Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အေရွ႕တိုင္းယဥ္ေက်းမႈမွာ အသားျဖဴျခင္းကို ႏွစ္သက္ၾကျပီး မိန္းကေလးေတြက အသားျဖဴေစမယ့္နည္းလမ္းေတြကို ရွာေဖြ လုပ္ေဆာင္လာၾကပါတယ္။ ဒါ့ေၾကာင့္ အခုႏွစ္ပိုင္းေတြမွာ အသားျဖဴေစတဲ့နည္းလမ္းေတြအာရွမွာ အရမ္းေခတ္စားလာပါတယ္။ ဒါေပမယ့္ အသားျဖဴေဆးအမ်ိဳးမ််ိဳးမွာပါတဲ့ ပါဝင္ပစၥည္းေတြရဲ႕ေဘးကင္းစိတ္ခ်ရမႈနဲ႔႔ပတ္သက္ျပီး ေမးခြန္းထုတ္စရာျဖစ္ေနဆဲပါ။

ေစ်းကြက္မွာရွိေနတဲ့ အရည္အေသြးအမ်ိဳးမ်ိဳးနဲ႔ အသားျဖဴေဆးေတြမွာ hydroquinine၊ ျပဒါးနဲ႔ စတီးရိြဳက္တို႔လို ဓာတုပစၥည္းေတြထည့္သြင္းေလ့ရွိပါတယ္။ ဒီဓာတ္ေတြကို နုိင္ငံတခ်ိဳ႕မွာ အသံုးျပဳခြင့္တားျမစ္ထားေပမယ့္ hydroquinine ကိုေတာ့ ဆရာဝန္ေတြက ေဆးညႊန္းမွာသံုးေနပါေသးတယ္။

အေရျပားနဲ႔ခႏၶာကိုယ္ကို အဆိပ္သင့္ဓာတ္ပစၥည္းေတြနဲ႔ထိေတြ႔ရတဲ့ အၾကီးဆံုးအႏၱရာယ္ကေတာ့ အခ်ိန္ၾကာလာတဲ့အမွ် သူတို႔က ေဘးထြက္ဆိုးက်ိဳးမ်ားလာျပီး အသားအေရအေရာင္ေျပာင္းလဲျခင္း၊ အာရံုေၾကာစနစ္လုပ္ေဆာင္ခ်က္ခ်ိဳ႕ယြင္းျခင္းနဲ႔ ကင္ဆာျဖစ္နိုင္ေျခတို႔အပါအဝင္ ျပင္းထန္တဲ့က်န္းမာေရးျပႆနာေတြရွိလာေစနိုင္ပါတယ္။

အသားျဖဴခ်င္တဲ့သူေတြထဲမွာ အေတာ္မ်ားမ်ားက အမွားေတြလုပ္မိတတ္ပါတယ္။ အသားျဖဴဖို႔ပဲ အာရံုထားျပီး သတိေပးခ်က္ေတြကို ဂရုမျပဳမိၾကတာေၾကာင့္ အေရျပားအေပၚ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးေတြပဲျဖစ္ေနေစပါတယ္။ အသားျဖဴေဆးေတြ၊ bleaching products ေတြအမ်ားၾကီး ေစ်းကြက္မွာပ်ံ႔ႏွံ႕ေနျပီး အသံုးျပဳသူလည္းမ်ားလာပါတယ္။ ဒါေပမယ့္ အရည္အေသြးနဲ႔ ေဘးဥပါဒ္ကင္းရွင္းမႈအတြက္ေတာ့ အာမခံခ်က္မရွိတာမ်ားေနျပီး အသားအေရေတြပ်က္စီးကုန္တာ၊ အေရျပားထိလြယ္ရွလြယ္ တံု႔ျပန္မႈလြန္ကဲကုန္တာနဲ႔ ျပန္ျပင္လို႔မရေလာက္ေအာင္ ထိခိုက္ပ်က္စီးေစတာေတြအထိေတာင္ ျဖစ္တတ္ပါတယ္။

