Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

ဂ်င္မေလး မိဂ်မ္း

သူ႔နာမည္ မိဂ်မ္း ၾကမ္းတမ္း၍ အဆင္မေျပ သူ႔မိသားစုအေျခ ေမာင္ေလးက ေလးတန္းအေန ညီမေလးက ရွစ္တန္းအတတ္ အေမ့ရဲ႕ေဆးဖိုး တစ္လတစ္လ တိုးလာတဲ့စရိတ္က ဒီဒုကၡကလြတ္ေအာင္ အိမ္ေလးတစ္ျခမ္းေပါင္ ႏိုင္ငံျခားကို ေယာင္ေတာင္ေပါင္ေတာင္ စက္ရံုအလုပ္နဲ႔ ေရာက္ခဲ့ရတဲ့ မိဂ်မ္း စာကမတတ္ စကားကနားမလည္ မအူမလည္ ၿမိဳ႕ထဲအသြား ကိုေရႊ က်ား နဲ႔အေတြ႕ မိဂ်မ္း ဘဝင္ေတြေခြ႕ အခ်စ္ေတြနဲ႔ေပ်ာ္ေမြ႕ ဒုကၡကိုေမ့လို႔ ရင္ေတြလည္း တသိမ့္သိမ့္တုန္ သူ႔အခ်စ္ေတြကိုယံု မိဂ်မ္းဘဝကိုပံု မ်က္စိေတြစံုလံုးကမ္း မိဂ်မ္း အခ်စ္ေတြသရမ္းမိခဲ့ေပါ့ လူမ်ိဳးျခင္းမို႔အားကိုး ရွင္ႀကီး“က်ား´´ထက္ဆိုး ကိုယ္ေရႊျမန္မာလူမ်ိဳးက ဘယ္ဒိုးလို႔ ဒိုးမွန္းမသိ မိဂ်မ္းရင္မွာလဲမခ်ိ ေန႔စဥ္ထိုင္ကေမွ်ာ္ေနမိ ကိုလူေခ်ာက ျပန္ေတာင္မၾကည့္ ခုေတာ့ … မိဂ်မ္းရဲ႕ အခ်စ္ေတြလည္း ပါသြားၿပီ မိဂ်မ္းရဲ႕ အေသြးအသားေတြလည္း ခြားသြားၿပီ အို ကိုလူဆိုး မိဂ်မ္း ရွိရာျပန္ခဲ့ပါ ……

ေမွ်ာ္ေလေဝးေဝး မိဂ်မ္း အခ်စ္ကိုယူေျပး မအူမလည္ မိဂ်မ္း မေလးကိုသနားတယ္ဆို ျပန္လာခဲ့ပါ အကို …… ဒီလိုနဲ႔ လူကေတာ့ျပန္မလာ ျပန္လာတာက စီဒီခ်ပ္ေလး စာတန္းေလးလည္းေရးလို႔ “မိဂ်မ္း တစ္ေယာက္ထဲသာၾကည့္ရန္´´ တဲ့ ရင္ကိုထိမွန္တဲ့ရိုက္ခ်က္ မိဂ်မ္း ရဲ႕မိုက္တဲ့ျပဇာတ္ အဲ့ဒီမွာတင္ တစ္ခန္းမရပ္ တရစပ္ေပၚလာတာက “အဲ့ဒီေခြကို ေငြ( … )နဲ႔ေရြးရမယ္ မေရြးဘူးဆို အင္တာနက္ေပၚတင္ အရွက္ခြဲမယ္´´လို႔ ၿခိမ္းေျခာက္ မိဂ်မ္းခမ်ာ ရွက္လည္းရွက္ ေၾကာက္လည္းေၾကာက္ မိဂ်မ္းဘဝေလး ေရၾကည္လည္းေနာက္ ဘဝေလးပါ ေပ်ာက္ရမယ့္ အျဖစ္ပါလား အို … ျမတ္စြာဘုရား ကယ္ေတာ္မူပါ …… မိဂ်မ္း ခ်စ္ခဲ့မိတဲ့သူ မိဂ်မ္း အားကိုးမိတဲ့သူ မိဂ်မ္း ေနာက္ေက်ာကို ဓါးနဲ႔ထိုး အေမ ေခ်ာင္းေတြလည္းဆိုး ေမာင္ေလးနဲ႔ ညီမေလးရဲ႕ က်ဴရွင္လခေတြလည္းတိုး အို … ဆိုးလိုက္တဲ့ဘဝ ေသလို႔ရရင္ ေသလိုက္ခ်င္တယ္

