Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

သာမန္ထက္ေစာ၍ ေသြးဆံုးေသာ အမ်ိဳးသမီးမ်ားသည္ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါႏွင့္ ေလျဖတ္ျခင္းမ်ား ႀကံဳေတြ႕ႏိုင္ေျခ ႏွစ္ဆျမင့္မားေၾကာင္း ေလ့လာမႈတစ္ရပ္က ေဖာ္ျပသည္။

အသက္(၄၆)ႏွစ္မျပည့္မီ ေသြးဆံုးေသာ အမ်ိဳးသမီးမ်ားအေန ျဖင့္ သတိထားရန္လိုၿပီး ႏွလံုးေရာဂါႏွင့္ ေလျဖတ္ႏိုင္ေျခရွိသျဖင့္ ႀကိဳတင္ကာကြယ္ထားသင့္သည္ဟု သုေတသီမ်ားကေျပာသည္။


အမ်ိဳးသမီးမ်ားအေနျဖင့္ ေစာေစာစီးစီး ေသြးဆံုးမႈကို တတ္ ႏိုင္သမွ် ေရွာင္ရွားရန္ အေရးႀကီးသည္ဟုလည္း သုေတသီမ်ားက အသိေပးထားသည္။

ဥပမာ ေဆးလိပ္ေသာက္ေသာ အမ်ိဳးသမီးမ်ားသည္ ေဆးလိပ္ မေသာက္သူမ်ားထက္ ၂ ႏွစ္ေစာ၍ ေသြးဆံုးႏိုင္သည္။ သို႔ေသာ္ ေဆးလိပ္ျဖတ္လိုက္ပါက ယင္းအႏၲရာယ္ေလ်ာ့ပါးႏိုင္သည္။

အမ်ိဳးသမီးမ်ား ေသြးဆံုးခ်ိန္တြင္ ဆရာဝန္မ်ားက ႏွလံုးေသြး ေၾကာဆိုင္ရာေရာဂါမ်ားအတြက္ စစ္ေဆးရန္ အေရးႀကီးေၾကာင္း သုေတသီမ်ားကေျပာသည္။ ယင္းမွာ လူမ်ိဳးကြဲျပားမႈႏွင့္မဆိုင္ဘဲ ေစာေစာေသြးဆံုးေသာ အမ်ိဳးသမီးမ်ား ႏွလံုးေရာဂါႏွင့္ ေလျဖတ္ျခင္း ျဖစ္ႏိုင္သည့္ အႏၲရာယ္ျမင့္မားေၾကာင္း သိရသည္။

ေဟာ္မုန္းစက္ဝန္းမ်ား လည္ပတ္မႈေႏွးေကြးသြားၿပီး အမ်ိဳးသမီးတစ္ဦးအဖို႔ ကိုယ္ဝန္ေဆာင္ရန္ ျဖစ္ႏိုင္ေျခ အဆံုးသတ္သြား ေသာ အေျခအေနတြင္ မ်ိဳးဥဖန္တီးမႈႏွင့္ ဓမၼတာလာမႈ ရပ္တန္႔သြား သည္။

ေဆးလိပ္ေသာက္ျခင္း၊ အစားအေသာက္၊ ေလ့က်င့္ခန္းလုပ္ ျခင္း စေသာ အေျခအေနမ်ားက ေသြးဆံုးခ်ိန္အေပၚ လႊမ္းမိုးမႈရွိ သည္။

ယခင္ ေသြးဆံုးၿပီး အမ်ိဳးသမီးမ်ား ႀကံဳေတြ႕ရေသာ က်န္းမာ ေရးျပႆနာမ်ားအတြက္ ေဟာ္မုန္းကုထံုးျဖင့္ ကုသေလ့ရွိသည္။ သို႔ေသာ္ ယင္းေဟာ္မုန္းမ်ားေၾကာင့္ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခရွိသည္။

—Ref: TOI

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #

သာမန်ထက်စော၍ သွေးဆုံးသော အမျိုးသမီးများသည် နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် လေဖြတ်ခြင်းများ ကြုံတွေ့နိုင်ခြေ နှစ်ဆမြင့်မားကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

အသက်(၄၆)နှစ်မပြည့်မီ သွေးဆုံးသော အမျိုးသမီးများအနေ ဖြင့် သတိထားရန်လိုပြီး နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေရှိသဖြင့် ကြိုတင်ကာကွယ်ထားသင့်သည်ဟု သုတေသီများကပြောသည်။


အမျိုးသမီးများအနေဖြင့် စောစောစီးစီး သွေးဆုံးမှုကို တတ် နိုင်သမျှ ရှောင်ရှားရန် အရေးကြီးသည်ဟုလည်း သုတေသီများက အသိပေးထားသည်။

ဥပမာ ဆေးလိပ်သောက်သော အမျိုးသမီးများသည် ဆေးလိပ် မသောက်သူများထက် ၂ နှစ်စော၍ သွေးဆုံးနိုင်သည်။ သို့သော် ဆေးလိပ်ဖြတ်လိုက်ပါက ယင်းအန္တရာယ်လျော့ပါးနိုင်သည်။

အမျိုးသမီးများ သွေးဆုံးချိန်တွင် ဆရာဝန်များက နှလုံးသွေး ကြောဆိုင်ရာရောဂါများအတွက် စစ်ဆေးရန် အရေးကြီးကြောင်း သုတေသီများကပြောသည်။ ယင်းမှာ လူမျိုးကွဲပြားမှုနှင့်မဆိုင်ဘဲ စောစောသွေးဆုံးသော အမျိုးသမီးများ နှလုံးရောဂါနှင့် လေဖြတ်ခြင်း ဖြစ်နိုင်သည့် အန္တရာယ်မြင့်မားကြောင်း သိရသည်။

ဟော်မုန်းစက်ဝန်းများ လည်ပတ်မှုနှေးကွေးသွားပြီး အမျိုးသမီးတစ်ဦးအဖို့ ကိုယ်ဝန်ဆောင်ရန် ဖြစ်နိုင်ခြေ အဆုံးသတ်သွား သော အခြေအနေတွင် မျိုးဥဖန်တီးမှုနှင့် ဓမ္မတာလာမှု ရပ်တန့်သွား သည်။

ဆေးလိပ်သောက်ခြင်း၊ အစားအသောက်၊ လေ့ကျင့်ခန်းလုပ် ခြင်း စသော အခြေအနေများက သွေးဆုံးချိန်အပေါ် လွှမ်းမိုးမှုရှိ သည်။

ယခင် သွေးဆုံးပြီး အမျိုးသမီးများ ကြုံတွေ့ရသော ကျန်းမာ ရေးပြဿနာများအတွက် ဟော်မုန်းကုထုံးဖြင့် ကုသလေ့ရှိသည်။ သို့သော် ယင်းဟော်မုန်းများကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေရှိသည်။

—Ref: TOI

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top