အသားျဖဴေဆးေတြမသံုးဘဲ ပံုမွန္အလွကုန္ေတြ၊ အသားအေရထိန္းသိမ္းေရးပစၥည္းေတြကိုပဲ သံုးမယ္ဆိုလည္း သံုးစြဲပံုနည္းလမ္းမက်ရင္၊ မမွန္ကန္ရင္ အက်ိဳးမထူးတဲ့အျပင္ အသားအေရကိုပါထိခိုက္ေစနိုင္ပါတယ္။ တကယ္တမ္းက နည္းေပါင္းစံု စမ္းလုပ္ၾကည့္လုိ႔ အေရျပားထိခိုက္ရတာထက္ skin care ေကာင္းေကာင္းေလးသံုးျပီး အသားအေရကိုအားျဖည့္၊သန္႔စင္ေပးဖို႔ အာရံုစိုက္မယ္ဆုိရင္ အသားျဖဴေဆးဆိုတာ မလိုေလာက္ေတာ့ပါဘူး။ အလွတရားဟာ ျဖဴစင္က်န္းမာတဲ့အသားအေရမွာပဲရွိပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္ရဲ႕ေန႔စဥ္ skin care အသံုးျပဳပံုေတြမွာ ေအာက္ပါ အမွားေတြကိုမလုပ္မိဖို႔ သတိထားဆင္ျခင္ရင္ အက်ိဳးထူးေစမွာပါ။

