မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
Laptop Cover သုံးပါ
Credit: Mytechmyanmar
# Unicode Version #
ဒီနေ့ခေတ်မှာ ကွန်ပျုတာက နေ့တိုင်းနီးပါး အသုံးပြုနေရတဲ့ ပစ္စည်းဖြစ်နေပါပြီ။ ဒါပေမယ့် ကိုယ်လုပ်မိတဲ့ အမှားလေးတွေက ကွန်ပျုတာကို တဖြည်းဖြည်း ပျက်စီးစေတတ်တယ်ဆိုတာတော့ သတိမထားမိကြပါဘူး။
Laptop ပေါ်တက်အိပ်နေတဲ့ ကြောင်ကို ဖယ်ပါ
သင့် Laptop ပေါ်ကို တက်အိပ်တဲ့ အချစ်တော်ကြောင်လေးရဲ့ အမူအရာကို သဘောကျပေမယ့်လည်း ဒီအကျင့်ကို အလိုမလိုက်ပါနဲ့။ ကြောင်တွေက ပူတဲ့နေရာမှာ အိပ်တာသဘောကျကြပါတယ်။ ဒါပေမယ့် သင့်ကြောင်မွှေးတွေ ကွန်ပျုတာရဲ့ ပန်ကာထဲကိုဝင်သွားတဲ့အခါမှာ ကွန်ပျုတာ ပူလာတာမျိုး ကောင်းကောင်းအလုပ်မလုပ်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ကွန်ပျုတာကြည့်ရင်း မုန့်စားရင်လည်း မုန့်အမှုန်တွေ ကွန်ပျုတာအပေါ်မကျစေပါနဲ့။ ပိုးဟပ်၊ ပုရွက်ဆိတ်တို့ကို ကွန်ပျုတာထဲဝင်ပြီး ပျက်စီးနိုင်ပါတယ်။
Laptop ကို သတိထားပြီး ရွှေ့ပါ
Solid Stated Drive (SSD) မပါရင် ကွန်ပျုတာကို ရွှေ့တဲ့အခါမှာ သတိထားပြီးရွှေ့ပါ။ ရမ်းမခါပါနဲ့။ တခါတလေ Hard Drive က အရမ်းအလုပ်လုပ်ရချိန်မှာ ကွန်ပျုတာကို ရမ်းခါရွှေ့လိုက်ရင် Hard Drive ပျက်တတ်ကာ အချက်အလက်တွေလည်း ဆုံးရှုံးနိုင်ပါတယ်။
Laptop အားသွင်းကြိုးတွေကို သေချာ သိမ်းဆည်းပါ
အားသွင်းကြိုးတွေက ရာဘာတွေနဲ့ ပြုလုပ်ထားတာကြောင့် အကြမ်းခံမယ်လို့ ထင်ကြတာမျိုးတွေရှိပါတယ်။ အကြမ်းခံပေမယ့် ခေါက်နေကျ ခေါက်ရိုးနဲ့ ဆန့်ကျင်ဘက်ကို ခေါက်သိမ်းတာမျိုးဆိုရင်လည်း ကြိုးတွေကို ထိခိုက်စေပါတယ်။ ပလပ်ပေါက်ထိုးထားတုန်း အားသွင်းကြိုးကို ဆွဲတာ၊ ခေါက်တာမျိုး လုပ်ရင် အားသွင်းကြိုးကို ထိခိုက်နိုင်ပါတယ်။
အမြဲတမ်း တစ်ချိန်လုံး Laptop ကို အားမသွင်းထားပါနဲ့
အခုခေတ် Laptop တွေက Lithium-Ion ဘက်ထရီကိုအသုံးပြုကြတာကြောင့် တချိန်လုံး အားသွင်းစရာလည်းမလိုပါဘူး။ တချိန်လုံးအားသွင်းရင် Overcharge ကို ထိန်းထားပေးထားတဲ့ Controller ပျက်စီးနိုင်ပြီး ဘက်ထရီကို ပျက်စီးစေပါတယ်။
