Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဗုဒၶဘာသာ၀င္ေတြဟာ ငယ္စဥ္ေတာင္ေက်း ကေလးဘ၀က စၿပီး “ပရိတၱ” လို႔ေခၚတဲ့ အႏၱရာယ္ ကို ကင္း ရွင္းေစႏိုင္တဲ့ ျမတ္စြာဘုရား တရားေတာ္ေတြ ကို က်က္မွတ္ၾကတယ္။ အ ခါအားေလ်ာ္စြာ ပရိတ္ တရားေတာ္ ကို နာယူၾကပါတယ္၊ ရြတ္ဖတ္ၾကပါတယ္၊ သရဇၩာယ္ၾက ပါတယ္။ 

အဲဒီလို ရြတ္ဖတ္ သရဇၩာယ္ နာယူၾကတဲ့ ပရိတ္ တရားေတာ္ေတြရဲ႕ အဓိပၸာယ္ေတြကို ရွင္းရွင္းလင္းလင္း သိဖို႔ အင္မတန္မွ အေရးႀကီးပါတယ္။ ရွင္းရွင္း လင္းလင္း သိရင္ ဒီ ပရိတ္တ ရားေတာ္ေတြ ထဲမွာ နိဗၺာန္ေရာက္ေၾကာင္း အက်င့္ တရားေတြ ျမတ္စြာဘုရားက ေဟာထားပါ တယ္။ 

အဲဒါေၾကာင့္ ပရိတ္တရားေတာ္ ဆိုတာ ရြတ္ဖတ္ သရဇၩာယ္၊ နာယူရံုတင္ မက။ နာယူ မွတ္သားၿပီးေတာ့ လိုက္နာက်င့္သံုးၾကမယ္ ဆိုရင
္ မ်က္ေမွာက္ ဘ၀မွာလည္း ေကာင္းက်ိဳး ခ်မ္းသာေတြကို ရပါမယ္။ တမလြန္ဘ၀ မွာလည္း ေကာင္းက်ိဳး ခ်မ္းသာေတြ ရႏိုင္ပါတယ္။ ေနာက္ဆံုး နိဗၺာန္တိုင္ မ်က္ေမွာက္ျပဳ အက်ိဳးရွိႏိုင္ပါတယ္။

ဗုဒၶျမတ္စြာ ေဟာၾကားတဲ့ တရားေတြဟာ ယံုၾကည္ရံု သက္သက္ နဲ႔ မွတ္သားရမယ့္ တ ရားမ်ိဳးေတြ မဟုတ္ပါဘူး။ သေဘာေပါက္ နားလည္ရမယ့္ တရားေတြျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ မဂၢင္ရွစ္ပါး ထဲမွာဆိုရင္ ျမတ္စြာဘုရား က “သမၼာဒိဌိ” မွန္မွန္ ကန္ကန္ျမင္ျခင္း ဆိုတဲ့ အသိ ဉာဏ္ဟာ ဗုဒၶဘာသာ၀င္ သူေတာ္စင္တို႔ အတြက္ အေရးႀကီးဆံုးအရာတစ္ခု ျဖစ္ပါတယ္။ 

နားလည္ သေဘာေပါက္မွ ပိုၿပီး ေကာင္းက်ိဳး ခ်မ္းသာေတြ ရႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ ဘာသာေရး ကိစၥ ေဆာင္ ရြတ္တဲ့အခါမွာ အျခား ဘာသာေတြနဲ႔ မတူပါ။ ဗုဒၶဘာသာ ရဲ႕ေဆာင္ရြတ္မွဳက နား လည္မွဳအေပၚမွာ အေျခခံပါတယ္။ ဒါေၾကာင့္မို႔ ဘာသာတရားနဲ႕ ပတ္သက္ၿပီး အရာခပ္သိမ္း ကို နားလည္ေအာင္ ႀကိဳးစားရပါတယ္။

လူ ဆိုတာ (၂၄ နာရီ) ေန႔စဥ္ႏွင့္ အမွ် ဘ၀ တစ္ခုကို ျဖတ္သန္းၿပီး ေနၾကရပါတယ္။ ဒီ လို ျဖတ္သန္းတဲ့ အခါ မွာ ဘယ္လို ပံုစံနဲ႔ ျဖတ္သန္းရမယ္၊ ဘယ္လို ေနရမယ္၊ ဘယ္လို ထိုင္ရ မယ္ဆိုတာ ဗုဒၶက လမ္းညႊန္ထားတာ ရွိပါတယ္။ အဲဒီ လမ္းညႊန္ခ်က္ အတိုင္း လိုက္နာက်င့္ သံုးႏိုင္မယ္ ဆိုလို႔ရွိရင္ မ်က္ေမွာက္ ဘ၀မွာလည္း ေကာင္းက်ိဳးခ်မ္းသာေတြကို ရႏိုင္ပါတယ္။