    ျပဒါးပါတဲ့ လိုးရွင္းေတြ၊ခရင္မ္ေတြကို အသံုးျပဳျခင္း – ဒီလိုျပဒါးပါဝင္တဲ့ကုန္ပစၥည္းေတြက ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကိုပိုျဖစ္ေစပါတယ္။
    သင့္ေတာ္တဲ့ေရဓာတ္ထိန္းသိမ္းမႈမလုပ္ျခင္း – ေရဓာတ္မထိန္းသိမ္းဘဲနဲ႔ သံုးမယ္ဆုိရင္ အသားျဖဴေစတဲ့ဘယ္အလွပစၥည္းကမွ ထိေရာက္မႈရွိမွာမဟုတ္ပါဘူး။ အသားအေရက်န္းမာလွပေစဖို႔ ေရအလံုအေလာက္ေသာက္ပါ။
    ကိုယ္အ့အသားအေရနဲ႔မကိုက္ညီတဲ့အသားျဖဴေဆးေတြအသံုးျပဳျခင္း – အသားျဖဴေစမယ့္ေဆးေတြ၊ခရင္မ္ေတြသံုးရင္ အာမခံခ်က္ရွိတဲ့အမ်ိဳးအစားကုိသာ ထည့္စဥ္းစားပါ။ ပါဝင္မႈစာရင္းကို label မွာေသခ်ာၾကည့္ရႈပါ။ျဖစ္လာနိုင္တဲ့ ေဘးထြက္ဆိုးက်ိဳးေတြကို ေသခ်ာေလ့လာပါ။ ကိုယ္နဲ႔မကုိက္ညီတာကိုသံုးေနတာက အႏၱရာယ္မ်ားလြန္းပါတယ္။ အသားျဖဴျပီးေရာ ေတြ႔ကရာ အမွတ္တံဆိပ္ေတြေလွ်ာက္သံုးျပီး ကိုယ့္ရဲ႕ တန္ဖိုးရွိတဲ့အသားအေရကို ထိခုိက္ေစေအာင္မလုပ္သင့္ဘဲ ဂုဏ္သိကၡာရွိ ႏုိင္ငံတကာအမွတ္တံဆိပ္ေတြကိုသာ ေရြးခ်ယ္အသံုးျပဳသင့္ပါတယ္။ ဥပမာ ႏိုင္ငံတကာ အလွကုန္တံဆိပ္ျဖစ္တဲ့ L’Oreal Paris မွာဆိုရင္ အသားျဖဴစင္၀င္းလက္ဖို႔အတြက္ White perfect လိုမ်ိဳးစီးရီးနဲ႔ အသားေရထိန္းသိမ္းမႈပစၥည္းေတြရွိပါတယ္။
    exfoliation မလုပ္ျခင္း – အေရျပားဆဲလ္ေသဖယ္ရွားတဲ့ exfoliation ကိုမလုပ္ဘဲနဲ႔ေတာ့ သင့္ရဲ႕အသားျဖဴေရးရည္မွန္းခ်က္က ရလဒ္ေကာင္းေကာင္းထြက္မွာမဟုတ္ပါဘူး။ ဆဲလ္ေသဖယ္ရွားရင္ အသားအေရကိုသဘာဝအတိုင္း လင္းလက္လာေစနိုင္လို႔ပဲျဖစ္ပါတယ္။
    ေနေလာင္ခံခရင္မ္မသံုးျခင္း – sunscreen မသံုးဘဲ ဆိုရင္လည္း အသားအေရထိန္းသိမ္းေစာင့္ေရွာက္မႈက မျပည့္စံုနိုင္ပါဘူး။ ေနေလာင္ဒဏ္ကို မကာကြယ္နုိင္တာေၾကာင့္ အသားဘယ္လိုျဖဴနုိင္ပါ့မလဲ။
    ကိုယ္သံုးတဲ့ပစၥည္းရဲ႕ပါဝင္ပစၥည္းေတြကိုမသိရွိျခင္း – ဒီလိုသိမထားဘဲ label ကိုဖတ္မၾကည့္ဘဲ သံုးေနတာက အသားအေရအတြက္ စြန္႔စားလြန္းရာက်ပါလိမ့္မယ္။ ကိုယ္နဲ႔မတည့္တဲ့ပစၥည္းေတြ ဒါမွမဟုတ္ ဆိုးက်ိဳးေပးနုိင္တဲ့ပစၥည္းေတြကိုသံုးမိတဲ့အခါ ျဖစ္လာမယ့္အက်ိဳးဆက္က မေကာင္းပါဘူး။
    အရင္မစမ္းသပ္ဘဲ အသံုးျပဳျခင္း –  လက္မွာအရင္မစမ္းၾကည့္ဘဲ ဘယ္လိမ္းေဆးခရင္မ္ကိုမွတစ္ကိုယ္လံုးမလိမ္းပစ္ပါနဲ႔၊ ကိုယ္မသံုးဖူးေသးတဲ့ ဘယ္ skin care ကိုမွ မ်က္ႏွာမွာ ခ်က္ခ်င္းတန္းမသံုးပါနဲ႔။ လူသိနည္းတဲ့ ၊ထုတ္လုပ္မႈဆိုင္ရာအခ်က္အလက္ေတြ မခိုင္မာတဲ့ ပစၥည္းေတြဆိုပိုဆိုးပါတယ္။ဘာပဲျဖစ္ျဖစ္ ဓာတ္တည့္မတည့္အရင္စမ္းသပ္ၾကည့္ျပီးမွ သံုးပါ။
    facial wipes ေတြသံုးလြန္းတာ – မ်က္ႏွာသုတ္တဲ့ wet tissue ေတြ၊ facial wipe ေတြက အသားအေရထိန္းသိမ္းမႈအတြက္ အေထာက္အကူမေပးနုိင္ဘူးဆိုတာ သတိရပါ။ ခရီးသြားရင္း၊ လမ္းသြားရင္း အေရးေပၚသာ မ်က္ႏွာသန္႔စင္ေရးအတြက္ အသံုးဝင္ေပမယ့္ အမ်ားစုက အေရျပားအေပၚယံအလႊာႏုေလးေတြကို ပ်က္စီးေစျပီး အသားအေရၾကမ္းတမ္းေစပါတယ္။
    မိတ္ကပ္အထူၾကီးမလိမ္းပါနဲ႔ – တခ်ိဳ႕ကထင္ၾကပါတယ္။ မိတ္ကပ္မ်ားမ်ားလိမ္းရင္ ပိုလွလိမ့္မယ္၊မ်က္ႏွာပိုျဖဴလိမ့္မယ္လို႔။ ဒါေပမယ့္ တကယ္ေတာ့ ဆန္႔က်င္ဘက္ပါ။ မိတ္ကပ္ကိုအမ်ားၾကိီး အထူၾကီးမလိမ္းသင့္ပါဘူး။ ေအာက္ခံမိတ္ကပ္နဲ႔ အသားျဖဴခရင္မ္  ခံလိမ္းတာမ်ားလြန္းရင္ အသားမျဖဴေစနုိင္ပါဘူး။ ေနာက္ဆံုးမွာ အသားအေရနဲ႔ထိေတြ႔မႈမ်ားလြန္းရင္ အသားျဖဴဝင္းလာမယ့္အစား ထိခိုက္ပ်က္စီးမႈပိုမ်ားေစပါတယ္။
    မ်က္ႏွာနဲ႔ ခႏၶာကိုုယ္သန္႔စင္ေရး လုပ္တာမ်ားလြန္းျခင္း – တခ်ိဳ႕လူေတြက ကိုယ့္အသားအေရနဲ႔ပတ္သက္ျပီး အရမ္းအာရံုထားလြန္းတတ္ပါတယ္။ မၾကာခဏ ေရခ်ိဳး၊ေခ်းတြန္းပြတ္တိုက္လြန္းတာ၊သန္႔စင္တာ၊ မ်က္ႏွာခဏခဏသစ္တာ၊ scrub သံုးလြန္းတာေတြလုပ္ရင္ အညစ္အေၾကးကင္းစင္ျပိီး ျဖဴစင္လွပတဲ့အသားအေရရနိုင္လိမ့္မယ္လို႔ ထင္ၾကပါတယ္။ တကယ္ေတာ့ cleansing products ေတြနဲ႔ ဆပ္ျပာေတြမၾကာခဏထိေတြ႔ရလြန္းတာေတြ မျဖစ္သင့္ပါဘူး။ cleanser သံုးတာမ်ားလြန္းရင္ အသားအေရပ်က္စီးနိုင္ပါတယ္။
    Exfoliation ဆဲလ္ေသဖယ္ရွားျခင္းကို အလြန္ျပဳလုပ္ျခင္း – exfoliation လုပ္တာက အသားအေရအတြက္ေကာင္းပါတယ္။ဒါေပမယ့္ သိပ္မ်ားလြန္းရင္လည္း ေကာင္းက်ိုးမေပးနိူင္ေတာ့ပါဘူး။ ဘယ္အရာကိုမဆို တန္ေဆးလြန္ေဘး ဆိုတာေလး သတိခ်ပ္ေစခ်င္ပါတယ္။ တစ္ခုရွိတာက တံု႔ျပန္လြယ္တဲ့ အသားအေရရွိသူ အမ်ိဳးသမီးေတြအတြက္ exfoliation လုပ္ဖို႔ မသင့္ေတာ္ဘူးဆိုတာပါပဲ။

