Golden City Promotion
×

ဘဂၤလားေဒ့ရွ္ ၾကည္း၊ ေရ၊ ေလတပ္ဖြဲ႔ေတြ၊ ရဲ၊ အုပ္ခ်ဳပ္ေရးနဲ႔ ပါတီေစနာ့၀န္ထမ္းေတြ အေနနဲ႔ ႐ုိဟင္ဂ်ာ ေတြ ခံစားေနရတာေတြ ေလ်ာ့နည္းသက္သာသြားေစဖို႔ ႀကဳိးစားလုပ္ကုိင္ေနၿပီး ႐ုိဟင္ဂ်ာ ေတြအတြက္ လုိအပ္ရင္ ထမင္း တနပ္ေလ်ာ့စားမယ္လို႔ ၀န္ႀကီးခ်ဳပ္ ရွိတ္ဟာဆီနာက ေျပာၾကားလိုက္ပါတယ္။

ဘဂၤလားေဒ့ရွ္ အစိုးရအေနနဲ႔ ဒုကၡေတြ႔ၾကံဳေနတဲ့ ႐ုိဟင္ဂ်ာေတြအတြက္ အစားအစာ၊ ေနစရာနဲ႔ ေဆး၀ါးေတြ ကူညီေထာက္ပံ့ေပးေနတာနဲ႔ ပတ္သက္ၿပီးေျပာၾကားခဲ့တာလို႔ ဒါကာထရီျဗဴး သတင္းစာ မွာေဖာ္ျပပါတယ္။

“က်မတုိ႔ လူသန္း၁၆၀ေလာက္ကို ေက်ြးႏိုင္ရင္ ဆင္းရဲဒုကၡအျဖစ္ဆံုး အခ်ိန္ေရာက္ေနတဲ့ ေနာက္ထပ္လူ ၅သိန္းကေန ၇သိန္းေလာက္ကိုလည္း ေက်ြးႏိုင္ပါတယ္။ လိုအပ္မယ္ဆိုရင္ က်မတို႔ တရက္မွာ ထမင္းတနပ္ပဲစားၿပီး က်န္တဲ့တစ္နပ္ကိုေတာ့ ဒီလိုဒုကၡသုတ္ခေရာက္ေန သူေတြ မွ်ေ၀ေပးမယ္”လို႔ ၀န္ႀကီးခ်ဳပ္ ရွိတ္ဟာဆီနားက Ritz Carlton ဟိုတယ္မွာ အေမရိကန္ ျပည္ေထာင္စု ျပည္နယ္အသီးသီးက သူ႔ပါတီေခါင္းေဆာင္ေတြနဲ႔ အျမင္ခ်င္းဖလွယ္ရာမွာ ေျပာၾကားခဲ့တာလို႔ ဆိုပါတယ္။

ဘဂၤလားေဒ့ရွ္ နိုင္ငံဟာ မခ်မ္းသာေပမယ့္ ႏွလံုးသား ရွိတယ္၊ သူတို႔ဟာ လူသားေတြ ျဖစ္ၾကၿပီး သူတို႔ကို ဘဂၤလားပင္လယ္ေအာ္ထဲကို ပစ္ခ်လို႔မရဘူးလို႔ လည္း ေျပာပါတယ္။

၀န္ႀကီးခ်ဳပ္ ရွိတ္ဟာဆီးနားဟာ အေမရိကန္ျပည္ေထာင္စု နယူးေယာက္မွာ က်င္းပတဲ့ ၇၂ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံမွာ မိန္႔ခြန္းမေျပာၾကားခင္ နယ္စပ္ ေကာ့စ္ဘဇားမွာ ရွိတဲ့ ဒုကၡသည္စခန္းကိုသြားေရာက္ခဲ့ပါတယ္။

ရခုိင္ျပည္နယ္ ကေန နယ္စပ္ျဖတ္ေက်ာ္ ဘဂၤလားေဒ့ရွ္ဘက္ေျပးသူေတြကိစၥေဆြးေႏြးဖို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင့္ေဆြေခါင္းေဆာင္တဲ့ ကိုယ္စားလွယ္ အဖြဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ေရာက္ရွိေနၿပီး ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး၀န္ႀကီးနဲ႔ ေတြ႕ဆံုေဆြးေႏြးေနပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version#
ဘင်္ဂလားဒေ့ရှ် ကြည်း၊ ရေ၊ လေတပ်ဖွဲ့တွေ၊ ရဲ၊ အုပ်ချုပ်ရေးနဲ့ ပါတီစေနာ့ဝန်ထမ်းတွေ အနေနဲ့ ရိုဟင်ဂျာ တွေ ခံစားနေရတာတွေ လျော့နည်းသက်သာသွားစေဖို့ ကြိုးစားလုပ်ကိုင်နေပြီး ရိုဟင်ဂျာ တွေအတွက် လိုအပ်ရင် ထမင်း တနပ်လျော့စားမယ်လို့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ဒုက္ခတွေ့ကြုံနေတဲ့ ရိုဟင်ဂျာတွေအတွက် အစားအစာ၊ နေစရာနဲ့ ဆေးဝါးတွေ ကူညီထောက်ပံ့ပေးနေတာနဲ့ ပတ်သက်ပြီးပြောကြားခဲ့တာလို့ ဒါကာထရီဗြူး သတင်းစာ မှာဖော်ပြပါတယ်။

“ကျမတို့ လူသန်း၁၆၀လောက်ကို ကျွေးနိုင်ရင် ဆင်းရဲဒုက္ခအဖြစ်ဆုံး အချိန်ရောက်နေတဲ့ နောက်ထပ်လူ ၅သိန်းကနေ ၇သိန်းလောက်ကိုလည်း ကျွေးနိုင်ပါတယ်။ လိုအပ်မယ်ဆိုရင် ကျမတို့ တရက်မှာ ထမင်းတနပ်ပဲစားပြီး ကျန်တဲ့တစ်နပ်ကိုတော့ ဒီလိုဒုက္ခသုတ်ခရောက်နေ သူတွေ မျှဝေပေးမယ်”လို့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနားက Ritz Carlton ဟိုတယ်မှာ အမေရိကန် ပြည်ထောင်စု ပြည်နယ်အသီးသီးက သူ့ပါတီခေါင်းဆောင်တွေနဲ့ အမြင်ချင်းဖလှယ်ရာမှာ ပြောကြားခဲ့တာလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ မချမ်းသာပေမယ့် နှလုံးသား ရှိတယ်၊ သူတို့ဟာ လူသားတွေ ဖြစ်ကြပြီး သူတို့ကို ဘင်္ဂလားပင်လယ်အော်ထဲကို ပစ်ချလို့မရဘူးလို့ လည်း ပြောပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီးနားဟာ အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ ကျင်းပတဲ့ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းမပြောကြားခင် နယ်စပ် ကော့စ်ဘဇားမှာ ရှိတဲ့ ဒုက္ခသည်စခန်းကိုသွားရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် ကနေ နယ်စပ်ဖြတ်ကျော် ဘင်္ဂလားဒေ့ရှ်ဘက်ပြေးသူတွေကိစ္စဆွေးနွေးဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top