ဒါေပမယ့္ မိဂ်မ္းရယ္ နင့္မိသားစုေလး ကယ္ရဦးမယ္ မဟုတ္လား ဒီအေခြသာ အင္တာနက္ေပၚ ေရာက္သြားရင္ အမေလး ဘုရား ဘုရား ……… ငါ့အေမ တစ္ခါတည္းမ်ား အသက္ထြက္သြားေလမလား ေမာင္ေလးနဲ႔ညီမေလး လူပံုအလယ္ ေခါင္းမေဖာ္ဝ့ံတဲ့အျဖစ္မ်ား ႀကံဳေနရရင္ဒုကၡ ဒီေခြကို ငါ ေလွႀကီးထိုး ရိုးရိုးေလွာ္ေနလို႔ေတာ့ သူတို႔ေတာင္းတဲ့ေငြေၾကး ငါေပးႏိုင္မွာ မဟုတ္ဘူး အို … ဝက္ျဖစ္မွေတာ့ မစင္ေၾကာက္ေနလို႔အပိုပဲ ကိုယ္တိုင္စခဲ့တဲ့ဇာတ္ ငါႏိုင္ေအာင္ ကတတ္ရမွာေပါ့ “ကိုယ့္ဝမ္းနာ ကုိယ္သာသိ´´ဆိုတဲ့အတိုင္း ၾကာရင္ မိသားစုေလး လမ္းေဘးေရာက္ရမယ့္အျဖစ္ မိဂ်မ္း ရဲ႕မိသားစု အရွက္သိကၡာအတြက္ လူမဆန္တဲ့ လူေတြဆီက ေခြျပန္ရဖို႔အတြက္ မိဂ်မ္းဘဝကို “လက္ခေမာင္းခတ္´´ လူမ်ိဳးစံုရဲ႕အလည္မွာ မိဂ်မ္း ခႏၶာေလအပ္ၿပီး ေပးဆပ္ခဲ့ရတယ္ မိဂ်မ္း မလည္ခ်င္ပဲ လူမဆန္တဲ့လူေတြရဲ႕ ႀကိဳးနဲ႔ ရစ္ပတ္လွည့္ရက္ခဲ့လို႔ မိဂ်မ္း ဘဝေလး ညစ္ပတ္ခဲ့ၿပီ ခုေတာ့ … မိသားစု အရွက္ဂုဏ္ သိကၡာအတြက္ “ဂ်င္မေလးမိဂ်မ္း´´ လည္ခဲ့ရရွာၿပီ ~~~~~~~~ ။ (မိန္းကေလးမ်ားဘဝ လိမ္လည္လွည့္ျဖားခံရျခင္းမွ ကင္းေဝးၾကပါေစ…… )

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မ်ိဳးႀကီး/Myanmar News

# Unicode Version ျဖင့္ ဖတ္ရန္ #
ဂျင်မလေး မိဂျမ်း

သူ့နာမည် မိဂျမ်း ကြမ်းတမ်း၍ အဆင်မပြေ သူ့မိသားစုအခြေ မောင်လေးက လေးတန်းအနေ ညီမလေးက ရှစ်တန်းအတတ် အမေ့ရဲ့ဆေးဖိုး တစ်လတစ်လ တိုးလာတဲ့စရိတ်က ဒီဒုက္ခကလွတ်အောင် အိမ်လေးတစ်ခြမ်းပေါင် နိုင်ငံခြားကို ယောင်တောင်ပေါင်တောင် စက်ရုံအလုပ်နဲ့ ရောက်ခဲ့ရတဲ့ မိဂျမ်း စာကမတတ် စကားကနားမလည် မအူမလည် မြို့ထဲအသွား ကိုရွှေ ကျား နဲ့အတွေ့ မိဂျမ်း ဘဝင်တွေခွေ့ အချစ်တွေနဲ့ပျော်မွေ့ ဒုက္ခကိုမေ့လို့ ရင်တွေလည်း တသိမ့်သိမ့်တုန် သူ့အချစ်တွေကိုယုံ မိဂျမ်းဘဝကိုပုံ မျက်စိတွေစုံလုံးကမ်း မိဂျမ်း အချစ်တွေသရမ်းမိခဲ့ပေါ့ လူမျိုးခြင်းမို့အားကိုး ရှင်ကြီး“ကျား´´ထက်ဆိုး ကိုယ်ရွှေမြန်မာလူမျိုးက ဘယ်ဒိုးလို့ ဒိုးမှန်းမသိ မိဂျမ်းရင်မှာလဲမချိ နေ့စဉ်ထိုင်ကမျှော်နေမိ ကိုလူချောက ပြန်တောင်မကြည့် ခုတော့ … မိဂျမ်းရဲ့ အချစ်တွေလည်း ပါသွားပြီ မိဂျမ်းရဲ့ အသွေးအသားတွေလည်း ခွားသွားပြီ အို ကိုလူဆိုး မိဂျမ်း ရှိရာပြန်ခဲ့ပါ ……