ဒီအခ်က္ေတြကို ဖတ္ၾကည့္ရင္းနဲ႔ အသားအေရျဖဴဝင္းေစဖို႔ အေျဖတစ္ခုေတြ႔ရွိၾကမွာပါ။  အသားျဖဴေစဖို႔ ေဆးေတြဘာေတြ အျပင္းအထန္လုပ္ေနစရာမလိုဘဲ skin care ေကာင္းေကာင္းေတြကို နည္းလမ္းမွန္စြာသံုးရင္ အသားအေရသန္႔စင္ၾကည္လင္ျပီး အလိုလိုျဖဴဝင္းလွပလာေစမယ္ဆိုတာပါပဲ။ အေရြးမမွားဖို႔ေတာ့လိုတာေပါ့ေနာ္။ Skin care အမွတ္တံဆိပ္မ်ားစြာရွိတဲ့အထဲ ယံုၾကည္စိတ္ခ်ရတဲ့ L’Oréal Paris အမွတ္တံဆိပ္ရဲ႕ WHITE PERFECT ပစၥည္းေလးေတြကို ေရြးခ်ယ္အသံုးျပဳၾကည့္ဖို႔ အၾကံျပဳလိုပါတယ္။ မ်က္ႏွာသစ္ေဆးအတြက္ ပါဝင္တဲ ့သဘာအတိုင္း ျဖဴ၀င္း ၾကည္လင္ေစတဲ့ Purifying & Brightening Milky foam၊  French Sea Salt ပါ၀င္ၿပီး Deep Cleansing လုပ္ေပးႏိုင္တဲ့ White Perfect Extraordinary Whip Foam၊ Scrub သံုးမယ္ဆို ဆဲလ္ေသေတြကိုဖယ္ရွားေပးနိုင္တဲ့ Anti- Dullness Facial Scrub ထိ အသားေရ ျဖဴစင္၀င္းပေစဖို႔အတြက္ အစအဆံုးရရွိႏုိင္တဲ့အတြက္ အလုပ္ရႈပ္သက္သာျပီး ႏုိင္ငံတကာမွာ နာမည္ၾကီးတံဆိပ္တစ္ခုျဖစ္တဲ့အတြက္ အရည္အေသြးနဲ႔ အာမခံခ်က္ စိတ္ခ်ရပါတယ္။

White Perfect Total Recover Sleeping Mask ဆိုလည္း ညအိပ္ခါနီး မ်က္ႏွာသစ္၊Toner, Serum လိမ္းအၿပီး Mask ကိုလိမ္းေပးရင္ မနက္နိုုးတဲ့အခါ အသားအေရ ေရဓာတ္ျပည့္၀ကာ ေခ်ာေမ႔ြ ႏူးညံ့မႈကို ခံစားရမွာပါ။ ၈ ပတ္အၾကာမွာ အမဲစက္ေတြ ေလ်ာ့နည္းလာၿပီး အသားအေရ ၾကည္လင္ေတာက္ပလာမယ့္ အစြမ္းရွိပါတယ္။ WHITE PERFECT ရဲ႕ set မွာ ဒါေတြအျပင္ Day cream နဲ႔ Night Cream၊  Toner၊ နဲ႔ အသားအေရကိုေနေလာင္ဒဏ္ကာကြယ္ျပိီး ခ်က္ခ်င္း ျဖဴစင္လွပေစမယ့္ Magic White Double Whitening Cream SPF 19 တို႔ပါ ရွိပါတယ္။ အသားေရျဖဴစင္၀င္းပလာေစဖို႔အတြက္ဆိုရင္ စိတ္ရွည္လက္ရွည္နဲ႔ အေသအခ်ာ ဂရုစိုက္ျပဳလုပ္ရပါတယ္။ ျဖဴရင္ျပီးေရာဆိုျပီး အရည္အေသြးမျပည့္တာေတြ၊ စိတ္မခ်ရတာေတြ သြားသံုးမိရင္ ဆိုးက်ိဳးေတြအမ်ားၾကီးနဲ႔ ၾကံဳေတြ႔ႏိုင္ရလို႔ ယံုၾကည္စိတ္ခ်ရျပီး အရည္အေသြးအာမခံထားတဲ့ အမွတ္တံဆိပ္ေတြကိုသာ ေရြးခ်ယ္အသံုးျပဳဖို႔ တိုက္တြန္း လိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group

