ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မြန္ျပည္နယ္ သထုံၿမိဳ႕နယ္ လိပ္အင္း ရပ္ကြက္ ရန္ကုန္-ေမာ္လၿမိဳင္ အေဝးေျပးလမ္းေပၚတြင္ ေမာင္းႏွင္ လာသည့္ ေမာ္ေတာ္ယာဥ္ႏွစ္စီး အား လွည့္ကင္းေဆာင္ရြက္ေနသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ယေန႔နံနက္ ၅ နာရီခန္႔က စစ္ေဆးရန္ ရပ္တန္႔ ခိုင္းရာမွ ေမာင္းႏွင္ထြက္ေျပးကာ ေသာ့တန္းလန္းျဖင့္ ရပ္တန္႔ထား ခဲ့ရာ ပိုင္ရွင္မဲ့ သိမ္းဆည္းရမိခဲ့ ေၾကာင္း သထုံၿမိဳ႕မရဲစခန္းမွ သိရ သည္။

''လွည့္ကင္းနဲ႔တိုးေတာ့ အဖမ္း ခံရမွာစိုးလို႔ ေသာ့တန္းလန္းထားခဲ့ၿပီး ေျပးတာေပါ့။ ဘယ္ကလာတာ လဲေတာ့ မေျပာႏိုင္ေသးဘူး။ ဒီႏွစ္ထဲမွာ ခုလိုပိုင္ရွင္မဲ့ ဖမ္းမိတာ စုစုေပါင္း ငါးစီးရွိၿပီ''ဟု သထုံၿမိဳ႕မ ရဲစခန္းမွဴး ဒု-ရဲမွဴးေမာင္ေမာင္က ေျပာသည္။

ျဖစ္စဥ္မွာ သထုံၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ဆန္းဦး ႏွင့္ တပ္ဖြဲ႕ဝင္မ်ားသည္ အမ်ားျပည္သူ လုံၿခံဳေရး၊ မႈခင္းက်ဆင္းေရးအတြက္ လွည့္ကင္းေဆာင္ရြက္ေနစဥ္ လိပ္အင္း ရပ္ကြက္ ေက်ာင္းကုန္းေကြ႕အနီးတြင္ အေဝးေျပးလမ္းအတိုင္း ေမာ္လၿမိဳင္ မွ ရန္ကုန္သို႔ ေမာင္းႏွင္လာေသာ ယာဥ္အမွတ္6N/---- မိုးျပာေရာင္ႏွင့္ 9K/---- ခဲေရာင္ယာဥ္ ႏွစ္စီးကို စစ္ေဆးရန္ ရပ္တန္႔ခိုင္းရာ ေမာင္းႏွင္ ထြက္ေျပးသျဖင့္ လိုက္လံတားဆီးရာ ေျမနီကုန္းေက်းရြာ အေဝးေျပး လမ္းေဘးတြင္ အဆိုပါယာဥ္ႏွစ္စီး အား ယာဥ္ႏွင့္ပတ္သက္သည့္ အေထာက္အထား တစ္စုံတစ္ရာ မေတြ႕ရွိရဘဲ ေသာ့တန္းလန္းျဖင့္ ရပ္တန္႔ထားသည္ကို စစ္ဆးေတြ႕ရွိရာ သက္ေသမ်ားေရွ႕တြင္ ပိုင္ရွင္မဲ့ သိမ္းဆည္းခဲ့ေၾကာင္း သထုံၿမိဳ႕မ ရဲစခန္းမွ သိရသည္။

အဆိုပါပိုင္ရွင္မဲ့ယာဥ္ႏွစ္စီးအား တရားဝင္မွတ္ပုံတင္ထားျခင္း ရွိ၊ မရွိ ကို သထုံခ႐ုိင္(ကညန)႐ုံးသို႔ စုံစမ္း ထားၿပီး သထုံၿမိဳ႕နယ္တရား႐ုံးသို႔ တရားစြဲဆိုတင္ပို႔ႏိုင္ေရး ေဆာင္ရြက္ လ်က္ရွိေၾကာင္း သထုံၿမိဳ႕မရဲစခန္းမွ သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
မွန်ပြည်နယ် သထုံမြို့နယ် လိပ်အင်း ရပ်ကွက် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ်တွင် မောင်းနှင် လာသည့် မော်တော်ယာဉ်နှစ်စီး အား လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၅ နာရီခန့်က စစ်ဆေးရန် ရပ်တန့် ခိုင်းရာမှ မောင်းနှင်ထွက်ပြေးကာ သော့တန်းလန်းဖြင့် ရပ်တန့်ထား ခဲ့ရာ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ ကြောင်း သထုံမြို့မရဲစခန်းမှ သိရ သည်။

''လှည့်ကင်းနဲ့တိုးတော့ အဖမ်း ခံရမှာစိုးလို့ သော့တန်းလန်းထားခဲ့ပြီး ပြေးတာပေါ့။ ဘယ်ကလာတာ လဲတော့ မပြောနိုင်သေးဘူး။ ဒီနှစ်ထဲမှာ ခုလိုပိုင်ရှင်မဲ့ ဖမ်းမိတာ စုစုပေါင်း ငါးစီးရှိပြီ''ဟု သထုံမြို့မ ရဲစခန်းမှူး ဒု-ရဲမှူးမောင်မောင်က ပြောသည်။

ဖြစ်စဉ်မှာ သထုံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဆန်းဦး နှင့် တပ်ဖွဲ့ဝင်များသည် အများပြည်သူ လုံခြုံရေး၊ မှုခင်းကျဆင်းရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် လိပ်အင်း ရပ်ကွက် ကျောင်းကုန်းကွေ့အနီးတွင် အဝေးပြေးလမ်းအတိုင်း မော်လမြိုင် မှ ရန်ကုန်သို့ မောင်းနှင်လာသော ယာဉ်အမှတ်6N/---- မိုးပြာရောင်နှင့် 9K/---- ခဲရောင်ယာဉ် နှစ်စီးကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာ မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံတားဆီးရာ မြေနီကုန်းကျေးရွာ အဝေးပြေး လမ်းဘေးတွင် အဆိုပါယာဉ်နှစ်စီး အား ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိရဘဲ သော့တန်းလန်းဖြင့် ရပ်တန့်ထားသည်ကို စစ်ဆးတွေ့ရှိရာ သက်သေများရှေ့တွင် ပိုင်ရှင်မဲ့ သိမ်းဆည်းခဲ့ကြောင်း သထုံမြို့မ ရဲစခန်းမှ သိရသည်။

အဆိုပါပိုင်ရှင်မဲ့ယာဉ်နှစ်စီးအား တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ ကို သထုံခရိုင်(ကညန)ရုံးသို့ စုံစမ်း ထားပြီး သထုံမြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သထုံမြို့မရဲစခန်းမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top