တမလြန္ ဘ၀မွာလည္း ေကာင္းက်ိဳး ခ်မ္းသာေတြ ရႏိုင္ပါတယ္။ ေနာက္ဆံုးမွာ နိဗၺာန္တိုင္ ေရာက္ရွိႏိုင္ပါ တယ္။ အဲဒီလို နည္းစနစ္ေကာင္းေတြ ညႊန္ျပထားတာ လူေတြဟာ သိဖို႔ အင္မတန္မွ အေရးႀကီးပါတယ္။
သိသည္ျဖစ္ေစ၊ မသိသည္ျဖစ္ေစ ဘ၀ တစ္ခုကို ျဖတ္သန္းၿပီးေတာ့ အခ်ိန္ကုန္ၾကရမွာေတာ့ အတူတူပါပဲ။ 

သို႔ေသာ္ ျဖတ္သန္းၿပီး အခ်ိန္ ကုန္တာခ်င္း တူေပမယ့္လို႔ အက်ိဳးရွိတဲ့ လူ၊ အက်ိဳးမရွိတဲ့ လူ ဆိုတာ ႏွစ္မ်ိဳးျဖစ္သြားပါတယ္။ ေကာင္းက်ိဳးခ်မ္းသာေတြကိုရေအာင္ ယူ ႏိုင္တဲ့ပုဂၢိဳလ္ဟာ တစ္ကယ့္ လူလိမၼာ ပညာရွိလို႔ ေခၚပါတယ္။ ကိုယ့္ ဘ၀ခရီးမွာ ေကာင္းက်ိဳးခ်မ္း သာေတြကို ရေအာင္ မယူႏိုင္ဘူး ဆိုလို႔ရွိရင္ ဘ၀တစ္ခုမက (တစ္သံသရာ အတြက္) နစ္နာပါ တယ္။ ဆံုရွံဳးပါတယ္။

ဒါေၾကာင့္မို႔ ဒီလို တရားနဲ႔ ပတ္သက္ၿပီးေတာ့ ယူႏိုင္ေအာင္၊ ယူတတ္ေအာင္လို႔ ဆိုၿပီး စာေပေတြ သင္ယူ ၾက ရပါတယ္။ တရား ဓမၼေတြ နာၾကားၾကရပါတယ္။ ဘယ္အရာက အေရး ႀကီးတယ္၊ ဘယ္အရာက အေရး မႀကီးဘူး၊ ဘယ္ဟာက တန္ဖိုးရွိတယ္၊ ဘယ္ဟာက တန္ဖိုး မရွိဘူး သိေအာင္လုပ္ၾကရပါတယ္။

ေလာက လူေတြဟာ ပစၥည္း ဥစၥာနဲ႔ ပတ္သက္ၿပီး ခြဲျခားေ၀ဖန္ တတ္ၾကပါတယ္။ သို႔ေသာ္ ကိုယ့္ရင္ထဲ ႏွလံုး ထဲမွာ ျဖစ္ေစရမယ့္ တရားနဲ႔ ပတ္သက္ၿပီး ခြဲျခားသိတဲ့ ပုဂၢိဳလ္ဟာ အလြန္နည္းပါးပါတယ္။ 

