

ရာသီေသြးစဆင္းတဲ့ေန႕ဟာ သင့္ဓမၼတာစက္ဝန္းရဲ့ ပထမဆုံးေန့ပဲ ျဖစ္ပါတယ္။
သတၱမေျမာက္ရက္ (Day 7) :

ခုႏွစ္ရက္ေျမာက္ေန့မွာ သင့္မမ်ိဳးဥဟာ အဖိုသုတ္ပိုးနဲ႕ ထိေတြ့ျပီး မ်ိဳးေအာင္ျခင္းျဖစ္ေပၚဖို႕ အသင့္ျဖစ္ေနပါျပီ။
၁၁ရက္မွ ၂၁ရက္အၾကား (ရာသီစက္ဝန္းတခုကို ၂၈ရက္နဲ႕ တြက္ထားပါတယ္) :

သင့္ခႏၶာကိုယ္ထဲမွာရွိတဲ့ ေဟာ္မုန္းေတြေၾကာင့္ သားဥအိမ္ထဲက မမ်ိဳးဥေလးထြက္လာမွာျဖစ္ျပီး ဒါကို သားဥေႂကြျခင္းလို႕ ေခၚပါတယ္။မမ်ိဳးဥေလးဟာ သားဥျပြန္တေလွ်ာက္ ျဖတ္သန္းလာျပီး သားအိမ္ကို ေရာက္ရွိမွာျဖစ္ကာ မ်ိဳးေအာင္ျခင္းျဖစ္ေပၚဖို႕ ၁၂နာရီကေန ၂၄နာရီအထိ ေစာင့္ဆိုင္းမွာ ျဖစ္ပါတယ္။

တကယ္လို႕ အဖိုသုတ္ပိုးက မမ်ိဳးဥထဲကို ထိုးေဖာက္ဝင္ေရာက္လိုက္ျပီဆိုရင္ေတာ့ အသစ္ျဖစ္ေပၚလာတဲ့ မ်ိဳးေအာင္ျပီးသား ဥကေလးဟာ သားအိမ္နံရံမွာ ကပ္တြယ္လိုက္ျပီးေတာ့ စတင္ၾကီးထြားလာမွာပဲ ျဖစ္ပါတယ္။တကယ္လို႕ မ်ိဳးေအာင္ျခင္း မျဖစ္ေပၚဖူးဆိုရင္ မမ်ိဳးဥေလးဟာ ပ်က္စီးသြားမွာျဖစ္ပါတယ္။
၂၈ရက္ေျမာက္ေန့ (Day 28)

မမ်ိဳးဥဟာ မ်ိဳးေအာင္ျခင္းလုပ္ငန္းစဥ္ျဖစ္ေပၚျခင္းမရွိဖူးဆိုရင္ (မ်ိဳးမေအာင္ဖူးဆိုရင္) ရက္ပိုင္းအတြင္းမွာပဲ ေဟာ္မုန္းပမာဏက်သြားမွာျဖစ္တဲ့အတြက္ သားအိမ္နံရံေတြ၊အကာအရံေတြကို ေႂကြက်ပ်က္စီးေစမွာျဖစ္ျပီး ဒီလိုျဖစ္စဥ္ကို ဓမၼတာလာျခင္းလို႕ ေခါ္ပါတယ္။

ဒီေနရာမွာ သိထားသင့္တဲ့ အေရးၾကီးအခ်က္တခ်က္က ရာသီစက္ဝန္းရဲ့ ပထမပိုင္း (သားဥမေႂကြခင္အခ်ိန္)ဟာ အမ်ိဳးသမီးတေယာက္နဲ႕ တေယာက္မတူကြဲျပားတယ္ဆိုတာျဖစ္ျပီး တေယာက္တည္းမွာေတာင္ လအလိုက္ေျပာင္းလဲႏိုင္ပါေသးတယ္ ဆိုတာပါပဲ။

သားဥမေႂကြခင္ ၾကာျမင့္တဲ့ရက္ေပါင္းဟာ ၁၃ရက္ကေန ရက္၂၀ေလာက္အထိ ျဖစ္ႏိုင္ပါတယ္။ရ ာသီစက္ဝန္းရဲ့ ဒုတိယတဝက္ကေတာ့ အမ်ိဳးသမီးအမ်ားစုမွာ အေတာ္ေလးတူညီၾကပါတယ္။

