Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ခါရာတစ္ေယာက္ အေပ်ာ္ႀကီး ေပ်ာ္လို႕ေနပါတယ္။
ေမာ္ဒယ္ သရုပ္ေဆာင္ ခါရာကေတာ့ ခ်စ္သူဆီက မေမွ်ာ္လင့္ထားတဲ့ ေမြးေန႕လက္ေဆာင္ေတြေၾကာင့္ အေပ်ာ္ႀကီး ေပ်ာ္ခဲ့ရပါတယ္။ ခါရာရဲ႕ အသက္(၂၄)ႏွစ္ျပည့္ ေမြးေန႕မွာ ခ်စ္သူ ႏိုရာက Surprise အေနနဲ႕ ကားတစ္စီး လက္ေဆာင္ေပးခဲ့တာ ျဖစ္ပါတယ္။
ခ်စ္သူရဲ႕ မထင္ထားတဲ့ အစီအစဥ္ေတြေၾကာင့္ ခါရာတစ္ေယာက္ ခ်စ္တဲ့သူေတြနဲ႕အတူ ေမြးေန႕ပြဲကို ေပ်ာ္ေပ်ာ္ႀကီး ျဖတ္သန္း ခြင့္ရခဲ့ပါတယ္။
အဲ့အတြက္ သူဘယ္လို ခံစားရလည္း ဆုိတာေလးကိုလည္း သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးၿပီး တင္ထားပါေသးတယ္။
"ကြ်န္ေတာ္ မေန႔က ေတာ္ေတာ္ေလး Surprise ျဖစ္သြားတယ္ မထင္ထားတဲ့ ေမြးေန႔လက္ေဆာင္ သေဘာၤေပၚကေမြးေန႔ပြဲနဲ႔ မထင္ထားတဲ့ မေတြ႔တာၾကာတဲ့ အရမ္းခင္ရတဲ့ အႏုပညာညီအကိုေမာင္ႏွမေတြနဲ႔ ကြ်န္ေတာ္ဆရာ ဦးခ်ိဳ နဲ႔ ကြ်န္ေတာ့္ကို အရမ္းခ်စ္တဲ့ မိတ္ေဆြေတြ ကြ်န္ေတာ့္ ရဲ႕ We Love ေတြ အားလံုး ေႏြးေႏြးေထြးေထြးေလးနဲ႔ ကြ်န္ေတာ့္ရဲ႕ ၂၄ ႏွစ္ျပည့္ ေမြးေန႔ကို ေပ်ာ္ရႊင္စြာအတူတူ ဆင္ႏႊဲခဲ့ရလို႔ အရမ္းဝမ္းသာမိပါတယ္ဗ်ာ" ဆိုၿပီး ေျပာထားပါတယ္။
သူ႕ရဲ႕ ေမြးေန႕ပြဲေလးကို ျပဳလုပ္ေပးဖို႕အတြက္ ခ်စ္သူႏိုရာကိုလည္း ယခုလို ေျပာထားပါေသးတယ္။
"အခုလိုsurprise ပြဲေလးကို တစ္လေလာက္ ကြ်န္ေတာ္မသိေအာင္ စီစဥ္ ျပီး သူငယ္ခ်င္း မိတ္ေဆြအားလံုးကို တုိးတုိး တိတ္တိတ္ လိုက္ဖိတ္ျပီး surprise လုပ္ေပးတဲ့ ကြ်န္ေတာ့္ရဲ႕ Special One  @NoraKo ကိုပထမဦးဆံုးေက်းဇူးအရမ္းတင္ပါတယ္ဗ်ာ" လို႕ ဆုိထားပါတယ္။
သူ႕ရဲ႕ ေမြးေန႕ပြဲေလးမွာ ပါဝင္ေပးခဲ့တဲ့ ဆရာဦးခ်ိဳ၊ အႏုပညာညီအကိုေမာင္ႏွမမ်ားနဲ႕၊  Broadway မိသားစုမ်ားမိတ္ေဆြအားလံုး ၊ တီးဝိုင္းအဖြဲ႔သားမ်ား ၊ ဓာတ္ဆရာ ကို သားသား @MyatThaw ၊ BONANZA မွရိုက္ကူးေရးအဖြဲ႔သားမ်ား၊ ဒီပြဲေလးကို အစအဆံုး စီစဥ္ေပးတဲ့ Rhythm Cruise မွအဖြဲ႔သားမ်ားအားလံုးကုိ ေက်းဇူးအမ်ားၾကီးတင္ပါတယ္ လို႕လည္း ေျပာထားပါေသးတယ္။
ခါရာရဲ႕ ရရွိခဲ့တဲ့ ေမြးေန႕Surprise ေလးကေတာ့ ပရိသတ္ေတြအတြက္ အားက်စရာပါပဲ။ ခါရာဟာ ေမာ္ဒယ္ေလာကမွာ ေအာင္ျမင္ေနသူ တစ္ဦးျဖစ္ၿပီး လက္ရွိမွာေတာ့ ဇာတ္ကားရိုက္ကူးမႈေတြလည္း ျပဳလုပ္ေနသူ တစ္ဦးျဖစ္ပါတယ္။
အခ်စ္ေရးနဲ႕ ပတ္သက္လို႕ ပရိသတ္ေတြကို ကြယ္ဝွက္ထားျခင္း မရွိသလုိ ခ်စ္သူေကာင္မေလး ရွိတာေၾကာင့္ ပရိသတ္အားေပးမႈ ေလ်ာ့သြားမွာကိုလည္း မစိုးရိမ္ခဲ့ဘူးလို႕ အင္တာဗ်ဴးေတြမွာ ေျဖဆုိဘူးပါတယ္။
ခါရာနဲ႕သူ႕ရဲ႕ ခ်စ္သူႏိုရာတို႕ ခ်စ္သူႏွစ္ဦးဟာ "ကလိမ္ကက်စ္ ဆိုတဲ့ ေတးသီခ်င္းေခြေလးကိုလည္း ထြက္ရွိထားဖူးပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ခါရာတစ်ယောက် အပျော်ကြီး ပျော်လို့နေပါတယ်။