ဒါေၾကာင့္ မို႔ တို႔တစ္ေတြလည္း မွန္မွန္ကန္ကန္ သိရွိနားလည္ဖို႔ ျမတ္စြာဘုရားေဟာ ၾကားတဲ့တရားေတြ ၾကားနာၾကရပါမယ္၊ မွတ္သားၾကရပါမယ္၊ ဗဟုသုတ ဆည္းပူးၾကရပါ မယ္ ဆိုတဲ့ အသိတရားေတြ ရရွိကာ ေနာက္ဆံုးမွာ သံသရာ၀ဋ္က လြတ္တဲ့ နိဗၺာန္ဆိုတဲ့ ခ်မ္း သာသုခကို မ်က္ေမွာက္ျပဳႏိုင္ၾကမွာ ျဖစ္တယ္လို႔ ကိုယ္စီ ကိုယ္စီ သေဘာက်ၿပီး ဗုဒၶဓမၼ က်င့္စဥ္ အတိုင္း မိမိ ဘ၀ တိုးတက္လာေအာင္ က်င့္ႀကံႀကိဳးကုတ္ အားထုတ္ေတာ္မူႏီုင္ၾကပါေစ ကုန္သတည္း။ ။
 ဖိုးသူေတာ္ (www.phothutaw.com)
#Unicode Version#
ဗုဒ္ဓဘာသာဝင်တွေဟာ ငယ်စဉ်တောင်ကျေး ကလေးဘဝက စပြီး “ပရိတ္တ” လို့ခေါ်တဲ့ အန္တရာယ် ကို ကင်း ရှင်းစေနိုင်တဲ့ မြတ်စွာဘုရား တရားတော်တွေ ကို ကျက်မှတ်ကြတယ်။ အ ခါအားလျော်စွာ ပရိတ် တရားတော် ကို နာယူကြပါတယ်၊ ရွတ်ဖတ်ကြပါတယ်၊ သရဇ္ဈာယ်ကြ ပါတယ်။

အဲဒီလို ရွတ်ဖတ် သရဇ္ဈာယ် နာယူကြတဲ့ ပရိတ် တရားတော်တွေရဲ့ အဓိပ္ပာယ်တွေကို ရှင်းရှင်းလင်းလင်း သိဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ရှင်းရှင်း လင်းလင်း သိရင် ဒီ ပရိတ်တ ရားတော်တွေ ထဲမှာ နိဗ္ဗာန်ရောက်ကြောင်း အကျင့် တရားတွေ မြတ်စွာဘုရားက ဟောထားပါ တယ်။

အဲဒါကြောင့် ပရိတ်တရားတော် ဆိုတာ ရွတ်ဖတ် သရဇ္ဈာယ်၊ နာယူရုံတင် မက။ နာယူ မှတ်သားပြီးတော့ လိုက်နာကျင့်သုံးကြမယ် ဆိုရင
် မျက်မှောက် ဘဝမှာလည်း ကောင်းကျိုး ချမ်းသာတွေကို ရပါမယ်။ တမလွန်ဘ၀ မှာလည်း ကောင်းကျိုး ချမ်းသာတွေ ရနိုင်ပါတယ်။ နောက်ဆုံး နိဗ္ဗာန်တိုင် မျက်မှောက်ပြု အကျိုးရှိနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားတွေဟာ ယုံကြည်ရုံ သက်သက် နဲ့ မှတ်သားရမယ့် တ ရားမျိုးတွေ မဟုတ်ပါဘူး။ သဘောပေါက် နားလည်ရမယ့် တရားတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ မဂ္ဂင်ရှစ်ပါး ထဲမှာဆိုရင် မြတ်စွာဘုရား က “သမ္မာဒိဌိ” မှန်မှန် ကန်ကန်မြင်ခြင်း ဆိုတဲ့ အသိ ဉာဏ်ဟာ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ အတွက် အရေးကြီးဆုံးအရာတစ်ခု ဖြစ်ပါတယ်။

နားလည် သဘောပေါက်မှ ပိုပြီး ကောင်းကျိုး ချမ်းသာတွေ ရနိုင်ပါတယ်။ ဒါကြောင့်မို့ ဘာသာရေး ကိစ္စ ဆောင် ရွတ်တဲ့အခါမှာ အခြား ဘာသာတွေနဲ့ မတူပါ။ ဗုဒ္ဓဘာသာ ရဲ့ဆောင်ရွတ်မှုက နား လည်မှုအပေါ်မှာ အခြေခံပါတယ်။ ဒါကြောင့်မို့ ဘာသာတရားနဲ့ ပတ်သက်ပြီး အရာခပ်သိမ်း ကို နားလည်အောင် ကြိုးစားရပါတယ်။