ဘာလို႕လဲဆိုေတာ့ သားဥေႂကြတဲ့ေန႕ကေန ေနာက္တၾကိမ္ ရာသီလာခ်ိန္အထိ ၾကာျမင့္ခ်ိန္က ၁၂ရက္ ကေန ၁၆ရက္ေလာက္အထိ ရွိတတ္လို႕ပဲ ျဖစ္ပါတယ္။
ျပကၡဒိန္ရက္တြက္နည္း: သင့္ရာသီစက္ဝန္းကို ျပကၡဒိန္မွာ အေသအခ်ာမွတ္သားထားျခင္းအားျဖင့္ လတလမွာ ကေလးရႏိုင္တဲ့ ရက္ေတြကို ေယဘုယ်တြက္ခ်က္ႏိုင္ပါတယ္။
ခႏၶာကိုယ္အပူခ်ိန္တိုင္းတာျခင္းနည္းလမ္း

ခႏၶာကိုယ္အပူခ်ိန္တိုင္းတာျခင္းနည္းလမ္းဟာ သားဥေႂကြျပီးကာစမွာ အပူခ်ိန္ေျပာင္းလဲျခင္းျဖစ္ေပၚျပီး ေနာက္ရာသီစက္ဝန္းစတင္ခ်ိန္အထိ ကိုယ္အပူခ်ိန္ဆက္လက္ျမင့္တက္ေနတာကို သိရွိႏိုင္ေအာင္ ကူညီေပးပါတယ္။

ၿပီးခဲ့တဲ့ ရာသီစက္ဝန္းအနည္းငယ္မွာ ျဖစ္ေပၚေျပာင္းလဲခဲ့တဲ့ ကိုယ္အပူခ်ိန္ေတြကို ေလ့လာေစာင့္ၾကည့္မယ္ဆိုရင္ သားဥေႂကြတဲ့ အခ်ိန္ကာလကို ခန္႕မွန္းႏိုင္ပါတယ္။

ဘာလို႕လဲဆိုေတာ့ သားဥအိမ္ကေန မမ်ိဳးဥမထုတ္ေပးခင္ေလးမွာ သင့္ခႏၶာကိုယ္အပူခ်ိန္က အနည္းငယ္ က်ဆင္းသြားကာ သားဥေႂကြျပီး ၂၄နာရီအၾကာမွာေတာ့ ကိုယ္အပူခ်ိန္ျပန္လည္တက္လာျပီး ေနာက္ထပ္ရက္အနည္းငယ္အထိ အဆိုပါ အပူခ်ိန္အတိုင္း ဆက္ရွိေနမွာပဲ ျဖစ္ပါတယ္။

သားဥမေႂကြခင္မွာ အမ်ိဳးသမီးတဦးရဲ့ ခႏၶာကိုယ္အပူခ်ိန္ဟာ ၃၆.၁ – ၃၆.၄ ဒီဂရီစင္တီဂရိတ္ေလာက္ရွိႏိုင္ျပီး သားဥေႂကြအျပီးမွာေတာ့ ၃၆.၄ – ၃၇ ဒီဂရီစင္တီဂရိတ္ေလာက္အထိ ရွိေနႏိုင္ပါတယ္။

ဒါေၾကာင့္ သင့္ခႏၶာကိုယ္အပူခ်ိန္ကို မနက္တိုင္းပံုမွန္တိုင္းတာေပးျခင္းအားျဖင့္ ရာသီစက္ဝန္းကို ေစာင့္ၾကည့္ခန္႕မွန္းႏိုင္မွာ ျဖစ္ပါတယ္။မနက္တိုင္း အိပ္ယာမထခင္ အခ်ိန္မွန္မွန္ တိုင္းတာရပါမယ္။