မော်ဒယ် သရုပ်ဆောင် ခါရာကတော့ ချစ်သူဆီက မမျှော်လင့်ထားတဲ့ မွေးနေ့လက်ဆောင်တွေကြောင့် အပျော်ကြီး ပျော်ခဲ့ရပါတယ်။ ခါရာရဲ့ အသက်(၂၄)နှစ်ပြည့် မွေးနေ့မှာ ချစ်သူ နိုရာက Surprise အနေနဲ့ ကားတစ်စီး လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ချစ်သူရဲ့ မထင်ထားတဲ့ အစီအစဉ်တွေကြောင့် ခါရာတစ်ယောက် ချစ်တဲ့သူတွေနဲ့အတူ မွေးနေ့ပွဲကို ပျော်ပျော်ကြီး ဖြတ်သန်း ခွင့်ရခဲ့ပါတယ်။

အဲ့အတွက် သူဘယ်လို ခံစားရလည်း ဆိုတာလေးကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးပြီး တင်ထားပါသေးတယ်။

"ကျွန်တော် မနေ့က တော်တော်လေး Surprise ဖြစ်သွားတယ် မထင်ထားတဲ့ မွေးနေ့လက်ဆောင် သဘောၤပေါ်ကမွေးနေ့ပွဲနဲ့ မထင်ထားတဲ့ မတွေ့တာကြာတဲ့ အရမ်းခင်ရတဲ့ အနုပညာညီအကိုမောင်နှမတွေနဲ့ ကျွန်တော်ဆရာ ဦးချို နဲ့ ကျွန်တော့်ကို အရမ်းချစ်တဲ့ မိတ်ဆွေတွေ ကျွန်တော့် ရဲ့ We Love တွေ အားလုံး နွေးနွေးထွေးထွေးလေးနဲ့ ကျွန်တော့်ရဲ့ ၂၄ နှစ်ပြည့် မွေးနေ့ကို ပျော်ရွှင်စွာအတူတူ ဆင်နွှဲခဲ့ရလို့ အရမ်းဝမ်းသာမိပါတယ်ဗျာ" ဆိုပြီး ပြောထားပါတယ်။

သူ့ရဲ့ မွေးနေ့ပွဲလေးကို ပြုလုပ်ပေးဖို့အတွက် ချစ်သူနိုရာကိုလည်း ယခုလို ပြောထားပါသေးတယ်။

"အခုလိုsurprise ပွဲလေးကို တစ်လလောက် ကျွန်တော်မသိအောင် စီစဉ် ပြီး သူငယ်ချင်း မိတ်ဆွေအားလုံးကို တိုးတိုး တိတ်တိတ် လိုက်ဖိတ်ပြီး surprise လုပ်ပေးတဲ့ ကျွန်တော့်ရဲ့ Special One  @NoraKo ကိုပထမဦးဆုံးကျေးဇူးအရမ်းတင်ပါတယ်ဗျာ" လို့ ဆိုထားပါတယ်။

သူ့ရဲ့ မွေးနေ့ပွဲလေးမှာ ပါဝင်ပေးခဲ့တဲ့ ဆရာဦးချို၊ အနုပညာညီအကိုမောင်နှမများနဲ့၊  Broadway မိသားစုများမိတ်ဆွေအားလုံး ၊ တီးဝိုင်းအဖွဲ့သားများ ၊ ဓာတ်ဆရာ ကို သားသား @MyatThaw ၊ BONANZA မှရိုက်ကူးရေးအဖွဲ့သားများ၊ ဒီပွဲလေးကို အစအဆုံး စီစဉ်ပေးတဲ့ Rhythm Cruise မှအဖွဲ့သားများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် လို့လည်း ပြောထားပါသေးတယ်။

ခါရာရဲ့ ရရှိခဲ့တဲ့ မွေးနေ့Surprise လေးကတော့ ပရိသတ်တွေအတွက် အားကျစရာပါပဲ။ ခါရာဟာ မော်ဒယ်လောကမှာ အောင်မြင်နေသူ တစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေလည်း ပြုလုပ်နေသူ တစ်ဦးဖြစ်ပါတယ်။

အချစ်ရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေကို ကွယ်ဝှက်ထားခြင်း မရှိသလို ချစ်သူကောင်မလေး ရှိတာကြောင့် ပရိသတ်အားပေးမှု လျော့သွားမှာကိုလည်း မစိုးရိမ်ခဲ့ဘူးလို့ အင်တာဗျူးတွေမှာ ဖြေဆိုဘူးပါတယ်။

ခါရာနဲ့သူ့ရဲ့ ချစ်သူနိုရာတို့ ချစ်သူနှစ်ဦးဟာ "ကလိမ်ကကျစ် ဆိုတဲ့ တေးသီချင်းခွေလေးကိုလည်း ထွက်ရှိထားဖူးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top