# Unicode Version ျဖင့္ ဖတ္ပါ #
အရှေ့တိုင်းယဉ်ကျေးမှုမှာ အသားဖြူခြင်းကို နှစ်သက်ကြပြီး မိန်းကလေးတွေက အသားဖြူစေမယ့်နည်းလမ်းတွေကို ရှာဖွေ လုပ်ဆောင်လာကြပါတယ်။ ဒါ့ကြောင့် အခုနှစ်ပိုင်းတွေမှာ အသားဖြူစေတဲ့နည်းလမ်းတွေအာရှမှာ အရမ်းခေတ်စားလာပါတယ်။ ဒါပေမယ့် အသားဖြူဆေးအမျိုးမျျိုးမှာပါတဲ့ ပါဝင်ပစ္စည်းတွေရဲ့ဘေးကင်းစိတ်ချရမှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်နေဆဲပါ။

ဈေးကွက်မှာရှိနေတဲ့ အရည်အသွေးအမျိုးမျိုးနဲ့ အသားဖြူဆေးတွေမှာ hydroquinine၊ ပြဒါးနဲ့ စတီးရွိုက်တို့လို ဓာတုပစ္စည်းတွေထည့်သွင်းလေ့ရှိပါတယ်။ ဒီဓာတ်တွေကို နိုင်ငံတချို့မှာ အသုံးပြုခွင့်တားမြစ်ထားပေမယ့် hydroquinine ကိုတော့ ဆရာဝန်တွေက ဆေးညွှန်းမှာသုံးနေပါသေးတယ်။

အရေပြားနဲ့ခန္ဓာကိုယ်ကို အဆိပ်သင့်ဓာတ်ပစ္စည်းတွေနဲ့ထိတွေ့ရတဲ့ အကြီးဆုံးအန္တရာယ်ကတော့ အချိန်ကြာလာတဲ့အမျှ သူတို့က ဘေးထွက်ဆိုးကျိုးများလာပြီး အသားအရေအရောင်ပြောင်းလဲခြင်း၊ အာရုံကြောစနစ်လုပ်ဆောင်ချက်ချို့ယွင်းခြင်းနဲ့ ကင်ဆာဖြစ်နိုင်ခြေတို့အပါအဝင် ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေရှိလာစေနိုင်ပါတယ်။

အသားဖြူချင်တဲ့သူတွေထဲမှာ အတော်များများက အမှားတွေလုပ်မိတတ်ပါတယ်။ အသားဖြူဖို့ပဲ အာရုံထားပြီး သတိပေးချက်တွေကို ဂရုမပြုမိကြတာကြောင့် အရေပြားအပေါ် ကောင်းကျိုးထက် ဆိုးကျိုးတွေပဲဖြစ်နေစေပါတယ်။ အသားဖြူဆေးတွေ၊ bleaching products တွေအများကြီး ဈေးကွက်မှာပျံ့နှံ့နေပြီး အသုံးပြုသူလည်းများလာပါတယ်။ ဒါပေမယ့် အရည်အသွေးနဲ့ ဘေးဥပါဒ်ကင်းရှင်းမှုအတွက်တော့ အာမခံချက်မရှိတာများနေပြီး အသားအရေတွေပျက်စီးကုန်တာ၊ အရေပြားထိလွယ်ရှလွယ် တုံ့ပြန်မှုလွန်ကဲကုန်တာနဲ့ ပြန်ပြင်လို့မရလောက်အောင် ထိခိုက်ပျက်စီးစေတာတွေအထိတောင် ဖြစ်တတ်ပါတယ်။