ၿပီးရင္ ဇယားေလးျပဳလုပ္ျပီး မွတ္သားထားရမွာျဖစ္ကာ သင့္ရာသီစက္ဝန္းပံုမွန္တယ္ဆိုရင္ေတာ့ ေနာက္တၾကိမ္သားဥေႂကြမယ့္အခ်ိန္ကို အနီးစပ္ဆုံး ခန္႕မွန္းႏိုင္မွာ ျဖစ္ပါတယ္။
သားအိမ္ေခါင္းအက်ိအခြၽဲကို အသုံးျပဳျခင္းနည္းလမ္း

သားအိမ္ေခါင္းအက်ိအခြၽဲရဲ့ ေစးပ်စ္မႈအတိုင္းအတာဟာ ရာသီစက္ဝန္းအတြင္းမွာ ေျပာင္းလဲေလ့ရွိပါတယ္။ပံုမွန္ ရာသီစက္ဝန္းမွာဆိုရင္ ဓမၼတာငါးရက္လာျပီးေနာက္မွာ ၃-၄ရက္ေလာက္ ေျခာက္ေနေလ့ရွိပါတယ္။

ဒီ့ေနာက္မွာေတာ့ အက်ိအခြၽဲေတြစိုစြတ္မႈဟာ ေန႕စဥ္အနည္းငယ္စီ ပိုမ်ားလာမွာျဖစ္ကာ အစိုစြတ္ဆုံးရက္ကို ေရာက္ရွိဖို႕ ပ်မ္းမွ်အားျဖင့္ ကိုးရက္ေလာက္ ၾကာျမင့္မွာပဲ ျဖစ္ပါတယ္။အဆိုပါ အေနအထားေရာက္ျပီဆိုရင္ သင့္သားအိမ္ေခါင္းအက်ိအခြၽဲကို အလြယ္တကူ သတိထားမိႏိုင္မွာပါ။

သူတို႕ဟာ ခြၽဲက်ိက်ိနဲ႕ ၾကည္လင္ေနမွာျဖစ္ျပီး လက္နဲ႕ကိုင္လိုက္ရင္လည္း အမွ်င္တန္းေနမွာျဖစ္ကာ ၾကက္ဥအကာရည္နဲ႕ ဆင္ဆင္တူပါတယ္။ဒီလိုမ်ိဳး ၾကက္ဥအကာရည္နဲ႕တူတဲ့ သားအိမ္ေခါင္းအက်ိအခြၽဲမရွိရင္ မ်ိဳးေအာင္ဖို႕ ခက္ပါတယ္။

ဒါေပမယ့္ ျပႆနာတစံုတရာေပၚေပါက္လာမယ္ဆိုရင္ ခႏၶာကိုယ္ကေန သဘာဝတံု႕ျပန္မႈအျဖစ္ အက်ိအခြၽဲေတြကို ပိုမိုထုတ္လုပ္ေပးပါတယ္။အက်ိအခြၽဲေတြအမ်ားဆုံးထြက္ျပီး တရက္ႏွစ္ရက္အတြင္းမွာ သားဥေႂကြျခင္းျဖစ္ေပၚေလ့ရွိပါတယ္။

ဒီနည္းလမ္းကို အသုံးျပဳမယ္ဆိုရင္ေတာ့ မိန္းမကိုယ္တြင္းေဆးတဲ့ အရည္ေတြ နဲ႕ သုတ္ပိုးသတ္တဲ့လိမ္းေဆးခရင္မ္ေတြကို မသုံးစြဲရပါဘူး။ဘာလို့လဲဆိုေတာ့ အဆိုပါ အရည္ေတြ၊ခရင္မ္ေတြဟာ ကူးစက္ပိုးဝင္ႏိုင္ေခ်မ်ားေစတဲ့အျပင္ အက်ိအခြၽဲေတြကို ေဆးေၾကာပစ္လိုက္ႏိုင္သလို သူတို႕ရဲ့ ပံုစံကိုလည္း ေျပာင္းလဲေစႏိုင္လို႕ပါပဲ။
အထက္ေဖာ္ျပပါနည္းလမ္းေတြက ဘယ္ေလာက္ထိေရာက္မႈရွိသလဲ။

