Golden City Promotion
×
ရေကြည် (၉.၁၀.၁၇)
Credit:  Ko Tun Khine
#Unicode Version#
ရေကြည် (၉.၁၀.၁၇)
နံနက်(၂)နာရီဝန်းကျင်ခန့်တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့၊တောင်လယ်ကျေးရွာအုပ်စုအပိုင် အောင်ဝိဇ္ဇာဆန်စက်ဝန်းရှေ့ရှိ ကွမ်းယာဆိုင်(၃)ဆိုင်အားဖောက်ထွင်းမီးရှို့မှုဖြစ်ပွါးခဲ့ပါသည်။
မီးရှို့မှုကြောင့် ကွမ်းယာဆိုင်တစ်ဆိုင်မှာ အားလုံးမီးလောင်ကျွမ်းသွားခဲ့ပြီး၊အခြားတစ်ဆိုင်ကတော့ ကြမ်းခင်းနှင့်တံခါးများလောင်ကျွမ်းပျက်စီးသွားခဲ့ပါသည်။ရေကြည်မြို့နယ်မီးသတ်တပ်ဖွဲ့မှလာရောက်ပြီး မီးငြိမ်းသတ်မှုပြုလုပ်ခဲ့ပါသည်။
သုံးဆိုင်မြောက်ဆိုင်ကို ဖောက်ထွင်းပြီး မီးရှို့ရန်ပြင်ဆင်နေစဉ် အနီးဝန်းပတ်ဝန်းကျင်မှ လူများကသိရှိသွားသဖြင့်
မီးရှို့သူနှစ်ဦးမှာ ဆိုင်ကယ်ဖြင့်ထွက်ပြေးသွားကြောင်းသိရပါသည်။
ဆိုင်ရှင်တစ်ဦး၏ပြောစကားအရ”သမီးတို့ဆိုင်က ကံကောင်းသွားတာပါ။သမီးတို့က ဆိုင်နောက်ကအိမ်မှာနေတာလေ။သူတို့စကားပြောနေတာတော့ ကြားလိုက်တယ်။သူတို့ချင်းပြောနေတယ်ပဲထင်မိတာ။မနက်ဖြန်ကျရင် ငါတို့ဆရာစံရပ်ကွက်ဖက်ကို ဆင်းမယ်လို့ပြောသံကြားလိုက်တယ်။အိမ်နားကကောင်လေးက မြင်သွားတော့ သူ့အဖေကိုပြန်နှိုးပြီး ဖမ်းဖို့လုပ်တဲ့အချိန်မှာပဲထွက်ပြေးသွားကြတာပါ။” လို့သိရပါတယ်။
.ခုလုပ်ရပ်ဟာ ပြည်သူတွေကို မငြိမ်မသက်ဖြစ်စေရန် ရည်ရွယ်၍လုပ်ကြံဖန်တီးသည့်လုပ်ရပ်ဟုထင်မြင်မိပါသည်။
အားလုံးပဲသတိဝိရိယနှင့် နေထိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:  Ko Tun Khine
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top