အသားဖြူဆေးတွေမသုံးဘဲ ပုံမှန်အလှကုန်တွေ၊ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေကိုပဲ သုံးမယ်ဆိုလည်း သုံးစွဲပုံနည်းလမ်းမကျရင်၊ မမှန်ကန်ရင် အကျိုးမထူးတဲ့အပြင် အသားအရေကိုပါထိခိုက်စေနိုင်ပါတယ်။ တကယ်တမ်းက နည်းပေါင်းစုံ စမ်းလုပ်ကြည့်လို့ အရေပြားထိခိုက်ရတာထက် skin care ကောင်းကောင်းလေးသုံးပြီး အသားအရေကိုအားဖြည့်၊သန့်စင်ပေးဖို့ အာရုံစိုက်မယ်ဆိုရင် အသားဖြူဆေးဆိုတာ မလိုလောက်တော့ပါဘူး။ အလှတရားဟာ ဖြူစင်ကျန်းမာတဲ့အသားအရေမှာပဲရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့နေ့စဉ် skin care အသုံးပြုပုံတွေမှာ အောက်ပါ အမှားတွေကိုမလုပ်မိဖို့ သတိထားဆင်ခြင်ရင် အကျိုးထူးစေမှာပါ။

    ပြဒါးပါတဲ့ လိုးရှင်းတွေ၊ခရင်မ်တွေကို အသုံးပြုခြင်း – ဒီလိုပြဒါးပါဝင်တဲ့ကုန်ပစ္စည်းတွေက ကောင်းကျိုးထက် ဆိုးကျိုးကိုပိုဖြစ်စေပါတယ်။
    သင့်တော်တဲ့ရေဓာတ်ထိန်းသိမ်းမှုမလုပ်ခြင်း – ရေဓာတ်မထိန်းသိမ်းဘဲနဲ့ သုံးမယ်ဆိုရင် အသားဖြူစေတဲ့ဘယ်အလှပစ္စည်းကမှ ထိရောက်မှုရှိမှာမဟုတ်ပါဘူး။ အသားအရေကျန်းမာလှပစေဖို့ ရေအလုံအလောက်သောက်ပါ။
    ကိုယ်အ့အသားအရေနဲ့မကိုက်ညီတဲ့အသားဖြူဆေးတွေအသုံးပြုခြင်း – အသားဖြူစေမယ့်ဆေးတွေ၊ခရင်မ်တွေသုံးရင် အာမခံချက်ရှိတဲ့အမျိုးအစားကိုသာ ထည့်စဉ်းစားပါ။ ပါဝင်မှုစာရင်းကို label မှာသေချာကြည့်ရှုပါ။ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာလေ့လာပါ။ ကိုယ်နဲ့မကိုက်ညီတာကိုသုံးနေတာက အန္တရာယ်များလွန်းပါတယ်။ အသားဖြူပြီးရော တွေ့ကရာ အမှတ်တံဆိပ်တွေလျှောက်သုံးပြီး ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အသားအရေကို ထိခိုက်စေအောင်မလုပ်သင့်ဘဲ ဂုဏ်သိက္ခာရှိ နိုင်ငံတကာအမှတ်တံဆိပ်တွေကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။ ဥပမာ နိုင်ငံတကာ အလှကုန်တံဆိပ်ဖြစ်တဲ့ L’Oreal Paris မှာဆိုရင် အသားဖြူစင်ဝင်းလက်ဖို့အတွက် White perfect လိုမျိုးစီးရီးနဲ့ အသားရေထိန်းသိမ်းမှုပစ္စည်းတွေရှိပါတယ်။
    exfoliation မလုပ်ခြင်း – အရေပြားဆဲလ်သေဖယ်ရှားတဲ့ exfoliation ကိုမလုပ်ဘဲနဲ့တော့ သင့်ရဲ့အသားဖြူရေးရည်မှန်းချက်က ရလဒ်ကောင်းကောင်းထွက်မှာမဟုတ်ပါဘူး။ ဆဲလ်သေဖယ်ရှားရင် အသားအရေကိုသဘာဝအတိုင်း လင်းလက်လာစေနိုင်လို့ပဲဖြစ်ပါတယ်။
    နေလောင်ခံခရင်မ်မသုံးခြင်း – sunscreen မသုံးဘဲ ဆိုရင်လည်း အသားအရေထိန်းသိမ်းစောင့်ရှောက်မှုက မပြည့်စုံနိုင်ပါဘူး။ နေလောင်ဒဏ်ကို မကာကွယ်နိုင်တာကြောင့် အသားဘယ်လိုဖြူနိုင်ပါ့မလဲ။