မွန္မွန္ကန္ကန္အသုံးျပဳမယ္ဆိုရင္ အထက္ပါနည္းလမ္းေတြရဲ့ ထိေရာက္မႈက ၉၀% ေလာက္အထိ ရွိျပီး သင့္ရာသီစက္ဝန္းကို ဘယ္ေလာက္အထိ အတိအက် မ်က္ေျခမျပတ္ေစာင့္ၾကည့္သလဲ၊မ်ိဳးေအာင္ႏိုင္တဲ့ ကာလမွာ လိင္မဆက္ဆံဘဲ ဘယ္ေလာက္အထိ ေရွာင္ရွားသလဲ ဒါမွမဟုတ္ ဆက္ဆံရင္လည္း အကာအကြယ္(ကြန္ဒုံး)သုံးသလား အစရွိတဲ့ အခ်က္ေတြေပၚမူတည္မွာပါ။

သာမန္အသုံးျပဳမယ္ဆိုရင္ေတာ့ ကေလးရသြားႏိုင္ေခ်က အၾကမ္းျဖင္းအားျဖင့္ ၂၅% ေလာက္ရွိမွာျဖစ္ပါတယ္။ဒါေၾကာင့္ သင့္ရာသီစက္ဝန္းကို အတိအက် မ်က္ေျခမျပတ္ေစာင့္ၾကည့္ျပီး မွတ္သားထားမယ္၊လိုက္နာေဆာင္ရြက္မယ္ဆိုရင္ေတာ့ သားဆက္ျခားတာ ပိုမိုေအာင္ျမင္မွာပဲ ျဖစ္ပါေၾကာင္း။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon

# Unicode Version ျဖင့္ ဖတ္ပါ #

ဒီနည်းလမ်းတွေဟာ သင့်ခန္ဓာကိုယ်ရဲ့ သဘာဝ လုပ်ငန်းဆောင်တာတွေအပေါ်မူတည်ပြီး လတစ်လရဲ့ ဘယ်ရက်တွေဟာ ကိုယ်ဝန်ရနိုင်ချေ အများဆုံးလဲဆိုတာကို ဆုံးဖြတ်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒါကို သဘာဝနည်းအတိုင်း သားဆက်ခြားခြင်းလို့လည်း ခေါ်ပါသေးတယ်။

ရက်ရှောင်နည်း၊ ခန္ဓာကိုယ်ရဲ့ အနည်းဆုံးအပူချိန်၊ သားအိမ်ခေါင်းအကျိအချွဲပေါ်မူတည်တဲ့ နည်း အစရှိတာတွေကို ပေါင်းစပ်အသုံးပြုပြီး သင့်ခန္ဓာကိုယ်ဟာ ဘယ်အချိန်တွေမှာ မျိုးအောင်နိုင်ချေ အများဆုံးလဲဆိုတာကို သိရှိစေပါတယ်။
ရက်ရှောင်နည်း (ပြက္ခဒိန်တွက်နည်း)

သင့်ခန္ဓာကိုယ်ရဲ့ သားဥကြွေချိန်နဲ့ မျိုးအောင်နိုင်တဲ့အချိန်တွေကို သိရှိမယ်ဆိုရင် အဆိုပါ အချိန်တွေမှာ လိင်ဆက်ဆံမှုကို ရှောင်ရှားခြင်း ဒါမှမဟုတ် အကာအကွယ်သုံးပြီး လိင်ဆက်ဆံခြင်းတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ပထမဆုံးလုပ်ရမယ့်အချက်က သင့်ရာသီစက်ဝန်းအကြောင်း တိတိပပသိရှိရမှာဖြစ်ပြီး မျိုးအောင်နိုင်မယ့်ရက်တွေ၊ကိုယ်ဝန်မရနိုင်မယ့် ရက်တွေကို သိထားဖို့ပဲ ဖြစ်ပါတယ်။ပုံမှန်အားဖြင့် ရာသီစက်ဝန်းဟာ ၂၈ရက်ကနေ ၃၂ရက် အတွင်း ကြာမြင့်တတ်ပါတယ်။

သင့်ရာသီစက်ဝန်းကို ခန့်မှန်းတွက်ချက်နိုင်ဖို့အတွက် ပုံမှန်ဓမ္မတာစက်ဝန်းမှာ ဖြစ်ပေါ်လေ့ရှိတဲ့ အချက်တွေကို ရက်အပိုင်းအခြားနဲ့ ဖော်ပြပေးထားပါတယ်။
ပထမဆုံးရက် (Day 1)