လူ ဆိုတာ (၂၄ နာရီ) နေ့စဉ်နှင့် အမျှ ဘ၀ တစ်ခုကို ဖြတ်သန်းပြီး နေကြရပါတယ်။ ဒီ လို ဖြတ်သန်းတဲ့ အခါ မှာ ဘယ်လို ပုံစံနဲ့ ဖြတ်သန်းရမယ်၊ ဘယ်လို နေရမယ်၊ ဘယ်လို ထိုင်ရ မယ်ဆိုတာ ဗုဒ္ဓက လမ်းညွှန်ထားတာ ရှိပါတယ်။ အဲဒီ လမ်းညွှန်ချက် အတိုင်း လိုက်နာကျင့် သုံးနိုင်မယ် ဆိုလို့ရှိရင် မျက်မှောက် ဘဝမှာလည်း ကောင်းကျိုးချမ်းသာတွေကို ရနိုင်ပါတယ်။

တမလွန် ဘဝမှာလည်း ကောင်းကျိုး ချမ်းသာတွေ ရနိုင်ပါတယ်။ နောက်ဆုံးမှာ နိဗ္ဗာန်တိုင် ရောက်ရှိနိုင်ပါ တယ်။ အဲဒီလို နည်းစနစ်ကောင်းတွေ ညွှန်ပြထားတာ လူတွေဟာ သိဖို့ အင်မတန်မှ အရေးကြီးပါတယ်။
သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘ၀ တစ်ခုကို ဖြတ်သန်းပြီးတော့ အချိန်ကုန်ကြရမှာတော့ အတူတူပါပဲ။

သို့သော် ဖြတ်သန်းပြီး အချိန် ကုန်တာချင်း တူပေမယ့်လို့ အကျိုးရှိတဲ့ လူ၊ အကျိုးမရှိတဲ့ လူ ဆိုတာ နှစ်မျိုးဖြစ်သွားပါတယ်။ ကောင်းကျိုးချမ်းသာတွေကိုရအောင် ယူ နိုင်တဲ့ပုဂ္ဂိုလ်ဟာ တစ်ကယ့် လူလိမ္မာ ပညာရှိလို့ ခေါ်ပါတယ်။ ကိုယ့် ဘဝခရီးမှာ ကောင်းကျိုးချမ်း သာတွေကို ရအောင် မယူနိုင်ဘူး ဆိုလို့ရှိရင် ဘဝတစ်ခုမက (တစ်သံသရာ အတွက်) နစ်နာပါ တယ်။ ဆုံရှုံးပါတယ်။

ဒါကြောင့်မို့ ဒီလို တရားနဲ့ ပတ်သက်ပြီးတော့ ယူနိုင်အောင်၊ ယူတတ်အောင်လို့ ဆိုပြီး စာပေတွေ သင်ယူ ကြ ရပါတယ်။ တရား ဓမ္မတွေ နာကြားကြရပါတယ်။ ဘယ်အရာက အရေး ကြီးတယ်၊ ဘယ်အရာက အရေး မကြီးဘူး၊ ဘယ်ဟာက တန်ဖိုးရှိတယ်၊ ဘယ်ဟာက တန်ဖိုး မရှိဘူး သိအောင်လုပ်ကြရပါတယ်။

လောက လူတွေဟာ ပစ္စည်း ဥစ္စာနဲ့ ပတ်သက်ပြီး ခွဲခြားဝေဖန် တတ်ကြပါတယ်။ သို့သော် ကိုယ့်ရင်ထဲ နှလုံး ထဲမှာ ဖြစ်စေရမယ့် တရားနဲ့ ပတ်သက်ပြီး ခွဲခြားသိတဲ့ ပုဂ္ဂိုလ်ဟာ အလွန်နည်းပါးပါတယ်။

ဒါကြောင့် မို့ တို့တစ်တွေလည်း မှန်မှန်ကန်ကန် သိရှိနားလည်ဖို့ မြတ်စွာဘုရားဟော ကြားတဲ့တရားတွေ ကြားနာကြရပါမယ်၊ မှတ်သားကြရပါမယ်၊ ဗဟုသုတ ဆည်းပူးကြရပါ မယ် ဆိုတဲ့ အသိတရားတွေ ရရှိကာ နောက်ဆုံးမှာ သံသရာဝဋ်က လွတ်တဲ့ နိဗ္ဗာန်ဆိုတဲ့ ချမ်း သာသုခကို မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်တယ်လို့ ကိုယ်စီ ကိုယ်စီ သဘောကျပြီး ဗုဒ္ဓဓမ္မ ကျင့်စဉ် အတိုင်း မိမိ ဘ၀ တိုးတက်လာအောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနီုင်ကြပါစေ ကုန်သတည်း။ ။
 ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top