    ကိုယ်သုံးတဲ့ပစ္စည်းရဲ့ပါဝင်ပစ္စည်းတွေကိုမသိရှိခြင်း – ဒီလိုသိမထားဘဲ label ကိုဖတ်မကြည့်ဘဲ သုံးနေတာက အသားအရေအတွက် စွန့်စားလွန်းရာကျပါလိမ့်မယ်။ ကိုယ်နဲ့မတည့်တဲ့ပစ္စည်းတွေ ဒါမှမဟုတ် ဆိုးကျိုးပေးနိုင်တဲ့ပစ္စည်းတွေကိုသုံးမိတဲ့အခါ ဖြစ်လာမယ့်အကျိုးဆက်က မကောင်းပါဘူး။
    အရင်မစမ်းသပ်ဘဲ အသုံးပြုခြင်း –  လက်မှာအရင်မစမ်းကြည့်ဘဲ ဘယ်လိမ်းဆေးခရင်မ်ကိုမှတစ်ကိုယ်လုံးမလိမ်းပစ်ပါနဲ့၊ ကိုယ်မသုံးဖူးသေးတဲ့ ဘယ် skin care ကိုမှ မျက်နှာမှာ ချက်ချင်းတန်းမသုံးပါနဲ့။ လူသိနည်းတဲ့ ၊ထုတ်လုပ်မှုဆိုင်ရာအချက်အလက်တွေ မခိုင်မာတဲ့ ပစ္စည်းတွေဆိုပိုဆိုးပါတယ်။ဘာပဲဖြစ်ဖြစ် ဓာတ်တည့်မတည့်အရင်စမ်းသပ်ကြည့်ပြီးမှ သုံးပါ။
    facial wipes တွေသုံးလွန်းတာ – မျက်နှာသုတ်တဲ့ wet tissue တွေ၊ facial wipe တွေက အသားအရေထိန်းသိမ်းမှုအတွက် အထောက်အကူမပေးနိုင်ဘူးဆိုတာ သတိရပါ။ ခရီးသွားရင်း၊ လမ်းသွားရင်း အရေးပေါ်သာ မျက်နှာသန့်စင်ရေးအတွက် အသုံးဝင်ပေမယ့် အများစုက အရေပြားအပေါ်ယံအလွှာနုလေးတွေကို ပျက်စီးစေပြီး အသားအရေကြမ်းတမ်းစေပါတယ်။
    မိတ်ကပ်အထူကြီးမလိမ်းပါနဲ့ – တချို့ကထင်ကြပါတယ်။ မိတ်ကပ်များများလိမ်းရင် ပိုလှလိမ့်မယ်၊မျက်နှာပိုဖြူလိမ့်မယ်လို့။ ဒါပေမယ့် တကယ်တော့ ဆန့်ကျင်ဘက်ပါ။ မိတ်ကပ်ကိုအများကြီး အထူကြီးမလိမ်းသင့်ပါဘူး။ အောက်ခံမိတ်ကပ်နဲ့ အသားဖြူခရင်မ်  ခံလိမ်းတာများလွန်းရင် အသားမဖြူစေနိုင်ပါဘူး။ နောက်ဆုံးမှာ အသားအရေနဲ့ထိတွေ့မှုများလွန်းရင် အသားဖြူဝင်းလာမယ့်အစား ထိခိုက်ပျက်စီးမှုပိုများစေပါတယ်။
    မျက်နှာနဲ့ ခန္ဓာကိုုယ်သန့်စင်ရေး လုပ်တာများလွန်းခြင်း – တချို့လူတွေက ကိုယ့်အသားအရေနဲ့ပတ်သက်ပြီး အရမ်းအာရုံထားလွန်းတတ်ပါတယ်။ မကြာခဏ ရေချိုး၊ချေးတွန်းပွတ်တိုက်လွန်းတာ၊သန့်စင်တာ၊ မျက်နှာခဏခဏသစ်တာ၊ scrub သုံးလွန်းတာတွေလုပ်ရင် အညစ်အကြေးကင်းစင်ပြီး ဖြူစင်လှပတဲ့အသားအရေရနိုင်လိမ့်မယ်လို့ ထင်ကြပါတယ်။ တကယ်တော့ cleansing products တွေနဲ့ ဆပ်ပြာတွေမကြာခဏထိတွေ့ရလွန်းတာတွေ မဖြစ်သင့်ပါဘူး။ cleanser သုံးတာများလွန်းရင် အသားအရေပျက်စီးနိုင်ပါတယ်။
    Exfoliation ဆဲလ်သေဖယ်ရှားခြင်းကို အလွန်ပြုလုပ်ခြင်း – exfoliation လုပ်တာက အသားအရေအတွက်ကောင်းပါတယ်။ဒါပေမယ့် သိပ်များလွန်းရင်လည်း ကောင်းကျိုးမပေးနိူင်တော့ပါဘူး။ ဘယ်အရာကိုမဆို တန်ဆေးလွန်ဘေး ဆိုတာလေး သတိချပ်စေချင်ပါတယ်။ တစ်ခုရှိတာက တုံ့ပြန်လွယ်တဲ့ အသားအရေရှိသူ အမျိုးသမီးတွေအတွက် exfoliation လုပ်ဖို့ မသင့်တော်ဘူးဆိုတာပါပဲ။