ရာသီသွေးစဆင်းတဲ့နေ့ဟာ သင့်ဓမ္မတာစက်ဝန်းရဲ့ ပထမဆုံးနေ့ပဲ ဖြစ်ပါတယ်။
သတ္တမမြောက်ရက် (Day 7) :

ခုနှစ်ရက်မြောက်နေ့မှာ သင့်မမျိုးဥဟာ အဖိုသုတ်ပိုးနဲ့ ထိတွေ့ပြီး မျိုးအောင်ခြင်းဖြစ်ပေါ်ဖို့ အသင့်ဖြစ်နေပါပြီ။
၁၁ရက်မှ ၂၁ရက်အကြား (ရာသီစက်ဝန်းတခုကို ၂၈ရက်နဲ့ တွက်ထားပါတယ်) :

သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းတွေကြောင့် သားဥအိမ်ထဲက မမျိုးဥလေးထွက်လာမှာဖြစ်ပြီး ဒါကို သားဥကြွေခြင်းလို့ ခေါ်ပါတယ်။မမျိုးဥလေးဟာ သားဥပြွန်တလျှောက် ဖြတ်သန်းလာပြီး သားအိမ်ကို ရောက်ရှိမှာဖြစ်ကာ မျိုးအောင်ခြင်းဖြစ်ပေါ်ဖို့ ၁၂နာရီကနေ ၂၄နာရီအထိ စောင့်ဆိုင်းမှာ ဖြစ်ပါတယ်။

တကယ်လို့ အဖိုသုတ်ပိုးက မမျိုးဥထဲကို ထိုးဖောက်ဝင်ရောက်လိုက်ပြီဆိုရင်တော့ အသစ်ဖြစ်ပေါ်လာတဲ့ မျိုးအောင်ပြီးသား ဥကလေးဟာ သားအိမ်နံရံမှာ ကပ်တွယ်လိုက်ပြီးတော့ စတင်ကြီးထွားလာမှာပဲ ဖြစ်ပါတယ်။တကယ်လို့ မျိုးအောင်ခြင်း မဖြစ်ပေါ်ဖူးဆိုရင် မမျိုးဥလေးဟာ ပျက်စီးသွားမှာဖြစ်ပါတယ်။
၂၈ရက်မြောက်နေ့ (Day 28)

မမျိုးဥဟာ မျိုးအောင်ခြင်းလုပ်ငန်းစဉ်ဖြစ်ပေါ်ခြင်းမရှိဖူးဆိုရင် (မျိုးမအောင်ဖူးဆိုရင်) ရက်ပိုင်းအတွင်းမှာပဲ ဟော်မုန်းပမာဏကျသွားမှာဖြစ်တဲ့အတွက် သားအိမ်နံရံတွေ၊အကာအရံတွေကို ကြွေကျပျက်စီးစေမှာဖြစ်ပြီး ဒီလိုဖြစ်စဉ်ကို ဓမ္မတာလာခြင်းလို့ ခေါ်ပါတယ်။

ဒီနေရာမှာ သိထားသင့်တဲ့ အရေးကြီးအချက်တချက်က ရာသီစက်ဝန်းရဲ့ ပထမပိုင်း (သားဥမကြွေခင်အချိန်)ဟာ အမျိုးသမီးတယောက်နဲ့ တယောက်မတူကွဲပြားတယ်ဆိုတာဖြစ်ပြီး တယောက်တည်းမှာတောင် လအလိုက်ပြောင်းလဲနိုင်ပါသေးတယ် ဆိုတာပါပဲ။

သားဥမကြွေခင် ကြာမြင့်တဲ့ရက်ပေါင်းဟာ ၁၃ရက်ကနေ ရက်၂၀လောက်အထိ ဖြစ်နိုင်ပါတယ်။ရ ာသီစက်ဝန်းရဲ့ ဒုတိယတဝက်ကတော့ အမျိုးသမီးအများစုမှာ အတော်လေးတူညီကြပါတယ်။