Laptop ကို ဖြည်းညှင်းစွာ ဖွင့်၊ပိတ်ပါ
Laptop ကို ဖွင့်ပိတ်လုပ်ရင် လက်နှစ်ဖက်နဲ့ ဖြည်းညှင်းစွာဖွင့်ပါ။ Laptop ကို စခရင်ကနေ ဆွဲမတာမျိုးမလုပ်ပါနဲ့။ စခရင်အပိုင်းက အားအနည်းဆုံး အပိုင်းဖြစ်ပါတယ်။ Laptop ရဲ့ Keyboard အပေါ်မှာ ဘာမှမတင်ပါနဲ့။ အကယ်၍ ရုတ်တရပ် ပိတ်မိလိုက်ရင် စခရင်ကွဲသွားနိုင်ပါတယ်။
Laptop Cooling Pad ဝယ်ပါ
Laptop က အလွယ်တကူ သယ်ဆောင်လို့ရအောင် ထုတ်လုပ်ထားပေမယ့် Laptop ရဲ့ လေပူလေအေး လှည့်ပတ်တဲ့စနစ်ကို မပိတ်ဆို့အောင် ဂရုစိုက်ပါ။ အိမ်မှာသုံးရင်တော့ Laptop Cooling Pad လေးဝယ်ပြီးခံသုံးသင့်ပါတယ်။
သံလိုက်ဓာတ်တွေနဲ့ အဝေးမှာထားပါ
Hard Drive တွေမှာ အချက်အလက်တွေသုံးဖို့ သံလိုက်ဓာတ်လေးတွေပါဝင်ပါတယ်။ ဒါကြောင့် အားကောင်းတဲ့ သံလိုက်ကို သင့် Laptop နားမှာထားရင် သံလိုက်စက်ကွင်း ကပြောင်းကပြန်တွေဖြစ်ပြီး သင့်အချက်အလက်တွေ ဆုံးရှုံးနိုင်ပါတယ်။
Charger ဖြုတ်ရင် သေချာဖြုတ်ပါ
ရုတ်တရပ် အလျင်လိုလို့ Charger ကိုဆောင့်ဖြုတ်တာမျိုးမလုပ်ပါနဲ့။ Charger ကို တပ်ရင်ဖြုတ်ရင် သေချာ တပ်သေချာ ဖြုတ်ပေးပါ။
Laptop Cover သုံးပါ
Laptop ကိုသုံးရင် Cover တပ်သုံးပါ။
စခရင်သေချာ သန့်ရှင်းရေးလုပ်ပါ
စခရင်က ပါးလွှာတာကြောင့် သန့်ရှင်းရေး လုပ်ရင် ဂရုစိုက်ပါ။ စခရင်ကို အစင်းမထင်အောင် မျက်နှာသုတ်တဲ့ Microfiber အဝတ်စနဲ့ စခရင်သန့်ရှင်းရေးလုပ်တဲ့ အရည်နဲ့ သန့်ရှင်ရေးလုပ်ပါ။ မှန်တိုက်ဆေးနဲ့ သန့်ရှင်းရေးလုပ်ရင် စခရင် ပျက်စီးတတ်ပါတယ်။
Laptop ကို မသုံးရင် ပိတ်ထားပါ
ကိုယ်ညဘက်အိပ်တဲ့အချိန်ကျရင် Laptop ကိုပိတ်ပြီးမှအိပ်ပါ။ Laptop ကိုလည်း အနားပေးဖို့လိုအပ်ပါတယ်။
ကော်ဖီခွက်၊ရေ ခွက်တွေ Laptop အပေါ်မတင်ပါနဲ့
ကော်ဖီခွက်၊ ရေခွက်တွေကို laptop ပေါ်တင်ရင် ဖိတ်သွားရင် ပြဿနာရှိပါတယ်။ ကော်ဖီပူပူတွေကို Laptop ပိတ်ထားချိန် တင်ပါက အပူချိန်က စခရင်ကို ပျက်စီးနိုင်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတောျ (www.phothutaw.com)
Credit: Mytechmyanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top