ဒီအချက်တွေကို ဖတ်ကြည့်ရင်းနဲ့ အသားအရေဖြူဝင်းစေဖို့ အဖြေတစ်ခုတွေ့ရှိကြမှာပါ။  အသားဖြူစေဖို့ ဆေးတွေဘာတွေ အပြင်းအထန်လုပ်နေစရာမလိုဘဲ skin care ကောင်းကောင်းတွေကို နည်းလမ်းမှန်စွာသုံးရင် အသားအရေသန့်စင်ကြည်လင်ပြီး အလိုလိုဖြူဝင်းလှပလာစေမယ်ဆိုတာပါပဲ။ အရွေးမမှားဖို့တော့လိုတာပေါ့နော်။ Skin care အမှတ်တံဆိပ်များစွာရှိတဲ့အထဲ ယုံကြည်စိတ်ချရတဲ့ L’Oréal Paris အမှတ်တံဆိပ်ရဲ့ WHITE PERFECT ပစ္စည်းလေးတွေကို ရွေးချယ်အသုံးပြုကြည့်ဖို့ အကြံပြုလိုပါတယ်။ မျက်နှာသစ်ဆေးအတွက် ပါဝင်တဲ့သဘာအတိုင်း ဖြူဝင်း ကြည်လင်စေတဲ့ Purifying & Brightening Milky foam၊  French Sea Salt ပါဝင်ပြီး Deep Cleansing လုပ်ပေးနိုင်တဲ့ White Perfect Extraordinary Whip Foam၊ Scrub သုံးမယ်ဆို ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်တဲ့ Anti- Dullness Facial Scrub ထိ အသားရေ ဖြူစင်ဝင်းပစေဖို့အတွက် အစအဆုံးရရှိနိုင်တဲ့အတွက် အလုပ်ရှုပ်သက်သာပြီး နိုင်ငံတကာမှာ နာမည်ကြီးတံဆိပ်တစ်ခုဖြစ်တဲ့အတွက် အရည်အသွေးနဲ့ အာမခံချက် စိတ်ချရပါတယ်။

White Perfect Total Recover Sleeping Mask ဆိုလည်း ညအိပ်ခါနီး မျက်နှာသစ်၊Toner, Serum လိမ်းအပြီး Mask ကိုလိမ်းပေးရင် မနက်နိုုးတဲ့အခါ အသားအရေ ရေဓာတ်ပြည့်ဝကာ ချောမေ့ွ နူးညံ့မှုကို ခံစားရမှာပါ။ ၈ ပတ်အကြာမှာ အမဲစက်တွေ လျော့နည်းလာပြီး အသားအရေ ကြည်လင်တောက်ပလာမယ့် အစွမ်းရှိပါတယ်။ WHITE PERFECT ရဲ့ set မှာ ဒါတွေအပြင် Day cream နဲ့ Night Cream၊  Toner၊ နဲ့ အသားအရေကိုနေလောင်ဒဏ်ကာကွယ်ပြီး ချက်ချင်း ဖြူစင်လှပစေမယ့် Magic White Double Whitening Cream SPF 19 တို့ပါ ရှိပါတယ်။ အသားရေဖြူစင်ဝင်းပလာစေဖို့အတွက်ဆိုရင် စိတ်ရှည်လက်ရှည်နဲ့ အသေအချာ ဂရုစိုက်ပြုလုပ်ရပါတယ်။ ဖြူရင်ပြီးရောဆိုပြီး အရည်အသွေးမပြည့်တာတွေ၊ စိတ်မချရတာတွေ သွားသုံးမိရင် ဆိုးကျိုးတွေအများကြီးနဲ့ ကြုံတွေ့နိုင်ရလို့ ယုံကြည်စိတ်ချရပြီး အရည်အသွေးအာမခံထားတဲ့ အမှတ်တံဆိပ်တွေကိုသာ ရွေးချယ်အသုံးပြုဖို့ တိုက်တွန်း လိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top