ဘာလို့လဲဆိုတော့ သားဥကြွေတဲ့နေ့ကနေ နောက်တကြိမ် ရာသီလာချိန်အထိ ကြာမြင့်ချိန်က ၁၂ရက် ကနေ ၁၆ရက်လောက်အထိ ရှိတတ်လို့ပဲ ဖြစ်ပါတယ်။
ပြက္ခဒိန်ရက်တွက်နည်း: သင့်ရာသီစက်ဝန်းကို ပြက္ခဒိန်မှာ အသေအချာမှတ်သားထားခြင်းအားဖြင့် လတလမှာ ကလေးရနိုင်တဲ့ ရက်တွေကို ယေဘုယျတွက်ချက်နိုင်ပါတယ်။
ခန္ဓာကိုယ်အပူချိန်တိုင်းတာခြင်းနည်းလမ်း

ခန္ဓာကိုယ်အပူချိန်တိုင်းတာခြင်းနည်းလမ်းဟာ သားဥကြွေပြီးကာစမှာ အပူချိန်ပြောင်းလဲခြင်းဖြစ်ပေါ်ပြီး နောက်ရာသီစက်ဝန်းစတင်ချိန်အထိ ကိုယ်အပူချိန်ဆက်လက်မြင့်တက်နေတာကို သိရှိနိုင်အောင် ကူညီပေးပါတယ်။

ပြီးခဲ့တဲ့ ရာသီစက်ဝန်းအနည်းငယ်မှာ ဖြစ်ပေါ်ပြောင်းလဲခဲ့တဲ့ ကိုယ်အပူချိန်တွေကို လေ့လာစောင့်ကြည့်မယ်ဆိုရင် သားဥကြွေတဲ့ အချိန်ကာလကို ခန့်မှန်းနိုင်ပါတယ်။

ဘာလို့လဲဆိုတော့ သားဥအိမ်ကနေ မမျိုးဥမထုတ်ပေးခင်လေးမှာ သင့်ခန္ဓာကိုယ်အပူချိန်က အနည်းငယ် ကျဆင်းသွားကာ သားဥကြွေပြီး ၂၄နာရီအကြာမှာတော့ ကိုယ်အပူချိန်ပြန်လည်တက်လာပြီး နောက်ထပ်ရက်အနည်းငယ်အထိ အဆိုပါ အပူချိန်အတိုင်း ဆက်ရှိနေမှာပဲ ဖြစ်ပါတယ်။

သားဥမကြွေခင်မှာ အမျိုးသမီးတဦးရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ ၃၆.၁ – ၃၆.၄ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပြီး သားဥကြွေအပြီးမှာတော့ ၃၆.၄ – ၃၇ ဒီဂရီစင်တီဂရိတ်လောက်အထိ ရှိနေနိုင်ပါတယ်။

ဒါကြောင့် သင့်ခန္ဓာကိုယ်အပူချိန်ကို မနက်တိုင်းပုံမှန်တိုင်းတာပေးခြင်းအားဖြင့် ရာသီစက်ဝန်းကို စောင့်ကြည့်ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။မနက်တိုင်း အိပ်ယာမထခင် အချိန်မှန်မှန် တိုင်းတာရပါမယ်။

ပြီးရင် ဇယားလေးပြုလုပ်ပြီး မှတ်သားထားရမှာဖြစ်ကာ သင့်ရာသီစက်ဝန်းပုံမှန်တယ်ဆိုရင်တော့ နောက်တကြိမ်သားဥကြွေမယ့်အချိန်ကို အနီးစပ်ဆုံး ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။
သားအိမ်ခေါင်းအကျိအချွဲကို အသုံးပြုခြင်းနည်းလမ်း

သားအိမ်ခေါင်းအကျိအချွဲရဲ့ စေးပျစ်မှုအတိုင်းအတာဟာ ရာသီစက်ဝန်းအတွင်းမှာ ပြောင်းလဲလေ့ရှိပါတယ်။ပုံမှန် ရာသီစက်ဝန်းမှာဆိုရင် ဓမ္မတာငါးရက်လာပြီးနောက်မှာ ၃-၄ရက်လောက် ခြောက်နေလေ့ရှိပါတယ်။