မျှော်လေဝေးဝေး မိဂျမ်း အချစ်ကိုယူပြေး မအူမလည် မိဂျမ်း မလေးကိုသနားတယ်ဆို ပြန်လာခဲ့ပါ အကို …… ဒီလိုနဲ့ လူကတော့ပြန်မလာ ပြန်လာတာက စီဒီချပ်လေး စာတန်းလေးလည်းရေးလို့ “မိဂျမ်း တစ်ယောက်ထဲသာကြည့်ရန်´´ တဲ့ ရင်ကိုထိမှန်တဲ့ရိုက်ချက် မိဂျမ်း ရဲ့မိုက်တဲ့ပြဇာတ် အဲ့ဒီမှာတင် တစ်ခန်းမရပ် တရစပ်ပေါ်လာတာက “အဲ့ဒီခွေကို ငွေ( … )နဲ့ရွေးရမယ် မရွေးဘူးဆို အင်တာနက်ပေါ်တင် အရှက်ခွဲမယ်´´လို့ ခြိမ်းခြောက် မိဂျမ်းခမျာ ရှက်လည်းရှက် ကြောက်လည်းကြောက် မိဂျမ်းဘဝလေး ရေကြည်လည်းနောက် ဘဝလေးပါ ပျောက်ရမယ့် အဖြစ်ပါလား အို … မြတ်စွာဘုရား ကယ်တော်မူပါ …… မိဂျမ်း ချစ်ခဲ့မိတဲ့သူ မိဂျမ်း အားကိုးမိတဲ့သူ မိဂျမ်း နောက်ကျောကို ဓါးနဲ့ထိုး အမေ ချောင်းတွေလည်းဆိုး မောင်လေးနဲ့ ညီမလေးရဲ့ ကျူရှင်လခတွေလည်းတိုး အို … ဆိုးလိုက်တဲ့ဘဝ သေလို့ရရင် သေလိုက်ချင်တယ်

ဒါပေမယ့် မိဂျမ်းရယ် နင့်မိသားစုလေး ကယ်ရဦးမယ် မဟုတ်လား ဒီအခွေသာ အင်တာနက်ပေါ် ရောက်သွားရင် အမလေး ဘုရား ဘုရား ……… ငါ့အမေ တစ်ခါတည်းများ အသက်ထွက်သွားလေမလား မောင်လေးနဲ့ညီမလေး လူပုံအလယ် ခေါင်းမဖော်ဝံ့တဲ့အဖြစ်များ ကြုံနေရရင်ဒုက္ခ ဒီခွေကို ငါ လှေကြီးထိုး ရိုးရိုးလှော်နေလို့တော့ သူတို့တောင်းတဲ့ငွေကြေး ငါပေးနိုင်မှာ မဟုတ်ဘူး အို … ဝက်ဖြစ်မှတော့ မစင်ကြောက်နေလို့အပိုပဲ ကိုယ်တိုင်စခဲ့တဲ့ဇာတ် ငါနိုင်အောင် ကတတ်ရမှာပေါ့ “ကိုယ့်ဝမ်းနာ ကိုယ်သာသိ´´ဆိုတဲ့အတိုင်း ကြာရင် မိသားစုလေး လမ်းဘေးရောက်ရမယ့်အဖြစ် မိဂျမ်း ရဲ့မိသားစု အရှက်သိက္ခာအတွက် လူမဆန်တဲ့ လူတွေဆီက ခွေပြန်ရဖို့အတွက် မိဂျမ်းဘဝကို “လက်ခမောင်းခတ်´´ လူမျိုးစုံရဲ့အလည်မှာ မိဂျမ်း ခန္ဓာလေအပ်ပြီး ပေးဆပ်ခဲ့ရတယ် မိဂျမ်း မလည်ချင်ပဲ လူမဆန်တဲ့လူတွေရဲ့ ကြိုးနဲ့ ရစ်ပတ်လှည့်ရက်ခဲ့လို့ မိဂျမ်း ဘဝလေး ညစ်ပတ်ခဲ့ပြီ ခုတော့ … မိသားစု အရှက်ဂုဏ် သိက္ခာအတွက် “ဂျင်မလေးမိဂျမ်း´´ လည်ခဲ့ရရှာပြီ ~~~~~~~~ ။ (မိန်းကလေးများဘဝ လိမ်လည်လှည့်ဖြားခံရခြင်းမှ ကင်းဝေးကြပါစေ…… )

ဖိုးသူတော် (www.phothutaw.com)
Credit: မျိုးကြီး/Myanmar News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top