ဒီ့နောက်မှာတော့ အကျိအချွဲတွေစိုစွတ်မှုဟာ နေ့စဉ်အနည်းငယ်စီ ပိုများလာမှာဖြစ်ကာ အစိုစွတ်ဆုံးရက်ကို ရောက်ရှိဖို့ ပျမ်းမျှအားဖြင့် ကိုးရက်လောက် ကြာမြင့်မှာပဲ ဖြစ်ပါတယ်။အဆိုပါ အနေအထားရောက်ပြီဆိုရင် သင့်သားအိမ်ခေါင်းအကျိအချွဲကို အလွယ်တကူ သတိထားမိနိုင်မှာပါ။

သူတို့ဟာ ချွဲကျိကျိနဲ့ ကြည်လင်နေမှာဖြစ်ပြီး လက်နဲ့ကိုင်လိုက်ရင်လည်း အမျှင်တန်းနေမှာဖြစ်ကာ ကြက်ဥအကာရည်နဲ့ ဆင်ဆင်တူပါတယ်။ဒီလိုမျိုး ကြက်ဥအကာရည်နဲ့တူတဲ့ သားအိမ်ခေါင်းအကျိအချွဲမရှိရင် မျိုးအောင်ဖို့ ခက်ပါတယ်။

ဒါပေမယ့် ပြဿနာတစုံတရာပေါ်ပေါက်လာမယ်ဆိုရင် ခန္ဓာကိုယ်ကနေ သဘာဝတုံ့ပြန်မှုအဖြစ် အကျိအချွဲတွေကို ပိုမိုထုတ်လုပ်ပေးပါတယ်။အကျိအချွဲတွေအများဆုံးထွက်ပြီး တရက်နှစ်ရက်အတွင်းမှာ သားဥကြွေခြင်းဖြစ်ပေါ်လေ့ရှိပါတယ်။

ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ မိန်းမကိုယ်တွင်းဆေးတဲ့ အရည်တွေ နဲ့ သုတ်ပိုးသတ်တဲ့လိမ်းဆေးခရင်မ်တွေကို မသုံးစွဲရပါဘူး။ဘာလို့လဲဆိုတော့ အဆိုပါ အရည်တွေ၊ခရင်မ်တွေဟာ ကူးစက်ပိုးဝင်နိုင်ချေများစေတဲ့အပြင် အကျိအချွဲတွေကို ဆေးကြောပစ်လိုက်နိုင်သလို သူတို့ရဲ့ ပုံစံကိုလည်း ပြောင်းလဲစေနိုင်လို့ပါပဲ။
အထက်ဖော်ပြပါနည်းလမ်းတွေက ဘယ်လောက်ထိရောက်မှုရှိသလဲ။

မှန်မှန်ကန်ကန်အသုံးပြုမယ်ဆိုရင် အထက်ပါနည်းလမ်းတွေရဲ့ ထိရောက်မှုက ၉၀% လောက်အထိ ရှိပြီး သင့်ရာသီစက်ဝန်းကို ဘယ်လောက်အထိ အတိအကျ မျက်ခြေမပြတ်စောင့်ကြည့်သလဲ၊မျိုးအောင်နိုင်တဲ့ ကာလမှာ လိင်မဆက်ဆံဘဲ ဘယ်လောက်အထိ ရှောင်ရှားသလဲ ဒါမှမဟုတ် ဆက်ဆံရင်လည်း အကာအကွယ်(ကွန်ဒုံး)သုံးသလား အစရှိတဲ့ အချက်တွေပေါ်မူတည်မှာပါ။

သာမန်အသုံးပြုမယ်ဆိုရင်တော့ ကလေးရသွားနိုင်ချေက အကြမ်းဖြင်းအားဖြင့် ၂၅% လောက်ရှိမှာဖြစ်ပါတယ်။ဒါကြောင့် သင့်ရာသီစက်ဝန်းကို အတိအကျ မျက်ခြေမပြတ်စောင့်ကြည့်ပြီး မှတ်သားထားမယ်၊လိုက်နာဆောင်ရွက်မယ်ဆိုရင်တော့ သားဆက်ခြားတာ ပိုမိုအောင်မြင်မှာပဲ ဖြစ်ပါကြောင်း။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top